ဒီမုိကေရစီ (Democracy) ထက္သာတဲ့ အက္ဆိုကေရစီ (Aksocracy)
=========================
ႏိုင္ငံေရးကို ေလ့လာသံုးသပ္တဲ့အခါ ဘာေတြသိဖို႔လိုသလဲဆိုေတာ့
၁။ Who Governs?
ဘယ္သူအုပ္ခ်ဳပ္သလဲ ဆိုတဲ့ေမးခြန္းပါ။
ျမန္မာျပည္မွာ ဘုရင္ေတြအဆက္ဆက္အုပ္ခ်ဳပ္ရာမွ သီေပါဘုရင္အၿပီးကစလို႔ လက္နက္အင္အားႀကီးပိုင္ႏုိင္သူကပဲအုပ္ခ်ဳပ္ခဲ့တာပါ။ လက္႐ွိျပည္သူ႔အစုိးရဆိုၿပီး တက္လာခ်ိန္မွာေတာ့ Who governs? ဘယ္သူအုပ္ခ်ဳပ္ေနလဲ ဆိုတဲ့ေမးခြန္းအတြက္ သမၼတလား၊ ႏိုင္တိုင္ခံလား၊ တပ္ခ်ဳပ္လား ဆိုတာ ေျဖဖို႔ခက္လွပါတယ္။
၂။ For what ends?
ဘာရည္ရြယ္ခ်က္လဲ ဆိုတာ ဒုတိယေမးခြန္းပါ။ ဥပေဒစိုးမိုးေရး၊ ၿငိမ္းခ်မ္းေရး၊ ေျခဥျပင္ဆင္ေရးလို႔ဆိုေပမယ့္ လက္႐ွိ ျဖစ္ေပၚေနတဲ့ကစားကြက္နဲ႔ရလဒ္ေတြအရဆိုရင္ ရည္ရြယ္ခ်က္ေတြက မႈန္ဝါးလြန္းေနလွပါတယ္။
၃။ By what means?
ဘယ္စနစ္သံုးလဲ ဆိုတဲ့ေမးခြန္းအတြက္ေတာ့ Democracy လို႔ပဲေျဖရမွာပါ။ Democracy စနစ္ဆိုတာ A system in which everyone is equal and has the right to vote, make decisions etc.လူတိုင္းအတြက္ အခြင့္အေရးညီမွ်မႈ႐ွိၿပီး မဲေပးျခင္း၊ ဆံုးျဖတ္ခ်က္ခ်ျခင္းေတြအတြက္ ျပည္သူအမ်ားက အာဏာ႐ွိေစရတယ္။ ေနာက္စနစ္တစ္ခုက ေအာ္တိုကေရစီ Autocracy လို႔ေခၚတယ္။
သူက ဒီမိုကေရစီစနစ္ရဲ႕ေျပာင္းျပန္ျဖစ္ၿပီး A system of government in which one person or group has unlimited power and it is completely controlled by one powerful personတဲ့။.ေအာ္တိုကေရစီ ဆိုတာက အာဏာပါဝါျမင့့္မားတဲ့ ပုဂၢိဳလ္တစ္ေယာက္ကသာ လံုးဝဥႆံုထိန္းခ်ဳပ္ထားျခင္းျဖစ္တယ္။ လက္႐ွိျမန္မာႏိုင္ငံေရးဟာ ဒီမိုကေရစီစနစ္ဆိုေပမယ့္ ေအာ္တိုကေရစီထဲမွာပဲ ႏြံနစ္ေနရဆဲလို႔ ေျပာလိ့ုရမယ္ထင္ပါတယ္။ ဒါေပမဲ့ ဒီမိုကေရစီသေဘာနဲ႔လံုးဝကိုက္ညီတာက အစိုးရကို ျပည္သူေတြက ေရြးခ်ယ္ထားတာျဖစ္တယ္။ ျပည္သူေတြဆိုရာမွာ အသက္၁၈ႏွစ္ေအာက္နဲ႔ သာသနာ့ဝန္ထမ္းေတြေတာ့ မပါဘူး။ ဒါေပမဲ့သူတို႔လည္း ဥပေဒရဲ႕အျပစ္ဒဏ္ေတာ့ ခံရတာပါပဲ။ ကိုယ္မေရြးခဲ့သူရဲ႕ ဥပေဒအတိုင္းေနရတာေတာ့ မျပည့္စံုဘူးလို႔ ယူဆရတယ္။ ဒီမိုကေရစီနည္းအတိုင္း ျပည္သူအမ်ားဆႏၵအမွန္နဲ႔ေရြးခ်ယ္ၾကတယ္ဆိုေပမယ့္ အုပ္ခ်ဳပ္သူအမွန္အကန္ကို မရခဲ့ၾကဘူးဆိုေတာ့ကား လက္ေတြ႔အားျဖင့္ၾကည့္ရင္ ဒီမိုကေရစီစနစ္ကလည္း အလုပ္မျဖစ္ေသးဘူးလို႔ဆိုရမယ္။
အုပ္ခ်ဳပ္သူလူေတာ္လူေကာင္းေတြရဖို႔ဆိုရာမွာ လက္႐ွိအစိုးရက ျပည္ပက နာမည္ႀကီးပုဂၢိဳလ္ေတြကို ငွါးရမ္းေခၚယူေနရတာေတြ႔လာရတယ္။ ေဝလငါးကိုလိုခ်င္ရင္ ေရအိုင္ထဲမွာ ႐ွာလို႔မေတြ႔ႏိုင္ဘူးဆိုေတာ့ကား ျပည္ပကငွါးရမ္းျခင္းကို မွားတယ္လို႔မဆိုႏိုင္ပါဘူး။ ဒီလိုငွါးရမ္းမႈက ေစ်းႀကီးတယ္။ ႐ွာေဖြရတာ အလုပ္ပိုတယ္။ အမ်ားေရြးခ်ယ္မႈလည္းမဟုတ္ဘူး။ၿပီးေတာ့ လူေတာ္ေပမယ့္ ယုတ္မာမႈက အဆစ္ပါလာတတ္တယ္။ လူေတာ္လည္း ရခ်င္တယ္၊ျဖဴစင္႐ိုးသားမႈလည္းရခ်င္တယ္ဆိုရင္ လူေတာ္လူေကာင္း႐ွာေဖြအုပ္ခ်ဳပ္စနစ္ အက္ဆိုကေရစီAksocracy ကိုက်င့့္သံုးလာရလိမ့္မယ္။
Aksocracy - a system of government in which one noble and genious person or group has unlimited power and it is completely controlled by one noble and genious person or group. အက္ဆိုကေရစီစနစ္ရဲ႕အဓိကရည္ရြယ္ခ်က္က ေနရာေဒသအသားေရာင္မခြဲျခားဘဲ ကိုယ္က်င့့္ျဖဴစင္ၿပီး ဉာဏ္ပညာႀကီးျမင့္သူ လူတစ္စုက အုပ္ခ်ဳပ္ေပးျခင္းျဖစ္တယ္။ အမ်ားဆႏၵကို အတည္ယူၾကမယ္ဆိုရင္ လူလိမၼာ ၁ ေယာက္ရဲ႕အမွန္တရားကို လူမိုက္၂ေယာက္ရဲ႕အမွားက မဲနဲ႔အႏိုင္ယူလို႔ရတဲ့စနစ္ ျဖစ္ေနတယ္။ အက္ဆိုကေရစီစနစ္က ကိုယ့္က်င့္တရားကိုအေျခခံၿပီး ဉာဏ္ပညာနဲ႔သြားတဲ့စနစ္ျဖစ္လို႔ အမွားနည္းေစတယ္။ ဒုကၡနည္းၿပီး အက်ဳိးမ်ားေစတယ္။ ဒါေၾကာင့္ ဒီမိုကေရစီထက္ အက္ဆိုကေရစီစနစ္ကို ပိုၿပီးသေဘာက်တယ္....။
ေရႊအိမ္စည္ စာၾကည့္တိုက္
.
Monday, 29 October 2018
ဒီမုိကေရစီ (Democracy) ထက္သာတဲ့ အက္ဆိုကေရစီ (Aksocracy)
Thursday, 4 October 2018
ဒီစာကိုဖတ္မိရင္မိမိကိုယ္မိမိေမးၾကည့္ပါလား...?
ဒီစာကိုဖတ္မိရင္မိမိကိုယ္မိမိေမးၾကည့္ပါလား...?
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
အခု ဒီစာကို ဖတ္ေနခ်ိန္မွာ စဥ္းစားၾကည့္ရမွာက
ငါ့မွာ ၀င္ေငြရွိေနၿပီလား၊
၀င္ေငြမရွိေသးဘူးဆိုရင္ေတာ့ တစ္ခုခုေတာ့မွားေနၿပီ။
၀င္ေငြရွိေနၿပီဆိုရင္ တစ္ဆယ္ရာခုိင္ႏႈန္းေလာက္... စုေဆာင္းႏိုင္ၿပီလား၊ မစုေဆာင္းႏိုင္ေသးဘူးဆိုရင္....မမွန္ေသးဘူး။
စုေဆာင္းမိေနၿပီဆိုရင္ တိုးပြားေအာင္လုပ္ေနၿပီၿပီလား။ တိုးပြားေအာင္မလုပ္ႏိုင္ေသးဘူးဆိုရင္လည္း မမွန္ေသးဘူး။
ခ်မ္းသာသူျဖစ္ေစ၊
ဆင္းရဲသူျဖစ္ေစ၊ အျမဲရွိေနရမွာက ၀င္ေငြျဖစ္တယ္။
၀င္ေငြဆိုတာက မိမိကိုယ္စြမ္းအား၊ ဥာဏ္စြမ္းအားကို အသံုးျပဳၿပီး
အလုပ္တစ္ခုလုပ္ရာကရလာတဲ့ ၀င္ေငြကို ေခၚပါတယ္။
လူ႕ဘ၀ရဲ႕ သြားရမဲ့ ခရီးက ၀င္ေငြရွာရမယ္။
စုေဆာင္းရမယ္။
တိုးပြားေအာင္လုပ္ရမယ္။
ဒီလမ္းက ေသြဖယ္သူေတြအားလံုးဟာ အခက္အခဲေတြ၊
ဒုကၡေတြနဲ႕ရင္ဆိုင္ရမယ္။
ေရေျမာင္းဆိုတာ ေရစီးႏိုင္ေအာင္လုပ္ရတယ္။
ေငြေၾကးေတြဟာ လည္း လည္ပတ္စီးဆင္းႏိုင္ေအာင္လုပ္မွရတယ္။
အလုပ္ရွာေဖြၾကရမယ္။
တစ္ရက္ထက္တစ္ရက္ ပိုေကာင္းလာတဲ့ဘ၀ေတြက အတိတ္ဘ၀က
ကံဆိုတာနဲ႕ဘာမွမဆိုင္ဘူး။
ဒီေန႕ဘယ္လိုစလုပ္ၾကမလဲဆိုတာနဲ႕ပဲဆိုင္တယ္ ။
ကဲသူငယ္ခ်င္း......ဒီေန႔ကစေမးၾကည့္ရေအာင္
Shwe Aeim Si
https://www.facebook.com/profile.php?id=100012986468881
ဒီစာကိုဖတ်မိရင်မိမိကိုယ်မိမိမေးကြည့်ပါလား...?
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
အခု ဒီစာကို ဖတ်နေချိန်မှာ စဉ်းစားကြည့်ရမှာက
ငါ့မှာ ၀င်ငွေရှိနေပြီလား၊
၀င်ငွေမရှိသေးဘူးဆိုရင်တော့ တစ်ခုခုတော့မှားနေပြီ။
၀င်ငွေရှိနေပြီဆိုရင် တစ်ဆယ်ရာခိုင်နှုန်းလောက်... စုဆောင်းနိုင်ပြီလား၊ မစုဆောင်းနိုင်သေးဘူးဆိုရင်....မမှန်သေးဘူး။
စုဆောင်းမိနေပြီဆိုရင် တိုးပွားအောင်လုပ်နေပြီပြီလား။ တိုးပွားအောင်မလုပ်နိုင်သေးဘူးဆိုရင်လည်း မမှန်သေးဘူး။
ချမ်းသာသူဖြစ်စေ၊
ဆင်းရဲသူဖြစ်စေ၊ အမြဲရှိနေရမှာက ၀င်ငွေဖြစ်တယ်။
၀င်ငွေဆိုတာက မိမိကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားကို အသုံးပြုပြီး
အလုပ်တစ်ခုလုပ်ရာကရလာတဲ့ ၀င်ငွေကို ခေါ်ပါတယ်။
လူ့ဘ၀ရဲ့ သွားရမဲ့ ခရီးက ၀င်ငွေရှာရမယ်။
စုဆောင်းရမယ်။
တိုးပွားအောင်လုပ်ရမယ်။
ဒီလမ်းက သွေဖယ်သူတွေအားလုံးဟာ အခက်အခဲတွေ၊
ဒုက္ခတွေနဲ့ရင်ဆိုင်ရမယ်။
ရေမြောင်းဆိုတာ ရေစီးနိုင်အောင်လုပ်ရတယ်။
ငွေကြေးတွေဟာ လည်း လည်ပတ်စီးဆင်းနိုင်အောင်လုပ်မှရတယ်။
အလုပ်ရှာဖွေကြရမယ်။
တစ်ရက်ထက်တစ်ရက် ပိုကောင်းလာတဲ့ဘ၀တွေက အတိတ်ဘ၀က
ကံဆိုတာနဲ့ဘာမှမဆိုင်ဘူး။
ဒီနေ့ဘယ်လိုစလုပ်ကြမလဲဆိုတာနဲ့ပဲဆိုင်တယ် ။
ကဲသူငယ်ချင်း......ဒီနေ့ကစမေးကြည့်ရအောင်
Shwe Aeim Si
https://www.facebook.com/profile.php?id=100012986468881
လူေတြမွာဘာလို႔.....?
တခ်ိဳ႕ကနားေကာက္တယ္ နားေကာက္ရင္မေျပာနဲ႔ေတာ့ ဘာလို႔လည္ဆိုေတာ့ အဲ့လိုလူက သူေတြးတာသာအမွန္ထင္ေနလို႔. တဖက္လူစကားကို မ်ွတစြာမေတြးတတ္ရင္နားေကာက္သူလို႔သာမွတ္ ေက်ာ္လိုက္ေတာ့ အဲ့လိုလူေတြ႔ပါမိတ္ေဆြထဲပါလာရင္.........
လူေတြမွာဘာလို ့..မ်က္လံုး၂လံုးပါလဲသိလား....
မ်က္စိ နွစ္ကြင္း က
တစ္ဖက္သတ္ မျမင္တတ္ဖို႔
ဒီေတာ႕ ..ၾကည္႕တဲ႕အခါ..
နွစ္ဖက္ကို မွ်မွ်တတ ျဖစ္နိုင္ေခ်တစ္ခုအေပၚက
ေကာက္ခ်က္ဆြဲ
ၾကည္႕တတ္ၾကရမွာ....ျဖစ္ပါတယ္။
လူေတြမွာဘာလို ့.နားနွစ္ဖက္ပါလဲသိလား...
တစ္ဖက္ဆီမွာ
ၾကားၾကရတဲ႕စကားေတြတိုင္းကို
တစ္ဖတ္ပိတ္ျပီး ယံုၾကရဘို႕မဟုတ္
ပါဘူး..။
နွစ္ဖက္ စကားေတြကို ကိုယ္ပိုင္
ဥာဏ္နဲ႕စဥ္းစားျ့ပီး ေတြးေတာ
ယူတတ္ၾကဘို႕ပါ...။
လူေတြမွာဘာလို ့.နွာေခါင္းနွစ္ေပါက္ ပါလဲသိလား...
တခုက အနံ႕ကို
ခြဲ႕ျခားနားလည္တတ္ဘို႕ နဲ႕ေနာက္တစ္ုကေတာ့
အသက္ရွင္ဘို႕အတြက္ ေလ..ရွဴဘို႕ပါ...
လူေတြမွာ ပါးစပ္ေပါက္ ဘာလို ့တစ္ခုထဲ ပါရလည္းသိလား....ပါးစပ္ေပါက္က
တစ္ေပါက္တည္းဆိုေပမယ္႕ ..
သူက စြယ္စံုရဗ်။ထမင္းစားလို႕
လည္းရတယ္။ေရေသာက္ရင္လည္း
ရတယ္။ေနာက္ စကားေျပာရင္လည္း
ဒီအေပါက္ၾကီးနဲ႕ဘဲ ေျပာၾကရတာ
ကလား...
ဒီေတာ႕ ...
ကိုယ္က ျပန္ေျပာဆိုၾကတဲ႕ အခါ...
မွာေတာ႕ အေပၚက မ်က္စိ ၂ လံုး...
နား ၂ ဖက္နဲ႕ ျမင္ခဲ႕၊ၾကားခဲ႕ၾကရ
တဲ႕အရာေတြအေပၚ ဆင္ျခင္သံုးသပ္
ျပီး ...အမွန္တရားတစ္ခုတည္းကိုသာ
ေျပာတတ္ၾကဘို႕ လိုလာပါတယ္..။
ဘာျဖစ္လို႕လည္းဆိုေတာ႕ သူက
တစ္ေပါက္တည္း ရွိတာျဖစ္တဲ႕
အတြက္..အမ်ိဳးမ်ိဳ းေျပာေနလို႕ မရလို႕
ျဖစ္တဲ႕အတြက္ေၾကာင္႕သာျဖစ္ပါတယ္..
လူေတြ မွာ လက္က ဘာလို ့နွစ္ဘက္ပါလဲေကာသိလား....
လက္နွစ္ဖက္က တဖက္က
မိမိကိုယ္တိုင္ ႀကိဳးစားရယူနိုင္ေစဖို႔ နဲ႔႔ က်န္တစ္ဖက္က ေပးကမ္းတတ္ဖို ့ပါ။
လူေတြ မွာေျခေထာက္က နွစ္ဖက္ပါျပန္တယ္ေနာ္.......
ေျခေထာက္နွစ္ေခ်ာင္းက
ကိုယ္ကိုတိုင္ ကိုယ့္ဘဝ
ကိုယ္ ရပ္တည္နိုင္ေစဖို႔ပါ။တဖက္ကေတာ့ အမွားေတြ ေတြ ့ရင္ေနာက္ဆုတ္ဖို ့ပါ။
မိမိတို ့ဘ၀မွာပါရွိလာတဲ ့...သဘာတရားကို မ်ွ်တစြသံုးသပ္အသံုးခ်နိုင္ပါေစ...
ခ်စ္ခင္စြာေရႊအိမ္စည္
Shwe Aeim Si
######
တချို့ကနားကောက်တယ် နားကောက်ရင်မပြောနဲ့တော့ ဘာလို့လည်ဆိုတော့ အဲ့လိုလူက သူတွေးတာသာအမှန်ထင်နေလို့. တဖက်လူစကားကို မျှတစွာမတွေးတတ်ရင်နားကောက်သူလို့သာမှတ် ကျော်လိုက်တော့ အဲ့လိုလူတွေ့ပါမိတ်ဆွေထဲပါလာရင်.........
လူတွေမှာဘာလို ့..မျက်လုံး၂လုံးပါလဲသိလား....
မျက်စိ နှစ်ကွင်း က
တစ်ဖက်သတ် မမြင်တတ်ဖို့
ဒီတော့ ..ကြည့်တဲ့အခါ..
နှစ်ဖက်ကို မျှမျှတတ ဖြစ်နိုင်ချေတစ်ခုအပေါ်က
ကောက်ချက်ဆွဲ
ကြည့်တတ်ကြရမှာ....ဖြစ်ပါတယ်။
လူတွေမှာဘာလို ့.နားနှစ်ဖက်ပါလဲသိလား...
တစ်ဖက်ဆီမှာ
ကြားကြရတဲ့စကားတွေတိုင်းကို
တစ်ဖတ်ပိတ်ပြီး ယုံကြရဘို့မဟုတ်
ပါဘူး..။
နှစ်ဖက် စကားတွေကို ကိုယ်ပိုင်
ဉာဏ်နဲ့စဉ်းစားြ့ပီး တွေးတော
ယူတတ်ကြဘို့ပါ...။
လူတွေမှာဘာလို ့.နှာခေါင်းနှစ်ပေါက် ပါလဲသိလား...
တခုက အနံ့ကို
ခွဲ့ခြားနားလည်တတ်ဘို့ နဲ့နောက်တစ်ုကတော့
အသက်ရှင်ဘို့အတွက် လေ..ရှူဘို့ပါ...
လူတွေမှာ ပါးစပ်ပေါက် ဘာလို ့တစ်ခုထဲ ပါရလည်းသိလား....ပါးစပ်ပေါက်က
တစ်ပေါက်တည်းဆိုပေမယ့် ..
သူက စွယ်စုံရဗျ။ထမင်းစားလို့
လည်းရတယ်။ရေသောက်ရင်လည်း
ရတယ်။နောက် စကားပြောရင်လည်း
ဒီအပေါက်ကြီးနဲ့ဘဲ ပြောကြရတာ
ကလား...
ဒီတော့ ...
ကိုယ်က ပြန်ပြောဆိုကြတဲ့ အခါ...
မှာတော့ အပေါ်က မျက်စိ ၂ လုံး...
နား ၂ ဖက်နဲ့ မြင်ခဲ့၊ကြားခဲ့ကြရ
တဲ့အရာတွေအပေါ် ဆင်ခြင်သုံးသပ်
ပြီး ...အမှန်တရားတစ်ခုတည်းကိုသာ
ပြောတတ်ကြဘို့ လိုလာပါတယ်..။
ဘာဖြစ်လို့လည်းဆိုတော့ သူက
တစ်ပေါက်တည်း ရှိတာဖြစ်တဲ့
အတွက်..အမျိုးမျို းပြောနေလို့ မရလို့
ဖြစ်တဲ့အတွက်ကြောင့်သာဖြစ်ပါတယ်..
လူတွေ မှာ လက်က ဘာလို ့နှစ်ဘက်ပါလဲကောသိလား....
လက်နှစ်ဖက်က တဖက်က
မိမိကိုယ်တိုင် ကြိုးစားရယူနိုင်စေဖို့ နဲ့့ ကျန်တစ်ဖက်က ပေးကမ်းတတ်ဖို ့ပါ။
လူတွေ မှာခြေထောက်က နှစ်ဖက်ပါပြန်တယ်နော်.......
ခြေထောက်နှစ်ချောင်းက
ကိုယ်ကိုတိုင် ကိုယ့်ဘဝ
ကိုယ် ရပ်တည်နိုင်စေဖို့ပါ။တဖက်ကတော့ အမှားတွေ တွေ ့ရင်နောက်ဆုတ်ဖို ့ပါ။
မိမိတို ့ဘ၀မှာပါရှိလာတဲ ့...သဘာတရားကို မျျှတစွသုံးသပ်အသုံးချနိုင်ပါစေ...
ချစ်ခင်စွာရွှေအိမ်စည်
Shwe Aeim Si
Tuesday, 2 October 2018
ကုတင္အမွတ္၁၉(Mother Love)
What is the meaning of Mother's Love? လူနာ ကုတင္နံပါတ္ (၁၉)။
Jan 5, '2009 4:50 AM for everyone, By ေကသာ
ကုတင္နံပါတ္(၁၉)ကလူနာ ေဆးရံုစတက္တဲ့ေန႔မွာ သားဖြားမီးယပ္က ဆရာဝန္
နပ္စ္ေတြအားလံုး အစည္းအေဝးတစ္ခု ျပဳလုပ္ခဲ့ၾကတယ္။ ဒါဟာ ေဆးရံုနဲ႔
ေဆးတကၠသိုလ္က ေက်ာင္းသားေတြ ပူးေပါင္းျပီး "ေအအိုင္ဒီအက္စ္ေရာဂါ
ခံစားေနရတဲ့ မိခင္မွ ရင္ေသြးငယ္သို႔ မကူးစက္ဘဲ ဖြားျမင္ေရး" ဆိုတဲ့
ေရာဂါမကူးစက္ေရး အေၾကာင္းကို ရွာေဖြေဆြးေႏြးၾကဖို႔ျဖစ္တယ္။
ေအအိုင္ဒီအက္စ္ ေရာဂါသည္တစ္ဦး သားဖြားေဆာင္ထဲ ေရာက္ေနတယ္ဆိုတဲ့ သတင္းက
အိုးပူပူထဲ ေပါက္ေပါက္ ထည့္ေဖာက္လိုက္သလို သားဖြားေဆာင္တစ္ခုလံုး
ခ်က္ခ်င္းေပါက္ကဲြသြားခဲ့တယ္။ အစည္းအေဝးတုန္းက ေဆးရံုအုပ္ေရွ႕မွာ ဘာမွ
မဟရဲခဲ့ၾကေပမယ့္ အစည္းအေဝးအျပီးမွာ နပ္စ္ေတြက အခ်င္းခ်င္း
ဝိုင္းအံုဖဲြ႔ၾကျပီး "ေရာဂါကူးခဲ့ရင္ ဘယ္သူတာဝန္ယူမလဲ?" လို႔
ျငင္းခံုခဲ့ၾကတယ္။
ဆရာဝန္တစ္ခ်ဳိ႕ကေတာင္ "လူနာသံုးတဲ့ ခဲြစိပ္ကိရိယာေတြ၊ အိပ္ရာခင္းေတြ
ကတစ္ဆင့္ တစ္ျခားလူနာေတြကို ျပန္ကူးစက္ရင္ ဘယ္လိုလုပ္မလဲ?" လို႔
ညည္းတြားေနၾကတယ္။
ညည္းခဲ့ ျငင္းခဲ့ေပမယ့္လည္း ေနာက္ဆံုးမွာ လူနာေနဖို႔ အခန္းကို
စီစဥ္ခဲ့ၾကရတယ္။ ေဆးရံုအုပ္ၾကီးကိုယ္တိုင္ လူနာအတြက္ စပၸါယ္ရွယ္အခန္းက
ကုတင္ နံပါတ္ (၁၉)ကို ေရြးေပးခဲ့တယ္။ လာဘ္နံပါတ္လို႔ ေျပာပါတယ္။
နပ္စ္မွဴး တာဝန္ခဲြေတာ့ ကုတင္ (၁၉)က လူနာကို ဘယ္သူမွ
သြားမၾကည့္ခ်င္ခဲ့ၾကဘူး။ ေနာက္ဆံုး ေက်ာင္းျပီးတာ သံုးလေတာင္
မျပည့္ေသးတဲ့ကြ်န္မ ကုတင္ (၁၉) အတြက္ မားမားမတ္မတ္ ထြက္ရပ္ခဲ့တယ္။
အခန္းထဲ စဝင္တဲ့ေန႔မွာ လက္ရွည္အက်ီၤ၊ မ်က္ႏွာဖံုး၊ ဦးထုပ္ေဆာင္းရံုသာမက
အထူဆံုး လက္အိတ္တစ္စံုကိုပါ ကြ်န္မေရြးခဲ့မိတယ္။ ကုတင္(၁၉)ကလူနာ
ကုတင္ေဘာင္ကိုမွီျပီး ေမြးဖြားခါနီး ဗုိက္ကို ပြတ္သပ္လို႔
အခန္းထဲဝင္လာတဲ့ ကြ်န္မကို ျပံဳးျပၾကိဳဆိုေနတယ္။ ဒီလိုေရာဂါရထားတဲ့
အမ်ဳိးအမီးတစ္ေယာက္က တစ္ျခားလူေတြထက္ တမူထူးျခားေနမယ္လို႔ ကြ်န္မ
ထင္ခဲ့မိတယ္။ တကယ္တမ္း သူ႔ကိုေတြ႔ေတာ့ သာမန္အမ်ဳိးသမီး တစ္ဦးပါပဲ။
ဆံပင္ခပ္တိုတို၊ ဂါဝန္ ပြပြၾကီးၾကီးကို ဝတ္ဆင္ထားျပီး ကြင္းထိုးဖိနပ္
အနက္ေရာင္ကို စီးထားတယ္။ ပါးျပင္တစ္ဖက္တစ္ခ်က္မွာ တင္းတိတ္ေတြနဲ႔
ျပည့္ေနတဲ့ သူ႔ပံုစံက လံုးဝစံမီတဲ့ မိခင္ေလာင္းတစ္ဦးျဖစ္တယ္။
"မဂၤလာပါ"
ေဖာ္ေဖာ္ေရြေရြ ႏႈတ္ဆက္လာတဲ့သူ႔ကို လွဳိက္ဖိုေနတဲ့ ရင္အစံုနဲ႔ ေအးစက္စက္
ကြ်န္မ ျပန္ျပံဳးျပလိုက္မိတယ္။ ပထမဆံုးရက္မွာပဲ လူနာကို ေသြးစစ္ရတယ္။
ေသြးက ေရာဂါကူးစက္ရမွာ အဓိကျဖစ္တဲ့အတြက္ သူ႔ကို ေသြးစုတ္ဖို႔ရာ
ကြ်န္မတစ္ကိုယ္လံုး ထံုက်င္ေနမိတယ္။
ကြ်န္မ စိတ္လႈပ္ရွားလြန္းလို႔လားမသိ! ေသြးစုတ္ဖို႔ အပ္ကို ေသြးေၾကာထဲ
ေရာက္ေအာင္ မထုိးႏိုင္ခဲ့ဘူး။ လဲြေခ်ာ္သြားတဲ့ အပ္ေၾကာင့္ သူ႔မ်က္ခံုး
တြန္႔သြားတာကို ကြ်န္မျမင္လိုက္တယ္။ ေသြးစုတ္ဖို႔ ဖန္ျပြန္ေတြ၊
ဂြမ္းစေတြနဲ႔ ကြ်န္မ ပ်ာမ်ားေနမိတယ္။ သူ႔ေသြးေတြ ကြ်န္မကိုယ္ေပၚ လံုးဝ
မေပက်ံဖို႔ ဂရုစိုက္ရေသးတယ္။ ေသြးစုတ္ျပီးေနာက္ သူ႔မ်က္ႏွာကို
ကြ်န္မၾကည့္လိုက္မိတယ္။ မ်က္ႏွာက ပကတိ ေအးခ်မ္းတည္ျငိမ္လို႔......
"ေက်းဇူးတင္ပါတယ္"
ယဥ္ယဥ္ေက်းေက်းနဲ႔ ေႏြးေႏြးေထြးေထြး ဆက္ဆံလာတဲ့ သူ႔ကို ပညာတတ္
လူတန္းစားထဲကမွန္း ကြ်န္မရိပ္မိလိုက္တယ္။
" ဟို .. ကုတင္(၁၉)က လူနာေလ ဘယ္လိုၾကည့္ၾကည့္ အဲဒီေရာဂါရွိတဲ့ လူနာနဲ႔ကို
မတူဘူး သိလား" နပ္စ္နားေနေဆာင္ ေရာက္ေရာက္ခ်င္း ကြ်န္မ မေအာင့္ႏိုင္ဘဲ
ေျပာလိုက္မိတယ္။
"ဒီလိုေရာဂါရတဲ့ လူနာကို ဘယ္လိုပံုစံနဲ႔ ျမင္ခ်င္လို႔လဲ?" တာဝန္က်
ေဒါက္တာတစ္ဦးရဲ႕ စကားက ကြ်န္မ စကားလမ္းေၾကာင္းကို ပိတ္ပစ္လိုက္တယ္။
"နပ္စ္ .. ဒါကို ၾကည့္လိုက္ဦး"
ေဒါက္တာက ေျပာေျပာဆိုဆို လူနာရဲ႕ေဆးမွတ္တမ္းေတြ ကြ်န္မကို ကမ္းေပးတယ္။
ေဆးမွတ္တမ္းကုိ ကြ်န္မတစ္ရြက္ခ်င္း လွန္ၾကည့္လိုက္တယ္။ သူ ကံေတာ္ေတာ္
မေကာင္းခဲ့ရွာဘူး။ သူဟာ တကၠသိုလ္ေက်ာင္း တစ္ခုက ဆရာမပါ။
ငယ္ရြယ္ထက္ျမက္တဲ့သူက အသက္ ၃ဝမွာ တဲြဖက္ပါေမာကၡ ျဖစ္ေနပါျပီ။
သူ႔အနာဂတ္လမ္းက ေျဖာင့္ျဖဴးေနခဲ့ပါတယ္။ ဒါေပမယ့္ ခရီးတစ္ခုမွာ မေတာ္တဆ
ယာဥ္တိုက္မႈျဖစ္ျပီး အေရးတၾကီး ေသြးသြင္းခဲ့ရတယ္။ အဲဒီမွာ HIV ေရာဂါ
ကူးစက္ခံခဲ့ရတာပါပဲ။
ေသြးသြင္းခဲ့လို႔ ေရာဂါကူးစက္ခံရမယ္လို႔ ဘယ္သူမွ ေတြးမထားခဲ့မိဘူး။
သူကိုယ္ဝန္ရျပီး စစ္ေဆးမႈေတြ ျပဳတဲ့အခ်ိန္က်မွ ကူးစက္ခံရမွန္း သိခဲ့ရတယ္။
အဲဒီေနာက္ သူ႔ဘဝ တစ္မ်ဳိးတစ္ဖံု ေျပာင္းခဲ့ရတယ္။ ေလာကၾကီးကို
မ်က္ႏွာမျပရေသးတဲ့ ရင္ေသြးငယ္ကိုလည္း သနားမိတယ္။ ေအအိုင္ဒီအက္စ္
ေရာဂါသည္ေမြးဖြားတဲ့ ကေလးငယ္ဟာ ေရာဂါကူးစက္ဖို႔ ၂ဝ% ကေန ၄ဝ% ထိ
ရွိႏိုင္တယ္လု႔ိ ဆိုပါတယ္။ ေမြးဖြားခ်ိန္မွာ ျဖစ္လာႏိုင္တဲ့ အခက္အခဲနဲ႔
ေရာဂါ ကာကြယ္စက္စနစ္ေတြ (Immune System) ပ်က္စီးခဲ့ရင္
အသက္ပါဆံုးရႈံးႏုိင္ပါတယ္။
အခုခ်ိန္မွာ သူဟာ ေမြးဖြားခ်ိန္ကို တစ္ဖက္ကေစာင့္ရင္း
သူ႔ကိုေသြးသြင္းေပးခဲ့တဲ့ ေဆးရံုနဲ႔ ေသြးလွဴဌာနကို တရားစဲြဆိုထားပါတယ္။
ေလွ်ာ္ေၾကးေငြရမယ္လို႔ ခန္႔မွန္းထားေပမယ့္ သူ႔အတြက္
ဘာမ်ားအသံုးဝင္ေတာ့မလဲ?
ကုတင္(၁၉)ရဲ႕ အမ်ဳိးသား ေရာက္လာတဲ့အခ်ိန္မွာ သားဖြားေဆာင္တစ္ခုလံုး
လႈပ္လႈပ္ရွားရွား ျဖစ္သြားေသးတယ္။ ေအအိုင္ဒီအက္စ္ ေဝဒနာသည္တစ္ဦးရဲ႕
ခင္ပြန္းဟာ ဘယ္လိုပံုစံမ်ားပါလိမ့္? ကြ်န္မသိခ်င္၊ ျမင္ခ်င္ေဇာနဲ႔
အခန္းကို စစ္ေဆးမယ့္ဟန္ျပဳျပီး ဝင္ေရာက္စပ္စုခဲ့တယ္။ လူနာက
ကုတင္ေခါင္းရင္းမွာ ထိုင္ေနျပီး ေျခေထာက္ကို ကုတင္နဲ႔
မ်က္ႏွာခ်င္းဆိုင္ထုိင္ေနတဲ့ ခင္ပြန္းေပါင္ေပၚ ဆန္႔ထားတယ္။ ျပီးေတာ့
ငယ္ထိပ္ကေန ဆံဖ်ားအထိ ဆံပင္ကို စိတ္ေအးလက္ေအး ျဖီးသင္ေနတယ္။
ခင္ပြန္းျဖစ္သူက ကိုယ္ဝန္ေၾကာင့္ ေဖာေရာင္ေနတဲ့ သူ႔ေျခေထာက္ကို
ညင္ညင္သာသာ ဖိႏွိပ္ေပးေနတယ္။ ဇနီးသည္ကို သနားၾကင္နာျမတ္ႏိုးတဲ့ အျပံဳးနဲ႔
ေႏြးေထြးမႈေတြကုိ သူ႔လက္ဖဝါးကေန တစ္ဆင့္ ဇနီးရဲ႕ ကိုယ္ထဲကို
အေရာက္ပို႔ေနခဲ့တယ္။
ေနေရာင္ျခည္က ျပတင္းေပါက္ကို ျဖတ္ျပီး အခန္းထဲမွာရွိတဲ့ ခင္ပြန္းရဲ႕
လက္ေပၚ၊ ဇနီးရဲ႕ ေျခေပၚကို အစက္အေပ်ာက္အျဖင့္နဲ႔ ထိုးက်လာခဲ့တယ္။
ေနေရာင္ေအာက္မွာ သူတို႔ဟာ တကယ့္ ေပ်ာ္ရႊင္စရာေကာင္းတဲ့ ဇနီးေမာင္ႏွံအျဖစ္
ပိုအသက္ဝင္ေနခဲ့ပါတယ္။
"ကေလးက ဘယ္သူနဲ႔ ပိုတူမယ္လို႔ ထင္လဲ?"
ကုတင္ထက္က အိပ္ရာခင္းကို ဆဲြဆန္႔ရင္း သူတို႔ေျပာတဲ့စကားကို ကြ်န္မ
စိတ္မေကာင္းစြာ နားေထာင္ေနမိတယ္။ တကယ္ေတာ့ သူတို႔ဟာ ေပ်ာ္စရာေကာင္းတဲ့
မိဘေလာင္းေတြပါလား?
"ကြ်န္မနဲ႔ ပိုတူမွာ " ခပ္ခြ်ဲခြ်ဲ အမႈအရာနဲ႔ သူေျပာတယ္။
"အသားအေရေတာ့ တူလို႔ မျဖစ္ဘူးေနာ္" ခင္ပြန္းက တစ္ဟားဟား ရယ္ရင္း
"ၾကည့္စမ္း... ပါးျပင္ေပၚမွာ အစက္အေပ်ာက္ေတြနဲ႔ က်ားသစ္မနဲ႔ တူေနျပီ"
သူ႔ကိုစတယ္။ မ်က္ရည္ေတြ ပါးျပင္ေပၚ စီးမက်လာခင္ အခန္းထဲကေန
ကြ်န္မထြက္လာခဲ့တယ္။
HIV ေရာဂါ ထိန္းခ်ဳပ္ေပးတဲ့ ေဆးေတြကို ကုတင္(၁၉) ေန႔တိုင္းေသာက္ေနရတယ္။
ေန႔တိုင္း ေသြးစစ္ရတယ္။ ဆီးစစ္ရတယ္။ ျဖဴေဖြးျပည့္ဝတဲ့
သူ႔လက္ေမာင္းႏွစ္ခုလံုး လက္ဖဝါးကေန လက္ေမာင္းအထိ အပ္ရာေတြနဲ႔
ျပည့္ေနခဲ့ပါျပီ။ မကြ်မ္းက်င္တဲ့ ကြ်န္မမွာ ေၾကာက္စိတ္ေတြ ေရာပါေနခဲ့လို႔
အျမဲတမ္း အပ္ကို တစ္ခ်က္တည္းနဲ႔ မသြင္းႏိုင္ခဲ့ဘူး။ ဒါကို သူက တစ္ခါမွ
စိတ္မဆိုးခဲ့တဲ႔အျပင္ ကြ်န္မကို ေအးေအးေလး ျပံဳးၾကည့္ေနတတ္တယ္။
သူ႔ကုိ ျပဳစုတ့ဲ တစ္ပတ္ေက်ာ္ေက်ာ္ အတြင္းမွာ သူ႔ကို တေျဖးေျဖး
ကြ်န္မႏွစ္သက္လာမိတယ္။ အခန္းထဲဝင္ရင္ အကာအကြယ္ ခ်ပ္ဝတ္တန္ဆာေတြကို ကြ်န္မ
ဝတ္ဆင္ထားဆဲျဖစ္ေပမယ့္ အပ္စိုက္ရာမွာ ပိုတိက်ေသခ်ာေအာင္
ကြ်န္မဂရုစိုက္လာခဲ့တယ္။ ေသာက္ေဆးေတြကိုလည္း သူမွတ္မိတဲ့အထိ ထပ္သလဲလဲ
မွာျဖစ္ခဲ့တယ္။ တစ္ခါတေလ သူ႔အတြက္ လတ္ဆတ္တဲ့ ေနၾကာပန္းေတြကို ဝယ္ျပီး
သူ႔ကုတင္ေရွ႕မွာ ကြ်န္မ ပန္းအိုးထိုးထားတတ္တယ္။
သူ႔ကိုယ္ဝန္ အေနအထားအားလံုးက ပံုမွန္ျဖစ္တယ္။ ကေလးက အနည္းငယ္ ထြားေနျပီး
ေခါင္းပိုင္းက ေမြးဖြားရာလမ္းေၾကာင္းရဲ႕ ၁ဝ စင္တီမီတာမွာ ရွိေနခဲ့တယ္။
ဒါေပမယ့္ ေမြးဖြားရာမွာ ေရာဂါမကူးစက္ေအာင္ ဆရာဝန္က ဗိုက္ခဲြေမြးဖို႔၊
ခဲြစိပ္မယ့္ အစီအစဥ္ေတြ အားလံုးကို စီမံထားျပီးျဖစ္တယ္။
ေမြးဖြားရက္ နီးလာပါျပီ။ ခန္႔မွန္းထားတဲ့ ေမြးဖြားရက္က
တစ္ပတ္လိုေသးေပမယ့္ ၃၁ႏွစ္ သားဦးျဖစ္တာကတစ္ေၾကာင္း၊ ေအအိုင္ဒီအက္စ္
ေရာဂါသည္ ျဖစ္ေနတာကတစ္ေၾကာင္းမို႔ လူနာခန္း၊ ခဲြစိပ္ခန္းကို အေသးစိပ္
ျပင္ဆင္ထားျပီး အဆင္သင့္အေနအထားမွာ ႏိုးႏိုးၾကားၾကား ရွိေနခဲ့ၾကတယ္။
ကုတင္(၁၉)က တည္ျငိမ္လြန္းတယ္။ ေန႔တိုင္း စာဖတ္လိုက္၊
သီခ်င္းနားေထာင္လိုက္နဲ႔ ေမြးဖြားလာမယ့္ ရင္ေသြးအတြက္ စာေတြ၊ ပံုေတြ
ေရးဆဲြေနခဲ့တယ္။ အခုဆို သူ႔ေခါင္းအံုးေအာက္မွာ စာေတြ တစ္ထပ္ၾကီး
ရွိေနပါျပီ။
အရြယ္လြန္မွ ရတဲ့ ကိုယ္ဝန္ျဖစ္တဲ့အျပင္ ေရာဂါပါ ခံစားေနရျပီး ဘာျဖစ္လို႔
ရင္ေသြးငယ္အတြက္ ဒီေလာက္ထိ အားခဲေနရသလဲလို႔ သူ႔ကို ကြ်န္မ ေမးခဲ့တယ္။
ကြ်န္မေမးတဲ့ အေမးကို သူ မႏွစ္သက္ဟန္ မျပတဲ့အျပင္ " ကေလးက
ေရာက္လာခဲ့ျပီပဲေလ။ သူ႔အသက္ကုိ ကြ်န္မ မဆံုးရႈံးသင့္ဘူး" လို႔
ခပ္ျပံဳးျပံဳး ျပန္ေျဖခဲ့တယ္။
ဆက္ေမးသင့္ မေမးသင့္ ကြ်န္မတစ္ခ်က္ေတြေဝျပီး "တကယ္လို႔ ေရာဂါကူးခဲ့ရင္
ဘယ္လိုလုပ္မလဲ?" လို႔ေမးလိုက္မိတယ္။
ေနၾကာပန္းကို ပြတ္သပ္ကိုင္တြယ္ျပီး တစ္ဖက္လွည့္လိုက္ရင္း "တကယ္လို႔
ကြ်န္မတို႔သာ မစမ္းသပ္ခဲ့ရင္ ကေလးအသက္ရွင္ဖို႔ အခြင့္အေရးေတာင္ ရွိခ့ဲမွာ
မဟုတ္ဘူး" လို႔ သူျပန္ေျဖတယ္။
ကြ်န္မစိတ္ေတြ ပိုေလးလံလာခဲ့တယ္။ အခန္းက အပ္က်သံေတာင္ မၾကားရေလာက္ေအာင္
တိတ္ဆိတ္ျငိမ္သက္ သြားခဲ့တယ္။ အခန္းထဲကေန လွည့္ထြက္ဖို႔ ကြ်န္မျပင္ေတာ့
သူက တိုးညႇင္းတဲ့ အသံနဲ႔.....
"ကြ်န္မတစ္ခုေလာက္ ေတာင္းဆိုခ်င္ပါတယ္။ တကယ္လို႔ ေမြးဖြားခ်ိန္မွာ
တစ္ခုခုျဖစ္ခဲ့ရင္ ကြ်န္မခင္ပြန္းက လူၾကီးအသက္ကို လုပါလို႔ ေျပာလိမ့္မယ္။
ဒါေပမယ့္ ကြ်န္မေရာဂါ အေျခအေနကို နပ္စ္လည္း သိပါတယ္။ ဒါေၾကာင့္
ဘာပဲျဖစ္ျဖစ္ ကေလးကုိ ပထမဆံုးေနရမွာ ထားေပးပါေနာ္"
ကြ်န္မပါးျပင္ေပၚ မ်က္ရည္ေတြ အတားအဆီးမဲ့ စီးဆင္းလာခဲ့တယ္။ ေအာ္ .....
ဒါကပဲ မိခင္တဲ့လား ?
ေရာက္လာမယ့္ ေန႔ရက္က ေရွာင္လဲြလို႔ မရေအာင္ အေရာက္လာခဲ့ပါျပီ။ အဲဒီညက
ကြ်န္မႏိုက္ဂ်ဴတီ ဝင္ရတယ္။ ကုတင္ (၁၉)အတြက္ ခဲြစိပ္ဖို႔ အားလံုး
ျပင္ဆင္ျပီးေနျပီ။ မိုးလင္းခါနီးမွာ ရံုးခန္းက အေရးေပၚ အခ်က္ေပး
ေခါင္းေလာင္းသံေတြ နားကဲြမတတ္ ဆူညံျမည္လာခဲ့တယ္။ ကြ်န္မခ်က္ခ်င္းထရပ္ျပီး
အခ်က္ျပနံပါတ္ကို ၾကည့္လိုက္တယ္။
"ကုတင္ (၁၉) ! "
တာဝန္က်ဆရာဝန္ေတြကို တစ္ဖက္ကေခၚရင္း ကုတင္ (၁၉)ဆီ ကြ်န္မ အေျပးေျပးလာခဲ့မိတယ္။
မွိန္ေဖ်ာ့ေနတဲ့ မီးေရာင္ေအာက္မွာ ကုတင္(၁၉)ရဲ႕ မ်က္ႏွာက
ျဖဴေရာ္လို႔ေနတယ္။ ေစာင္ကို ဆဲြခြာၾကည့္လိုက္ေတာ့ ေရမႊာက
ေပါက္ေနခ့ဲပါျပီ။ ပိုဆိုးတာက ေရက အနီေရာင္ျဖစ္ေနတဲ့အတြက္
သားအိမ္အတြင္းမွာ ေသြးထြက္ေနျပီဆိုတာကို သိလိုက္တယ္။
ကုတင္(၁၉)ရဲ႕ မ်က္ႏွာေပၚမွာ စိုးရိမ္မႈေတြ လႊမ္းေနတယ္။ ေသြးထြက္ျပီ
ဆိုကတည္းက ကေလးကို ေရာဂါကူးစက္ႏိုင္ႏႈန္းက ဆတိုးေသခ်ာေနျပီ။ တကယ္ေတာ့
အခ်င္းက ေရာဂါမကူးစက္ေအာင္ ရင္ေသြးကုိ ဖံုးအုပ္ထားႏိုင္တယ္။ ဒါေပမယ့္
ေမြးဖြားခ်ိန္ ထြက္တဲ့ေသြးနဲ႔ ဓာတ္တစ္မ်ဳိး (Secretions) ေၾကာင့္ ကေလးကို
HIV ကူးစက္ႏိုင္ပါတယ္။
နာက်င္လြန္းလို႔ သူ႔ႏွာဖူးမွာ ေခြ်းသီးေခြ်းေပါက္ေတြ တဲြခိုေနတယ္။
ခံစားေနရတဲ့ ေဝဒနာကို အံၾကိတ္ျပီး ခဲြစိပ္ဖို႔ျပင္ဆင္မႈတစ္ခ်ဳိ႕ကိ
ု
သူခံယူေနတယ္။ ညအခ်ိန္မို႔ ထမ္းစင္က ခ်က္ခ်င္းေရာက္မလာခဲ့ဘူး။ သူ
စကားတစ္ခြန္းမွ ွမေျပာဘဲ ကုတင္ေပၚက ဆင္းလိုက္တယ္။ သူ႔ကိုေဖးမရင္း
ေသြးေတြေရာေနနဲ႔ ေရတစ္ခ်ဳိ႕ ဂါဝန္ထဲကေနတစ္ဆင့္ ေရာင္အမ္းေနတဲ့
သူ႔ေျခေထာက္ေပၚ စီးက်လာတာကို ကြ်န္မေတြ႔လိုက္တယ္။
သူဘာကုိမွ ဂရုမစိုက္ခဲ့ဘူး။ ေျခလွမ္းကို ျမန္သထက္ ျမန္ေအာင္လွမ္းေနတယ္။
သူ႔ေျခလွမ္း တစ္စကၠန္႔ ျမန္ရင္ ကေလးအသက္ရွင္မယ္၊ ေရာဂါကူးစက္ရာက
လြတ္မယ္လို႔ သူမွန္းထားပံုရတယ္။
ခြဲစိပ္ကုတင္ေပၚ သူေရာက္တဲ့အခ်ိန္ ေရမႊာ ေရက ေနာက္က်ိေနခဲ့ပါျပီ။ ဒါက
ရင္ေသြးငယ္ ေအာက္စီဂ်င္ျပတ္ေနျပီဆိုတဲ့ လကၡဏာျဖစ္တယ္။ ထံုေဆးဆရာက သူ႔ကုိ
ထံုေဆးထိုးေပးျပီး ကြ်န္မတို႔က သူ႔ရဲ႕ သတိလည္ႏႈန္းကို
စတင္စမ္းသပ္ခဲ့ၾကတယ္။
ခက္တာက အခ်ိန္ ၃ မိနစ္ေက်ာ္လြန္သြားေပမယ့္ သူႏိုးၾကားေနတုန္းပဲ။
"နာလိုက္တာ" လို႔ သူ ေရရြတ္ေနတယ္။
ထံုေဆးဆရာ ေခြ်းျပန္စျပဳလာပါျပီ။ သူ႔ထံုေဆး အစြမ္းမျပတဲ့ လူနာဆိုလို႔
ဒါပထမဆံုးအၾကိမ္ ၾကံဳတာပါပဲ။ ဒါေပမယ့္ ကေလးအေျခအေနက ထံုေဆးထပ္ေပးလို႔
မသင့္တဲ့အေျခအေနကို ေရာက္ေနပါတယ္။
ကြ်န္မရဲ႕လက္ကို သူ႔တင္းတင္းေလး ဆုပ္ကိုင္ထားတယ္။ တိုးလွ်ဳိးေတာင္းပန္တဲ့
မ်က္လံုးနဲ႔ ဆရာဝန္ေတြကို ၾကည့္ေနတယ္။ ပါးစပ္ကလည္း " ကြ်န္မ ကေလးကို
ကယ္ပါ.... ကြ်န္မကို ဂရုမစိုက္ပါနဲ႔... ကြ်န္မ ကေလးကို ကယ္ပါ" လို႔
တိုးတိုးေလး ေတာင္းဆိုေနခဲ့တယ္။
အခ်ိန္ ၁ မိနစ္ လြန္ေျမာက္သြားခဲ့ပါျပီ......
ကုတင္(၁၉)ရဲ႕ ေျခလက္ေတြကို ကုတင္နဲ႔ ကပ္ခ်ည္ထားလိုက္တယ္။ ထံုေဆးဆရာကလည္း
ေဆးထိုးအပ္ကို အသင့္ျပင္ထားျပီးျပီ။ ခဲြစိတ္မွဴးဆရာဝန္ကလည္း အံၾကိတ္လို႔
ခဲြစိပ္ဖို႔ရာ လက္တြန္႔ေနခဲ့တယ္။
ဒါ ကြ်န္မနပ္စ္လုပ္လာတဲ့ သက္တမ္းတစ္ေလွ်ာက္ "သားဖြားမီးယပ္ပါရဂူ" အျဖစ္
နာမည္ၾကီးတဲ့ ဆရာဝန္ရဲ႕ မ်က္ႏွာေပၚက ေမွ်ာ္လင့္ခ်က္မဲ့အရိပ္ကို
ပထမဦးဆံုး ျမင္ဖူးျခင္းပါပဲ။
ခဲြစိပ္ဓားေတြက ထံုေဆးမစြမ္းတဲ့ ကုတင္(၁၉)ရဲ႕ ဗိုက္ေပၚ ခဲြခ်လိုက္တယ္။
ဗိုက္အေရခြံ အဲဒီေနာက္ အဆီထပ္၊ ၾကြက္သား၊ အခြ်ဲ (Mucosa)၊ သားအိမ္....
ကုတင္(၁၉) ကြ်န္မလက္ကို တင္းတင္းဆုပ္ကိုင္ထားဆဲပါပဲ။ မပီမသ
စကားသံတစ္ခ်ဳိ႕နဲ႔ ရင္ကဲြလုမတတ္ ေအာ္ျမည္သံတစ္ခ်ဳိ႕ သူ႔ပါးစပ္မွာ
ကိုက္ထားတဲ့ ပုဝါၾကားကေန ပလံုးပေထြးထြက္လာခဲ့တယ္။
ခႏၶာတစ္ခုလံုးက ကုတင္ေပၚမွာ တစ္ဆတ္ဆတ္ တုန္လို႔..... အေၾကာေတြပါ
လိမ္ဆဲြေနတယ္။ သူ႔မ်က္ႏွာဟာ နာက်င္လြန္းလို႔ ပံုစံေျပာင္းေနတယ္။ ကြ်န္မ
မၾကည့္ရက္ဘဲ မ်က္ႏွာလဲြလိုက္တယ္။ မ်က္ရည္ေတြ ပါးျပင္ေပၚ
လိွမ့္ဆင္းလာခဲ့ပါတယ္။
ဒါဟာ ဘယ္လိုနာက်င္မႈမ်ဳိးလဲ ! ဒါဟာ ဘယ္အရာနဲ႔ ႏိုင္းျပလို႔ရတဲ့ မိခင္ေမတၱာမ်ဳိးလဲ !
ေနာက္ဆံုး ကေလးကို ဝမ္းထဲကေန ဆဲြထုတ္ယူႏိုင္ခဲ့တယ္။ ကေလးမ်က္ႏွာက
ျပာႏွမ္းေနပါျပီ။ ခ်က္ၾကိဳးက လည္ပင္းကုိပတ္ေနတာေၾကာင့္
ေအာက္စီဂ်င္ျပတ္ျပီး ျပာႏွမ္းခဲ့ပံုရတယ္။
တေအာင့္ၾကာေတာ့ ေခြ်းေတြ ရဲႊနစ္ေနတဲ့ သူ႔ခႏၶာကိုယ္ တစ္ခုလံုး
ေပ်ာ့ေခြက်သြားတယ္။ ဆရာဝန္က ကေလးငယ္ကို ေျခေထာက္ကကိုင္ျပီး ေက်ာကို
တစ္ခ်က္ႏွစ္ခ်က္ ပုတ္ေပးလိုက္တယ္။ ပါးစပ္ထဲဝင္ေနတဲ့ အညစ္အေၾကးတစ္ခ်ဳိ႕
အန္ထြက္လာျပီးေနာက္ ကေလးရဲ႕ ပထမဆံုးငုိသံ ထြက္ေပၚလာခဲ့တယ္။
ငိုသံကတိုးညႇင္းေပမယ့္ ၾကည္လင္ေနတယ္။
သတိလက္လြတ္ ျဖစ္ခါနီးဆဲဆဲ မိခင္က ကေလးငိုသံကို ၾကားလိုက္မိလို႔ ထင္ပါရဲ႕
ကေလးဖက္ကို အားယူျပီး မ်က္လံုးတစ္ခ်က္ ဖြင့္ၾကည့္လိုက္တယ္။ အဲဒီေနာက္
မ်က္ခြံေတြ လံုးဝပိတ္က်သြားခဲ့တယ္။ သူ႔ကုိယ္ေပၚ ပတ္ထားတဲ့ ခါးပတ္ေတြကို
ကြ်န္မျဖဳတ္ေပးလိုက္တယ္။ သူ႔လက္ေကာက္ဝတ္ေတြ၊ ေျခက်င္းဝတ္ေတြ
ညိဳမည္းပြန္းပဲ့ကုန္ျပီး ေသြးေတြ ထြက္ေနတာကုိ ကြ်န္မေတြ႔လိုက္တယ္။
အဆုပ္ကိုင္ခံထားရတဲ့ ကြ်န္မရဲ႕ လက္လည္း အရိုးေတြ က်ဳိးေၾကမတတ္
နာက်င္လို႔ေနတယ္။
ကုတင္(၁၉) အားယူျပီး ဖြင့္ၾကည့္ခဲ့တဲ့ အၾကည့္တစ္ခ်က္က
ကိုယ့္ရင္ေသြးငယ္ကို ေနာက္ဆံုးၾကည့္ျခင္းမွန္း ကြ်န္မလံုးဝ
ေတြးမထားခဲ့မိဘူး။ အဲဒီ ေဖာ္ေရြမႈ အျပံဳးေတြပါတဲ့ သူ႔မ်က္လံုးဟာ
ပိတ္က်သြားျပီးေနာက္ လံုးဝ ျပန္ဖြင့္မလာခဲ့ေတာ့ပါဘူး။
၃ရက္အၾကာမွာ ခဲြစိပ္မႈေၾကာင့္ ေသြးမသန္႔ျဖစ္တာရယ္၊ ေပးထားတဲ့ antibiotics
အက်ဳိးမျပဳတာရယ္ေၾကာင့္ လူ႔ေလာကကို သူရာသက္ပန္ ခဲြသြားခဲ့တယ္။
ကံေကာင္းတာက ေမြးထြက္လာတဲ့ ကေလးေလးက HIV negative ျဖစ္ေနတယ္။ ကြ်န္မတို႔
ေဆးပညာမွာ ေအာင္ျမင္တဲ့ ကုသမႈတစ္ခုအျဖင့္ အသိအမွတ္ျပဳမိပါတယ္။
ေအအိုင္ဒီအက္စ္ ေရာဂါရ မိခင္တစ္ဦးကေန က်န္းမာတဲ့ ကေလးငယ္
ေမြးထုတ္ႏိုင္ခဲ့တဲ့အတြက္ သတင္းစာအခ်ဳိ႕နဲ႔ သတင္းဌာနက လူေတြ လာေရာက္
ေမးျမန္းၾကမယ္လို႔ ကြ်န္မတို႔ ၾကားမိပါတယ္။
လူနာေနခဲ့တဲ့ အခန္းကို ကြ်န္မဝင္ရွင္းေတာ့ ကုတင္(၁၉)ရဲ႕
ေခါင္းအုံးေအာက္မွာ ကေလးအတြက္ ေရးခဲ့တဲ့ စာေတြကို ကြ်န္မေတြ႔လိုက္မိတယ္။
စာေတြအျပင္၊ ရုပ္ပံုေတြပါ ဆဲြထားေသးတယ္။ ပထမဆံုးပံုက ေနလံုးၾကီးပံုကို
ဆဲြထားတယ္။ ေနေရာင္ေအာက္မွာ လက္ကေလးတစ္စံု... အဲဒီေအာက္မွာ ကေလးအတြက္
စာတစ္ေၾကာင္းေရးထားပါတယ္။
"သားေရ..... ဘဝဆိုတာ ေနမင္းၾကီးနဲ႔တူတယ္။ ဒီေန႔ ေနဝင္ခဲ့ရင္ မနက္ျဖန္
ျပန္တက္လာစျမဲပဲ။ ဒါေပမယ့္ ေနမင္းၾကီးက ေန႔တိုင္းေတာ့ မတူႏိုင္ဘူး"
စာေၾကာင္းရဲ႕ ေအာက္မွာ သပ္ရပ္လွပတဲ့ နာမည္ေလးတစ္ခု ထိုးထားတယ္။ သူ႔ကို
ကုတင္(၁၉)လို႔ပဲ ကြ်န္မေခၚခဲ့မိတဲ့အတြက္ ပထမဆံုးအၾကိမ္ ကြ်န္မ
ေနာင္တရမိခဲ့တယ္။
ကေလးေလး ေဆးရံုဆင္းေတာ့ ကေလးအေဖကို ေရးထားတဲ့ စာေတြအားလံုး
ကြ်န္မအပ္လိုက္တယ္။ သူ႔မ်က္လံုးမွာ မ်က္ရည္ေတြနဲ႔ နီရဲေနခဲ့တယ္။
ကေလးငယ္ကလည္း သူ႔မိခင္ မရွိေတာ့မွန္း သိတဲ့အလား တစ္ဝါးဝါးနဲ႔
ေအာ္ငိုေနခဲ့တယ္။
ေနမင္းၾကီးပံု ဆဲြထားတဲ့ ပံုကို ကေလးေရွ႕မွာ ကြ်န္မေဝွ႔ယမ္းျပလိုက္မိတယ္။
ကေလးငယ္ဟာ ငိုရာက ခ်က္ခ်င္းတိတ္ျပီး လက္ကေလးကို ဆန္႔လို႔ ......
ကြ်န္မလက္ထဲက စာရြက္ကို လွမ္းဆုတ္ကိုင္လိုက္ေတာ့တယ္။
ေကသာ
########
Unicode
What is the meaning of Mother's Love? လူနာ ကုတင်နံပါတ် (၁၉).....................။ Jan 5, '09 4:50 AM for everyone
လူနာ ကုတင်နံပါတ် (၁၉)
ကုတင်နံပါတ်(၁၉)ကလူနာ ဆေးရုံစတက်တဲ့နေ့မှာ သားဖွားမီးယပ်က ဆရာဝန်
နပ်စ်တွေအားလုံး အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြတယ်။ ဒါဟာ ဆေးရုံနဲ့
ဆေးတက္ကသိုလ်က ကျောင်းသားတွေ ပူးပေါင်းပြီး "အေအိုင်ဒီအက်စ်ရောဂါ
ခံစားနေရတဲ့ မိခင်မှ ရင်သွေးငယ်သို့ မကူးစက်ဘဲ ဖွားမြင်ရေး" ဆိုတဲ့
ရောဂါမကူးစက်ရေး အကြောင်းကို ရှာဖွေဆွေးနွေးကြဖို့ဖြစ်တယ်။
အေအိုင်ဒီအက်စ် ရောဂါသည်တစ်ဦး သားဖွားဆောင်ထဲ ရောက်နေတယ်ဆိုတဲ့ သတင်းက
အိုးပူပူထဲ ပေါက်ပေါက် ထည့်ဖောက်လိုက်သလို သားဖွားဆောင်တစ်ခုလုံး
ချက်ချင်းပေါက်ကွဲသွားခဲ့တယ်။ အစည်းအဝေးတုန်းက ဆေးရုံအုပ်ရှေ့မှာ ဘာမှ
မဟရဲခဲ့ကြပေမယ့် အစည်းအဝေးအပြီးမှာ နပ်စ်တွေက အချင်းချင်း
ဝိုင်းအုံဖွဲ့ကြပြီး "ရောဂါကူးခဲ့ရင် ဘယ်သူတာဝန်ယူမလဲ?" လို့
ငြင်းခုံခဲ့ကြတယ်။
ဆရာဝန်တစ်ချို့ကတောင် "လူနာသုံးတဲ့ ခွဲစိပ်ကိရိယာတွေ၊ အိပ်ရာခင်းတွေ
ကတစ်ဆင့် တစ်ခြားလူနာတွေကို ပြန်ကူးစက်ရင် ဘယ်လိုလုပ်မလဲ?" လို့
ညည်းတွားနေကြတယ်။
ညည်းခဲ့ ငြင်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာ လူနာနေဖို့ အခန်းကို
စီစဉ်ခဲ့ကြရတယ်။ ဆေးရုံအုပ်ကြီးကိုယ်တိုင် လူနာအတွက် စပ္ပါယ်ရှယ်အခန်းက
ကုတင် နံပါတ် (၁၉)ကို ရွေးပေးခဲ့တယ်။ လာဘ်နံပါတ်လို့ ပြောပါတယ်။
နပ်စ်မှူး တာဝန်ခွဲတော့ ကုတင် (၁၉)က လူနာကို ဘယ်သူမှ
သွားမကြည့်ချင်ခဲ့ကြဘူး။ နောက်ဆုံး ကျောင်းပြီးတာ သုံးလတောင်
မပြည့်သေးတဲ့ကျွန်မ ကုတင် (၁၉) အတွက် မားမားမတ်မတ် ထွက်ရပ်ခဲ့တယ်။
အခန်းထဲ စဝင်တဲ့နေ့မှာ လက်ရှည်အကျီၤ၊ မျက်နှာဖုံး၊ ဦးထုပ်ဆောင်းရုံသာမက
အထူဆုံး လက်အိတ်တစ်စုံကိုပါ ကျွန်မရွေးခဲ့မိတယ်။ ကုတင်(၁၉)ကလူနာ
ကုတင်ဘောင်ကိုမှီပြီး မွေးဖွားခါနီး ဗိုက်ကို ပွတ်သပ်လို့
အခန်းထဲဝင်လာတဲ့ ကျွန်မကို ပြုံးပြကြိုဆိုနေတယ်။ ဒီလိုရောဂါရထားတဲ့
အမျိုးအမီးတစ်ယောက်က တစ်ခြားလူတွေထက် တမူထူးခြားနေမယ်လို့ ကျွန်မ
ထင်ခဲ့မိတယ်။ တကယ်တမ်း သူ့ကိုတွေ့တော့ သာမန်အမျိုးသမီး တစ်ဦးပါပဲ။
ဆံပင်ခပ်တိုတို၊ ဂါဝန် ပွပွကြီးကြီးကို ဝတ်ဆင်ထားပြီး ကွင်းထိုးဖိနပ်
အနက်ရောင်ကို စီးထားတယ်။ ပါးပြင်တစ်ဖက်တစ်ချက်မှာ တင်းတိတ်တွေနဲ့
ပြည့်နေတဲ့ သူ့ပုံစံက လုံးဝစံမီတဲ့ မိခင်လောင်းတစ်ဦးဖြစ်တယ်။
"မင်္ဂလာပါ"
ဖော်ဖော်ရွေရွေ နှုတ်ဆက်လာတဲ့သူ့ကို လှိုက်ဖိုနေတဲ့ ရင်အစုံနဲ့ အေးစက်စက်
ကျွန်မ ပြန်ပြုံးပြလိုက်မိတယ်။ ပထမဆုံးရက်မှာပဲ လူနာကို သွေးစစ်ရတယ်။
သွေးက ရောဂါကူးစက်ရမှာ အဓိကဖြစ်တဲ့အတွက် သူ့ကို သွေးစုတ်ဖို့ရာ
ကျွန်မတစ်ကိုယ်လုံး ထုံကျင်နေမိတယ်။
ကျွန်မ စိတ်လှုပ်ရှားလွန်းလို့လားမသိ! သွေးစုတ်ဖို့ အပ်ကို သွေးကြောထဲ
ရောက်အောင် မထိုးနိုင်ခဲ့ဘူး။ လွဲချော်သွားတဲ့ အပ်ကြောင့် သူ့မျက်ခုံး
တွန့်သွားတာကို ကျွန်မမြင်လိုက်တယ်။ သွေးစုတ်ဖို့ ဖန်ပြွန်တွေ၊
ဂွမ်းစတွေနဲ့ ကျွန်မ ပျာများနေမိတယ်။ သူ့သွေးတွေ ကျွန်မကိုယ်ပေါ် လုံးဝ
မပေကျံဖို့ ဂရုစိုက်ရသေးတယ်။ သွေးစုတ်ပြီးနောက် သူ့မျက်နှာကို
ကျွန်မကြည့်လိုက်မိတယ်။ မျက်နှာက ပကတိ အေးချမ်းတည်ငြိမ်လို့......
"ကျေးဇူးတင်ပါတယ်"
ယဉ်ယဉ်ကျေးကျေးနဲ့ နွေးနွေးထွေးထွေး ဆက်ဆံလာတဲ့ သူ့ကို ပညာတတ်
လူတန်းစားထဲကမှန်း ကျွန်မရိပ်မိလိုက်တယ်။
" ဟို .. ကုတင်(၁၉)က လူနာလေ ဘယ်လိုကြည့်ကြည့် အဲဒီရောဂါရှိတဲ့ လူနာနဲ့ကို
မတူဘူး သိလား" နပ်စ်နားနေဆောင် ရောက်ရောက်ချင်း ကျွန်မ မအောင့်နိုင်ဘဲ
ပြောလိုက်မိတယ်။
"ဒီလိုရောဂါရတဲ့ လူနာကို ဘယ်လိုပုံစံနဲ့ မြင်ချင်လို့လဲ?" တာဝန်ကျ
ဒေါက်တာတစ်ဦးရဲ့ စကားက ကျွန်မ စကားလမ်းကြောင်းကို ပိတ်ပစ်လိုက်တယ်။
"နပ်စ် .. ဒါကို ကြည့်လိုက်ဦး"
ဒေါက်တာက ပြောပြောဆိုဆို လူနာရဲ့ဆေးမှတ်တမ်းတွေ ကျွန်မကို ကမ်းပေးတယ်။
ဆေးမှတ်တမ်းကို ကျွန်မတစ်ရွက်ချင်း လှန်ကြည့်လိုက်တယ်။ သူ ကံတော်တော်
မကောင်းခဲ့ရှာဘူး။ သူဟာ တက္ကသိုလ်ကျောင်း တစ်ခုက ဆရာမပါ။
ငယ်ရွယ်ထက်မြက်တဲ့သူက အသက် ၃ဝမှာ တွဲဖက်ပါမောက္ခ ဖြစ်နေပါပြီ။
သူ့အနာဂတ်လမ်းက ဖြောင့်ဖြူးနေခဲ့ပါတယ်။ ဒါပေမယ့် ခရီးတစ်ခုမှာ မတော်တဆ
ယာဉ်တိုက်မှုဖြစ်ပြီး အရေးတကြီး သွေးသွင်းခဲ့ရတယ်။ အဲဒီမှာ HIV ရောဂါ
ကူးစက်ခံခဲ့ရတာပါပဲ။
သွေးသွင်းခဲ့လို့ ရောဂါကူးစက်ခံရမယ်လို့ ဘယ်သူမှ တွေးမထားခဲ့မိဘူး။
သူကိုယ်ဝန်ရပြီး စစ်ဆေးမှုတွေ ပြုတဲ့အချိန်ကျမှ ကူးစက်ခံရမှန်း သိခဲ့ရတယ်။
အဲဒီနောက် သူ့ဘဝ တစ်မျိုးတစ်ဖုံ ပြောင်းခဲ့ရတယ်။ လောကကြီးကို
မျက်နှာမပြရသေးတဲ့ ရင်သွေးငယ်ကိုလည်း သနားမိတယ်။ အေအိုင်ဒီအက်စ်
ရောဂါသည်မွေးဖွားတဲ့ ကလေးငယ်ဟာ ရောဂါကူးစက်ဖို့ ၂ဝ% ကနေ ၄ဝ% ထိ
ရှိနိုင်တယ်လု့ိ ဆိုပါတယ်။ မွေးဖွားချိန်မှာ ဖြစ်လာနိုင်တဲ့ အခက်အခဲနဲ့
ရောဂါ ကာကွယ်စက်စနစ်တွေ (Immune System) ပျက်စီးခဲ့ရင်
အသက်ပါဆုံးရှုံးနိုင်ပါတယ်။
အခုချိန်မှာ သူဟာ မွေးဖွားချိန်ကို တစ်ဖက်ကစောင့်ရင်း
သူ့ကိုသွေးသွင်းပေးခဲ့တဲ့ ဆေးရုံနဲ့ သွေးလှူဌာနကို တရားစွဲဆိုထားပါတယ်။
လျှော်ကြေးငွေရမယ်လို့ ခန့်မှန်းထားပေမယ့် သူ့အတွက်
ဘာများအသုံးဝင်တော့မလဲ?
ကုတင်(၁၉)ရဲ့ အမျိုးသား ရောက်လာတဲ့အချိန်မှာ သားဖွားဆောင်တစ်ခုလုံး
လှုပ်လှုပ်ရှားရှား ဖြစ်သွားသေးတယ်။ အေအိုင်ဒီအက်စ် ဝေဒနာသည်တစ်ဦးရဲ့
ခင်ပွန်းဟာ ဘယ်လိုပုံစံများပါလိမ့်? ကျွန်မသိချင်၊ မြင်ချင်ဇောနဲ့
အခန်းကို စစ်ဆေးမယ့်ဟန်ပြုပြီး ဝင်ရောက်စပ်စုခဲ့တယ်။ လူနာက
ကုတင်ခေါင်းရင်းမှာ ထိုင်နေပြီး ခြေထောက်ကို ကုတင်နဲ့
မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ခင်ပွန်းပေါင်ပေါ် ဆန့်ထားတယ်။ ပြီးတော့
ငယ်ထိပ်ကနေ ဆံဖျားအထိ ဆံပင်ကို စိတ်အေးလက်အေး ဖြီးသင်နေတယ်။
ခင်ပွန်းဖြစ်သူက ကိုယ်ဝန်ကြောင့် ဖောရောင်နေတဲ့ သူ့ခြေထောက်ကို
ညင်ညင်သာသာ ဖိနှိပ်ပေးနေတယ်။ ဇနီးသည်ကို သနားကြင်နာမြတ်နိုးတဲ့ အပြုံးနဲ့
နွေးထွေးမှုတွေကို သူ့လက်ဖဝါးကနေ တစ်ဆင့် ဇနီးရဲ့ ကိုယ်ထဲကို
အရောက်ပို့နေခဲ့တယ်။
နေရောင်ခြည်က ပြတင်းပေါက်ကို ဖြတ်ပြီး အခန်းထဲမှာရှိတဲ့ ခင်ပွန်းရဲ့
လက်ပေါ်၊ ဇနီးရဲ့ ခြေပေါ်ကို အစက်အပျောက်အဖြင့်နဲ့ ထိုးကျလာခဲ့တယ်။
နေရောင်အောက်မှာ သူတို့ဟာ တကယ့် ပျော်ရွှင်စရာကောင်းတဲ့ ဇနီးမောင်နှံအဖြစ်
ပိုအသက်ဝင်နေခဲ့ပါတယ်။
"ကလေးက ဘယ်သူနဲ့ ပိုတူမယ်လို့ ထင်လဲ?"
ကုတင်ထက်က အိပ်ရာခင်းကို ဆွဲဆန့်ရင်း သူတို့ပြောတဲ့စကားကို ကျွန်မ
စိတ်မကောင်းစွာ နားထောင်နေမိတယ်။ တကယ်တော့ သူတို့ဟာ ပျော်စရာကောင်းတဲ့
မိဘလောင်းတွေပါလား?
"ကျွန်မနဲ့ ပိုတူမှာ " ခပ်ချွဲချွဲ အမှုအရာနဲ့ သူပြောတယ်။
"အသားအရေတော့ တူလို့ မဖြစ်ဘူးနော်" ခင်ပွန်းက တစ်ဟားဟား ရယ်ရင်း
"ကြည့်စမ်း... ပါးပြင်ပေါ်မှာ အစက်အပျောက်တွေနဲ့ ကျားသစ်မနဲ့ တူနေပြီ"
သူ့ကိုစတယ်။ မျက်ရည်တွေ ပါးပြင်ပေါ် စီးမကျလာခင် အခန်းထဲကနေ
ကျွန်မထွက်လာခဲ့တယ်။
HIV ရောဂါ ထိန်းချုပ်ပေးတဲ့ ဆေးတွေကို ကုတင်(၁၉) နေ့တိုင်းသောက်နေရတယ်။
နေ့တိုင်း သွေးစစ်ရတယ်။ ဆီးစစ်ရတယ်။ ဖြူဖွေးပြည့်ဝတဲ့
သူ့လက်မောင်းနှစ်ခုလုံး လက်ဖဝါးကနေ လက်မောင်းအထိ အပ်ရာတွေနဲ့
ပြည့်နေခဲ့ပါပြီ။ မကျွမ်းကျင်တဲ့ ကျွန်မမှာ ကြောက်စိတ်တွေ ရောပါနေခဲ့လို့
အမြဲတမ်း အပ်ကို တစ်ချက်တည်းနဲ့ မသွင်းနိုင်ခဲ့ဘူး။ ဒါကို သူက တစ်ခါမှ
စိတ်မဆိုးခဲ့တဲ့အပြင် ကျွန်မကို အေးအေးလေး ပြုံးကြည့်နေတတ်တယ်။
သူ့ကို ပြုစုတ့ဲ တစ်ပတ်ကျော်ကျော် အတွင်းမှာ သူ့ကို တဖြေးဖြေး
ကျွန်မနှစ်သက်လာမိတယ်။ အခန်းထဲဝင်ရင် အကာအကွယ် ချပ်ဝတ်တန်ဆာတွေကို ကျွန်မ
ဝတ်ဆင်ထားဆဲဖြစ်ပေမယ့် အပ်စိုက်ရာမှာ ပိုတိကျသေချာအောင်
ကျွန်မဂရုစိုက်လာခဲ့တယ်။ သောက်ဆေးတွေကိုလည်း သူမှတ်မိတဲ့အထိ ထပ်သလဲလဲ
မှာဖြစ်ခဲ့တယ်။ တစ်ခါတလေ သူ့အတွက် လတ်ဆတ်တဲ့ နေကြာပန်းတွေကို ဝယ်ပြီး
သူ့ကုတင်ရှေ့မှာ ကျွန်မ ပန်းအိုးထိုးထားတတ်တယ်။
သူ့ကိုယ်ဝန် အနေအထားအားလုံးက ပုံမှန်ဖြစ်တယ်။ ကလေးက အနည်းငယ် ထွားနေပြီး
ခေါင်းပိုင်းက မွေးဖွားရာလမ်းကြောင်းရဲ့ ၁ဝ စင်တီမီတာမှာ ရှိနေခဲ့တယ်။
ဒါပေမယ့် မွေးဖွားရာမှာ ရောဂါမကူးစက်အောင် ဆရာဝန်က ဗိုက်ခွဲမွေးဖို့၊
ခွဲစိပ်မယ့် အစီအစဉ်တွေ အားလုံးကို စီမံထားပြီးဖြစ်တယ်။
မွေးဖွားရက် နီးလာပါပြီ။ ခန့်မှန်းထားတဲ့ မွေးဖွားရက်က
တစ်ပတ်လိုသေးပေမယ့် ၃၁နှစ် သားဦးဖြစ်တာကတစ်ကြောင်း၊ အေအိုင်ဒီအက်စ်
ရောဂါသည် ဖြစ်နေတာကတစ်ကြောင်းမို့ လူနာခန်း၊ ခွဲစိပ်ခန်းကို အသေးစိပ်
ပြင်ဆင်ထားပြီး အဆင်သင့်အနေအထားမှာ နိုးနိုးကြားကြား ရှိနေခဲ့ကြတယ်။
ကုတင်(၁၉)က တည်ငြိမ်လွန်းတယ်။ နေ့တိုင်း စာဖတ်လိုက်၊
သီချင်းနားထောင်လိုက်နဲ့ မွေးဖွားလာမယ့် ရင်သွေးအတွက် စာတွေ၊ ပုံတွေ
ရေးဆွဲနေခဲ့တယ်။ အခုဆို သူ့ခေါင်းအုံးအောက်မှာ စာတွေ တစ်ထပ်ကြီး
ရှိနေပါပြီ။
အရွယ်လွန်မှ ရတဲ့ ကိုယ်ဝန်ဖြစ်တဲ့အပြင် ရောဂါပါ ခံစားနေရပြီး ဘာဖြစ်လို့
ရင်သွေးငယ်အတွက် ဒီလောက်ထိ အားခဲနေရသလဲလို့ သူ့ကို ကျွန်မ မေးခဲ့တယ်။
ကျွန်မမေးတဲ့ အမေးကို သူ မနှစ်သက်ဟန် မပြတဲ့အပြင် " ကလေးက
ရောက်လာခဲ့ပြီပဲလေ။ သူ့အသက်ကို ကျွန်မ မဆုံးရှုံးသင့်ဘူး" လို့
ခပ်ပြုံးပြုံး ပြန်ဖြေခဲ့တယ်။
ဆက်မေးသင့် မမေးသင့် ကျွန်မတစ်ချက်တွေဝေပြီး "တကယ်လို့ ရောဂါကူးခဲ့ရင်
ဘယ်လိုလုပ်မလဲ?" လို့မေးလိုက်မိတယ်။
နေကြာပန်းကို ပွတ်သပ်ကိုင်တွယ်ပြီး တစ်ဖက်လှည့်လိုက်ရင်း "တကယ်လို့
ကျွန်မတို့သာ မစမ်းသပ်ခဲ့ရင် ကလေးအသက်ရှင်ဖို့ အခွင့်အရေးတောင် ရှိခ့ဲမှာ
မဟုတ်ဘူး" လို့ သူပြန်ဖြေတယ်။
ကျွန်မစိတ်တွေ ပိုလေးလံလာခဲ့တယ်။ အခန်းက အပ်ကျသံတောင် မကြားရလောက်အောင်
တိတ်ဆိတ်ငြိမ်သက် သွားခဲ့တယ်။ အခန်းထဲကနေ လှည့်ထွက်ဖို့ ကျွန်မပြင်တော့
သူက တိုးညှင်းတဲ့ အသံနဲ့.....
"ကျွန်မတစ်ခုလောက် တောင်းဆိုချင်ပါတယ်။ တကယ်လို့ မွေးဖွားချိန်မှာ
တစ်ခုခုဖြစ်ခဲ့ရင် ကျွန်မခင်ပွန်းက လူကြီးအသက်ကို လုပါလို့ ပြောလိမ့်မယ်။
ဒါပေမယ့် ကျွန်မရောဂါ အခြေအနေကို နပ်စ်လည်း သိပါတယ်။ ဒါကြောင့်
ဘာပဲဖြစ်ဖြစ် ကလေးကို ပထမဆုံးနေရမှာ ထားပေးပါနော်"
ကျွန်မပါးပြင်ပေါ် မျက်ရည်တွေ အတားအဆီးမဲ့ စီးဆင်းလာခဲ့တယ်။ အော် .....
ဒါကပဲ မိခင်တဲ့လား ?
ရောက်လာမယ့် နေ့ရက်က ရှောင်လွဲလို့ မရအောင် အရောက်လာခဲ့ပါပြီ။ အဲဒီညက
ကျွန်မနိုက်ဂျူတီ ဝင်ရတယ်။ ကုတင် (၁၉)အတွက် ခွဲစိပ်ဖို့ အားလုံး
ပြင်ဆင်ပြီးနေပြီ။ မိုးလင်းခါနီးမှာ ရုံးခန်းက အရေးပေါ် အချက်ပေး
ခေါင်းလောင်းသံတွေ နားကွဲမတတ် ဆူညံမြည်လာခဲ့တယ်။ ကျွန်မချက်ချင်းထရပ်ပြီး
အချက်ပြနံပါတ်ကို ကြည့်လိုက်တယ်။
"ကုတင် (၁၉) ! "
တာဝန်ကျဆရာဝန်တွေကို တစ်ဖက်ကခေါ်ရင်း ကုတင် (၁၉)ဆီ ကျွန်မ အပြေးပြေးလာခဲ့မိတယ်။
မှိန်ဖျော့နေတဲ့ မီးရောင်အောက်မှာ ကုတင်(၁၉)ရဲ့ မျက်နှာက
ဖြူရော်လို့နေတယ်။ စောင်ကို ဆွဲခွာကြည့်လိုက်တော့ ရေမွှာက
ပေါက်နေခ့ဲပါပြီ။ ပိုဆိုးတာက ရေက အနီရောင်ဖြစ်နေတဲ့အတွက်
သားအိမ်အတွင်းမှာ သွေးထွက်နေပြီဆိုတာကို သိလိုက်တယ်။
ကုတင်(၁၉)ရဲ့ မျက်နှာပေါ်မှာ စိုးရိမ်မှုတွေ လွှမ်းနေတယ်။ သွေးထွက်ပြီ
ဆိုကတည်းက ကလေးကို ရောဂါကူးစက်နိုင်နှုန်းက ဆတိုးသေချာနေပြီ။ တကယ်တော့
အချင်းက ရောဂါမကူးစက်အောင် ရင်သွေးကို ဖုံးအုပ်ထားနိုင်တယ်။ ဒါပေမယ့်
မွေးဖွားချိန် ထွက်တဲ့သွေးနဲ့ ဓာတ်တစ်မျိုး (Secretions) ကြောင့် ကလေးကို
HIV ကူးစက်နိုင်ပါတယ်။
နာကျင်လွန်းလို့ သူ့နှာဖူးမှာ ချွေးသီးချွေးပေါက်တွေ တွဲခိုနေတယ်။
ခံစားနေရတဲ့ ဝေဒနာကို အံကြိတ်ပြီး ခွဲစိပ်ဖို့ပြင်ဆင်မှုတစ်ချို့ကိ
ု
သူခံယူနေတယ်။ ညအချိန်မို့ ထမ်းစင်က ချက်ချင်းရောက်မလာခဲ့ဘူး။ သူ
စကားတစ်ခွန်းမှ ှမပြောဘဲ ကုတင်ပေါ်က ဆင်းလိုက်တယ်။ သူ့ကိုဖေးမရင်း
သွေးတွေရောနေနဲ့ ရေတစ်ချို့ ဂါဝန်ထဲကနေတစ်ဆင့် ရောင်အမ်းနေတဲ့
သူ့ခြေထောက်ပေါ် စီးကျလာတာကို ကျွန်မတွေ့လိုက်တယ်။
သူဘာကိုမှ ဂရုမစိုက်ခဲ့ဘူး။ ခြေလှမ်းကို မြန်သထက် မြန်အောင်လှမ်းနေတယ်။
သူ့ခြေလှမ်း တစ်စက္ကန့် မြန်ရင် ကလေးအသက်ရှင်မယ်၊ ရောဂါကူးစက်ရာက
လွတ်မယ်လို့ သူမှန်းထားပုံရတယ်။
ခွဲစိပ်ကုတင်ပေါ် သူရောက်တဲ့အချိန် ရေမွှာ ရေက နောက်ကျိနေခဲ့ပါပြီ။ ဒါက
ရင်သွေးငယ် အောက်စီဂျင်ပြတ်နေပြီဆိုတဲ့ လက္ခဏာဖြစ်တယ်။ ထုံဆေးဆရာက သူ့ကို
ထုံဆေးထိုးပေးပြီး ကျွန်မတို့က သူ့ရဲ့ သတိလည်နှုန်းကို
စတင်စမ်းသပ်ခဲ့ကြတယ်။
ခက်တာက အချိန် ၃ မိနစ်ကျော်လွန်သွားပေမယ့် သူနိုးကြားနေတုန်းပဲ။
"နာလိုက်တာ" လို့ သူ ရေရွတ်နေတယ်။
ထုံဆေးဆရာ ချွေးပြန်စပြုလာပါပြီ။ သူ့ထုံဆေး အစွမ်းမပြတဲ့ လူနာဆိုလို့
ဒါပထမဆုံးအကြိမ် ကြုံတာပါပဲ။ ဒါပေမယ့် ကလေးအခြေအနေက ထုံဆေးထပ်ပေးလို့
မသင့်တဲ့အခြေအနေကို ရောက်နေပါတယ်။
ကျွန်မရဲ့လက်ကို သူ့တင်းတင်းလေး ဆုပ်ကိုင်ထားတယ်။ တိုးလျှိုးတောင်းပန်တဲ့
မျက်လုံးနဲ့ ဆရာဝန်တွေကို ကြည့်နေတယ်။ ပါးစပ်ကလည်း " ကျွန်မ ကလေးကို
ကယ်ပါ.... ကျွန်မကို ဂရုမစိုက်ပါနဲ့... ကျွန်မ ကလေးကို ကယ်ပါ" လို့
တိုးတိုးလေး တောင်းဆိုနေခဲ့တယ်။
အချိန် ၁ မိနစ် လွန်မြောက်သွားခဲ့ပါပြီ......
ကုတင်(၁၉)ရဲ့ ခြေလက်တွေကို ကုတင်နဲ့ ကပ်ချည်ထားလိုက်တယ်။ ထုံဆေးဆရာကလည်း
ဆေးထိုးအပ်ကို အသင့်ပြင်ထားပြီးပြီ။ ခွဲစိတ်မှူးဆရာဝန်ကလည်း အံကြိတ်လို့
ခွဲစိပ်ဖို့ရာ လက်တွန့်နေခဲ့တယ်။
ဒါ ကျွန်မနပ်စ်လုပ်လာတဲ့ သက်တမ်းတစ်လျှောက် "သားဖွားမီးယပ်ပါရဂူ" အဖြစ်
နာမည်ကြီးတဲ့ ဆရာဝန်ရဲ့ မျက်နှာပေါ်က မျှော်လင့်ချက်မဲ့အရိပ်ကို
ပထမဦးဆုံး မြင်ဖူးခြင်းပါပဲ။
ခွဲစိပ်ဓားတွေက ထုံဆေးမစွမ်းတဲ့ ကုတင်(၁၉)ရဲ့ ဗိုက်ပေါ် ခွဲချလိုက်တယ်။
ဗိုက်အရေခွံ အဲဒီနောက် အဆီထပ်၊ ကြွက်သား၊ အချွဲ (Mucosa)၊ သားအိမ်....
ကုတင်(၁၉) ကျွန်မလက်ကို တင်းတင်းဆုပ်ကိုင်ထားဆဲပါပဲ။ မပီမသ
စကားသံတစ်ချို့နဲ့ ရင်ကွဲလုမတတ် အော်မြည်သံတစ်ချို့ သူ့ပါးစပ်မှာ
ကိုက်ထားတဲ့ ပုဝါကြားကနေ ပလုံးပထွေးထွက်လာခဲ့တယ်။
ခန္ဓာတစ်ခုလုံးက ကုတင်ပေါ်မှာ တစ်ဆတ်ဆတ် တုန်လို့..... အကြောတွေပါ
လိမ်ဆွဲနေတယ်။ သူ့မျက်နှာဟာ နာကျင်လွန်းလို့ ပုံစံပြောင်းနေတယ်။ ကျွန်မ
မကြည့်ရက်ဘဲ မျက်နှာလွဲလိုက်တယ်။ မျက်ရည်တွေ ပါးပြင်ပေါ်
လှိမ့်ဆင်းလာခဲ့ပါတယ်။
ဒါဟာ ဘယ်လိုနာကျင်မှုမျိုးလဲ ! ဒါဟာ ဘယ်အရာနဲ့ နိုင်းပြလို့ရတဲ့ မိခင်မေတ္တာမျိုးလဲ !
နောက်ဆုံး ကလေးကို ဝမ်းထဲကနေ ဆွဲထုတ်ယူနိုင်ခဲ့တယ်။ ကလေးမျက်နှာက
ပြာနှမ်းနေပါပြီ။ ချက်ကြိုးက လည်ပင်းကိုပတ်နေတာကြောင့်
အောက်စီဂျင်ပြတ်ပြီး ပြာနှမ်းခဲ့ပုံရတယ်။
တအောင့်ကြာတော့ ချွေးတွေ ရွဲှနစ်နေတဲ့ သူ့ခန္ဓာကိုယ် တစ်ခုလုံး
ပျော့ခွေကျသွားတယ်။ ဆရာဝန်က ကလေးငယ်ကို ခြေထောက်ကကိုင်ပြီး ကျောကို
တစ်ချက်နှစ်ချက် ပုတ်ပေးလိုက်တယ်။ ပါးစပ်ထဲဝင်နေတဲ့ အညစ်အကြေးတစ်ချို့
အန်ထွက်လာပြီးနောက် ကလေးရဲ့ ပထမဆုံးငိုသံ ထွက်ပေါ်လာခဲ့တယ်။
ငိုသံကတိုးညှင်းပေမယ့် ကြည်လင်နေတယ်။
သတိလက်လွတ် ဖြစ်ခါနီးဆဲဆဲ မိခင်က ကလေးငိုသံကို ကြားလိုက်မိလို့ ထင်ပါရဲ့
ကလေးဖက်ကို အားယူပြီး မျက်လုံးတစ်ချက် ဖွင့်ကြည့်လိုက်တယ်။ အဲဒီနောက်
မျက်ခွံတွေ လုံးဝပိတ်ကျသွားခဲ့တယ်။ သူ့ကိုယ်ပေါ် ပတ်ထားတဲ့ ခါးပတ်တွေကို
ကျွန်မဖြုတ်ပေးလိုက်တယ်။ သူ့လက်ကောက်ဝတ်တွေ၊ ခြေကျင်းဝတ်တွေ
ညိုမည်းပွန်းပဲ့ကုန်ပြီး သွေးတွေ ထွက်နေတာကို ကျွန်မတွေ့လိုက်တယ်။
အဆုပ်ကိုင်ခံထားရတဲ့ ကျွန်မရဲ့ လက်လည်း အရိုးတွေ ကျိုးကြေမတတ်
နာကျင်လို့နေတယ်။
ကုတင်(၁၉) အားယူပြီး ဖွင့်ကြည့်ခဲ့တဲ့ အကြည့်တစ်ချက်က
ကိုယ့်ရင်သွေးငယ်ကို နောက်ဆုံးကြည့်ခြင်းမှန်း ကျွန်မလုံးဝ
တွေးမထားခဲ့မိဘူး။ အဲဒီ ဖော်ရွေမှု အပြုံးတွေပါတဲ့ သူ့မျက်လုံးဟာ
ပိတ်ကျသွားပြီးနောက် လုံးဝ ပြန်ဖွင့်မလာခဲ့တော့ပါဘူး။
၃ရက်အကြာမှာ ခွဲစိပ်မှုကြောင့် သွေးမသန့်ဖြစ်တာရယ်၊ ပေးထားတဲ့ antibiotics
အကျိုးမပြုတာရယ်ကြောင့် လူ့လောကကို သူရာသက်ပန် ခွဲသွားခဲ့တယ်။
ကံကောင်းတာက မွေးထွက်လာတဲ့ ကလေးလေးက HIV negative ဖြစ်နေတယ်။ ကျွန်မတို့
ဆေးပညာမှာ အောင်မြင်တဲ့ ကုသမှုတစ်ခုအဖြင့် အသိအမှတ်ပြုမိပါတယ်။
အေအိုင်ဒီအက်စ် ရောဂါရ မိခင်တစ်ဦးကနေ ကျန်းမာတဲ့ ကလေးငယ်
မွေးထုတ်နိုင်ခဲ့တဲ့အတွက် သတင်းစာအချို့နဲ့ သတင်းဌာနက လူတွေ လာရောက်
မေးမြန်းကြမယ်လို့ ကျွန်မတို့ ကြားမိပါတယ်။
လူနာနေခဲ့တဲ့ အခန်းကို ကျွန်မဝင်ရှင်းတော့ ကုတင်(၁၉)ရဲ့
ခေါင်းအုံးအောက်မှာ ကလေးအတွက် ရေးခဲ့တဲ့ စာတွေကို ကျွန်မတွေ့လိုက်မိတယ်။
စာတွေအပြင်၊ ရုပ်ပုံတွေပါ ဆွဲထားသေးတယ်။ ပထမဆုံးပုံက နေလုံးကြီးပုံကို
ဆွဲထားတယ်။ နေရောင်အောက်မှာ လက်ကလေးတစ်စုံ... အဲဒီအောက်မှာ ကလေးအတွက်
စာတစ်ကြောင်းရေးထားပါတယ်။
"သားရေ..... ဘဝဆိုတာ နေမင်းကြီးနဲ့တူတယ်။ ဒီနေ့ နေဝင်ခဲ့ရင် မနက်ဖြန်
ပြန်တက်လာစမြဲပဲ။ ဒါပေမယ့် နေမင်းကြီးက နေ့တိုင်းတော့ မတူနိုင်ဘူး"
စာကြောင်းရဲ့ အောက်မှာ သပ်ရပ်လှပတဲ့ နာမည်လေးတစ်ခု ထိုးထားတယ်။ သူ့ကို
ကုတင်(၁၉)လို့ပဲ ကျွန်မခေါ်ခဲ့မိတဲ့အတွက် ပထမဆုံးအကြိမ် ကျွန်မ
နောင်တရမိခဲ့တယ်။
ကလေးလေး ဆေးရုံဆင်းတော့ ကလေးအဖေကို ရေးထားတဲ့ စာတွေအားလုံး
ကျွန်မအပ်လိုက်တယ်။ သူ့မျက်လုံးမှာ မျက်ရည်တွေနဲ့ နီရဲနေခဲ့တယ်။
ကလေးငယ်ကလည်း သူ့မိခင် မရှိတော့မှန်း သိတဲ့အလား တစ်ဝါးဝါးနဲ့
အော်ငိုနေခဲ့တယ်။
နေမင်းကြီးပုံ ဆွဲထားတဲ့ ပုံကို ကလေးရှေ့မှာ ကျွန်မဝှေ့ယမ်းပြလိုက်မိတယ်။
ကလေးငယ်ဟာ ငိုရာက ချက်ချင်းတိတ်ပြီး လက်ကလေးကို ဆန့်လို့ ......
ကျွန်မလက်ထဲက စာရွက်ကို လှမ်းဆုတ်ကိုင်လိုက်တော့တယ်။