စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)
ပင်မစာမျက်နှာ
ဗဟုသုတ
ဘုရားသမိုင်း
တရားဒါန
ပညာရေး
ကျန်းမာရေး
နည်းပညာ
ကဗျာများ
စီးပွား/စီမံ
ဘလော့ပိုစ်များ
ဟင်းချက်နည်း
ထူးခြားဆန်းပြား
mp3 သီချင်းများ
ဟာသလွင်ပြင်
စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန
Tuesday, 18 September 2018
ကြက်​တူ​ရွေး
http://moziru.com/images/parrot-clipart-animated-gif-7.gif
ကြက်တူရွေး အရောင်းဆိုင်တစ်ဆိုင်ကို လူတစ်ယောက် ၀င်လာတယ်။ ဆိုင်မှာ အထူးခြားဆုံးက လူစကားပြောတတ်တဲ့ ကြက်တူရွေး တစ်ကောင်ရှိတယ် လို့သူကြားထားတယ် ။ ဆိုင်ရှင်ကလည်း ဒီထူးခြားတဲ့ ကြက်တူရွေးကို တခြားအကောင်တွေနဲ့တောင်မထားပဲ သီးသန့်ထားထားတယ်။ လှောင်အိမ်နဲ့မထားဘဲ လွတ်လပ်ခွင့် ပေးထားတယ် ။ အဲ…........နောက်တစ်ခု ထူးးဆန်းတာက သူကပျံမသွားဘူး ။ ၀င်၀င်လာချင်းမှာပဲ သူကအစွမ်းပြတယ် ။ “ ဧည့်သည်လာတယ် ” ( သတိ !! ကြက်တူရွေးအသံဖြင့် ဖတ်ရန် )အဲ့ဒီလူ တော်တော် ဖြုံသွားတယ် ။ ဒါနဲ့သ ူစိတ်၀င်စားလာပြီး ဆိုင်ရှင်ကို မေးကြည့်တော့ ဆိုင်ရှင်က “ သူ့ရဲ့ ဘယ်ခြေထောက်ကို ဆွဲရင် “ မင်္ဂလာပါ ” ညာခြေထောက်ကိုဆွဲရင် “ ကျေးဇူးအများကြီးတင်ပါတယ် ” လု့ိ ပြောတတ်သေးတယ် လည်းပြောရော အဲလူက ဘယ်ခြေကိုဆွဲကြည့်တယ် “ မင်္ဂလာပါ ” အဲ…….မဆိုးဘူးပဲ။ ညာခြေကိုဆွဲကြည့်တယ် “ ကျေးဇူးအများကြီးတင်ပါတယ် ” ဟ!! အဲလိုနဲ့ ဆော့ကောင်းကောင်းနဲ့ ရှေ့ပေါက်က၀င်လိုက် ဘယ်ခြေလေးကိုဆွဲလိုက် နောက်ပေါက်က၀င်လိုက် ညာခြေလေးကို ဆွဲကြည့်လိုက် လုပ်ရင်းက တအားကိုသိချင်တာ တစ်ခုရှိလာတယ် ။ ဘယ်ခြေနဲ့ညာခြေကို ဆွဲတာတော့့ ဟုတ်ပါပြီပေါ့ ၊ တကယ်လို့များ ခြေထောက်နှစ်ချောင်းလုံးကို တစ်ပြိုင်တည်းဆွဲ ကြည့်ရင်ရောဘယ်လိုနေမလဲ ဆိုတာသိချင်လာတယ်။ ဒါနဲ့ပဲ ဆိုင်ရှင်အလစ်မှာ ခြေထောက်နှစ်ချောင်းလုံးကို စုံဆွဲလိုက်တယ် ။ ကြက်တူရွေးက စိတ်ဆိုးမာန်ဆိုးနဲ့ အော်တာက “ ခင်ဗျား ကျုပ်ကို သေကြောင်းကြံနေတာလားဗျ ”တဲ့ ………………................................................ပြီးပါပြီ။
ရွှေအိမ်စည်
ဘတ်​စကား​ပေါ်က နှမချင်းမစာနာတဲ့အ​ကောင်
ကောင်လေးဆင်းသွားတဲ.နောက်ကို မမ ကြည်. လိုက် တယ် ၊
ပျော်ပါစေဗျာ...
Shwe Aeim Si
Unicode
#######
ဘတ်(စ်) ကားလိုင်းပေါ် က နှမချင်းမစာနာတဲ့ကောင်​
မမတစ်ယောက် အိပ်ထဲမှ တွယ်ချိပ်ကို အသည်းအသန်ရှာနေလေသည် ..ဟောတွေ.ပါပြီး တွယ်ချိပ်…
ဒီနေ.တော့တွေ့မယ် နှမချင်းမစာနာတဲ.ကောင်တွေ ။ ရုံးဆင်းချိန်ရောက်တိုင်း ဘတ်စ်
ကားကြပ်ကြပ်လေးပေါ်တွင် နှမချင်းမစာနာတဲ.အပြုမှုလေးတွေနဲ.အမျိုးမျိုးပဲ
အခွင်.အရေး ယူတတ်ကြတဲ.ကောင်တွေကိုပညာပြန်ပေးမယ်ဆိုတဲ.သဘောနဲ. တွယ်ချိပ်ကို
ဒီနေ.တော. ဆောင်ထားလိုက်လေသည် ။
ဟော ဘတ်(စ်) ကားလာပြီး မမတစ်ယောက်ကားပေါ် ကို တက်လိုက်လေသည် ။
လူ ၆ ယောက်လောက်တက်ပြီး ကားကမှတ်တိုင်မှစထွက်လေသည်။
ထုံးစံအတိုင်း ထိုင်ခုံး မရှိ မတ်တပ် ပဲ လိုက်ရလေသည် ။
ရှေ့တစ်မှတ်တိုင်ရောက်တော. လိုက်မယ်.လူတွေက စောင်.နေလေသည် ။
ကား ကရပ်ပြီးခရီးသည်တွေကို တင်ပြီးမောင်းထွက်လေသည်။
ရုတ်တရက် မမ နောက်မှ ……………တဲ. အထိအတွေ.တစ်ခု
မမ နောက်ကို လှည်.ကြည်.လိုက်တော. ရုပ်ရည်သန်.သန်.ပြန်.ပြန်.နဲ. ကောင်လေးတစ်ယောက်
မထင်ရက်စရာကြီး ဒီလိုအပြုမှုလေးတွေ လုပ်တတ်တယ်လို. ၊ မင်းတော.လားတွေ.
မယ်ဆိုတဲ. အထာနဲ. လက်တစ်ဖက်က ဘာတန်းကို ကိုင်ပြီး ကျန်တစ်ဖက် က တွယ်ချိပ်
ကို နှိုပ် ကာ ရုတ်တရက် နောက်ကို တွယ်ချိပ်နဲ. ထိုးလိုက်လေသည် ။
တွယ်ချိပ်ကို ပြန်ကြည်.လိုက်တော. ဟာ… မမ တစ်ယောက် မျက်လုံး ပြူးသွားလေသည် ၊
တွယ် ချိပ် မှာ သွေး စ လေးတွေ ။
ရှေ.မှတ်တိုင်လည်းရောက်ရော ကောင်လေးက မှတ်တိုင်ပါတယ်လို. အော်လိုက်လေသည် ။
ကြည်.ရတာ တော်တော် နာ သွားပုံ ရတယ်ထင်တယ် ။
ကား လည်း မှတ် တိုင်လည်း ရောက်ရော ကောင်လေးကဆင်းသွားလေတယ် ။
ကောင်လေးဆင်းသွားတဲ.နောက်ကိို မမ ကြည်. လိုက် တယ် ၊
ဟင်းးးး မမ အံ. သြ သွားလေသည် ၊ ပြီး တော. တွယ်ချိပ် ကို ပြန် ကြည်.လိုက်တယ် ၊
မမ မြင်လိုက် တာ က ကောင်လေး လက်ထဲမှာ ဆွဲ ထားတဲ. ကြွပ်ကြွပ် အိပ် ထဲ မှာ
အငွေ.ပျံနေတဲ.အကြော်ပူပူလေးတစ်ထုပ် နဲ. ပေါက်နေတဲ. အချဉ် ထုပ် တစ် ထုပ် ။ ။
ပျော်ပါစေဗျာ...
Shwe Aeim Si
Monday, 17 September 2018
ရူးတိုးတိုး........ ကွဲနေသည်။
ရူးတိုးတိုး...................... ကွဲနေသည်။
By: ရွှေအိမ်စည်
အသည်းတွေကွဲနေတာ)
မောင်.... .................
အောက်တယ်)
အတိတ်
ငါ့လှေငါထိုး.ပဲခူးရောက်ရောက်...ငါ့မြင်းငါစိုင်း.စစ်ကိုင်းရောက်ရောက်.................ဆိုပြီး
ဒါမေမဲ့မောင့်ရဲ့............
ဘယ်သုမပြုမိမိမှု .ဆိုသလို..............မောင့်ကိုအပြစ်မတင်ပါဘူး..............
အရိပ်ပြလို့မှအကောင်မမြင်တဲ့ကျွန်မအပြစ်ပါဘဲ.
လက်ရှိဘဝ
မောင်အခုကျွန်မလေ
ဆုးပေါ်ဖက်ကျလည်းဖက်ပေါက်.ဆိုတဲ့ခေတ်မဟုတ်ဘူးနော်................
ပျင်းလို့ ပါနော်..
ဘာမှမဟုတ်ဘူး
Labels: ဟာသအတွေးစု
ရူးတိုးတိုး...................... ကွဲနေသည်။
By: ရွှေအိမ်စည်​
(ကွဲနေတယ်ဆိုလို့စိတ်၀င်စားသွားလား......ဟုတ်တယ်.ကွဲနေတယ်.......မောင့်ကြောင့်
အသည်းတွေကွဲနေတာ)
မောင်.... .................
မောင်ကျွန်မကိုလုပ်ရက်တယ်နော်...(လမ်းခွဲတာကိုပြောပါတယ်..........တမျိုးမထင်ပါနဲ့..ရှင်းပြရတာ....feel
အောက်တယ်)
မောင်ရယ်.ကျွန်မကိုမပစ်ဘူး......မပစ်ဘူးဆိုပြီးလက်ထဲမှာက.......ခဲကြီးနဲ့...........
ငါးစိမ်းမြင်လို့ငါးကင်ပစ်သွားတဲ့မောင်ကိုကျွန်မဘယ်လိုနားလည်ရမှာလဲ................
ဒါတွေပြောနေလဲ.မောင့်အတွက်ကျွဲပါးစောင်းတီးဖြစ်နေမှန်းသိပေမဲ့.......မောင်ရယ်ကျွန်မပြောပါရစေ........
မစားရတဲ့အမဲသဲနဲ့ပတ်တယ်လို့ပဲပြောပြော........... ကျွန်မပြောပါရစေ....
အတိတ်
မောင်ကလေကျွန်မကိုစတွေ့တုန်းက..................ချစ်တယ်ချစ်တယ်ဆိုပြီ......
ခရားရေလွတ်တတွတ်တွတ်ပြောခဲ့တာ..............ငါးကြော်မကြိုက်ကြောင်မိုက်ဆိုသလို.
မောင့်လို.အုတ်စာပေါ..ရုပ်ချောကိုမှပြန်မကြိုက်ရင်.ကျွန်မလူမိုက်ဖြစ်သွားမှာပေါ့
မောင့်လိုပျော့ပျော့လေးနဲ့နံတဲ့ကြောင်ချီးဆိုပြီး........
သူငယ်ချင်တွေတားနေတဲ့ကြားထဲက...............
ငါ့လှေငါထိုး.ပဲခူးေရောက်ရောက်...ငါ့မြင်းငါစိုင်း.စစ်ကိုင်းရောက်ရောက်.................ဆိုပြီး
မောင့်ကိုကျွန်မလက်ခံခဲ့တာလေ.......... ဒါပေမဲ့.မောင်နောက်ကျတော့
ကျောချမှ ဓားပြမှန်းသိ.......ဖွတ်ထွက်မှတောင်ပို့မှန်းသိ.........သလို.မောင့်အကြောင်းတွေသိခဲ့ရတယ်
မောင်ဟာကျွန်မနောက်ကွယ်မှာ.ငါးရံနှစ်ကောင်တပြိုင်နက်ဖမ်းနေတယ်ဆိုတာပဲ..................
ကျွန်မနဲကထိပ်တိုက်တွေ့တာတောင်မှဘဲ.မောင်ကဆင်သေကိုဆိတ်သားရေနဲ့ဖုံးချင်သေးတယ်
သူငယ်ချင်းတွေကတော့ပြောပါတယ်..........အပြစ်တင်ကြတယ်.ကိုယ်စိးတဲ့မြင်းအထီးမှန်းမသိ.အမမှန်းမသိတဲ့
မောင်ရယ်အဲဒီတုန်းကကျွန်မမေးလိုက်ရမှာ.................ခိုးစားတဲ့အသီးချိုတယ်ဆိုတာဟုတ်လားလို့
ဒါမေမဲ့မောင့်ရဲ့............
အဲဒီအချိန်က..မျက်နှာကိုမြင်လိုက်ရတော့.ကျွန်မလေ...ပျက်အဆင်ပြင်ခဏ.ဆိုပြီးမောင့်ကိုခွင့်လွတ်ခဲ့တယ်.....
မောင့်ကလဲကျွန်မကို. ယုံအောင်အယုံသွင်းခဲ့တာကို
ခွေးစကားပုဏ္ဏားယုံ.ဆိုသလိုမောင့်စကားကိုကျွန်မ..ချစ်တဲ့စိတ်နဲ့.လုံး၀ယုံခဲ့တယ်မောင်............
နောက်တော့ မောင်က....ဒုံရင်းကဒုံရင်းပါပဲ.....................
ဘယ်သုူမပြုမိမိမှု .ဆိုသလို..............မောင့်ကိုအပြစ်မတင်ပါဘူး..............
အရိပ်ပြလ့ိုမှအကောင်မမြင်တဲ့ကျွန်မအပြစ်ပါဘဲ.
ကျွန်မလေ.မောင်ကျွန်မကို..လမ်းခွဲစကားပြောတဲ့အချိန်မှာလေ........
ကလေးကျမှလှေကားထောင်.....သူခိုးပြေးမှထိုးကွင်းထဆိုသလို...................
ဘာလုပ်ရမှန်းကိုမသိတော့ဘူး
လက်ရှိဘ၀
မောင်...........အခုတော့ကျွန်မခံနိုင်ရည်ရှိသွားပါပြီ............................
ကျွန်မဘယ်သူကိုမှဒီအကြောင်းတွေမပြောချင်ဘူး...........ဟောင်လွန်းသည့်ခွေးလူမလေး.....ဆိုသလို.
ကျွန်မကိုပတ်၀န်းကျင်ကမုန်းသွားလိမ့်မယ်...................ပြီးတော့ကိုယ့်ငါချဉ်ကိုယ်ချဉ်တာတော့မဟုတ်ပါဘူး.
ကျွန်မရဲ့အရည်အချင်းနဲ့............................မောင့်ထက်သာတာတော့အေးဆေးရနိုင်တယ်မောင်
သိသာသိစေမမြင်စေနဲ့..........လိုပဲဆိုဆို.ကျွန်မကတော့မောင့်ကိုစိန်ခေါ်လိုက်တယ်............
အမိမဲ့သားရေနဲငါးလိုမျိုး..ကျွန်မကိုစိတ်ဓါတ်ကျတယ်မထင်ပါနဲ့.....................မောင်လဲ..
လည်လွန်းတဲ့ဘီးချီးသင့်နေဦးမယ်နော်......အဲဒီအချိန်မှ.လွတ်သွားတဲ့ငါးကပိုကြီးတယ်ဆိုပြီးပြန်လာရင်တော့..
ကျွန်မကလက်ခံမယ်များမှတ်နေလား............
ကတုံးပေါ်ထိပ်ကွက်တော့ကျွန်မမလုပ်ရက်ပါဘူး............ငါးကြင်းဆီနဲ့ငါးကြင်းကြော်ရုံလေးပါ................
မောင်အခုကျွန်မလေ
.မောင်မရှိတဲ့အချိန်မှာ.......ပျော်ပျော်နေသေခဲ......ဆိုပြီးပျော်နေတယ်ဆိုတာတော့သိထားပါ....................
ပုဆိုးကြားကလက်သီးပြ.........တယ်လို့မထင်ပါနဲ့.............
မောင့်ကိုနောက်ဆုံးသတိပေးချင်တာကတော့...အခုခေတ်ကလေ.....ဖက်ပေါ်ဆူးကျလည်းဖက်ပေါက်
ဆုူးပေါ်ဖက်ကျလည်းဖက်ပေါက်.ဆိုတဲ့ခေတ်မဟုတ်ဘူးနော်................
ဥပေါ်ခဲကျလည်းဥပဲကွဲတာ.....ခဲပေါ်ဥကျလည်းဥကွဲတဲ့...................ခေတ်ရောက်နေပြီဆိုတာပါ။
ပျင်းလို ့ပါနော်..
ဘာမှမဟုတ်ဘူး
ကိုယ့်ဘာသာရယ်ချင်လို ့
ခင်မင်တဲ ့ရွှေအိမ်စည်
Labels: ဟာသအတွေးစု
Sunday, 16 September 2018
ကြေမွသွား​သောဘဲဥတစ်​လုံးအ​ကြောင်း
ကြေမွသွားသောဘဲဥတစ်လုံးအကြောင်း
By: ရွှေအိမ်စည်
''.. အို.. အလုပ်ချိန်တောင်နီးနေပြီပဲ.. သွားတော့မှ''။ အိမ်ကမထွက်ခင်နောက်ဆုံးအနေနဲ့ ကိုယ်လုံးပေါ်မှန်ရှေ့မှာ တစ်ပတ်လှည့်ပြီး
ကြည့်လိုက်တာတို့ကိုယ်တို့တောင် ရင်ခုန်သွားတယ်။ ကောင်လေးရယ် မင်းကကောဘာသားနဲ့ထုထားတာမို့လဲ..
... ဗျင်းဗျင်းဗျင်း ဗြိဗြိဗြိ...
ဟယ်တော့.. ဒီကောင်လေးနဲ့တော့ ဒုက္ခပါပဲ။ ခေါင်းကိုများအားပါးတရကုတ်နေလိုက်တာ၊ ဆံပင်တွေကျွတ်ကုန်မှာများမစိုးရိမ်ဘူးလားမသိပါဘူး။တဗျင်းဗျင်းနဲ့ သူကုတ်နေတာကို တိတ်တိတ်လေးခိုးကြည့်နေရတာကကိုရင်ခုန်ချင်စရာကောင်းနေပြီ။ မင်းဟာမင်းကုတ်တာအကြောင်းမဟုတ်ပေမဲ့တို့များရင်ထဲမှာ ယားကျိကျိဖြစ်နေပြီကွဲ့ သိရဲ့လားလူဆိုးလေးရေ။
ဒီကောင်လေး အလုပ်ထဲကို ရောက်လာတဲ့နေ့ကို မှတ်မိနေသေးတယ်။ပထမဆုံးနေ့ဆိုတော့ ဘယ်သွားလို့ ဘာလုပ်ရမှန်း မသိ၊
ယောင်နနဖြစ်နေပုံလေးကိုတွေ့ပြီး တို့များရင်တွေ အရမ်းခုန်နေတာ။အဲဒီကတည်းကအရမ်းချစ်သွားတာပဲ ကောင်လေးရေ။ တို့တွေကံကောင်းလိုက်ပုံများကတော့ကောင်လေးထိုင်ရတဲ့ စားပွဲက ကိုယ့်စားပွဲရှေ့တည့်တည့်မှာတော့။ဗေဒင်ကဟောထားတာတွေ မှန်နေပြီနဲ့တူပါတယ်။ ၀ါကျွတ်အမီစုတ်ရောလာဘ်ရောဝင်ကိန်းရှိတယ်တဲ့။အို.. လာဘ်မ၀င်ရင်နေပလေ့စေ၊စုတ်ဝင်ရင်ပြီးရော။
အခုတော့ စုတ်ကြီး ကိုယ့်ရှေ့တည့်တည့်မှာ ရောက်နေပြီ၊ဖြူဖြူဖွေးဖွေး ထောင်ထောင်မောင်းမောင်းနဲ့ စုတ်ကြီး။
ဒီအခွင့်အရေးမျိုးတော့လက်လွတ်ခံလို့မဖြစ်ဘူး။ ကောင်လေးက အသစ်ဆိုတော့အလုပ်ခွင်မှာသူသိချင်တာလေးတွေ တို့ကိုများ မေးပါစေတော့ ဆိုပြီး ကူညီပါရစေကူညီပါရစေဒီဇိုင်းနဲ့ သူ့ရှေ့မှာ ခေါက်တုံ့ခေါက်ပြန်နှစ်ခေါက်သုံးခေါက်ဖြတ်လျောက်ပြစ်တာ၊ တို့ကိုမျက်လုံးလေးတောင်လှန်မကြည့်ဘူး။ရေခဲတုံးကြီး.. ရေခဲတုံးကြီးရေ.. လို့ချောစုခင်လို အသံကုန်ပဲအော်လိုက်ချင်တော့တယ်။
ယောက်ျားလေးသန့်သန့်တွေကိုမြင်ရင် ရင်ခုန်တတ်တာကတို့တွေရဲ့အကျင့်။ဒါကိုတော့ အပြစ်မပြောကြပါနဲ့အေ။ အခုအသက်ကလေးရလာလေအဲဒီအကျင့်ကပိုပိုဆိုးလာလေပဲ။ တို့အသက်လား.. အခုမှ ၁၇၊ ၁၈ပဲရှိသေးတာပါ။အဲ ၁၇ နဲ့ ၁၈
ပေါင်းတော့ ၃၅ပေါ့နော်။ သူများတွေလည်း လျှောက်မပြောနဲ့ဦး။ အထူးသဖြင့်တို့ရဲအသည်းလေး မသိစေနဲ့။
ကောင်လေးရဲ့မွေးနေ့ကိုတော့နည်းမျိုးစုံသုံးပြီးစုံစမ်းလိုက်တာ တို့သိသွားပြီ။မွေးနေ့ကျရင်သူလေးပါးစပ်အဟောင်းသားနဲ့အံ့သြသွားအောင်လုပ်ဖို့ အစီအစဉ်တွေအားလုံးဆွဲပြီးသွားပြီ။ အဲဒီနေ့ကျတွေ့မယ် လူဆိုးလေး။ တစ်ခါတည်းကိုတဖြုတ်ဖြုတ် ကြွေကျသွားရမယ်။တို့လည်းဒါမှ တစ်ကိုယ်တည်း ဘ၀က ကျွတ်ပြီးဘုရားသွားကျောင်းတက် အတူတူပါရမီဖြည့်ရမှာ။ တို့ရဲ့အိပ်မက်တွေဟာမဝေးတော့ပါဘူး။
အိပ်မက်ဆိုလို့မနေ့ညကအိပ်မက်ထဲမှာ.. ဟင်းဟင်း.. မပြောပြတော့ပါဘူး။လူဆိုးလေး..အရမ်းဆိုးတာပဲ။ ဒီနေ့မနက်နိုးလာတော့ ကြည်နုးလိုက်တာ။ အလုပ်ထဲရောက်ရင်သူလေးနဲ့တွေ့မယ်။ ဒီနေ့တော့ အမှတ်တရဖြစ်အောင် အလှဆုံးပြင်ရှိသမျှထဲကအကောင်းဆုံးကိုဝတ်။ ကဲ.. အလုပ်သွားရမှာတောင်မအောင့်နိုင်တောဘူး။နာရီတွေရယ်.. မြန်မြန်လည်ပါတော့။ ကောင်လေးအတွက်
ပန်းစည်းလေးတစ်စည်း ၀ယ်သွားရင်ကောင်းမလား.. ။ မဟုတ်သေးပါဘူး..ပန်းစည်းကမိန်းကလေးတွေ အတွက်ပဲဟာ။ အို.. အလုပ်ချိန်တောင်နီးနေပြီပဲ..သွားတော့မှ။အိမ်ကမထွက်ခင် နောက်ဆုံးအနေနဲ့ ကိုယ်လုံးပေါ်မှန်ရှေ့မှာတစ်ပတ်လှည့်ပြီးကြည့်လိုက်တာ တို့ကိုယ်တို့တောင် ရင်ခုန်သွားတယ်။ကောင်လေးရယ် မင်းကကောဘာသားနဲ့ထုထားတာမို့လဲ။ တော်တော်ကြာ မင်းတို့ကိုတွေ့မှ နှလုံးတွေ
ပရမ်းပတာခုန်ပြီး အရေးပေါ်ရောက်သွားမှာတောင် စိုးရိမ်ရတယ်။ ဟုတ်ပြီ..ဇီးယို..၊ ကောင်လေးအတွက် ဇီးယိုဝယ်သွားရမယ်.. ဇီးယိုစားမှ
နှလုံးငြိမ်မှာပေါ့။
ဟယ်.. ကောင်လေးက ဒီနေ့အလုပ်ကိုအစောကြီးရောက်နေပါလား။ တခြားသူတွေတောင်မရောက်သေးဘူး။ တို့ကတော့ ထားပါတော့စိတ်ကလောနေလို့ စောစောရောက်တာ။သူကရောဘာလို့ စောရောက်နေရတာလဲ။တို့နှစ်ယောက် နှလုံးသားချင်းဆက်သွယ်နေပြီဆိုတာ သေချာသွားပြီပေါ့။ရာသီဥတုက တို့ဘက်ပါတုန်းလှုပ်ရှားမှ။ အခွင့်အရေးဆိုတာ တစ်လတစ်ခါမလာဘူး။ ..အင်း.. အခုမှသေသေချာချာ သတိထားမိတယ်။ ကောင်လေးမျက်နှာလည်းမကောင်းပါလား။သုန်သုန်မှုန်မှုန်နဲ့ ဘာတွေများ အလိုမကျဖြစ်နေပါလိမ့်။သူ့စိတ်ကလေး
ပျော်သွားအောင် တို့ဘာများလုပ်ပေး ရမလဲ...
တို့ကိုတို့ ပြန်သတိထားလိုက်မိတဲ့အချိန်မှာ တို့ဟာမရည်ရွယ်ပဲသူ့စာပွဲရှေ့ရောက်နေမိပြီ။ ကောင်လေးက စိတ်ရှုပ်တာ နဲ့ နားမလည်တာနှစ်ခုရောထားတဲ့မျက်နှာနဲ့ တို့ကိုမော့ကြည့်တယ်။
“ဟေ့  ယူ..” လို့ တို့ ရဲ့အိပ်မက်ရှင်လေးကို အနူးညံ့ ဆုံးခေါ်ပြီး၊ လက်ထဲက
ဇီးယိုထုပ်ကို ကမ်းပေးလိုက်ပြီး..
“.. ရော့..စိတ်ညစ်နေရင်.....ဒါလေးစားလိုက်ပါလား.. ”
“အာ.. ညကများသွားလို့ အရက်နာကျပြီး ခေါင်းနောက်နေရတဲ့အထဲ ဒီ အခြောက်က တစ်မှောင့်၊ အရေးထဲ ဇီးထုပ်လာရောင်းနေသေးတယ်..”
အိုး... ပြောရက်လိုက်တာ ယူ ရယ်.. သူများကို.. သူများကို...
အီးဟီးဟီး.. အဟင့် အဟင့်.. ရွှတ်.. ဖတ်..
ပျော်ပါစေနော်
ဝန်ခံချက်....
ခုတလော..ကျမသူငယ်ချင်းတယောက်..ပုံအမျိုးနဲ့ တွေ့ ရတယ်ပုလဲ ပုတီးနဲ့ ပုံတွေ...ပြိးတော့..အဲ ..
ကိုယ့ိုကိုယ့်ကြည့်မ၀ဖြစ်နေတဲ့ သူငယ်ချင်းတယောက်ပေါ့....
ခင်မင်သော
ရွှေအိမ်စည်
Labels: ဟာသအတွေးစု
.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙
foxyform