စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday, 28 August 2015

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၅)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၅)
…………………………………………………………………
မာကြောင်း သာကြောင်း ပဋိသန္ဓာရစကားလေးတွေ အာလာပသလ္လာပ စကားလေးတွေ .. မည်သို့မည်ပုံ ဖြစ်ကြောင်းစုံကို တစ်ဖုံတစ်နည်း ပြောဆိုနည်းလေးတွေ ဖြစ်ပါကြောင်း ..

.
(1) Long time no see.
မတွေ့တာကြာပြီနော်
(၀ါကျဟာ grammar အရ မမှန်သော်လည်း အသုံးများတော့ စကားဖြစ်သွားပါတယ်)
.
(2) How have you been?
(မတွေ့ခင်စပ်ကြားမှာ) ဘယ်လိုတွေ ရှိနေခဲ့ပါသလဲဗျာ
("How have you been?" is usually asking what you have been like since you last saw the person, or spoke, or etc.)
.
(3) I have been well, thanks.
ကျနော်နေကောင်းပြီး ရှိနေခဲ့ပါတယ်ဗျာ ၊ ကျေးဇူးပါ
.
(4) I've been a bit sick.
ကျနော် နည်းနည်း နေမကောင်းသလို ဖြစ်သွားခဲ့တယ်ဗျ
(A bit = To a small degree; somewhat: အတန်ငယ် ၊ အနည်းငယ် ၊ သလိုလို)

(5) I haven’t seen you in a while.
ကျနော်ခင်ဗျားကို အချိန်အတော်ကြာ မတွေ့မိဘူးနော်
(In a while = after a period of time, usually a moderately short time. အချိန်အတန်ကြာ)
.
(6) You always look the same.
မင်းကတော့ ဘယ်ချိန်ကြည့်ကြည့် အတူတူလိုပါပဲ ( မင်းက အမြဲတန်း အတူတူလို့ ထင်ရတယ်)
(look = ထင်ရသည် ၊ ပုံပေါက်သည် .. ဒီလိုလည်းရသေးတယ်)
.
(7) How’s your family?
ခင်ဗျားမိသားစုတွေရော ဘယ်လိုလဲ နေကောင်းကြပါရဲ့လား
.
(8) They are all very well. (They all are မဟုတ်ဘူးနော်)
သူတို့အားလုံး နေကောင်းကြပါတယ်
( well (adv) ကောင်းစွာ ၊ (adj) နေကောင်းသော )
.
(9) Please say hello for me.
ကျေးဇူးပြု၍ ကျနော်က နှုတ်ဆက်တယ်လို့ ပြောပေးပါ
.
(10) Please say hello / to your family / for me.
ကျေးဇူးပြု၍ / ခင်ဗျားမိသားစုကို / ကျနော်က နှုတ်ဆက်တယ်လို့ ပြောပေးပါ
(to your family နေရာမှာ အစားထိုးပြီး ပြောလို့ရအောင် ပိုင်းခြားပြထားပေးခဲ့တာဖြစ်ပါတယ်)
………………………..
ဝါကျလေးတွေကို ဖြတ်ပိုင်း အစားထိုးပြီး အသစ်လေးတွေ များစွာ..များစွာ တည်ဆောက်ယူကြပါလို့
.
မေတ္တာဖြင့်

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၄)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၄)
…………………………………………………………………
တွေ့ဆုံမိတ်ဆက်ပေးခြင်း နဲ့ ဆိုင်တဲ့ စကားပြောခန်းလေးတွေဖြစ်ပါတယ် ..

.
(1) I’d like you to meet Brad Jordan.
ဆရာ့ကို Brad Jordan နဲ့ တွေ့စေချင်ပါတယ်
.
(2) Brad, this is Professor Kim.
Brad .. ဒါက ပါမောက္ခ Kim ပါ
.
(3) Professor Lee is always talking about you.
ပါမောက္ခ Lee က ခင်ဗျားအကြောင်းကို အမြဲပြောနေတာဗျ
.
(4) I hope only good things.
ကောင်းတာတွေပဲ (ပြောခဲ့လိမ့်မယ်) လို့ မျှော်လင့်ပါတယ်
.
(5) I’ve been waiting to meet you.
.ကျနော်က ခင်ဗျားကိုတွေ့ဖို့ စောင့်နေခဲ့တာပါ
( အရင်ကတည်းက အချိန်တော်တော်ကြာ စောင့်နေခဲ့တာ ခုထိပါ ဆိုတဲ့သဘောမို့ perfect continuous tense ကိုသုံးထားတာပါ)
.
(6) Professor, this is Brad Jordan, Brad, this is Professor Kim.
ပါမေက္ခခင်ဗျာ .. ဒါက Brad Jordan ပါ ၊ Brad .. ဒါက ပါမောက္ခ Kim ပါ ။
………………….
(7) Mr. Lee is the director of the sales department.
မစ္စတာလီ က အရောင်းဌာနရဲ့ စီမံအုပ်ချုပ်သူပါ
.
(8) How do you do Mr. Jordan?
တွေ့ရတာဝမ်းသာပါတယ် Mr. Jordan
( ပုံစံကျ တွေ့ဆုံနှုတ်ဆက်နည်းဖြစ်ပါတယ် ၊ မြန်မာလို တိတိကျကျ ပြန်လို့မရပါဘူး ၊ ဘာသာမပြန်ပဲ မှတ်ထားလိုက်တာ အကောင်းဆုံးပါ)
.
(9) I’ve been looking forward to meeting you.
ကျနော်ခင်ဗျားကို တွေ့ဆုံဖို့ (စိတ်ထက်သန်ပျော်ရွှင်စွာ) မျှော်လင့်စောင့်စားနေခဲ့ပါတယ်
(Look forward to = To think of (a future event) with pleasurable, eager anticipation.. ဆိုတော့ ရိုးရိုးမျှော်လင့်တာမဟုတ်ပဲ ၊ စိတ်အားထက်သန်မှု ..ပျော်ရွှင်လိမ့်မယ်လို့ တွေးထင်မှု စတဲ့ အဓိပ္ပါယ်တွေပါ ပေါင်းစပ်ပါဝင်နေတာ )
.
(10) Have you two met before?
ခင်ဗျားတို့ နှစ်ယောက် အရင်က တွေ့ဆုံပြီးကြပြီလား
.
(11) Mr. Brown, let me introduce my friend Minho to you.
Mr. Brown.. ခင်ဗျားကို ကျနော့်သူငယ်ချင်း မင်းဟို နဲ့ မိတ်ဆက်ပေးပါရစေ
.
(12) This is Minho, a friend of mine.
ဒါက မင်းသိုပါ ၊ ကျနော့် သူငယ်ချင်း တစ်ယောက်ပါ
.
(13) I work in the Planning Department.
ကျနော်က စီမံကိန်း(ရေးဆွဲတဲ့) ဌာနမှာ အလုပ်လုပ်ပါတယ်
.
(14) May I have your name, please?
ခင်ဗျားရဲ့ နာမည်လေး ရ..ပါရစေ (သိပါရစေ)
.
(15) I’m Thomas. Just call me Tom.
ကျနော်က Thomas ပါ ၊ Tom လို့ပဲ ခေါ်ပါ ..
( နာမည်ရှည်ကို မမှတ်မိနိုင်တဲ့ နိုင်ငံခြားသားတွေနဲ့ ပြောတဲ့အခါ သုံးလို့ရပါတယ် .. ဥပမာ I’m Win Naing Oo. Just call me Win. စသည်ဖြင့်)
…………….
ဝေါဟာရ ရှင်းလင်းချက် အပိုလက်ဆောင်
.
အစိုးရရုံးတွေမှာ သုံးလေ့ရှိတာက
.
Director ညွှန်ကြားရေးမှူး ( ညွှန်မှူး)
Director General ညွှန်ကြားရေးမှူးချုပ် ( ညွှန်ချုပ်)
…………..
ကုမ္ပဏီတွေမှာသုံးတတ်တာက
.
Director စီမံအုပ်ချုပ်သူ ၊ ဒါရိုက်တာ
Managing Director (MD) ဦးဆောင်ညွှန်ကြားရေးမှူး .. စသည်ဖြင့်
Chief Executive Officer (CEO) အမှုဆောင် အရာရှိချုပ် ( အမေရိကန်သုံး)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၈)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၈)
…………………
ဒီတစ်ခါတော့ လက်ဆောင်တစ်ခုခုပေးတဲ့ စကားပြောခန်းလေးပါ ၊ ပေးကမ်းခြင်းဖြင့် အောင်မြင်ရာ၏တဲ့ ၊ ပေးနည်းတတ်လျှင် သူဌေးအကြီးစားကြီးတွေတောင် ဖြစ်နိုင်တယ်နော် ..
.
(1) Here’s something for you.
ဟောဒီမှာ ခင်ဗျားအတွက် တစ်ခုခုပါ (လက်ဆောင်ပစ္စည်းတစ်ခုခုပေါ့ ၊ ဘာရယ်လို့ ပြောမထားဘူး)
.
(2) Is this really for me?
ဒီဟာက တကယ် ကျနော့်အတွက်လား
.
(3) It’s not much but it comes from the heart.
များတော့ မများပါဘူး ဒါပေမယ့် (ပေးချင်တဲ့စိတ်က) ကျနော့်ရင်ထဲအသဲထဲကနေ လာတာပါ
.
(4) It’s not much but I hope you like it.
များတော့မများပါဘူး ဒါပေမယ့် ခင်ဗျားကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်
.
(5) Thank you for being so thoughtful.
အရမ်း သတိတရ ရှိနေတတ်တဲ့အတွက် ကျေဇူးတင်ပါတယ်
(thoughtful (adj) စဉ်းစဉ်းစားစား လုပ်တတ်ကိုင်တတ်သော ၊ သတိရတတ်သော ၊ အတွေးနယ်ချဲ့သော)
.
(6) That’s very thoughtful of you.
ခင်ဗျားက သိပ်ပြီးစိတ်ကူးကောင်းတဲ့သူပဲနော်
.
(7) I really appreciate it.
ကျနော် တကယ်ပဲ အသိအမှတ်ပြုပါတယ်
(appreciate (v) အသိအမှတ်ပြုသည် ၊ သဘောကျသည်)
.
(8) I can’t thank you enough.
ကျနော် ကျေးဇူးတင်လို့မဆုံးပါဘူး
.
(9) This gift is something I made myself.
လက်ဆောင်ကို ကျနော်ကိုယ်တိုင်ကိုယ်ကျ လုပ်ခဲ့တာပါ
.
(10) Thank you for all of your hard work.
ခင်ဗျားရဲ့ ကြိုးစားလုပ်ဆောင်မှု(ဖန်တီးမှု) အားလုံးအတွက် ကျေးဇူးတင်ရှိပါတယ်
.
(11) This is just what I wanted.
ဒီဟာက ကျနော်လိုချင်နေခဲ့တာနဲ့ အံကိုက်ပါပဲ
(just (adv) .. before noun (or) noun phrase >> အံကိုက် ၊ ကွက်တိ)
.
(12) I am glad you like it.
ခင်ဗျားကြိုက်နှစ်သက်တဲ့အတွက် ၀မ်းသာပါတယ်
................
ကဲ လက်ဆောင်လေးတွေပေးချင်ကြလျင် လက်ခံနေပြီနော် .. ကျေးဇူးတင်စကားလှလှလေးတွေ အခုလိုပဲ ပြောပေးမယ်လေ..ဟုတ်ပီလား tongue emoticon
.
မေတ္တာဖြင့် Win Naing Oo

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၇)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၇)
……………………………
စိတ်ခံစားမှုနဲ့ဆိုင်တဲ့ သုံးစွဲပုံတွေပါ ၊ နူးညံ့တာတွေလည်းရှိမယ် ၊ ကြမ်းရှတာတွေလည်း ရှိမယ် ၊ ဖွင့်ထုတ်တာတွေလည်းရှိမယ် ၊ ပေါက်ကွဲတာတွေလည်း ပါချင်ပါမယ် .. ကြုံလာလျင် နားလည်ဖို့ပါ ..
(1) I’m so sad. I feel so hopeless.
ငါသိပ်ကို ၀မ်းနည်းတယ် ၊ လုံးဝမျှော်လင့်ချက်မဲ့သလိုခံစားနေရတယ်
.
(2) What am I supposed to do?
ငါဘာလုပ်ပေးရမလဲ
( be+ supposed to >> ရမည် ၊ သင့်သည် ။ မူလစာလုံး suppose (ယူဆသည် ၊ မှတ်ယူသည် ၊ ဆိုပါစို့ ) နဲ့ အဓိပ္ပါယ် သီးခြား ဖြစ်နေလို့ သတိထားပြီး မှတ်လိုက်ပါ ..
.
(3) Don’t worry too much.
တအားကြီး စိတ်မပူပါနဲ့
.
(4) Don’t take it so seriously.
အရမ်းကြီး အရေးတယူလုပ်မနေပါနဲ့
(seriously (adv) လေးလေးနက်နက် ၊ အရေးတယူ ၊ အရေးတကြီး ၊ စိုးရိမ်ဖွယ်ရာ)
.
(5) You can lean on me.
ငါ့အပေါ်မှီခို အားထားနိုင်ပါတယ်
(lean on someone = တစ်စုံတစ်ယောက်အပေါ်အားထားမှီခိုသည်)
.
(6) I’ll be there for you.
ငါလည်း မင်းနဲ့အတူရှိနေမယ်
.
(7) What else can I do?
တခြား ငါဘာလုပ်ပေးနိုင်ဦးမလဲ
(else(adj) အခြားသော ၊ else က adv လည်းရှိပါတယ် ၊ ဒီမှာက adj လိုပြုမူပါတယ် ၊ who else ဘယ်သူမှန်းမသိတဲ့ အခြားတစ်ယောက် ၊ what else ဘာမှန်းမသိတဲ့ အခြားတစ်ခု ၊ someone else အခြားတစ်ယောက် ..စသည်ဖြင့်)
.
(8) Calm down. Try not to think about it.
စိတ်တည်ငြိမ်အောင် လျှော့ချပါ ၊ အဲဒါကိုမတွေးဖို့ အားထုတ်ပါ
(calm(v) စိတ်ငြိမ်စေသည် ၊ အေးဆေးစေသည်)
.
(9) Are you OK? You look angry.
အခြေအနေကောင်းရဲ့လား ၊ မင်းကို ကြည့်ရတာ ဒေါသထွက်နေသလိုပဲ
.
(10) I am really angry. That’s so offensive. How could he do such a thing?
ငါတကယ် စိတ်ဆိုးတယ် ၊ သိပ်ကို စော်ကားပုတ်ခတ်တယ် ၊ သူဒါမျိုး ဘယ်လိုများလုပ်နိုင်ခဲ့ပါလိမ့်
( offensive(adj) စော်ကားပုတ်ခတ်သော ၊ ထိုးနှက်တိုက်ခိုက်သော )
.
(11) He made me mad. I can’t stand it any more.
သူငါ့ကို စိတ်ဆိုးအောင်လုပ်ခဲ့တယ် ၊ ငါထပ်ပြီး သီးမခံနိုင်တော့ဘူး
.
(12) He drives me crazy. I’m really displeased with his behavior.
သူငါ့ကို စိတ်ဆိုးအောင် လုပ်တယ် ၊ သူ့အပြုအမူကို ငါလုံးဝ မကျေနပ်ဘူး
.
(13) My patience is wearing thin. How rude can you be?
ငါသည်းခံနိုင်စွမ်းတွေ လျော့ပါးလာနေပြီ ၊ မင်း တော်တော်ရိုင်းတာပဲ
(wear thin = to be weakened gradually အားပျော့လာတယ် ၊ လျော့ပါးလာတယ်)
.
(14) What are you talking about?
မင်းဘာတွေ ပြောနေတာလဲ
.
(15) You say some silly things sometimes.
တစ်ခါတရံ မင်းက ရူးကြောင်ကြောင်တွေ ပြောတတ်တယ်နော်
(sometimes တစ်ခါတရံ ၊ ရံဖန်ရံခါ)
.
(16) Shame on you.
မင်းမရှက်ဘူးလား (ရှက်စရာပဲ)
.
(17) Shame on you for hitting a woman.
မိန်းမတစ်ယောက်ကို ထိုးတာ မင်းမရှက်ဘူးလား
.
(18) Are you out of your mind?
မင်းရူးနေလား ၊ မင်းစဉ်းစားညာဏ်မရှိတော့ဘူးလား
.
(19) How could you be so thoughtless!
အတွေးအခေါ်မရှိလိုက်တဲ့ကောင် ကွာ
( thouhgtless(adj) စဉ်းစားဆင်ခြင်မှုမရှိသော ၊ အတွေးမရှိသော )
.
(20) Don’t get on my nerves.
ငါ့ကို စိတ်ရှုပ်စိတ်တိုအောင် ထပ်ခါထပ်ခါ လုပ်မနေနဲ့
(get on somebody’s nerves = to annoy someone by doing something again and again စိတ်ရှုပ်အောင် ထပ်ခါထပ်ခါလုပ်သည်)
.
နူးညံ့နွေးထွေးသော ပျော်ရွှင်ဖွယ်ရာများသာ ကြုံပါစေ..
.
မေတ္တာဖြင့် Win Naing Oo

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၂)


အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၂)
……………………………………………………………………..
ဒီနေ့ သင်ခန်းစာကတော့ အစားအစားနဲ့ ပတ်သက်တာလေးတွေကို နိုင်ငံခြားသားတစ်ယောက်နဲ့ ပြောဆိုပုံလေးတွေ ဖြစ်ပါတယ်

.
(1) Is this your first time to Myanmar?
ဒါက မြန်မာနိုင်ငံကိုရောက်တာ မထမအကြိမ်ပါလား
.
(2) What was your first impression of Myanmar?
ခင်ဗျားရဲ့ မြန်မာနိုင်ငံအပေါ် ရောက်ရောက်ချင်း ထင်မြင်ချက်လေးက ဘယ်လိုဖြစ်ခဲ့ပါလဲ (ဘယ်လိုသုံးသပ်မိပါသလဲ)
.
(3) That’s great! The people are very kind but the weather is hot.
သိပ်ကောင်းပါတယ် ၊ လူတွေက သိပ်ကိုကြင်နာကြပါတယ် သို့သော်လည်း ရာသီဥတုကတော့ ပူပါတယ်
.
(4) Have you ever tried Myanmar food?
ခင်ဗျား မြန်မာအစားအစား စမ်းပြီးစားကြည့်ဖူးပါသလား

.
(5) Not yet, but I’ve heard about Mont-hin-gar.
ခုထိတော့ စားမကြည့်ရသေးဘူး ၊ ဒါပေမယ့် မုန့်ဟင်းခါးအကြောင်း ကြားမိပါတယ်
.
(6) Mont-hin-gar is very delicious. You should try it later.
မုန့်ဟင်းခါးက အရသာ သိပ်ရှိတယ် ၊ နောက်တော့ ခင်ဗျား စမ်းကြည့်သင့်တယ် (စားကြည့်သင့်တယ်)
.
(7) Do you like Myanmar food?
ခင်ဗျား မြန်မာ အစားအစာကို ကြိုက်ပါသလား
.
(8) I like hot food.
ကျနော် စပ်တဲ့ အစားအစာကို ကြိုက်တယ်
.
(9) I don’t like oily food.
ကျနော် ဆီများတဲ့ အစားအစာကို မကြိုက်ပါဘူး
.
(10) I’ll eat anything.
ကျနော် ဘယ်တစ်ခုမဆို တစ်ခုခုဆို စားပါတယ်
.
(11) I’m kind of a picky eater.
ကျနော်က အစားရွေးတဲ့သူ ကြေး(ဂျေး)များတဲ့သူ မျိုးပါ
(picky (adj) = choosy, fussy ဇီဇာကြောင်သော ၊ ကြေးထူသော)
.
(12) Fried food don’t agree with me.
ဆီနဲ့ကြော်ထားတဲ့ အစားအသာက်တွေက ကျနော်နဲ့ အဆင်မပြေပါဘူး
.
(13) What kind of food do you like?
ဘယ်လိုအစားအစာမျိုးကို ကြိုက်နှစ်သက်ပါသလဲ
.
(14) I’ll eat anything but oily food.
ဆီများတဲ့ အစားအသောက်ကလွဲလို့ ဘယ်တစ်ခုမဆို စားပါတယ်
.
ဝေါဟာရ ရှင်းလင်းချက်
.
first impression = what you think about something the first time you see it. မြင်လျင်မြင်ချင်း ရတဲ့အတွေး .. အချက်အလက်များ မသိရသေးခင် ခံစားမှု .. လူလူချင်းဆိုလျင်လည်း မထမဆုံးတွေ့လို့ မျက်နှာမြင်လိုက်တာနဲ့ ဘယ်လိုလူမျိုးလဲ သဘောကောင်းတဲ့ပုံလား စသည်ဖြင့် စိတ်ထဲမှာ ထင်မြင်လာတဲ့ ခံစားမှုမျိုး ကို ခေါ်ပါတယ် ..
……………………………
အားပေးမှုများကို ချစ်ခင်လေးစားစွာ ခံယူလျက်ပါ ..
မေထ္တာဖြင့်

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၆)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၆)
……………………………
ဒီတစ်ကြိမ်မှာတော့ ခံစားချက်လေးတွေ ဖွင့်ဟမယ် ဖြေသိမ့်မယ် အားပေးမယ် .. စသည်ဖြင့် ဘာညာသာရကာ အတိုအထွာလေးတွေ ဖြစ်ပါတယ်
.
(1) Do you have something on your mind? You look unhappy. What’s wrong?
မင်းစိတ်ထဲမှာ တွေးနေတဲ့ တစ်စုံတစ်ရာ ရှိနေလား ၊ မင်းကိုကြည့်ရတာ မပျော်ရွှင်သလိုပဲ ၊ ဘာဖြစ်နေတာလဲ (ဘာမှားနေလဲ)
.
(2) I am feeling sad today. I broke up with my girlfriend.
ဒီနေ့ ကျနော် ၀မ်းနည်းနေတယ် ၊ ကျနော့်ကောင်မလေးနဲ့ ပြတ်သွားခဲ့ပြီလေ
.
(3) What can I do to make you feel better? What would you like to do?
မင်းခံစားချက် သက်သာအောင် ငါဘာလုပ်ပေးနိုင်မလဲ ၊ မင်းဘာလုပ်ချင်သလဲ
.
(4) I don’t feel like doing anything.
ငါ ဘာတစ်ခုမှ လုပ်ချင်တဲ့ စိတ်ဆန္ဒမရှိဘူး
.
(5) I’ve never felt this sad before. I feel like I want to cry.
အရင်က ငါဒီလိုဝမ်းနည်းမှုမျိုး မခံစားဖူးဘူး ၊ ငါငိုချင်တဲ့ဆန္ဒရှိတယ်
.
(6) I’m sorry to hear that. Don’t worry. Enerything will be fine in the end.
ကြားရတာ စိတ်မကောင်းပါဘူး ၊ စိတ်မပူပါနဲ့ ၊ နောက်ဆုံးမှာတော့ အရာရာတိုင်းက အဆင်ပြေသွားမှာပါ
.
(7) I think it was stupid of me.
ငါမိုက်မဲခဲ့တာလို့ ထင်မိတယ်
.
(8) Try not to think about it. You will feel better sooner or later.
အဲဒီအကြောင်း မတွေးဖို့ ကြိုးစားပါ ၊ အနှေးနဲ့အမြန်ဆိုသလို မင်း ခံစားရတာ သက်သာလာမှာ အသေအချာပါ
(sooner or later အနှေးနဲ့အမြန်ဆိုသလို အသေအချာ)
.
(9) I hope so.
ငါလည်း အဲလိုပဲ မျှော်လင့်ပါတယ်
.
(10) It’ll take some time. But you’ll get over this.
အချိန် တချို့တော့ကြာလိမ့်မယ် ၊ ဒါပေမယ့် ဒီဟာကို (၀မ်းနည်းမှုကို) မင်းကျော်ဖြတ်နိုင်သွားပါလိမ့်မယ်
.
(Get over (v) (၁) အခက်အခဲကို ကျော်ဖြတ်လွန်မြောက်သည် ။ (၂) အဖျားရောဂါ ၊ စိတ်ဓါတ်ကျဆင်းမှု စသည်တို့မှ ..သက်သာသည်)
……
ခံစားချက်လေးတွေ ကောင်းမွန်နိုင်ကြပါစေ
.
မေတ္တာဖြင့်Win Naing Oo

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁)
…………………………………………………………….
နေ့စဉ်ပြောစကားလေးတွေလည်း ရေးပေးပါလို့ တောင်းဆိုသူများလည်း ရှိတဲ့အတွက်ပါ ၊ မြန်မာပြန်ဆိုရာမှာ တိုက်ရိုက်ပြန်ဆိုခြင်းမျိုး မဟုတ်ပဲ မြန်မာဘာသာဖြင့် ဖြစ်နိုင်ချေရှိသော ၀ါကျများနဲ့ အခ
ျင်းချင်း ယှဉ်တွဲထားတဲ့ သဘောမျိုး ဖြစ်ပါတယ် ၊ သို့ပါ၍ အင်္ဂလိပ်ဝါကျများကိုသာ အသေအချာလေ့လာရမှာဖြစ်ပါတယ် ၊ အမေရိကန်သုံး အင်္ဂလိပ်စကားပြောဟန်များ ဖြစ်ပါတယ် ။
.
(1) Nice to meet you.
တွေ့ရတာဝမ်းသာပါတယ်
.
(2) What should I call you?
ကျနော် ခင်ဗျားကို (နာမည်) ဘယ်လိုခေါ်ရမလဲ
.
(3) Excuse me, are you Mr. Brad Jordan?
တဆိတ်လောက်ခင်ဗျာ ..ခင်ဗျားက မစ္စတာ Brad Jordan ပါလား
.
(4) How was your trip?
လမ်းခရီး အဆင်ပြေခဲ့ပါရဲ့လား
.
(5) How was your day?
ဒီနေ့ အဆင်ပြေခဲ့ပါရဲ့လား (ညနေပိုင်းမှာ မေးတာမျိုးပေါ့)
.
(6) What’s new with you?
ဘာများထူးသေးလဲဗျာ
.
(7) Everything is O.K.
အားလုံးကတော့ OK ပါပဲ
.
(8) Same as always.
ခါတိုင်းလိုပါပဲ ၊ အတူတူပါပဲ
.
(9) I’m still busy as ever.
ကျနော်ကတော့ အမြဲလို အလုပ်ရှုပ်နေတာပါပဲ
.
(10) How are you doing?
နေလို့ထိုင်လို့ ကောင်းပါရဲ့လား
.
(11) How is it going?
အဆင်ပြေပါရဲ့လား ၊ ဘယ်လိုနေလဲ
.
(12) How is your business going?
ခင်ဗျားရဲ့ စီးပွားရေးလုပ်ငန်း အဆင်ပြေပါရဲ့လား
……………………………………..
.
မေတ္တာဖြင့်Win Naing Oo


အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၅)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၅)
……………………………
ဒီတစ်ခါတော့ တွေ့ဆုံဖို့ချိန်းဆိုချက်လေးတွေ အကြောင်းပါ ၊ ၀ါကျလေးတွေကို ပုံစံတူပြုလုပ်ပွားယူပြီး အသုံးပြုလျင် အလွန်အသုံးဝင်ပါလိမ့်မယ် ..
.
(1) Do you have any plans this Saturday?
ဒီစနေနေ့အတွက် ခင်ဗျားမှာ အစီအစဉ်တစ်ခုခု ရှိပါသလား
.
(plans မှာ “s” ပါနေတာကိုတွေ့ရမယ် ၊ အဲဒါက ဘာစီစဉ်ထားတယ်ဆိုတာ မသိတဲ့အတွက် အားလုံးကိုခြုံငုံမေးတဲ့သဘောဖြစ်ပါတယ် ၊ မသိရသေးတဲ့အတွက် အစီအစဉ် ဖြစ်နိုင်ခြေက အများကြီး ရှိနေတယ် ။ အစီအစဉ်တစ်ခုကို တိတိကျကျ ရည်ညွှန်းလျင် “s” မပါဘဲ ဖြစ်သွားပါမယ် ၊ Do you have any PLAN for your trip to Bagan? ပုဂံခရီးစဉ်အတွက် အစီအစဉ်တစ်ခုခုရှိပါသလား.. စသည်ဖြင့် သုံးပါတယ် ဒီမှာ ပုဂံခရီးစဉ်တစ်ခုအတွက်ပဲ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ် )
.
(2) I don’t think I’ve got anything planned yet.
ခုထိတော့ စီစဉ်ပြီးသားတစ်ခုခု ရှိတယ်လို့ မထင်ပါဘူး (မရှိဘူးထင်ပါတယ်)
.
(3) How about going to a movie together?
အတူတူ ရုပ်ရှင်သွားကြည့်ကြမယ်ဆိုလျင် ဘယ်လိုလဲ
.
(4) That’s a good idea. What time should we make it?
အဲဒါက ကောင်းတဲ့ အကြံတစ်ခုပဲ ၊ ဘ်ာအချိန်မှာ လုပ်ကြမလဲ
.
(5) How about seven o’clock?
ခုနှစ်နာရီဆို ဘယ့်နှယ်လဲ
.
(6) That would be great. Where do you want to meet?
သိပ်ကောင်းမှာပေါ့ ၊ ဘယ်နေရာမှာဆုံချင်လဲ (ရုပ်ရှင်ကြည့်ဖို့)
.
(7) Let’s meet at Seoul Theater.
ဆိုးလ် ဇတ်ရုံကြီးမှာ ဆုံကြပါစို့
.
(8) That’s okay with me. See you then.
အဲဒီအတိုင်း ကျနော်နဲ့ အဆင်ပြေပါတယ် ၊ ဒါဆိုတွေ့ကြမယ်လေ
.
(9) Can we meet an hour earlier?
ကျနော်တို့ တစ်နာရီ စောပြီးတွေ့လို့ရနိုင်ပါမလား
.
(10) Can we meet an hour later?
ကျနော်တို့ တစ်နာရီ နောက်ကျပြီးတွေ့လို့ရနိုင်ပါမလား
.
(11) Why don’t we make it a little earlier?
နည်းနည်းလေး ပိုစောပြီး တွေ့ကြရအောင်လား
.
(12) I am afraid I have to cancel tomorrow’s appointment with you.
အားနာပါတယ်ဗျာ ၊ မနက်ဖန် ခင်ဗျားနဲ့ ချိန်းထားတာကို ကျနော်ဖျက်ရပါလိမ့်မယ်
.
(13) Are you doing anything this evening?
ဒီညနေမှာ ခင်ဗျား တစ်ခုခုလုပ်မလို့လား
.
(14) When would it be the most convenient for you?
ဘယ်အချိန်က ခင်ဗျားအတွက် အဆင်ပြေဆုံး ဖြစ်ပါမလဲ
.
(15) Is there a good place to meet?
တွေ့ဖို့ ကောင်းတဲ့နေရာ ရှိပါသလား (ဘယ်မှာတွေ့ချင်ပါသလဲ)
.
(16) I would like to change the time to six o’clock.
အချိန်ကို ခြောက်နာရီကို ပြောင်းချင်ပါတယ် ခင်ဗျာ
…
ချိန်းဆိုချက်များ အဆင်ပြေကြပါစေ…..
.
မေတ္တာဖြင်Win Naing Oo့

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၄)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၄)
……………………………………………………
ဒီတစ်ခါတော့ တစ်ခုခုလုပ်ဖို့ ခွင့်တောင်းတာ ၊ ခွင့်ပေးတာ ၊ ငြင်းပယ်တာလေးတွေ ဖြစ်ပါတယ်
.
(1) Do you mind if I sit here?
ကျနော် ဒီနေရာမှာထိုင်လျင် စိတ်ရှိမလား
.
(2) No. Please have a seat.
စိတ်မရှိပါဘူး ၊ ကျေးဇူးပြု၍ ထိုင်ပါ
(အင်္ဂလိပ်ဝါကျ အစဉ်အတိုင်း Do you mind ..စိတ်ရှိပါသလား ဆိုတာကို yes , no ဖြေရမှာဖြစ်ပါတယ် ၊ မြန်မာပြန်မှာက စိတ်ရှိမလား ဆိုတာက နောက်ရောက်သွားတော့ yes, no အဖြေမှားတတ်ပါတယ်)
.
(3) May I use your computer?
ကျနော် ခင်ဗျားရဲ့ ကွန်ပြူတာကို သုံးပါရစေ
.
(4) Feel free to use it.
လွတ်လွတ်လပ်လပ်သုံးပါ
.
(5) Can you do me a favor?
ကျနော့်ကို အကူအညီတစ်ခုလောက် လုပ်ပေးနိုင်မလားခင်ဗျာ
.
(6) I need to ask you to do me a favor.
ကျနော် ခင်ဗျားဆီက အကူအညီတစ်ခုတောင်းဖို့ လိုအပ်နေပါတယ်
.
(7) Could you close the window?
ပြတင်းပေါက်လေး ပိတ်ပေးနိုင်ပါမလား
.
(8) Help yourself please
ကျေးဇူးပြု၍ ကိုယ်တိုင်ပဲ လုပ်လိုက်ပါ
.
(9) Would you excuse me for a moment. (သိပ်ယဉ်ကျေးတဲ့ပုံစံလေးပါ)
ခဏတစ်ဖြုတ်လောက် (တစ်ခုခုလုပ်ဖို့) ခွင့်ပြုပါလားခင်ဗျာ
.
(10) Excuse me. Can I get through?
ခွင့်ပြုပါ ။ ကျနော် ဖြတ်သွားနိုင်ပါမလား
.
(11) I’d rather you don’t.
ခင်ဗျား မဖြတ်တာကို ပိုကြိုက်ပါတယ် (မဖြတ်စေချင်ဘူးဆိုတဲ့သဘောပါပဲ)
…
မေတ္တာဖြင့် Win Naing Oo

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform