စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 19 July 2014

သံတွဲတွင် ရေကြီး၍ စိုးရိမ်ရေမှတ်ကျော်နေ

ရခိုင်ပြည်နယ် သံတွဲမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး ရေကြီးနေသဖြင့် စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန် ရောက်ရှိနေကြောင်း သိရသည်။

“ ကျနော် အခု မိုးကြီးပြီး ရေကြီးနေတဲ့ အတွက် ရေတက်နေတဲ့ သံတွဲမြို့ပေါ်ရပ်ကွက်တွေက တစ်၊ နှစ်၊ သုံး၊ လေးရယ်၊ နောက် ညောင်ပင်ဈေးကြီးကျေးရွာ၊ ရွှေလှေကျေးရွာတွေ ဖြစ်ပါတယ်” ဟု သံတွဲ ဒေသခံ သတင်းထောက် တစ်ဦးဖြစ်သူ ကိုနေဇော်က ပြောသည်။

သံတွဲစိုးရိမ်ရေအမှတ်မှာ ၈၈ ဒသမ ၈၀၄ ပေရှိရာ အခုအခါ ယင်းရေမှတ်ကို ကျော်လွန်သွားပြီဟု ကိုနေဇော်က ပြောသည်။

“ ရေက သံတွဲ စိုးရိမ်ရေမှတ်က ၈၈ ဒသမ ၈၀၄ ပေ ဖြစ်ပါတယ်။ အခု ညနေ တစ်နာရီ အချိန်မှာ ၉၃ ပေ ဖြစ်ပါတယ်။  ညနေ ၄ နာရီ အချိန်မှာ ၉၅ ပေထိ တက်ပြီး အခုတော့ နည်းနည်း ပြန်ကျနေတာကို တွေ့ရပါတယ်။ အခြေအနေကတော့ သိပ်မဆိုးသေးဘူး” ဟု သူက ဆိုသည်။

ယခုအချိန်ထိ မိုးမှာ အဆက်မပြတ်ရွာသွန်းနေတုန်း ဖြစ်သဖြင့် ဒီရေတက်ချိန်တွင် ထပ်မံ ရေကြီးနိုင်ကြောင်း သူ က ဆက်ပြောသည်။

ယခုလက်ရှိ အချိန်တွင် သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းအောက်တွင် အရေးပေါ် ကယ်ဆယ်ရေး စခန်းဖွင့်ထားပြီး မိသားစု (၃) စုခန့် ခိုလုံရန် ရောက်ရှိနေကြသည်ဟု သိရသည်။

သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အဆင့်နှင့် ရဲတပ်ဖွဲ့မှူးရုံးသို့ အကြောင်းစုံ သိရှိနိုင်ရန် ဖုန်းဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ် ရရှိခြင်း မရှိခဲ့ပါ။

(နိရဉ္စရာ- ၁၉ ဇူလိုင် ၂၀၁၄)

http://www.narinjara.com/burmese/?p=11203

သံတွဲတွင် ယနေ့ ရေကြီးနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ နေဇော်)


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform