စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 19 July 2014

မူလတန်းကလေး ၂၄ ဦး အမိုးနီးယားဓါတ်ဆိပ်သင့်

 ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ စက်မှုဇုန်မှာ ရှိတဲ့ ရတနာသိင်္ဂီ အအေးခန်း စက်ရုံမှာ မနေ့ မနက်ပိုင်းက အမိုးနီးယား ဓာတ်ငွေ့ ယိုစိမ့်ခဲ့တာကြောင့် အဲဒီ စက်ရုံနားက အ.မ.က (၃၁) ကျောင်းက ကလေး ၂၄ ဦး မြောက်ဥက္ကလာပမြို့နယ် ဆေးရုံမှာ တက်ရောက်ကုသ ခဲ့ရပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ဆေးရုံတင်ထားရတဲ့ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးအောင်မျိုးမင်းက အခုလို ပြောပါတယ်။

"၉ နာရီလောက်က စပြီးတော့ အမိုးနီးယားအနံ့ထွက်တယ်၊ ဆရာဆရာမတွေက အမိုးနီးယားနံတယ်ပေါ့၊ ကျောင်းတက်တဲ့အချိန် ၁ဝ နာရီနောက်ပိုင်းမှာ အမိုးနီးယားအနံ့က အရမ်းပြင်းတာ၊ ပြင်းတာမခံနိုင်ဘူး၊ မခံနိုင်တဲ့အတိုင်းအတာမှာ ကလေးတွေက နုနယ်တော့ နှားခေါင်းသွေးယိုတဲ့သူတွေရှိတယ်၊ အန်တဲ့လူကအန်၊ ဆရာမတွေက ကလေးတွေကို ကျောင်းအပြင်ကို အကုန်လုံးဆွဲခေါ်ပြီးတော့ထုတ်တယ်၊ ဆရာမတွေက ကျောင်းသားမိဘတွေကို အသည်းအသန်ဖုန်းဆက်၊ ကျောင်းသားမိဘတွေကလာ၊ ကလေးတွေကို လုံခြုံတဲ့နေရာကို အကုန်လုံးပို့လိုက်တယ်၊ အန်တဲ့လူကအန်၊ နှာခေါင်းသွေးယိုတဲ့လူကယိုဆိုတော့ ရပ်ကွက်လူကြီးတွေရော ဌာနဆိုင်ရာလူတွေရော အကုန်လုံးစုစည်းပြီးတော့ ဆေးရုံကိုပို့လိုက်တယ်"

ဆေးရုံတက်ရောက်ကုသခံရတဲ့ ကလေးငယ်တွေကို ၂၄ နာရီစောင့်ကြည့်ခဲ့ပြီး ဒီကနေ့ ဆေးရုံဆင်းခွင့်ပြုလိုက်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ် စက်မှုဇုန် (င) ရပ်ကွက်မှာရှိတဲ့ အမှတ်(၃၁) မူလတန်းကျောင်းဟာ စက်ရုံတွေ အနီးအနားမှာရှိတာကြောင့် ကလေးတွေရဲ့ ကျန်းမာရေးအတွက် မိဘတွေက စိုးရိမ်နေကြဆဲဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?ref=br_tf

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform