စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 15 February 2016

Well ကို အာမေဋိတ် အဖြစ်သုံးတဲ့အခါ ထူးဆန်းတဲ့ အဓိပ္ပါယ်တွေ များစွာမှ များစွာ

Well ကို အာမေဋိတ် အဖြစ်သုံးတဲ့အခါ ထူးဆန်းတဲ့ အဓိပ္ပါယ်တွေ များစွာမှ များစွာ
...............................................................................
ဒီ well ဆိုတဲ့စာလုံးလေးက word form အမျိုးမျိုးရှိပြီး အာမေဋိတ်အဖြစ်သုံးလျှင်တော့ ၀ါကျအနေအထားပေါ်မူတည်ပြီး အဓိပ္ပါယ်တွေ တစ်လှေကြီး ဖြစ်နေပြန်ပါတယ် အဲဒီအထဲကနေ အလျှဉ်းသင့်ရာလေးတွေ ရွေးပြီး တင်ဆက်လိုက်ပါတယ် ။ သူ့အဓိပ္ပါယ် တချို့ကို စီပြီး ရေးကြည့်မယ်ဆိုလျှင်
.
(adv) ကောင်းစွာ ၊ တော်တော်လေး
(adj) နေကောင်းသော ၊ ကျန်းမာသော
(n) ရေတွင်း ၊ ရေနံတွင်း
(v) လျှံထွက်ကျသည်
(intj) ကိုင်း ၊ ကဲ (အံ့သြခြင်း ဒေါသဖြစ်ခြင်းကို ပြဖို့)
...... တော်ပါသေးရဲ့ ( စိတ်သက်သာရာ ရခြင်းကို ပြဖို့)
...... အင်းလေ (မတတ်သာ၍ လက်ခံရသည့် သဘောကို ပြဖို့)
...... ကောင်းပြီလေ ၊ ဟုတ်ပါပြီ (လက်ခံကြောင်း ၊ နားလည်ကြောင်းပြဖို့)
...... အေးပါ ၊ အင်းပါ (စိတ်မပါ့တပါနဲ့ သဘောတူကြောင်း ပြဖို့)
...... အော ၊ အင်း ၊ အဲ ၊ ကဲ ( စကားစပြန်ကောက် ၊ စကားလမ်းကြောင်းပြောင်း ၊ မသေချာဇဝေဇ၀ါဖြစ်ကြောင်းပြ ၊ စကားလက်စသတ် ) ဖို့တွေ
...... အဲလေယောင်လို့ (ဘွာခတ်ကြောင်းပြောဖို့) ... စသည်ဖြင့်
ရေးလို့တောင် မဆုံးနိုင်တဲ့ အာမေဋိတ် အသုံးတွေ အဘိဓါန်မှာ ရှိနေပါတယ် ။ အကုန်လုံး ဒီမှာ ပြန်ကူးရေးလျှင် ဖတ်ဖို့ပျင်းကုန်ကြပါလိမ့်မယ် ။ စာလုံး တစ်လုံးတည်းကနေ အမျိုးမျိုး ရနေတော့ ဘာသာပြန်ရတာဂွကျ နေတတ်တဲ့အတွက်လည်း ၀ါကျဆောက်နည်း စာအုပ်လေးထဲကနေ တွေ့တာလေးကိုပဲ တင်ဆက်လိုက်ပါတယ် ..
...
(1) Well ကို.. ဖြေဖို့ အဆင်မပြေတဲ့ မေးခွန်းတစ်ခုကို ယတိပြတ်မဖြေဘဲ အနည်းငယ် အချိန်ဆွဲကာ ဝေ့လည်ကြောင်ပတ်လုပ်ပြီး တုန့်ပြန်ဖို့ အတွက် သုံးနိုင်ပါတယ်
Well can be used to stall for a little time, often in response to a difficult or uncomfortable
comment. For example:
...
(1.1.a) I expect you in my office in an hour.
ခင်ဗျား ကျနော့်ရုံးခန်းကို နောက်တစ်နာရီမှာ လာစေချင်ပါတယ်
(1.1.b) Well, let me check my calendar.
အင်း .. ဟိုလေ.. ကျနော် ချိန်းဆိုလက်ခံထားတဲ့ အချိန်စာရင်းလေး ကြည့်လိုက်ပါဦးမယ်
...
(1.2.a) Can you answer my question?
ခင်ဗျား ကျနော့်မေးခွန်းကို ဖြေကြားပေးနိုင်မလား
(1.2.b) Well, let me think about that for a moment.
အဲ.. ဟိုဟာလေ .. အဲဒါနဲ့ပတ်သက်ပြီး ခဏတစ်ဖြုတ်လောက် စဉ်းစားပါရစေဦး
....................................................................................
(2) အံ့သြမှုကို ဖေါ်ပြတဲ့ ၀ါကျတစ်ခုကို စတင်ဖို့အတွက်လည်း သုံးပါတယ် ။ အာမေဋိတ် မပါဘဲ အံ့သြမှုကို ဖေါ်ပြနိုင်သလို well ပေါင်းထည့်ခြင်းဟာ အလေးပေးဖေါ်ပြမှု သဘောကို ဆောင်ပါတယ် ။
It also introduces a sentence that expresses surprise. Although surprise can be expressed
without the interjection, the addition of well provides emphasis.
.
(2.1) Well, I certainly didn’t expect to get a speeding ticket.
အလိုလေး.. အမြန်နှုန်းပိုမောင်းလို့ ချလံဖြတ်ခံရမှာကို လုံးဝ မမျှော်လင့်ခဲ့မိပါဘူးဗျာ
..........................................................................................
(3) စိတ်မရှည်မှုကိုလည်း ဖေါ်ပြနိုင်ပါတယ် .. well အာမေဋိတ် ပါတာနဲ့ မပါတာကို နှိင်းယှဉ်ကြည့်ပါ
In can also express impatience. Compare the following pairs of sentences:
.
(3.1.a) Are you ready?
အဆင်သင့် ဖြစ်ပြီလား
(3.1.b) Well, are you ready?
ဟာကွာ .. အဆင်သင့် ဖြစ်ပြီလားကွ
...............
(3.2.a) You’re going to be late again.
ထပ်ပြီး နောက်ကျတော့မယ်နော်
(3.2.b) Well, you’re going to be late again.
ကဲ...... ထပ်ပြီး နောက်ကျဦးတော့မှာပဲ
............................................................................
ဘယ်လိုသဘော ဖြစ်တယ်လို့ သိပြီးတာတောင်မှ မြန်မာစကားလုံး ကွက်တိဖြစ်ဖို့ စဉ်းစားရကျပ်ခဲ့ပါတယ် ။ အဲဒါ well ပါပဲဗျာ ..
......
ဝေါဟာရများ
...
interjection (interj) အာမေဋိတ်
stall (v) ယတိပြတ်မဖြေ ဝေ့လည်ကြောင်ပတ်လုပ်၍ အချိန်ဆွဲသည်
certainly (adv) ကြံကြံဖန်ဖန် ၊ ကြံကြီးစည်ရာ
.
Source: English Sentence Builder by Ed Swick
.
မေတ္တာဖြင့် heart emoticon

Like and as

Like and as
………………
ဒီစာလုံးလေးတွေက အသုံးများပါတယ် ၊ တူသလိုဖြစ်နေပေမယ့် ကွဲကွဲပြားပြားသိထားတော့ တိတိကျကျနဲ့ လွယ်လွယ်ကူကူ သုံးတတ်ပါလိမ့်မယ် ၊ မှတ်ရတာလည်း လွယ်ပါတယ် ၊ မြန်မာပြောစကားလေးတွေလိုပါပဲ အညှာသိဖို့လိုတယ် အထာသိဖို့လိုတယ်ပေါ့.. အညှာလေးကနေ ကိုင်ပြီး ဗဟုသုတတွေကို အလွယ်တကူ ခူးဆွတ်ရယူနိုင်ဖို့ ကျနော်က ရှာဖွေတင်ဆက်နေတာဖြစ်ပါတယ်
.
We can use “like” and “as” to say that things are similar.
Like နဲ့ as ကို တူညီတဲ့ အရာဝတ္ထုများအတွက် သုံးနိုင်ပါတယ်
……………..
(1) Like is a preposition, used before a noun or pronoun.
Like ဟာ ၀ိဘတ်တစ်ခုဖြစ်ပါတယ် ၊ နာမ်ပုဒ်တစ်ခု (သို့) နာမ်စား တစ်ခုရဲ့ရှေ့မှာ သုံးနိုင်ပါတယ်
.
(1.1) He runs LIKE the wind.
သူက လေလို (လျင်မြန်စွာ) ပြေးတယ်
(like နောက်မှာ the wind ဆိုတဲ့ noun တစ်ခုပဲပါတယ်)
.
(1.2) He looks LIKE me.
သူက ကျနော်နဲ့ တူတယ်
(like နောက်မှာ me ဆိုတဲ့ pronoun တစ်ခုပဲရှိတယ်)
……………..
(2) As is a conjunction, used before Subject+ verb or a prepositional expression.
As ကတော့ စကားဆက်ဖြစ်ပါတယ် ဒါကြောင့် Subject + verb ရှေ့မှာဖြစ်စေ ၊ ၀ိဘတ်နဲ့စတဲ့ ဖေါ်ပြချက်တစ်ခုရဲ့ ရှေ့မှာဖြစ်စေ သုံးနိုင်ပါတယ်
.
(2.1) Nobody knows her AS I do.
ကျနော်သိသလို ဘယ်သူမှ သူမ (အကြောင်း) ကို မသိပါဘူး
(as နောက်မှာ Sub+ Verb ဖြစ်တဲ့ I do ရှိနေပါတယ်)
.
(2.2) On Friday, AS on Monday, we meet at eight.
သောကြာနေ့မှာ တနင်္ဂနေ့ကလိုပဲ ကျနော်တို့ (၈) နာရီမှာ တွေ့ကြပါတယ်
(as နောက်က on Monday ဟာ prepositional expression လေးပါ)
……………………….
(3) We use “as” as a preposition before noun or pronoun to talk about the jobs, roles and functions of people and things.
As ကို proposition အဖြစ်နဲ့ noun သို့ pronoun ရှေ့မှာသုံးပြီး အလုပ် ၊ အခန်းကဏ္ဍ ၊ လူသို့မဟုတ် အရာဝတ္ထုတစ်ခုခုရဲ့ လုပ်ဆောင်မှု တို့ကို ဖေါ်ပြနိုင်ပါတယ်
.
(3.1) He works AS a writer. ( အလုပ်ကို ဖေါ်ပြတယ်)
သူက စာရေးဆရာ အဖြစ် လုပ်ကိုင်ပါတယ်
Don’t use your plate AS an ashtray. (အရာဝတ္ထုရဲ့ လုပ်ဆောင်မှု ကိုဖေါ်ပြတယ်)
ခင်ဗျားရဲ့ ပန်းကန်ကို ဆေးလိပ်ပြာခံခွက် အဖြစ် မသုံးပါနဲ့
……………..
(4) like နဲ့ as ကို preposition အဖြစ်သုံးတဲ့အခါ အဓိပ္ပါယ်ကွာခြားသွားပါတယ်..
Compare: ဒီနှစ်ခုကို နှိင်းယှဉ်ကြည့်ပါ
.
(4.1) As your brother, I must warn you.
မင့်အကိုအဖြစ်နဲ့ .. ငါမင့်ကို သတိပေးရမယ် (အကိုကနေ ညီကို ပြောတာ)
.
(4.2) Like your brother, I must warn you.
မင့်အကိုလိုပဲ.. ငါမင့်ကိုသတိပေးရမယ် (အပြင်လူကယောက်က ပြောတာ ၊ အကို..ကိုလည်း သတိပေးပြီးပြီ)
……………
မေတ္တာဖြင့် heart emoticon

Win Naing Oo‎

Due to သုံးဖို့

Due to သုံးဖို့
…………………
Due to က because of နဲ့ ဆင်တူပါတယ် ၊ အကြောင်းပြချက်ပေးဖို့သုံးပါတယ် ၊ due to ကို စကားစု (phrase) များ .. တစ်လုံးတည်းသောစကား( single word) များနဲ့ အတူသုံးစွဲနိုင်သော်လည်း ပုဒ်စု (clause) များနဲ့ အတူ မသုံးနိုင်ပါဘူး
"Due to" is very similar to "because of." It gives a reason for why something is true. You can use "due to" with phrases and single words, but you can't use "due to" with a clause.
.........................................................................
(1) Exp: DUE TO a broken wing, this bird can't fly.
ကျိုးသောအတောင်ပံတစ်ဖက် ကြောင့် ဒီငှက် မပျံသန်းနိုင်ပါ
(This sentence begins with "due to" and is followed by a noun and a comma. It explains why the bird can't fly.)
ငှက်ဟာ ဘာကြောင့် မပျံနိုင်သလဲဆိုတာကို အကြောင်းပြချက်ပေးပြီး ရှင်းပြပါတယ် ..
.............................................................
(2) Exp: This woman lost her job DUE TO the weak U.S. economy.
အမေရိကန် စီးပွားရေး အားနည်းမှုကြောင့် ဒီအမျိုးသမီးဟာ အလုပ်ပြုတ်ခဲ့ပါတယ်
(Social problems are often explained with the use of "due to”. >> လူမှုရေးပြဿနာတွေကို due to သုံးပြီး မကြာခဏ ရှင်းပြပါတယ် )
...............................................................
(3) Exp: Nausea and vomiting may occur due to overeating.
အစားလွန်ခြင်းကြောင့် မအီမသာဖြစ်ခြင်းနဲ့ အော့အံခြင်းတွေ ဖြစ်နိုင်ပါတယ်
(You may use gerunds after "due to." The word "overeating" in this example is a gerund. Gerunds are similar to nouns and end in "ing."
… due to နောက်မှာ V-ing လည်း လာနိုင်တယ်)
.....................................
(4) DUE TO rapid global warming, many polar bears are unable to adapt to a new environment and now they are starving to death.
အလျင်အမြန် ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုကြောင့် များစွာသော ပိုလာဝက်ဝံများဟာ ပတ်ဝန်းကျင်အသစ်နဲ့ နေသားကျမကျနိုင် ဖြစ်နေပါတယ် ပြီးတော့ သူတို့ဟာ သေလုမျောပါး ဆာလောင်ငတ်မွတ်နေကြပါတယ် ။
..........................
(5) Their marriage ended (due) in large part (to) a lack of communication.
သူတို့ရဲ့ လက်ထပ်မှုဟာ အဓိက အပိုင်းဖြစ်တဲ့ (တစ်ဦးနဲ့တစ်ဦး) ဆက်သွယ်ပြောဆိုမှုလျော့နည်းတဲ့အတွက် ကြောင့် ပြီးဆုံးခဲ့ပါတယ်
(Notice that "due to" is sometimes separable. Due နဲ့ to ဟာ ခွဲဖို့လိုလျင် ခွဲနိုင်ပါတယ် )
………………
မေတ္တာဖြင့်

မလေ့လာရသေးလျှင် မှားတယ်ထင်တတ်ကြတဲ့ နောက်တိုး zero conditional တစ်မျိုး

မလေ့လာရသေးလျှင် မှားတယ်ထင်တတ်ကြတဲ့ နောက်တိုး zero conditional တစ်မျိုး
.........................................................................................
ပထမဆုံး ကျနော်တို့ရင်းနှီးပြီးသား If pattern (3) မျိုးကို ဘယ်ကိစ္စတွေမှာသုံးသလဲ ပြန်ပြီး နွှေးကြရအောင်ပါ..form တွေက သိပြီးသားဖြစ်ပါလိမ့်မယ် ၊ ဘယ်အခြေအနေမှာ သုံးမယ်ဆိုတာ ဒါလေးတွေဖတ်ပြီး ခေါင်းထဲကို ပြန်ခေါ်လိုက်ပါ ။
.
(1) တကယ်ဖြစ်နိုင်တဲ့ အလားအလာရှိတဲ့ ကိစ္စမျိုးမှာ သုံးပါတယ် ။ လုံးဝ ဖြစ်ကိုဖြစ်မယ်လို့ မဆိုလိုပါဘူး ။
If.. Simple Present , will/shall + Infinitive ပုံစံ
..
If he GOES to London, he WILL MEET his sister.
သူလန်ဒန်သွားလျှင် သူ့ညီမကိုတွေ့ရမယ်
(တွေ့ဖို့အလားအလာရှိတယ် ၊ သိုသော် သေချာတွေ့မယ်လို့ မပြောနိုင်ဘူး)
................................................
(2) တကယ်ဖြစ်နိုင်စရာမရှိတဲ့ အလားအလာအတွက် သုံးပါတယ် ။ စိတ်ကူးယဉ် မှန်းဆချက်သာ ဖြစ်ပါတယ် ။
If.. Simple Past, would/should + Infinitive ပုံစံဖြစ်ပါတယ်
.
If I SAW him, I SHOULD SPEAK to him.
သူ့ကိုတွေ့လျှင်တော့ ကျနော်က စကားပြောမှာပါပဲ
(သူကိုတွေ့ဖို့က တကယ်ဖြစ်မနေဘူး စိတ်ကူးကြည့်ရုံမျှသာ ဖြစ်တယ်)
....................................................................
(3) တကယ်မဖြစ်ခဲ့တာကို တင်စာပြီး ပြောဖို့အတွက် သုံးပါတယ် ၊ လုံးဝ မဖြစ်နိုင်တဲ့ အနေအထားကို တင်စားတာပါ ။
If..Past Perfect, would/should have + Past Participle ပုံစံဖြစ်ပါတယ်
.
If I HAD KNOWN your arrival, I SHOULD HAVE MET you.
ခင်ဗျားရောက်နေမှန်းသာသိရလျှင် လာတွေ့မှာပေါ့ဗျာ
(ဒါပေမယ့် မသိလို့ မတွေ့ဖြစ်ခဲ့ဘူး)
..................................
အဲဒီမှာ If pattern -1 (First conditional) နဲ့ ခပ်ဆင်ဆင်တစ်ခု ရှိနေပါတယ် ။ နည်းနည်းလေးပဲကွာလို့ သေချာမှတ်ပေးပါ ။
..
(0) သူ့ကို Zero conditional လို့ခေါ်ပါတယ် ။ အခြေအနေတစ်ခုနဲ့ ကိုက်ညီလျှင် ရလဒ်ဟာ အမြဲမှန်တယ် ။ ဒီအခြေအနေဆို ဒီလိုဖြစ်ကိုဖြစ်တယ် ၊ ဒီလိုဖြစ်ရမယ် ..ဆိုတဲ့ပုံစံဖြစ်ပါတယ်
We use the so-called zero conditional when the result of the condition is always true.
.
ဥပမာ..
If babies ARE hungry, they CRY.
ကလေးလေးတွေဆာလျှင် ငိုကြတယ်
..
ဆာတိုင်းငိုတယ် ၊ ဆာနေပြီးတော့ မငိုပဲနေတာ မရှိဘူး ၊ ဒီအတိုင်းအမှန်ပဲ ဆိုတဲ့ သဘောဖြစ်တယ် ။
အဲဒီမှာ ကြည့်လျှင် will မပါဘူး ၊ will cry မဟုတ်ဘူး ။ will cry ဆို ငိုလိမ့်မယ်လို့ ဖြစ်နိုင်တာကို ခန့်မှန်းပြောတာဖြစ်တယ် ။ ဒီလိုမျိုး ၀ါကျကို if pattern သုံးခုရဲ့ ပုံစံ form တွေကို အသေရနေပြီးတော့ Zero conditional ကို မလေ့လာဖြစ်သေးတဲ့သူက will မပါလို့ မှားနေတယ်ဆိုပြီး ထင်တတ်ပါတယ် ။ သုံးစွဲပုံလေးကို အသေးစိတ် ထပ်ကြည့်ကြမယ် မဟုတ်လား
..
ပုံစံက
If.. Simple present , Simple Present ဖြစ်ပါတယ် ။
ယေဘူယျ အမှန်တရားတွေကို ပြောဖို့အတွက် သုံးပါတယ် ။ ဘာတွေပါသေးလဲ ထပ်ပြီး အသေးစိတ်တင်ပြပါမယ် ။
Note that we are not talking about a specific event but something which is generally true.
.......................................................................
(0.1) Rules
စည်းမျဉ်းစည်းကမ်းတွေကို ဖေါ်ပြဖို့ သုံးပါတယ်
If.. Simple present , Imperative ( အမိန့်ပေး ၊ မေတ္တာရပ်ခံ .. စသည့်ပုံစံ)
..........
(0.1.1) If you take your cell phone into class, it must be turned off.
စာသင်ခန်းထဲကို တယ်လီဖုန်းယူလာလျှင် ပိတ်ထားရမယ်
.
(0.1.2) If you drink alcohol, don’t drive.
အရက်သောက်လျှင် ကားမမောင်းပါနဲ့
.
(0.1.3) Do not use a calculator when you write the test.
အဖြေလွှာရေးနေချိန်မှာ ဂဏန်းတွက်စက် မသုံးရပါ
(zero conditional မှာ if အစား when ကို သုံးနိုင်ပါတယ် ၊ ကွာခြားချက် နည်းနည်းလေးပဲ ရှိပါတယ်)
...........................................................................
(0.2) Scientific Facts and General Truths
သိပ္ပံဆိုင်ရာအချက်အလက်များနဲ့ ယေဘူယျ အမှန်ရားများအတွက် သုံးပါတယ်
.
(0.2.1) If you heat water to 100 degrees Celsius, it boils.
ရေကို ၁၀၀ ဒီဂရီ ဆဲစီးယပ်ထိ အပူပေးလျှင် ဆူပွက်ပါတယ်
.
(0.2.2) If you drop something, it falls.
တစ်ခုခုကို လွှတ်ချလျှင် ကျသွားပါတယ်
.
(0.2.3) When you combine oil and water, they do not mix.
ရေနဲ့ဆီကို ပေါင်းစပ်လျှင် မရောပါဘူး
.................................................................................
(0.3) Cause and Effect
အကြောင်းနဲ့ အကျိုး ကိုဖေါ်ပြဖို့ သုံးပါတယ်
.
(0.3.1) If you push the button, the volume increases.
အဲဒီ ခလုတ်ကို နှိပ်လိုက်လျှင် အသံကျယ်မယ်
.
(0.3.2) If you close the door, it locks automatically.
တံခါးပိတ်လိုက်လျှင် အလိုလို သော့ခတ်ပြီးသားပဲ
.
(0.3.3) The computer turns off when you disconnect the battery.
ဘက်ထရီကိုဖြုတ်လိုက်လျှင် ကွန်ပြူတာက ရပ်သွားတယ်
......................................................................
(0.4) Routine
အလေ့အထ ဖြစ်နေတဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေအတွက် သုံးပါတယ်
...
(0.4.1) I wear my boots when I work.
ကျနော်အလုပ်လုပ်လျှင် လည်ရှည်ဘိနပ်စီးပါတယ်
.
(0.4.2) He uses glasses when he drives.
သူကားမောင်းလျှင် မျက်မှန်စွပ်ပါတယ်
.
(0.4.3) When I cook, I use olive oil.
ကျနော် ဟင်းချင်လျှင် သံလွင်ဆီ သုံးပါတယ်
........................................................................................................................
(0.5) Notice that 'unless' means the same as 'if not'.
If not နေရာမှာ unless ကိုလည်း သုံးနိုင်ပါတယ် ၊ not ပါပြီးသား သဘောဖြစ်နေလို့ ထပ်မထည့်ရတာကို သတိထားပြီး မှတ်ပေးပါ ။ un- ဟာ negative suffix ဖြစ်ပါတယ် ။ အခြားစာလုံးများမှာလည်း un- suffix ပါလျှင် အငြင်းဖြစ်ပြီးသားလို့ ယူဆရမှာဖြစ်ပါတယ် ။
..
(0.5.1) Unless he asks you politely, refuse to do any more work on the project.
သူက ခင်ဗျားကို ယဉ်ယဉ်ကျေးကျေး မတောင်းဆိုလျှင် စီမံချက်အတွက်အလုပ် ဆက်လုပ်ပေးဖို့ကို ငြင်းဆိုလိုက်ပါ
.
(0.5.2) Unless you need more space, a small car is big enough for one person.
အထဲမှာ ပိုပြီး နေရာကျယ်ကျယ် မလိုဘူးဆိုလျှင်တော့ လူတစ်ယောက်အတွက် ကားသေးသေးလေးက လုံလောက်အောင် ကြီးပါတယ်
............................................................................................................................
အခုဆက်လက်ပြီး ..တင်ဆက်မှာက informal သဘောဖြစ်သွားပါပြီ ၊ တိုးချဲ့သုံးလာကြတဲ့သဘောပါ ။ formal မဖြစ်သေးဘူးလို့ ဆိုနိုင်ပါတယ် ။ သို့သော် စည်းကမ်းကို ပါယ်သည်လည်းမဟုတ် အတိအကျ လိုက်နာသည်လည်းမဟုတ် သဘောသဘာဝ မလွတ်ရုံသာ ယူပြီးရေးတဲ့သဘောမို့ သဘောတရားကို သေချာသိသူများကတော့ အသုံးပြုနိုင်ပါလိမ့်မယ်။
....
(0.6) In the condition clause, we can use a variety of present forms. In the result clause, there can only be the present simple or imperative.
အအခြေအနေကိုပြတဲ့ condition clause နဲ့ result ကို ပြတဲ့ result clause နှစ်ခုမှာ ... Condition clause ဖက်မှာ Present Tense မျိုးစုံကို သုံးနိုင်ပြီး Result clause တစ်ဖက်မှာပဲ အမြဲဒီအဖြေရတယ် ဆိုတဲ့သဘောနဲ့ Simple Present Tense ကို သုံးတဲ့ပုံစံပါ ။
.
If + various Present Tenses, Simple Present ဖြစ်ပါတယ်
.................
(0.6.1) If unemployment IS RISING, people tend to stay in their present jobs. (Present continuous in condition clause)
အလုပ်လက်မဲ့အရေအတွက်က တက်လာနေလျှင်တော့ လူတွေက သူတို့ရဲ့ ရှိနေပြီးသားအလုပ်တွေမှာပဲ ဆက်လုပ်ဖို့ ဂရုစိုက်ကြလိမ့်မယ် (အလုပ်သစ်ရှာမှာ မဟုတ်ဘူး)
.
(0.6.2) If you HAVE DONE that, go and have a coffee. (Present Perfect)
ခင်ဗျား အဲဒါလုပ်ပြီးလျှင် ကော်ဖီသွားသောက်ပါ
.
(0.6.3) Unless you HAVE BEEN there yourself, you don't really understand how fantastic it is. (Present perfect)
ခင်ဗျား အဲဒီနေရာကို ကိုယ်တိုင် မရောက်သေးလျှင်တော့ ဘယ်လောက်ထူးဆန်းတယ်ဆိုတာ တကယ်နားလည်မှာ မဟုတ်ပါဘူး
...................................................................................................
ကဲ များသွားပြီလားဗျာ.. နောက်ဆုံးမှာဒါလေးတော့ ရအောင် မှတ်လိုက်ပါ
..
Zero conditional ကို Rule, Scientific fact, General truth, Cause and effect, Routine.. တွေအတွက်သုံးပါမယ် ။ အားလုံးမှာ general truth ရဲ့ သဘောလွှမ်းမိုးပါတယ် ။ Result clause သည် present ဖြစ်ရပါမယ် ။
........................................................................................................
Conditional clause တွေကို သူ့ပုံစံအတိုင်း မဟုတ်ဘဲ အကုန်ရောမွှေပစ်တာတွေ ရေးချင်သေးတယ် ။ ရှုပ်ထွေးကုန်မလား ဆိုတာလဲ တွေးမိနေပါတယ် .. ကျနော်ကိုယ်တိုင်လည်း ရှုပ်ထွေးနေဆဲပါ
..
မေတ္တာဖြင့် heart emoticon

Sleep နဲ့ Asleep သုံးစွဲပုံသေချာသိဖို့

Sleep နဲ့ Asleep သုံးစွဲပုံသေချာသိဖို့
...................................................
(1) 'sleep'
Sleep က noun အဖြစ် ..အိပ်စက်ခြင်း လို့ရော verb အဖြစ် အိပ်သည် ..လို့ရော နှစ်မျိုးရပါတယ်
Sleep can be a noun or a verb. Sleep is the natural state of rest in which you are unconscious with your eyes closed.
To sleep means to be in this state of rest.
...
(1.1) I must get some sleep - I'm exhausted. (noun)
ကျနော် ခြေကုန်လက်ပန်းကျနေတယ် နည်းနည်း အိပ်မှရမယ်
.
(1.2) I haven't been getting enough sleep recently. (noun)
ကျနော် အခုလောလောဆယ် အိပ်ရေး၀၀ မအိပ်ရသေးဘူး
.
(1.3) I had not slept for three days. (verb)
ကျနော် မအိပ်ခဲ့ရတာ သုံးရက်ရှိပါပြီ
...................................................................
(2) 'asleep'
asleep ကိုတော့ အိပ်ပျော်နေသော ..လို့ ယူနိုင်ပါတယ် ။ adjective ပါ ။ တစ်ယောက်ယောက်က အိပ်နေတဲ့ အနေအထားမှာ ရှိနေလျှင် sleeping ကိုသုံးနိုင်သော်လည်း asleep ကို သုံးတာက ပိုပြီးတော့ သုံးနေကျ ဖြစ်ပါတယ် ၊ အသုံးများပါတယ် ။
If someone is in this state, you can use the progressive form and say they are sleeping, but it is more common to say that they are asleep.
သူတို့ အိပ်ပျော်နေကြတယ် ..လို့ ပြောချင်လျှင်
(2.1) They are sleeping. လို့ သုံးနိုင်သော်လည်း
(2.2) They are asleep. က သုံးရိုးသုံးစဉ် ပိုကျပါတယ် (ပိုကောင်းပါတယ်)
...
သူအိပ်နေတယ် ၊ သူအိပ်ပျော်နေတယ် ဆိုတာမျိုးကို ..ဒီလိုမရေးပါနဲ့
Don't say, for example, 'He sleeps'.
.........
(2.3) She was asleep when we walked in.
ကျနော်ဝင်လာတဲ့အချိန်တုန်းက သူမအိပ်ပျော်နေခဲ့ပါတယ်
..........................................................................
(3) ဘယ်လောက်ကြာကြာအိပ်တယ် ၊ ဘယ်နေရာမှာအိပ်တယ် ၊ ဘယ်လို အိပ်တယ် ..စသည်ဖြင့် ပြောချင်လျှင်တော့ sleep ကိုသုံးပါ ။ how long, where, usually how မှတ်လိုက်ပါ ။
To say how long someone was in this state, or to talk about where or how someone usually sleeps, use sleep rather than asleep.
..
(3.1) He slept for almost ten hours.
သူအိပ်တာ ဆယ်နာရီနီးပါးရှိပါပြီ (ကြာချိန်)
.
(3.2) Where does the baby sleep?
ကလေးလေးက ဘယ်နေရာမှာ အိပ်တာလဲ (နေရာ)
.
(3.3) I sleep late on Saturdays.
ကျနော်က စနေညတွေ(စနေညတိုင်း) မှာ နောက်ကျပြီး အိပ်လေ့ရှိပါတယ် (ဘယ်လိုအကျင့်)
...............................................................
(4) Be Careful! သတိထားပါ
..
asleep ကို verb ရဲ့နောက်မှာပဲသုံးပါတယ် ၊ V-be တွေဟာလည်း verb အုပ်စုထဲမှာ ပါတယ်လို့ သိထားပါ verb ဆိုလျှင် main verb တွေပဲ စိတ်ထဲမှာပေါ်လာတတ်လို့ သတိပေးခြင်းဖြစ်ပါတယ် ၊ asleep သည် adjective ဆိုသော်လည်း noun ရဲ့ရှေ့မှာ မသုံးပါဘူး ။
Asleep is only used after a verb. Don't use it in front of a noun.
..
ဒီလိုမသုံးပါနဲ့ ..
Don't, for example, say 'an asleep child'. Instead use sleeping.
child က noun ဖြစ်နေတော့ asleep မသုံးပဲ sleeping ပဲ သုံးရပါမယ်
....
(4.1) She is carrying a sleeping baby.
သူမက အိပ်နေတဲ့ကလေးလေးကို ချီထားပါတယ်
.................................................................................
(5) asleep က adjective ဆိုတော့ grammar စည်းမျဉ်းအရဆို adv တစ်ခုရှေ့ကနေထည့်လို့ရ..ရပါမယ် ။ သို့သော်လည်း စာလုံးတချို့ကိုသာ လက်ခံပါတယ် ။
Don't say that someone is 'very asleep' or 'completely asleep'. Instead say that they are sound asleep or fast asleep.
very asleep, completely asleep မရပါဘူး
sound asleep, fast asleep ..ရပါတယ်
..
(5.1) The baby is still sound asleep.
ကလေးလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပါ
..
(5.2) He was fast asleep.
သူ စိတ်ချလက်ချ အိပ်ပျော်သွားတယ်
(fast ကို လျှင်မြန်သော ဆိုတဲ့ အဓိပ္ပါယ် မယူပဲနဲ့ secure, sound, deep ဆိုတဲ့ အဓိပ္ပါယ် ယူရမှာဖြစ်ပါတယ် ၊ သေချာရှာကြည့်ပြီးတဲ့အခါကျမှ fast asleep အတွဲက sound sleep, tight sleep တို့နဲ့ ဆင်တူပဲဆိုတာကို တွေ့ရပါတယ် )
....................................................................................
(6) 'go to sleep'
နိုးနေရာကနေ အိပ်ပျော်သွားတဲ့သဘော ..အခြေအနေပြောင်းသွားလျှင် go to sleep ကို သုံးရပါမယ်
When someone changes from being awake to being asleep, you say that they go to sleep.
..
(6.1) Both the children had gone to sleep.
ကလေးနှစ်ယောက်လုံး အိပ်ပျော်သွားခဲ့ကြပြီ (စောစောက ဆော့နေတာကနေ အခြေအနေပြောင်းပြီး အိပ်သွားတာကိုပေါ်လွင်စေချင်တာ)
.
(6.2) Go to sleep and stop worrying about it.
အဲဒီအတွက် စိတ်ပူနေတာရပ်ပြီး အိပ်လိုက်ပါ (စိတ်ပူလို့ အိပ်မရဖြစ်နေတာကနေ အိပ်ပြီး အခြေအနေ ပြောင်းသွားစေချင်တာ)
..............................................................................................
(7) 'fall asleep'
မမျှော်လင့်ပဲ ရုတ်တရက် အိပ်ပျော်သွားတယ် ဆိုလျှင်တော့ fall asleep ကို သုံးပါ
When someone goes to sleep suddenly or unexpectedly, you say that they fall asleep.
.
(7.1) The moment my head touched the pillow I fell asleep.
ကျနော့်ခေါင်းနဲ့ခေါင်းအုံး ထိသွားတဲ့ အခိုက်အတန့်မှာပဲ အိပ်ပျော်သွားခဲ့ပါတယ်
.
(7.2) Mike fell asleep watching TV.
မိုက်က TV ကြည့်နေရင်းကနေ အိပ်ပျော်သွားခဲ့ပါတယ်
.......................................................................
(8) 'get to sleep'
ခက်ခက်ခဲခဲ ကြိုးစားပြီး အိပ်ပျော်သွားလျှင်တော့ get to sleep ကိုသုံးပါ
When someone goes to sleep with difficulty, for example because of noise or worries, you say that they get to sleep.
..
(8.1) Could you turn that radio down – I'm trying to get to sleep.
ရေဒီယိုကို အသံလျှော့ပေးပါလား ၊ ကျနော် အိပ်ဖို့ ကြိုးစားနေလို့ပါ
.
(8.2) I didn't get to sleep until four in the morning.
မနက်လေးနာရီအထိ ကျနော် အိပ်လို့မရခဲ့ပါဘူး
..................................................................................
(9) 'go back to sleep'
အိပ်နေတာကနေနိုးလာပြီး ပြန်အိပ်တာကိုတော့ go back to sleep ကို သုံးပါ
When someone goes to sleep again after being woken up, you say that they go back to sleep.
..
(9.1) Go back to sleep, it's only five a.m.
ပြန်အိပ်ပါ ၊ ငါးနာရီပဲ ရှိပါသေးတယ်
............................................................................................
(10) 'send someone to sleep'
အိပ်ချင်စေတယ် ၊ အိပ်ချင်စိတ်ဖြစ်စေတယ် ..ဆိုလျှင် send (someone) to sleep ကိုသုံးပါ ။ someone နေရာမှာ Object ပုံစံဖြစ်တဲ့ me, him, her, them စတာတွေကို သုံးရမှာဖြစ်ပါတယ်
If something causes you to sleep, you say that it sends you to sleep.
..
I brought him a hot drink, hoping it would send him to sleep.
သူ့ကို အိပ်စေချင်လို့ ကျနော်သူ့ကို သောက်စရာပူပူလေးတစ်ခွက် ၀ယ်ပေးခဲ့ပါတယ်
.
I tried to read the books but they sent me to sleep.
ကျနော် စာအုပ်တွေကို ဖတ်ဖို့ကြိုးစားခဲ့ပေမယ့် အဲဒါတွေက ကျနော်ကို အိပ်ချင်စေပါတယ်
......................................
ကဲ အားလုံး မဟုတ်သော်လည်း အတော်လေးစုံသွားပြီလို့ထင်မိပါတယ် ။ သတိထားရမယ့် အချက်လေးတွေက တွေ့ရနည်းတတ်လို့ သေချာမှတ်စေချင်ပါတယ် ..
.
မေတ္တာဖြင့် heart emoticon

Like

Like
...............
(1) Like can mean similar to.
...............
Pattern: be, look, seem + like + noun
...............
She is like her sister.
They don't look like their mother.
......................................
(2) Like can indicate similar behavior.
.. ..................................................................................................
Pattern: verb + like + noun
...........................
He talks like his father.
She swims like a duck.
Common verbs before like:
act, behave, play, sing, talk, walk
...................................................................................................
(3) Like can describe excessive behavior.
..............................................................
Pattern 1: verb + noun + like + abstract noun
..............................................................
She spends money like water.
Nouns commonly used with this meaning:
anything, fun, water
..................................................................................
Pattern 2: verb + noun + like + adjective
He dances like crazy.
She works like mad.
........................................................................................ ...............
(4) Like can indicate an example.
..........................................
Pattern: noun + like + noun
.............................................
They grow root vegetables, like beets, carrots, radishes, and turnips.
...................................................................................................
( 5) Like can mean characteristic of.
...............................................................
Pattern: be + like + noun + to + verb
It's not like you to complain.
.............................................................
မေတ္တာဖြင့် heart emoticon

Time Prepositions

Time Prepositions
...........................
BEFORE AFTER
—previous to a time
Ten o'clock is before eleven o'clock.
..
—subsequent to a time
Three o'clock is after two o'clock.
..............
DURING THROUGH, THROUGHOUT
—for part of a period
He slept during the day. (He slept from two P.M. until four P.M.)
..
—for an entire period, and after
He slept through the day. (He slept from 9 A.M. until 9 P.M.
..
—at the same time as another event
She slept during the football game. He slept throughout the day.
.........................
AT AROUND, AT ABOUT BY
—at an approximate time
We will leave at around six.
We will get there at about seven.
..
—no later than a time
We have to be there by seven-fifteen.
..
by the time—when
By the time you get here, we will have left.
...........................
TO, OF TOWARDS
—minutes before the hour
It's ten to four.
It's ten of four.
..
—nearing a period of time
It was towards evening when she called.
...............................
BETWEEN WITHIN
—after a time, and before another time
They will arrive between five and six.
..
—between now and a length of time
They will be here within ten minutes.
................................
BEYOND, PAST UNTIL
—after a time
Our guests stayed beyond midnight.
Our guests stayed past midnight.
..
—up to, but not after a time
The party will last until ten.
..........................
FOR SINCE
—during a length of time
They have been here for a week.
..
—between a past time and now
They have been here since last Thursday.
................................
IN ON
in time—not too late for an event
Try to get here in time to help me. on time
..
—at the required time
He is punctual; he always arrives on time.
..
on the dot—at the exact minute
Be here at ten o'clock on the dot.
..
—a century, decade, year, season, month
He lived in the sixteenth century.
That singer was popular in the eighties.
We came here in the fall.
..
—a day, days, a date, dates
She is coming on Monday.
She doesn't work on Tuesdays.
I heard that singer on my birthday.
...........................

With metta heart emoticon

Uses of the bare infinitive မူရင်းကြိယာ သုံးစွဲရသော ပုံစံများ

Uses of the bare infinitive
မူရင်းကြိယာ သုံးစွဲရသော ပုံစံများ
.......................................
(1) Can, could, shall, should, will, would, may, might, must, do, does, did စတဲ့ အကူကြိယာတွေနောက်မှာ ကြိယာရဲ့မူလပုံစံ (bare infinitive (or) base form) လိုက်ပါတယ်
The infinitive without the marker to (bare-infinitive) is used after the some auxiliaries ..
...
(1.1) I shall INVITE them.
ကျနော်သူတို့ကို ဖိတ်ကြားပါမယ်
(1.2) We must GO now.
အခု ကျနော်တို့ သွားရပါမယ်
(1.3) He can SPEAK English.
သူက အင်္ဂလိပ်စကား ပြောနိုင်ပါတယ်
.....................................................
(2) make, let စတဲ့ verb တွေကိုတော့ Verb + Object + Bare infinitive ပုံစံသုံးပါတယ် ..
The infinitive is used without to after the verbs ‘make’ and ‘let’, with the pattern ..
Verb + Object + Bare infinitive
.
(2.1) You made me LOVE you.
ခင်ဗျားက ကျနော်ခင်ဗျားကို ချစ်လာအောင် လုပ်ခဲ့တယ်
(2.2) Don't make me STUDY that boring grammar book!
အဲဒီ ပျင်းဖို့ကောင်းတဲ့သဒ္ဒါစာအုပ်ကို ကျနော့်ကို မလေ့လာခိုင်းပါနဲ့
(2.3) Let him GO.
သူကို သွားပါစေ ခွင့်ပြုလိုက်ပါ
(2.4) Her parents let her STAY out late.
သူမရဲ့မိဘတွေက သူမကို အပြင်မှာ နောက်ကျသည်ထိနေဖို့ ခွင့်ပြုထားတယ်
..
(2.B) make ကို passive voice မှာသုံးလျှင်တော့ to ပါတဲ့ to infinitive ဖြစ်ရပါမယ်
NOTICE that the 'to-infinitive'is used when 'make' is in the passive voice:
.
I am made TO SWEEP the floor every day.
ကျမကို ကြမ်းပြင်ကို နေ့တိုင်း တံမျက်စည်း လှည်းစေခဲ့ပါတယ်
.............................................................
(3) see, hear, feel တို့ကဲ့သို့သော သိမြင်ခံစားနားလည်မှုနှင့်ဆိုင်တဲ့ကြိယာများနဲ့ bid, help စတဲ့ ကြိယာတချို့ကို Verb + Object + Zero infinitive ပုံစံနဲ့သုံးပါတယ်
The infinitive is used without to after verbs of perception and some verbs like bid, watch, see,feel, help and hear, with the pattern ..
Verb + Object + Zero infinitive (bare infinitive နဲ့အတူတူပဲ.. သိအောင်လို့)
.
(3.1) I bade him COME.
သူလာဖို့ ကျနော်တိုက်တွန်းပြောကြားခဲ့ပါတယ်
(3.2) We heard her SING.
သူမသီချင်းဆိုတာကို ကျနော်တို့ ကြားခဲ့ပါတယ်
(3.3) I watched them PLAY.
သူတို့ကစားတာကို ကျနော်စောင့်ကြည့်ခဲ့ပါတယ်
(3.4) She felt the spider CRAWL up her leg.
ပင့်ကူတစ်ကောင်က သူမရဲ့ခြေထောက်ပါ် တွားသွားတက်လာတယ်လို့ ခံစားရပါတယ်
(3.5) I helped her FIND her book.
သူမစာအုပ်ရှာတာကို ကျနော်ကူညီခဲ့ပါတယ်
.......................................................
(4) would rather, had better တို့နောက်မှာလည်း bare infinitive လိုက်ပါတယ်
The infinitive is used without to after would rather and had better.
.
(4.1) We would rather eat dinner before the movie.
ကျနော်တို့က ရုပ်ရှင်မကြည်ခင် ညစာစားတာကို ပိုကြိုက်တယ် ၊ ပိုလုပ်ဖြစ်တယ်
(4.2) You had better consult a doctor.
ခင်ဗျား ဆရာဝန်နဲ့ ပြသင့်တယ်
......................................................
(5) exect တို့ but တို့နောက်မှာလည်း သုံးပါတယ်
After some prepositions like except and but.
..
(5.1) She did nothing except cry.
သူမ ငိုတာကလွဲလို့ ဘာမှမလုပ်ခဲ့ပါဘူး
(5.2) She can do everything but cook.
ချက်ပြုတ်တာကလွဲလို့ သူမအကုန်လုပ်တတ်ပါတယ်
..............................................
မေတ္တာဖြင့် heart emoticon

email နှင့် ecommerce ကဲ့သို့သော e-စကားလုံးများ၏ မှန်ကန်သောစာလုံးပေါင်းက ဘာပါလဲ။

email နှင့် ecommerce ကဲ့သို့သော e-စကားလုံးများ၏ မှန်ကန်သောစာလုံးပေါင်းက ဘာပါလဲ။
တိတိကျကျ မှန်ကန်ဖို့ဆိုလျှင် ဒီစကားလုံးတွေကို ကြားမှ တုံးတို (hyphen) ခံရေးသင့်ပါတယ်။ e သည် electronic ဆိုတဲ့ စကားလုံး၏ အတိုကောက်ဖြစ်တဲ့အတွက် e-mail၊ e-commerce ဟု ရေးသင့်ပါတယ်။ စကားလုံးတွေရဲ့ အလယ်မှာခံတဲ့ တုံးတိုတွေရဲ့ သဘာဝအတိုင်း အချိန်ကြာလာတာနှင့်အမျှ ၄င်းတုံးတိုက ပျောက်သွားနိုင်ပါတယ်။ Oxford English Dictionary (Oxford : Clarendon Press, 1888-1928) ထဲမှာတော့ email ကို နာမ်အဖြစ်ဖော်ပြပြီး e-mail ကိုတော့ ကြိယာအဖြစ် သတ်မှတ်ထားပါတယ်။ ဒီအသုံးအနှုန်းကို ၁၉၈၂ ခုနှစ်မှာ နာမ်အဖြစ် ပထမဦးဆုံးမှတ်တမ်းတင်ခဲ့ပြီး၊ ၁၉၈၇ ကျတော့ ကြိယာအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ အဘိဓာန်အများစုကတော့ E-mail ကို ပိုနှစ်သက် ကြပါတယ်။ အကြောင်းကတော့ A-bomb, C-section နှင့် G-string ကဲ့သို့သော စကားလုံးများနှင့် နှိုင်းယှဉ်၍ မှန်ကန်ကြောင်း ပြနိုင်သောကြောင့် ဖြစ်ပါတယ်။

"Road" နှင့် "Street" ကြား ဘာခြားနားပါသလဲ။

"Road" နှင့် "Street" ကြား ဘာခြားနားပါသလဲ။
"Road" ဆိုတာကတော့ ပုံမှန်အားဖြင့် ပို၍ ဝေးကွာတဲ့နေရာ နှစ်နေရာကြားရှိ လမ်းကြောင်းဖြစ်ပါတယ်။ Street ကတော့ မြို့ကြီး (City)၊ မြို့(town) သို့မဟုတ် ရွာထဲမှာ ခင်းထားသောလမ်း (သို့) လမ်းမကြီးဖြစ်ပါတယ်။ အထူးသဖြင့် ဘေး၌ အိမ်များ၊ ဆိုင်များ (သို့) တခြားအဆောက်အဦများ စီတန်းလျက်ရှိနေသော လမ်းဖြစ်ပါတယ်။ Street တစ်ခုမှာ ဒီအရာတွေ မရှိပါက ၄င်းကို road လို့ ခေါ်နိုင်ပါတယ်- ဆိုတာကို သွယ်ဝိုက်၍ ပြောနေတာဖြစ်ပါတယ်။ မြို့တစ်မြို့တိုးချဲ့လာတာနဲ့အမျှ တစ်ခါတရံကျတော့ ယခင်က road ဖြစ်ခဲ့တဲ့ လမ်းက street ဖြစ်သွားနိုင်ပါတယ်။ Road ဆိုတဲ့ စကားလုံးကတော့ ယေဘုယျကျပြီး street အတွက်လည်း အသုံးပြုနိုင်ပါတယ်။ Street ကတော့ ပိုပြီး ကျဉ်းမြောင်းတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ အောက်ပါဥပမာတွေကိုလေ့လာကြည့်ပါ။
- Yangon Pyay Road
- Insein Road
- Mahabandola Garden Street
- Latha Street

Axe နှင့် ax ကြားဘာခြားနားပါသလဲ။

Axe နှင့် ax ကြားဘာခြားနားပါသလဲ။
ခြားနားချက်မရှိပါ။ ပေါက်ခြင်း၊ ခုတ်ပိုင်းခြင်းအတွက် အသုံးပြုသော ကြီးမားလေးလံသော ကိရိယာ (ပုဆိန်) အတွက် စာလုံးပေါင်းမူကွဲတွေသာ ဖြစ်ပါ တယ်။ "Ax"ကိုတော့ ခေတ်သစ်အမေရိကန်အင်္ဂလိပ်စကားက ပို၍ နှစ်သက်သော ပုံစံဖြစ်ပါတယ်။ ထိုစကားလုံးများသည် လက်တင်ဘာသာ မှ "ascia" နှင့် ဂရိဘာသာမှ "axine" ဆိုတဲ့ စကားလုံးတို့မှ ဆင်းသက်လာခြင်း ဖြစ်ပါတယ်။ အများကိန်း (plural)ကတော့ "axes" ဖြစ်ပါတယ်။
မူရင်း ။ ။ မသိသာသောခြားနားချက်များ (British Council)

How to write Myanmar names in English နာမည်ရေးနည်း

How to write Myanmar names in English နာမည်ရေးနည်း
မြန်မာဗျည်းသက်သက်(၃၂) လုံး
က = K ခ = Kh K = ခ ဂ,ဃ = G င = Ng
စ,ဆ = S ဇ,စ် = Z ည = Ny
ဋ,တ = T ထ,ဌ = Ht ထ,႒ = T ဒ,ဓ,ဍ, ဎ = D န,ဏ = N
ပ = P ဖ = Ph ဗ,ဘ = B မ = M
ယ = Y ရ = R လ,ဠ = L ၀ = W သ = Th ဟ = H

ဗျည်းတွဲ(၆)မျိုး
၁။ ဗျည်းတစ်လုံးနောက်မှ Y ဆက်ပေးလျှင် “ယပင့်” “ရရစ်” ဖြစ်၏။
ပုံစံ။ ။ Ky= က် ,ၾက Py=ပ် ,ျပ By=ဗ် ,ျဗ Gy=ဂ် Phy=ဖ် ,ျဖ My=မ ် ,ျမ
၂။ ဗျည်းတစ်လုံးနောက်မှ W ဆက်ပေးလျှင် “၀ဆွဲ” ဖြစ်၏။
ပုံစံ။ ။ Kw=ကွ Khw=ခွ Gw=ဂွ Sw=စွ,ဆွ Zw=ဇွ ,ဈွ Lw=လွ Ngw=ငွ Dw=ဒွ
၃။ဗျည်းတစ်လုံးရှေ့မှ H ထား၍ရေးလျှင် “ဟထိုး”ဖြစ်၏။
ပုံစံ။ ။ Hng=ငှ Hny=ညှ Hn=နှ,ဏှ Hm=မှ
၎။ဗျည်းတစ်လုံးနောက်မှ Y,W ဆက်ပေးလျှင် “ ယပင့် ၀ဆွဲ” “ရရစ် ၀ဆွဲ” ဖြစ်၏။
ပုံစံ။ ။ Kyw= ကျွ , ကြွ Pyw= ပျွ ,ပြွ Myw= မျွ , မြွ
၅ ။ ဗျည်းရှေ့က H နှင့် ဗျည်းနောက်က Y ဆက်ပေးလျှင် “ယပင့်ဟထိုး” “ရရစ်ဟထိုး” ဖြစ်၏။
ပုံစံ။ ။ Hmy=မျှ , မြှ Hly=လျှ
၆။ဗျည်းရှေ့က H နှင့် ဗျည်းနောက်က W ဆက်ပေးလျှင် “ဟထိုးဝဆွဲ” ဖြစ်၏။
ပုံစံ။ ။ Hnw=နွှ Hlw=လွှ Hmw=မွှ
ကာရန်သရများ
a=အ , အာ, အား i = အိ, အီ , အီး u= ဥ, ဦ, ဦး
(ar=အာ, အား) (ee= အီ, အီး) (oo= ဦ ,ဦး)
e = အေ ,အေ့ , အေး e = အဲ , အဲ့ , အယ်
(ay-aye= အေ ,အေ့ , အေး) (ai = အဲ , အဲ့ , အယ်)
aw =အော့ ,အော် , အော an =အံ , အံ့
အက္ခရာအသတ်များ
et= က် in= င့် it =စ် i , ee = ည် int = င့် an = န် , မ် ai ( e ) = ယ် at = တ် , ပ် ant = န် , မ့်
သရနှင့်အသတ်များ
eik = -ိ တ် -ိပ် ( လုံးတင်တသတ် လုံးတင် ပသတ်)
ein = -ိန် -ိမ် ( လုံးတင်နသတ် လုံးတင်မသတ်)
ok(oke)= -ုတ် , -ုပ် (ချောင်းငင်တသတ် ,ချောင်းငင်ပသတ်)
ont(one , ohn frown emoticon -ုန် , -ုမ် (ချောင်းငင်နသတ် ,ချောင်းငင်မသတ်)
auk=ေ-ါက်(သဝေထိုးရေးချကသတ်)
aung=ေ-ါင် (သဝေထိုးရေးချငသတ်)
aik= -ိုက်(လုံးတင်ချောင်းငင်ကသတ်)
aine , (ine)= -ိုင် (လုံးတင်ချေင်းငင်ငသတ်)
o , ( oe , oh frown emoticon -ို (လုံးတင်ချောင်းငင်)
ဗျည်း - ဗျည်းတွဲ နှင့် သရပေါင်းပုံနမူနာ
Ka = က ကာ ကား Ki = ကိ ကီ ကီး Ku= ကု ကူ ကူး
Ke =ကေ ကေ့ ကေး Ke,=Kai ကဲ ကဲ့ Kaw = ကော့ ကော် ကော
Kan =ကံ ကံ့ (Kant = ကံ့ ) Kya = ကျ ကျာ ကျား Kyi = ကျိ ကျီ ကျီး
Kyu = ကျု ကျူ ကျူး Kye = ကျေ့ ကျေ ကျေး Kye,(Kyai) = ကျဲ ကျဲ့ 
Kyaw= ကျော ကျော့ ကျော် Kyan= ကျံ ကျံ့ (Kyant =ကျံ့) Kwa = ကွ ကွာ ကွား
Kwai= ကြိ ကြီ ကြီး Kwe =ကွေ့ ကွေ ကွေး Kwe ,( Kwai )=ကွဲ , ကွဲ့
Kun=ကွံ , ကွံ့ (Kwan ဟုမရေးရ)
ဗျည်းနှင့် အသတ်ပေါင်းပုံနမူနာ
Ket = ကတ် Kin = ကင့် ကင် ကင်း ( Kint = ကင့် ) Kit = ကစ်
Ki (Kee)= ကည် ကည့် ကည်း Kat =ကတ် ကပ် Kan =ကန့် ကန် ကန်း , ကမ့် ကမ် ကမ်း
K (Kant= ကန့် ကမ် ) Kai,(Ke)=ကယ် ကယ့် Kyet = ကြက်
Kyin= ကြင် ကြင့် ကြင်း (Kyint) =ကြင့် Kyit =ကြစ်
Kyi , (Kyee) = ကြည့် ကြည် ကြည်း Kyat =ကြတ် ကြပ်
Kyan = ကြန် ကြန့် ကြန်း ၊ ကြမ် ကြမ့် ကြမ်း K (Kyant) = ကြန့် ကြမ့်
Kyai , (Key) = ကြယ် ကြယ့်
ဗျည်းနှင့်သရအသတ်ပေါင်းပုံနမူနာ
Keik =ကိတ် ၊ ကိပ် Kein = ကိန် ကိန့် ကိန်း , ကိမ် ကိမ့် ကိမ်း Keint =ကိန့် ကိမ်
KoK , (Koke) = ကုတ် ကုပ် Kon , (Kone , Kohn ) = ကုန် ကုန့်ကုန်း ၊ ကုမ် ကုမ့် ကုမ်း
Kont = ကုန့် , ကုမ့် Kauk= ကောက် Kaung= ကောင် ကောင့် ကောင်း
Kaik= ကိုက် Kaing , ( Kine ) = ကိုင် ကိုင့် ကိုင်း Ko ,( Koe ) =ကို ကို့ ကိုး
Kyeik= ကြိတ် ကြိပ် Kyein = ကြိန် ကြိန့် ကြိန်း, ကြိမ် ကြိမ့် ကြိမ်း ၊ (Kyeint =ကြိန့် ကြိမ့်)၊
Kyok , (Kyoke)= ကြုတ်၊ ကြုပ် Kyon , (Kyone , Kyohn) = ကြုန် ကြုန့် ကြုန်း , ကြုမ် ကြုမ့်ကြုမ်း
(Kyont= ကြုန့် ကြုမ်) ၊ Kyaik= ကြိုက် ၊ Kyaing (Kyine) = ကြိုင် ကြိုင့် ကြိုင်း ၊ Kyo ( Kyoe ) = ကြို ကြို့ ကြိုး ။
မှတ်ရန် ။ ။ (က)ချ ၊ ခြ ကို Khy ဖြင့် မရေးရ ၊ Ch ဖြင့်ရေးရမည်။
(ခ) ယှ ၊ ရှ ကို Hy , hr ဖြင့် မရေးရ ၊ Sh ဖြင့်ရေးရမည်။
(ဂ) ၀ဆွဲ နသတ် အတွက် un ကိုသုံးရမည်။ “ထွန်း” ကို Tun ဟုရေးရမည်။Twan ဟုမရေးရ။
(ဃ) ၀ဆွဲတသတ်ကို ut ဖြင့်ရေးရပည်။ “ထွတ်” ကို Kut ဟုရေးရမည်။ Twat ဟုမရေးရ။
(င) ထ = Ht အစား T တစ်လုံးတည်းဖြင့် လည်း ရေးကြသည်။ ဖ= Ph အစား P တစ်လုံးတည်း ဖြင့် လည်းရေးကြသည်။ ဥပမာ - မောင်ထင် = Mg Tin ။ ဦးဖေ = U Pe စသည်ဖြင့်ရေးသားကြသည်။ ခ = Kh အစား K တစ်လုံး တည်း ရေးသားကြသည်။ ဥပမာ - Ma Kin =မခင်။
အထူးမှတ်ရန်။ ။
မြန်မာဘာသာတွင် စာရေး အမှန် ၊ စာဖတ်အသံ ဟုဆိုသည့်အတိုင်း ရေးသောအခါ သတ်ပုံ မှန်အောင်ရေး၍ ဖတ်သောအခါ အသံကို အများ ဖတ်နေကျအသံအတိုင်း ဖတ်ကြရသည်။
ဥပမာ။ ။
ညောင်လေးပင် ကို ညောင်လေးဘင်ဟုဖတ်၍
ရေကျော် ကို ရေဂျော် ဟုဖတ်၏။
မန္တလေး ကို မန်းဒလေး ဟုဖတ်၏။
ကြားတောရလမ်း ကို ဂျားတောရလမ်း ဟုဖတ်၏။
သို့ရာတွင် အထက်ပါနာမည်များကို အင်္ဂလိပ် ဘာသာဖြင့် ရေး သား သောအခါသတ်ပုံအမှန်ကိုမကြည့် ဘဲအသံထွက် အတိုင်း (၀ါ) ဖတ်သည့် ပြောသည့် အသံအတိုင်း လိုက်၍ ရေးရကြောင်း အထူးသတိပြု ရပေမည်။
ဥပမာ။ ။
ညောင်လေးပင် = Nyaunglebin
ရေဂျော် =Yegyaw
မန္တလေး =Mandalay
ကြားတောရလမ်း = Gyatawya Street
စသည်ဖြင့်သတ်ပုံမလိုက်ဘဲအသံကိုလိုက်၍ရေးရလေသည်။
မြန်မာနာမည်ရေးနည်း
၁။ မြန်မာလူနာမည်များကိုရေးရာ၌အသံထွက်စာလုံးတိုင်းကို Capital Letter ခေါ် စာလုံးကြီးဖြင့်စ၍ရေး ရမည်။စာလုံးပေါင်းတစ်ခုနှင့်တစ်ခု ဆက်မရေးရ။
ပုံစံ။ ။ Maung Thaung Lwin =မောင်သောင်းလွင်
Ma Tin Yee = မတင်ရီ
U Aye Maung = ဦးအေးမောင်
Daw Mya Kyi = ဒေါ်မြကြည်
Khin Soe Myint = ခင်စိုးမြင့်
Ma Than Hlaing = မသန်းလှိုင်
၂။ ဘုန်းကြီး သီလရှင်တို့ ဘွဲ့နာမည်များတွင် ရှေ့ဆုံး အက္ခရာတစ်လုံးကိုသာ စာလုံးကြီးဖြင့်ရေး၍ တဆက်တည်း စာလုံးပေါင်းရမည်။( လူကဲ့သို့ တစ်လုံးချင်းမရေးရ ၊ မှားတတ်သည်။)
ပုံစံ။ ။Ashin Thumana =အရှင်သုမန
U Khemeinda = ဦးခေမိန္ဒ
ဆရာတော် ဦးဉာဏ ။ (Ven U Nyana ကို Venerable - ဗင်း- န်ရ်ဘဲလ် ဟုပြောရဖတ်ရသည်။ ရိုသေလေးစားသောအားဖြင့် ဘုန်းကြီးဘွဲ့ရှေ့တွင် ထားရေးကြသည်။
U Khemeinda =ဦးခေမိန္ဒ
Shin Thawbana=ရှင်သောဘဏ
Koyin Zawana=ကိုရင်ဇ၀န
Daw Thilasari=ဒေါ်သီလစာရီ
Ma Nyanawadi=မဉာဏ၀တီ
Ma Kinsana=မကဉ္စန
Ma Kulawadi=မကုလ၀တီ
Daw Nyanasagi=ဒေါ်ဉာဏစာဂီ
၃။ ရာထူးအလုပ်အကိုင်တို့ကို နာမည်ရှေ့က ထည့်၍ ခေါ်ဝေါ်ရေးသားသောအခါ ၄င်းရာထူးအလုပ်အကိုင်၏ အစဆုံးအက္ခရာတစ်လုံးကိုသာ စာလုံးကြီးဖြင့်ရေးရ၍တဆက်တည်းစာလုံးပေါင်းရသည်။
ပုံစံ။ ။ ဆရာမ Sayama Ma Tin Yee =မတင်ရီ
Sayagyi U Aye Maung = ဆရာကြီးဦးအေးမောင်
Saya U Kyaw Tint= ဆရာဦးကျော်တင့်
Bogyoke Aung San=ဗိုလ်ချုပ်အောင်ဆန်း
Yebaw Kyaw Win= ရဲဘော်ကျော်ဝင်း
Sayadaw U Zawtika= ဆရာတော်ဦးဇောတိက
Phongyi U Khemeinda= ဘုန်းကြီးဦးခေမိန္ဒ
Ubazin U Nyana=ဦးပဉ္စင်းဦးဉာဏ
Koyin Shin Kethara= ကိုရင်ရှင်ကေသရ
Sayagyi Daw Thilasri = ဆရာကြီးဒေါ်သီလစာရီ
Syalay Daw Nyanawadi=ဆရာလေး ဒေါ် ဉာဏ၀တီ
၎။မြို့ ရွာ လမ်း အဆောက်အအုံ၏ အမည်များတွင် အစဆုံးအက္ခရာတစ်လုံးကိုသာ စာလုံးကြီးဖြင့်ရေး၍ တဆက်တည်းစာလုံးပေါင်းရသည်။အသံထွက်အတိုင်းစာလုံးပေါင်းရသည်။
ပုံစံ။ ။ Pyuntaza = ပြွန်တန်ဆာ
Nyaunglebin= ညောင်လေးပင်
Bago= ပဲခူး
Yedashe= ရေတာရှည်
Kanyutkwin= ကညွတ်ကွင်း
Mandalay= မန္တလေး
Seikpyangyi Village= ဆိတ်ပြန်ကြီးရွာ
Lay- ein Zu Village= လေးအိမ်စုရွာ
Ngabyema Village=ငါးပြေမရွာ
Payangazu Street=ဘုရားငါးဆူလမ်း
Theinpyu Street=သိမ်ဖြူလမ်း
Gyatawya Street =ကြားတောရလမ်း
Shwedagon Pagoda=ရွှေတိဂုံဘုရား
Sulay Pagoda= ဆူးလေဘုရား
Seindaungpyan= စိန်ဒေါင်းပျံ(သင်္ဘော)
Aungteza= အောင်တေဇ(သင်္ဘော)
၅။ အဓိပ္ပါယ်ရှိသည့် နာမ်ပုဒ်များကို စုပေါင်း၍မှည့်ခေါ်ထားသော အဆောက်အအုံ ၊ အသင်း ၊ရုံး ၊ ရာထူး အမည် များတွင် နာမ်ပုဒ် တိုင်း ကို စာလုံးကြီး ဖြင့် စရေးရမည်။
ပုံစံ ။ ။ Bahan State High School =ဗဟန်းအစိုးရအထက်တန်းကျောင်း။
World Peace Pagoda= ကမ္ဘာအေးဘုရား
Union Bank of Myanmar=ပြည်ထောင်စုဘဏ်တိုက်
National Housing Board= ပြည်သူ့အိုးအိမ်အဖွဲ့
Buddhist Scholar Society=ဗုဒ္ဓ၀ါဒသုတေသနအဖွဲ့
Head Master=ကျောင်းအုပ်ဆရာကြီး
Member of Parliament = ပါလီမန်အမတ်
Deputy Commissioner = အရေးပိုင်
General Secretary = အကျိုးဆောင်ချုပ်
Prime Minister =၀န်ကြီးချုပ်
ရုံးကိစ္စလျှောက်လွှာများတွင် လူနာမည် ၊ မြို့ ရွာအမည်များ ကို ပုံနှိပ် စာလုံးကြီး သက်သက်ဖြင့် သာရေးသားကြလေသည်။လျှောက်လွှာများ၌( In Block Letters ) စာလုံးကြီးဖြင့်ရေးပါဟု အထူးမှာ ထားတတ်ကြသည်။
ပုံစံ ။ ။ MAUNG WIN MAUNG =မောင်ဝင်းမောင်
MA MYA THAUNG = မမြသောင်း
MAUNG SEIN WIN = မောင်စိန်ဝင်း
MA TIN YEE= မတင်ရီ
MANDALAY= မန္တလေး
YANGON= ရန်ကုန်
KYUAKSE = ကျောက်ဆည်
THAZI =သာစည်
Reference : New Method English Grammar By Ashin Thumana( B . A)

Natural numbers ဂဏန်းရေးနည်း

Natural numbers ဂဏန်းရေးနည်း
• 100 = One hundred = တရာ
• 1,000 (103) = One thousand = တထောင်
• 10,000 (104) = Ten Thousand = ဆယ်ထောင်
• 100,000 (105) = One hundred thousand = တရာထောင်
• 1,000,000 (106) = One million = တစ်သန်း
• 10,000,000 (107) = Ten million = ဆယ်သန်း
• 1,000,000,000 (109) = One billion တစ်ဘီလီယံ (သန်း ၁,ဝဝဝ)
• 1,000,000,000,000 (1012) = One trillion တစ်ထရီလိယန် (ဘီလီယံ ၁,ဝဝဝ)

ဂဏန်းရေးနည်းစည်းမျဉ်းမှာ (,) ကော်မာကို ထောင်ဂဏန်းကစပြီးသုံးတယ်။ ကော်မာကိုမှန်အောင်ထားရင် ဖတ်ရတာ တန်းသိမယ်။ ဆယ်ထောင်၊ တရာထောင်၊ တသန်း (တထောင်ထောင်)။
သောင်း၊ သိန်းနဲ့ ကုဋ္ဋေကို နိုင်ငံအတော်များများမှာမသုံးပါ။
• 10,000 ကို Ten Thousand = ဆယ်ထောင်လို့သာရေးတယ်။ သောင်းလို့ မြန်မာပြည်မှာသာခေါ်တယ်။
• 100,000 ကို One hundred thousand = တရာထောင်လို့သာရေးတယ်။ သိန်းလို့မြန်မာပြည်မှာသာခေါ်တယ်။ One Lakh (Lac) လို့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာပြည်မှာသာ သုံးတယ်။
• 10,000,000 ကို ဆယ်သန်းလို့သာခေါ်တယ် Crore (ကုဋ္ဋေ) လို့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာပြည်မှာသာ သုံးတယ်။
• 1,500 တထောင့်ငါးရာကို အိန္ဒိယမှာ One thousand five hundred လို့မရေးပဲ၊ Fifteen hundred လို့ရေးတယ်။ အိန္ဒိယမှာနေရတုံးက ချက်လက်မှတ်ရေးရတာ အတော်ဂွကျတယ်။
• စက္ကန့်ပေါင်း ၁ သန်း = ၁၂ ရက်။
• စက္ကန့်ပေါင်း ၁ ဘီလီယန် = ၃၁ ရက်။
• စက္ကန့်ပေါင်း ၁ ထရီလီယန် = ၃၁,၆၈၈ နှစ်။
• မိနစ်ပေါင်း ၁ သန်း = ၁ နှစ်၊ ၃၂၉ ရက်၊ ၁ဝ နာရီ၊ ၄ဝ မိနစ်။
• မြန်မာပြည်သီပေါမင်းပါတော်မူတဲ့ ၁၈၈၅ ခုနှစ်ဟာ လွန်ခဲ့တဲ့ နာရီပေါင်း ၁ သန်းကဖြစ်ပါတယ်။
credit to ဒေါက်တာတင့်ဆွေ

Friday, 28 August 2015

ဟိုတယ်မှာ ပြောတဲ့ စကားပြော ( At a Hotel )

ဟိုတယ်မှာ ပြောတဲ့ စကားပြော ( At a Hotel )
==============================
ဒီစကားပြောခန်းကို လေ့လာထားရင် ကိုယ်တိုင် ဟိုတယ် တစ်ခုခုမှာ
English လို ပြောဆိုဆက်ဆံရတဲ့အခါ
အထောက်အကူ တစ်ခု ဖြစ်မှာပါဗျာ ။ smile emoticon
A: I wonder whether you have any vacancies for tonight .
ဒီည အခန်းအား ရှိလား သိချင်ပါတယ်ဗျာ ။
B: Yes, I can offer you Room 24 on the first floor.
ဟုတ်ကဲ့ ။ ပထမထပ် က အခန်း ၂၄ ကို ပေးနိုင်ပါတယ်ဗျာ ။
A: How much is it ?
ဘယ်လောက် ကျသလဲဗျ ။
B: $27.50 a night excluding service .
ဝန်ဆောင်မှု မပါဘဲ တစ်ညကို ၂၇.၅၀ ဒေါ်လာ ကျပါတယ် ဗျာ ။
A: Can I see it, please ?
ကျေးဇူးပြုပြီးတော့ တစ်ချက်လောက် ကြည့်လို့ ရမလားဗျ ။
B: Certainly, Would you take a seat for a moment?
ရပါတယ်ဗျာ ။ ခဏ လောက် ထိုင်ပါဦးလား ။

Notes
=====
I wonder = သိလိုပါတယ်
( မေးခွန်းပုံစံ စာကြောင်း တည်ဆောက်ပုံ သုံးစရာမလိုဘဲ
သွယ်ဝိုက်ပြီး မေးလိုက်ပြီးသား ဖြစ်သွားစေတဲ့ အသုံး အနှုန်းပါ )
Offer = ပေးသည် ၊ ဝန်ဆောင် ပေးသည် ။
excluding (something ) = တစ်စုံတစ်ခုကို ဖယ်ချန်၍ / တစ်စုံတစ်ခု မပါဘဲ
Certainly = သေချာတာပေါ့ ၊ သိပ် ရတာပေါ့ ဗျာ ။ ( Yes အစားထိုး သုံးနိုင်ပါတယ် ဗျာ )
take a seat = ထိုင်ပါဗျာ ( sit အစားထိုး သုံးလိုက်တာပါ )
for a moment = ခဏလောက် ( ခဏလောက် ကြာအောင် )
( for a minute လိုမျိုး အသုံးအနှုန်းပါပဲ ။ )
English ကနေ မြန်မာဘာသာ ကို ကူးပြောင်းတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေဟာ
ယခုလေ့လာနေတဲ့ Situation ( ဝန်းကျင် အနေအထား ) အတွက်ကို
အဓိက ရည်ရွယ်ပြန်ဆိုပေးထားတာ ဖြစ်ပါတယ် ။
ပြောချင်တာက အဓိပ္ပါယ် အသေကြီး လိုက်မမှတ်ထားဖို့ပါ ။
ဝန်းကျင် အနေအထား မတူတဲ့အခါ ၊
ရှေ့ နောက် စကားတွဲတွေ မတူတဲ့အခါ
အဓိပ္ပါယ် အပြောင်းအလဲတွေ ရှိနိုင်ပါတယ်
Ref : Longman

အစားအစာကို အခြေခံထားသော ဓလေ့သုံးစကားများ (Food Idioms)

အစားအစာကို အခြေခံထားသော ဓလေ့သုံးစကားများ (Food Idioms)
----------------------------------------------------
Posted by Soe Soe Win on August 18, 2014 at 11:24 in
အစားအစာကို အခြေခံထားသော ဓလေ့သုံးစကား အမြောက်အများကို ကြည့်ခြင်းအားဖြင့် ကမ္ဘာအနှံ့က လူတွေဟာ အစားအစာအပေါ်မှာ ဘယ်လောက်တောင် စိတ်ဝင်စား အလေးထားနေကြသလဲဆိုတာ ထင်ရှားလှပါတယ်။ ဒီဆောင်းပါးမှာတော့ အစားအစာများအပေါ် အခြေခံထားတဲ့ ဓလေ့ သုံးစကား (၁၀) ခုကို ဖော်ပြထားပါတယ်။
1. Apples and oranges (ပန်းသီးနှင့်လိမ္မော်သီးများ) - ပင်ကိုယ်အားဖြင့် ခြားနားသောအရာနှစ်ခု (သို့) သဟဇာတမဖြစ် သော အရာနှစ်ခု။
e.g. To compare The Chronicles of Narnia to the Twilight series is to compare apples to oranges (The Chronicles of Narnia ကို Twilight ဇာတ်လမ်းတွဲတွေနဲ့ နှိုင်းယှဉ်တာဟာ ပန်းသီးကို လိမ္မော်သီးနဲ့ နှိုင်းယှဉ် သလိုပဲ။)
2. Bad apple (ပုပ်နေသော ပန်းသီး) - တခြားသူတွေပေါ် မကောင်းသော (သို့) အကျင့်ပျက်စေသော သြဇာလွှမ်းမိုးမှုရှိခြင်း၊ ဒုက္ခပေးသော (သို့) စက်ဆုပ်ဖွယ်ကောင်း သော သူ
e.g "One official of a national motorcycle organization argued that a few bad apples shouldn't be allowed to ruin all mortorcyclists reputation…" (အကျင့်ပျက်တဲ့သူအနည်းငယ်ကြောင့် မော်တော်ဆိုင်ကယ်သမားအားလုံးရဲ့ ဂုဏ်သတင်းကို မပျက်စီးစေသင့်ပါဘူး" လို့ အမျိုးသားမော်တော်ဆိုင်ကယ်အဖွဲ့အစည်းတစ်ခုရဲ့ အရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။)
မြန်မာ စကားပုံမှာလည်း "ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တယ်" ဆိုပြီး ရှိတယ်လေ။
3. Bring home the bacon (၀က်ဆားနယ်ခြောက်ကို အိမ်ယူခဲ့ခြင်း။) - မိသားစု စားဝတ်နေရေးအတွက် ငွေရှာခြင်း
အမေရိကန်အသုံးအနှုန်းမှာတော့ "to bring home the bacon" ဟူသော စကားအသုံးအနှုန်းသည် "မိသားစုအတွက် ၀င်ငွေရှာခြင်း" (to earn a living for a household) လို့ အဓိပ္ပါယ်ရပါတယ်။ ဒီအသုံးအနှုန်းဟာ Dunmow Flitch ဆိုတဲ့ ရိုးရာပုံပြင်က အစပြုလာတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
"A flitch of bacon" ဆိုတာ ကတော့ ဆားနယ်ပြီး အခြောက်လှန်းထားတဲ့ ၀က်ဆားနယ်ခြောက်ထူထူတစ်ပြားကို ခေါ်ခြင်းဖြစ်ပါတယ်။ Essex ပြည်နယ်မှာရှိတဲ့ Dunmow မြို့ကို အလည်လာတဲ့ အိမ်ထောင်သည်တွေထဲက ချွန်နေတဲ့ ကျောက်တုံးတွေပေါ်မှာ ဒူးထောက်ပြီး လွန်ခဲ့တဲ့ (၁၂) လအတွင်း မိမိရဲ့ အိမ်ထောင်ဖက်နှင့် တစ်ခါမှ ရန်မဖြစ်ဖူးကြောင်း (သို့) အိမ်ထောင်ပြုခဲ့တာကို တစ်ခါမှ နောင်တမရခဲ့ဖူးကြောင်းကို ကျိန်တွယ်ပြီး ပြောနိုင်သောသူဟာ ၀က်ဆားနယ် ခြောက် ထူထူတစ်ပြားကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့ ဒီအသုံးအနှုန်းဟာ ကျေးလက်ပွဲဈေးတွေ (county fair) မှာ ပြုလုပ်တဲ့ အမဲဆီလိမ်းဝက်ပြိုင်ပွဲ (greased pig contests) တွေကနေ ဆင်းသက်လာခြင်းပဲဖြစ်ပါတယ်။ ၀က်ကို ဖမ်းနိုင်တဲ့ပြိုင်ပွဲဝင်သည် ၀က်ဆားနယ်ခြောက်ကို အိမ်သယ်သွားခဲ့ပါတယ်။
e.g. If Jo's going to be at home looking after the kids, someone needs to bring home the bacon. (Jo က အိမ်မှာ ကလေးထိန်းရမယ်ဆိုရင် မိသားစု စာဝတ်နေရေးအတွက် ငွေရှာဖို့ လူတစ်ယောက်တော့ လိုလိမ့်မယ်။)
4. Chew the fat (အဆီကို ၀ါး) - အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီး အငြင်းပွားခြင်း (အငြင်းပွားသူတွေရဲ့ ပါးစပ်လှုပ်ရှားမှုသည် အရွတ်ကို ၀ါးနေသကဲ့သို့ အားရပါးရ လှုပ်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။)
ဗြိတိသျှစကားအသုံးအနှုန်းမှာတော့ "chew the fat" နှင့် "chew the rag" (အ၀တ်စုတ်ကိုဝါး) ဆိုတဲ့ အသုံးအနှုန်း (၂)ခုစလုံးရဲ့ အဓိပ္ပါယ်ကတော့ အငြင်းပွားသည် (သို့) ညည်းညူသည်ပဲ ဖြစ်ပါတယ်။ အမေရိကန်အသုံး အနှုန်းမှာတော့ ၄င်း၏ အဓိပ္ပါယ်ကတော့ "ရင်းနှီးစွာ စကားစမြည်ပြောနေသည်" (to engage in friendly conversation) ပဲဖြစ်ပါတယ်။
e.g. We spent the evening watching the TV and chewing the fat. (ငါတို့တွေ ညနေက တီဗွီကြည့်ပြီး စကားပြောရင်း အချိန်ကုန်သွားတယ်။)
5. Cream puff (မလိုင်ဌာပနာပါသောကြွပ်ရွသည့်မှုန့်) - cream puff ရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ "အထဲမှာ မလိုင်အဆာသွတ်ထားတဲ့ ဖောင်းကြွပြီး ကြွပ်ရွနေတဲ့ နူးညံ့တဲ့ အဆာသွတ်မုန့်မွမွလေးပဲဖြစ်ပါတယ်။
ဗြိတိသျှအသုံးအနှုန်းမှာတော့ "effeminate person" (မိန်းမဆန်သောသူ) လို့ အဓိပ္ပါယ်ရပြီး အမေရိကန်အသုံးအနှုန်းမှာတော့ "အခြေအနေအထူးကောင်းမွန်နေသေးသော တစ်ပတ်ရစ်ကား" လို့ အဓိပ္ပါယ်ရပါတယ်။
e.g. We'll never win with a bunch of cream puffs on our team! (မိန်းမဆန်တဲ့ လူတွေ ငါတို့ အသင်းထဲမှာ ရှိနေသရွေ့ ငါတို့ ပြိုင်ပွဲမှာ အနိုင်ရမှာမဟုတ်ဘူး။)
6. A cup of tea (လက်ဖက်ရည်တစ်ခွက်) - လူတစ်ဦးတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်နှင့် ကိုက်ညီသော တစ်စုံတစ်ခု
ဒီအသုံးအနှုန်းကို အပြုသဘောဆောင်သော အခြေအနေနှင့် အပျက်သဘောဆောင်သော အခြေအနေ (၂) မျိုးစလုံးတွင် အသုံးပြုပါတယ်။
e.g "A Mozart concert? Just my cup of tea!" (မိုးဇတ်ရဲ့ ဂီတပွဲ? ငါ့အကြိုက်ပဲ။)
"A ball game? Sorry, football is not my cup of tea" (ဘောလုံးပွဲ? စိတ်မကောင်းပါဘူး။ ဘောလုံးပွဲကို ကျွန်တော် မကြိုက်ဖူး)
7. A pretty / fine kettle of fish (ဒုက္ခလှလှရောက်ခြင်း) - အနေခက်သော အရေးကိစ္စ၊ ကမောက်ကမ အခြေအနေ (သို့) ရောထွေးမှု
e.g. That's a fine kettle of fish - the car won't start and I have to leave in five minutes. (ငါတော့ ဒုက္ခလှလှနဲ့ တွေ့ပြီ။ ကားက စက်လုံးဝ နှိုးလို့မရတဲ့အပြင် ငါကလည်း နောက် ၅ မိနစ် ဆိုသွားမှ ဖြစ်မှာ။)
ဒါနဲ့ဆင်တဲ့ "a different kettle of fish" (သို့) "another kettle of fish" လို့သုံးထားရင်တော့ "လုံးဝကို တခြားအရာပဲ" "လားလားမှမတူသည့်အရာ" လို့ အဓိပ္ပါယ် ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ မတူတာသတိချပ်ပါ။
e.g. Your website needs to be a whole different kettle of fish. (ခင်ဗျားရဲ့ website က လုံးဝ မတူညီတဲ့ အခြားအရာဖြစ်သင့်တယ်။)
8. A lemon (သံပုရာသီး) - ဆိုးသော (သို့) မလိုလားအပ်သော တစ်စုံတစ်ရာ
မျှော်မှန်းချက်နှင့် မကိုက်ညီသော ဘယ်အရာကိုမဆို a lemon (သံပုရာသီး) လို့ ခေါ်နိုင်ပါတယ်။
e.g . Her first husband was a lemon. (သူ့ပထမယောက်ျားက အသုံးမကျတဲ့လူတစ်ယောက်ဖြစ်တယ်။)
အများအားဖြင့်တော့ ဒီအသုံးအနှုန်းကို စ၀ယ်ကတည်းက ပြဿနာအမျိုးစုံရှိနေတဲ့ မော်တော်ကားအတွက် အသုံးပြုသော အသုံးအနှုန်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ အချို့ပြည်နယ်တွေမှာဆို "lemon laws" တွေရှိပါတယ်။ ဒီဥပဒေက ၀ယ်ယူတွေကို အဆင့်မမီသော ကားများ ၀ယ်ယူခြင်းမှ ကာကွယ်ပေးပါတယ်။ ၁၉၇၅ ခုနှစ်က ထုတ်ပြန်ခဲ့သော Federal Lemon Law သည် ပြည်နယ်အားလုံးမှ မြို့သားအားလုံးကို ကာကွယ်ပေးပါတယ်။
9. Full of beans (ပဲအပြည့်) - စွမ်းအားနှင့် တက်ကြွသော စိတ်ဓာတ်အပြည့်
e.g. Hollins is still full of beans as he settles at Crawly Town (ခရော်လီမြို့မှာ အခြေချနေသော ဟော်လင်း(စ်)သည် စွမ်းအားနှင့်တက်ကြွတဲ့ စိတ်ဓာတ်အပြည့်ရှိ နေတုန်းပါပဲ။)
မြန်မာလို ပဲများတယ် (အလှကြိုက်တယ်) ဆိုတာနဲ့ဆင်သလိုရှိပေမဲ့ မတူတာကိုဂရုပြုပါ။
10. Hot potato (ဗြဟ္မာဦးခေါင်း) - (အထူးဂရုတစိုက် ကိုင်တွယ်ဖြေရှင်းရမည်၊ သိမ်မွေ့နက်နဲ သော အခြေအနေ)
e.g. The racial discrimination issue is a political hot potato. (လူမျိုးရေး ခွဲခြားဆက်ဆံခြင်းသည် ဖြေရှင်းရန် ခက်သော နိုင်ငံရေး ကိစ္စတစ်ရပ်ပင်ဖြစ်သည်။)
Idiom တွေကိုနေ့တိုင်းနဲနဲသုံးကြည့်မယ်ဆိုရင် မှတ်မိပြီးနောင်ပြန်သုံးနိုင်မှာဖြစ်ပါတယ်။ ပြန်မသုံးရင်တော့ ပြန်မေ့သွားမှာသေချာပါတယ်။ အောက်က comment ထဲမှာ ခုပြောပြတဲ့ idiom တွေကိုသုံးပြီး ဝါကျတွေ ကျင့်ရေးကြည့်ပါလား။
Dailywritingtips.com မှ Maeve Maddox ၏ Food Idioms ကို ကိုးကားဘာသာပြန်ထားတာ ဖြစ်ပါတယ်။
မူရင်းလင့်>>>> အစားအစာကို အခြေခံထားသော ဓလေ့သုံးစကားများ (Food Idioms) - Myanmar Network http://www.myanmar-network.net/forum/topics/food-idioms…

မသန်စွမ်းမှုရှိနေသောသူများကို အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုဖော်ပြရန် နည်းလမ်းများ

မသန်စွမ်းမှုရှိနေသောသူများကို အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုဖော်ပြရန် နည်းလမ်းများ
------------------------------------------------
Posted by Soe Soe Win on April 25, 2014 at 11:23
မသန်စွမ်းဖြစ်နေတဲ့ သူတွေ (သို့) နာတာရှည် မကျန်းမမာဖြစ်နေတဲ့သူတွေကို ရည်ညွှန်းခေါ်ဝေါ်တဲ့ အခါ အဓိကအချက်ကတော့ တခြားသူတွေရဲ့ ခံစားချက်ကို စာနာတတ်ဖို့ပါပဲ။
The Two Extremes (အစွန်းနှစ်ဖက်)
အချိန်တွေလည်း ပြောင်းကုန်ပါပြီ။ အခုအခါမှာ "Hey, I saw a deaf and dumb cripple today" (ဟေး ဒီနေ့ ငါ ကန်းပြီးနားပင်းနေတဲ့ မသန်စွမ်းလူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။) ဆိုတဲ့ အပြောမျိုးကို ဘယ်လိုနည်းနဲ့မှ လက်မခံတော့ပါဘူး။ အဲဒီလိုပြောခြင်းဟာ အလွန်စော်ကားရိုင်းစိုင်းရာ ရောက်ပါတယ်။ သင့်အနေနဲ့ တခြားသူကို စော်ကားလိုစိတ်ရှိတဲ့ ဇာတ်ကောင်အကြောင်းဇာတ်လမ်းအရရေးနေတာ မဟုတ်ဘူးဆိုရင်တော့ crippled (မသန်စွမ်းသော)၊ mute (ဆွံ့အသော)၊ deaf-mute (ဆွံ့အနားမကြားသူ)နဲ့ deaf and dumb (နားမကြားပြီး ဆွံ့အသော) ဆိုတဲ့ စကားလုံးတွေကို သင့်ဝေါဟာရစာရင်းကနေ ဖယ်ရှားပစ်ဖို့ လိုပါတယ်။
ဒါပေမဲ့လည်း တချို့လူတွေက ရောဂါ (diseases) နဲ့ အခြေအနေ (conditions) တွေနဲ့ ပတ်သက်လို့ ပြောဆိုတဲ့အခါ ကြားရတဲ့သူ သက်သာစေဖို့ရာ စကားလုံးအနုအလှတွေကို တီထွင်ကြပါတယ်။ ဒါပေမဲ့လည်း "differently abled" (မတူညီသော စွမ်းဆောင်မှုရှိသော) နဲ့ "handicapable" (ချို့တဲ့မှုရှိသော) တို့ဟာ နှိမ်တဲ့ သဘောရှိတယ်လို့ ယူဆကြပါတယ်။ ၄င်းနဲ့ပတ်သက်လို့ အလွန်တရာ သဘောကောင်း ပြဖို့လည်း မလို အပ်ပါဘူး။
The Middle Road (အလယ်အလတ်လမ်း)
ဒါဆိုရင် လမ်းမလျှောက်နိုင်တဲ့သူတွေ၊ နားမကြားတဲ့သူတွေဟာ သူတို့ကို ဘယ်လို ရည်ညွှန်းစေချင် တာပါလဲ?။ ယခုအခါမှာ အများက ပိုနှစ်သက်တာကတော့ disability (မသန်စွမ်းဖြစ်မှု) နဲ့ disabled (မသန်စွမ်းဖြစ်သော) တို့ပဲ ဖြစ်ပါတယ်။ ၄င်းစကားလုံးတွေကို handicap နဲ့ handicapped ဆိုတဲ့ စကားလုံးတွေ အစား အသုံးပြုတာဖြစ်ပါတယ်။ အခုအခါမှာ တစ်စုံတစ်ယောက်ကို "handicapped" လို့ ခေါ်ဝေါ်တာကို ခွင့်မပြု တော့ပါဘူး။ ဒါပေမဲ့ ၄င်းကို "handicapped parking" ကဲ့သို့သော ရိုးရိုးအသုံးအနှုန်းအနေနဲ့တော့ အသုံး ပြုနိုင်ပါတယ်။
မသန်စွမ်းသော သူတစ်ယောက်ယောက်ကို မဖြစ်မနေ ရည်ညွှန်းရတော့မယ်ဆိုရင်တော့ "He is disabled" (သို့) "He is a disabled person" လို့ပြောတာထက် "He is a person with disabilities" က ပိုမို ကောင်းမွန်ပါတယ်။ "A person with cerebral palsy" (ဦးနှောက်ချွတ်ယွင်းမှုကြောင့် ကိုယ်အင်္ဂါအချို့ မလှုပ်ရှားနိုင်သော ရောဂါရှိသူ) ဆိုတဲ့ စကားအသုံးအနှုန်းဟာ တစ်မျိုးကြီးဖြစ်ပေမဲ့လည်း ဒီမသန်စွမ်းဖြစ်နေသူ များနှင့် သူတို့ကို ပြုစုစောင့်ရှောက်ပေးသော အဖွဲ့အစည်းများက ဒီစကားရပ်ကို နှစ်သက်တဲ့အတွက် သူတို့ရဲ့ ဆန္ဒကို လေးစားသောအားဖြင့် အထက်ပါအတိုင်းပဲ ပြောကြပါတယ်။
ယခုအခါမှာ လူ့အဖွဲ့အစည်းဟာ လူသားအားလုံးအပေါ် ပိုပြီး စာနာတတ်လာတဲ့အတွက် ကျွန်ုပ်တို့အနေ နဲ့ မသန်စွမ်းမှုနှင့်ဆိုင်သော ကျင့်ဝတ် (disability etiquette) ကို လိုက်နာကျင့်သုံးဖို့လိုအပ်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် The United Spinal Association ကြီးဟာ အမျိုးစုံသော ချွတ်ယွင်းချက်ရှိတဲ့ သူတွေအပေါ် ဘယ်လို စာနာရမယ်ဆိုတဲ့အကြောင်းကို PDF ၃၆ မျက်နှာ နဲ့ online မှာ ဖော်ပြထားပါတယ်။ ဒီအဖွဲ့အစည်းက ကျွန်ုပ်တို့ကို ဒီမသန်စွမ်းတဲ့သူတွေဟာ မိဘတွေ၊ အလုပ်အကိုင်တွေ၊ ၀ါသနာတွေ၊ အကြိုက်တွေ၊ မကြိုက်တာ တွေ၊ ပြဿနာတွေနဲ့ ပျော်ရွှင်မှုတွေရှိကြတဲ့ လူသားတွေပါပဲဆိုတာ သတိပေးနေပါတယ်။ သူတို့ရဲ့ မသန်စွမ်းမှုဟာ သူတို့နဲ့ တစ်သားတည်းဖြစ်နေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပေမဲ့လည်း ဒီတစ်ခုတည်းအပေါ် ကြည့်ပြီး သူတို့ဟာ ဘယ်လိုလူဆိုတာကို မသတ်မှတ်ပါဘူး။ သူတို့ကို မသန်စွမ်းလူစွမ်းကောင်း(သို့) မသန်စွမ်း သားကောင်အဖြစ်ကို မရောက်ပါစေနဲ့။ သူတို့ကို သာမန်လူသားတစ်ယောက်အနေနဲ့ပဲ ဆက်ဆံပါ။
Specific Conditions (တိကျတဲ့ အခြေအနေများ)
သင့်အနေဖြင့် အမြင်၊ အကြား၊ လှုပ်ရှားမှုပြဿနာများ (သို့) ရောဂါတိတိကျကျရှိတဲ့သူတွေကို ဘယ်လို ခေါ်မလဲဆိုပြီး စဉ်းစားကောင်း စဉ်းစားနေနိုင်ပါတယ်။ တစ်စုံတစ်ယောက်ကို "blind" လို့ ရည်ညွှန်းတာ လက်ခံ ကြပေမဲ့ "a blind person" လို့ပြောတာထက် "a person who is blind" လို့ ပြောတာက ပိုကောင်းပါတယ်။ ဒါပေမဲ့ "The American Council of the Blind" တွေကဲ့သို့သော မသန်စွမ်းတဲ့ သူတွေကို ပြုစုစောင့်ရှောက် တဲ့ အဖွဲ့တွေမှာတော့ ခေတ်ဟောင်းရဲ့ ပုံရိပ်တွေကို ထင်ဟပ်စေတဲ့ အခေါ်အဝေါ်တွေ ရှိနေတုန်းပါပဲ။ "Perkins School of Blind" ကလည်း မျက်စိကွယ်နေတဲ့ သူတွေကို "people with visual impairments" (သို့) "people who are visually impaired" (အမြင်အာရုံချွတ်ယွင်းသူများ) လို့ ရည်ညွှန်းပါတယ်။
နားမကြားသူ (သို့) နားလေးနေသူတစ်ယောက်ကို "hard of hearing" (သို့) deaf လို့ သုံးနှုန်းရည်ညွှန်းနိုင်ပါတယ်။ "Deaf" ဆိုတဲ့အခေါ်အဝေါ်ကို ရှောင်ရှားဖို့မလိုပါဘူး။ တကယ်ဆိုရင် Deaf culture (နားမကြားသူတို့ရဲ့ လေ့ကျင့်ပျိုးထောင်မှု) ဆိုတဲ့ အဖွဲ့အစည်းတောင် ရှိသေးတယ်။ အဲဒီအဖွဲ့အစည်းမှာပါတဲ့ Deaf စာလုံးကို အက္ခရာအကြီးပဲ သုံးတယ်။ ဒီအဖွဲ့ထဲမှာပါတဲ့ အဖွဲ့ဝင်တွေကတော့ အမေရိကန် လက်ဟန်အနေအထားနဲ့ နားလည်စေတဲ့ ဆက်သွယ်မှုစနစ် (American Sign Language) ကို အသုံးပြုရတာကို သဘောကျနှစ်သက်တဲ့သူတွေပဲ ဖြစ်ပါတယ်။
ဘီးတပ်ကုလားထိုင် (wheelchair) ကို အသုံးပြုသူတစ်ယောက်ကိုတော့ "wheelchair user" လို့ ရည်ညွှန်းနိုင်ပါတယ်။ "confined to a wheelchair" (wheelchair အပေါ်မှာပဲ အမြဲနေရတယ်) လို့ ရည်ညွှန်းတာ ကတော့ မသင့်တော်ဘူးလို့ ယူဆကြပါတယ်။
ပန်းနာရင်ကျပ်မှ သွေးချိုဆီးချိုမှသည် ကင်ဆာအစရှိတဲ့ ရောဂါအမျိုးမျိုးရှိကြတဲ့ သူတွေကို ကျတော့ "a person with asthma" (ပန်းနာရင်ကြပ်ရှိသောသူ) (သို့) " a person who has diabetes" (ဆီးချိုသွေးချို ရှိသောသူ) စသဖြင့် ခေါ်ဝေါ်နိုင်ပါသည်။ ဒီလူတွေဟာ asthmatic (ပန်းနာသည်) (သို့) diabetic ဆီးချိုသမား ဖြစ်ပေမဲ့လည်း သူတို့ရဲ့ ရောဂါတွေက သူတို့ကို ဘယ်သူဘယ်ဝါဆိုတာကို သတ်မှတ်ပေးတာ မဟုတ်ပါဘူး။
Summary (အကျဉ်းချုပ်)
အတိုချုပ်ပြောရရင်တော့ လူတစ်ဦးတစ်ယောက်ဟာ ဘယ်လို မသန်စွမ်းမှုပဲရှိရှိ၊ ထိုသူနဲ့ ဆက်ဆံတဲ့ အခါ ယဉ်ကျေးပြီး စာနာဖို့ လိုအပ်ပြီး ရည်ညွှန်းတဲ့အခေါ်အဝေါ်ကလည်း သင့်တော်ဖို့လိုပါတယ်။
QuickandDirtyTips.com မှ Bonnie Trenga ၏ What to Call People With Disabilities ကို ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။
မူရင်းလင့်>>>.>>>
Read more: မသန်စွမ်းမှုရှိနေသောသူများကို အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုဖော်ပြရန် နည်းလမ်းများ - Myanmar Network http://www.myanmar-network.net/…/top…/3423487:Topic:1043703…

လေယာဉ်ခရီးစဉ်အတည်ပြုခြင်း

လေယာဉ်ခရီးစဉ်အတည်ပြုခြင်း
----------------------------
Posted by Soe Soe Win on November 28, 2013 at 16:21 in
လေယာဉ်နဲ့ ခရီးသွားတဲ့အခါ မိမိနိုင်ငံမှာဘဲ ခရီးသွားကုမ္ပဏီကို တယ်လီဖုန်းဆက်ပြီးတော့ လက်မှတ်ဝယ်ရ ပါမယ်။ အဲဒီအပိုင်းကိုတော့ ကိုယ့်ဘာသာစကားနဲ့ ပြောနိုင်မှာဖြစ်တဲ့အတွက်ကြောင့် ထည့်မရေးတော့ပါဘူး။ အင်္ဂလိပ်စကားပြောတဲ့နိုင်ငံဘက်ကို ရောက်လာပြီးချိန်မှ လေယာဉ်ခရီးစဉ်ပြောင်းဖို့ လိုအပ်လာပြီ ဆိုရင်တော့ အင်္ဂလိပ်လို ပြောဖို့ဆိုဖို့ လိုလာနိုင်ပါတယ်။ အခြားနိုင်ငံမှာလည်း မိမိဘာသာစကားကိုပြောတတ်တဲ့လူတွေ ရှိဖို့ များပါတယ်။ ဒါပေမယ့် လိုလိုမယ်မယ် လေယာဉ်နဲ့ခရီးသွားတဲ့အခါ အသုံးပြုနိုင်မယ့် အထွေထွေ အကြောင်းအရာတွေကို အခု ဖော်ပြသွားပါမယ်။
အချို့လေကြောင်းလိုင်းတွေက လေယာဉ်ခရီးစဉ်ထွက်ခွာမယ့် နေ့စွဲမတိုင်ခင် ရက်အနည်းငယ်လောက် ကြိုတင်ပြီးတော့ အတည်ပြုချက်ယူဖို့ သတ်မှတ်ပါတယ်။ အဲဒီနေရာမှာ သူတို့က မေးလာနိုင်တဲ့ စကားတွေ၊ ပြန်ပြောဖို့လိုအပ်မယ့်စကားတွေကို အခုဖော်ပြလိုက်ပါတယ်။
You: "I would like to confirm my flight."
လေယာဉ်ခရီးစဉ်ကိုအတည်ပြုချင်လို့ပါ။)
Them: "Can I get your ticket number?"
(လက်မှတ်နံပါတ်သိပါရစေ။)
You: "The number is 45-6-43."
(နံပါတ်ကတော့ ၄၅၆၄၃ ဖြစ်ပါတယ်။)
Them: "You are scheduled to depart on June 15th at 1:00 pm. Is this correct?"
(ဇွန်လ ၁၅ ရက်နေ့ နေ့လည်တစ်နာရီ ထွက်မယ် ဟုတ်ပါသလား။)
You: "Yes it is."
(ဟုတ်ပါတယ်။)
Them: "Is anybody else traveling with you?"
(အတူတူခရီးသွားမယ့်သူရှိပါသလား။)
You: "Yes, my wife."
(ရှိပါတယ်။ ကျွန်တော့်အမျိုးသမီးပါ။)
Them: "Can I have the other ticket number?"
(အခြား လက်မှတ်ရဲ့နံပါတ်ကိုရောသိရမလား။)
You: "It is 45-6-44."
(၄၅၆၄၄ ဖြစ်ပါတယ်။)
Them: "Your tickets have been confirmed. Please arrive at the airport 3 hours before your flight departs. Thank you for calling." (လက်မှတ်ကို အတည်ပြုလိုက်ပါပြီ။ လေယာဉ်ခရီးစဉ်ထွက်ခွာမယ့် အချိန်မတိုင်ခင် ၃ နာရီ ကြိုတင်ပြီးတော့ လေဆိပ်ကို ရောက်စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။)
အခြား မေးလာနိုင်တဲ့မေးခွန်းအချို့ကတော့ လေဆိပ်ကောင်တာမှာကြားရတတ်တဲ့ မေးခွန်းတွေနဲ့ ဆင်တူပါတယ်။
"Would you like to book your seats now?"
(ထိုင်ခုံတွေကို ဘွတ်ကင်လုပ်ချင်ပါသလား။)
"Would you like a window seat or an aisle seat?"
( ပြတင်းပေါက်ဘက်ထိုင်ခုံလိုချင်ပါသလား။ ဒါမှမဟုတ်ရင် လျှောက်လမ်းဘက် ထိုင်ခုံလိုချင်ပါသလား။)
"What is your ticket number?"
(လက်မှတ်နံပါတ်ဘယ်လောက်ပါလဲ။)
"What is your last name?"
(မိသားစုအမည် last name ဘယ်လိုခေါ်ပါသလဲ။)
"What is your first name?"
(ပထမအမည် first name ဘယ်လိုခေါ်ပါသလဲ။)
မူရင်းလင့်>>>>>
Read more: လေယာဉ်ခရီးစဉ်အတည်ပြုခြင်း - Myanmar Network http://www.myanmar-network.net/…/topi…/3423487:Topic:991027…

ခရီးသွားသည့်အခါ အသုံးပြုနိုင်သော အင်္ဂလိပ်စကားအသုံးအနှုန်း (၁၀)မျိုး

ခရီးသွားသည့်အခါ အသုံးပြုနိုင်သော အင်္ဂလိပ်စကားအသုံးအနှုန်း (၁၀)မျိုး
--------------------------------------------------------------------
Posted by Soe Soe Win on April 30, 2014 at 12:06
သင့်အနေနဲ့ အင်္ဂလိပ်စကားကို ကောင်းကောင်းမပြောတတ်ပေမဲ့ အင်္ဂလိပ်စကားပြောတဲ့တိုင်းပြည်ကို ခရီးသွားရမယ်ဆိုရင်တော့ သင့်ခရီးစဉ် လွယ်ကူချောမွေ့စေဖို့ အင်္ဂလိပ်စကားအသုံးအနှုန်းတချို့ကို သိထားဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့လည်း အဲဒီအသုံးအနှုန်းတွေကို သိရုံသာ သိထားပြီး အဓိပ္ပါယ်ကို နားမလည်ရင်တော့ သင့်အတွက် အထောက်အကူဖြစ်မှာ မဟုတ်ပါဘူး။ ၄င်းတို့ရဲ့ အဓိပ္ပါယ်ကိုပါ နားလည်ထားမှသာ ဘယ်အသုံးအနှုန်းကို ဘယ်အခြေအနေမှာ အသုံးပြုရမယ်ဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။ အခြေအနေ တစ်ခုခုမှာ မသင့်တော်တဲ့ အသုံးအနှုန်းတစ်ခုခုကို မှားပြီးသုံးလိုက်မယ်ဆိုရင် လူတွေကြားမှာ အခက်တွေ့ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ခရီးသွားတဲ့အခါ တခြားသူများနှင့် ထိထိရောက်ရောက် ဆက်ဆံနိုင်ပြီး ဘာလုပ်ရမှန်း ဘာကိုင်ရမှန်းမသိတဲ့ အခြေအနေမျိုးလည်း သိပ်မရှိရလေအောင် ခရီးသွားတဲ့အခါ အသုံးပြုနိုင်မဲ့ စကားအသုံး အနှုန်း (၁၀) မျိုးကို ဖော်ပြလိုက်ပါတယ်။
1. Excuse me - ဒီအသုံးအနှုန်းကိုတော့ သင်သွားမယ့်လမ်းမှာ တစ်စုံတစ်ယောက်က (တဆိတ်လောက်) ပိတ်ပြီး ရပ်နေတဲ့အခါ (သို့) သင့်အနေဖြင့် တခြားသူတစ်ယောက် ဘေးကနေ နီးနီးကပ်ကပ်ဖြတ်သွားရမယ့်အခါမျိုးမှာ အသုံးပြုပါတယ်။ Excuse me ကို မသုံးဘဲ ထိုသူ မဖယ်မချင်း ရပ်စောင့်နေတာမျိုး (သို့) ထိုသူကို ၀င်တိုက်သွား တာမျိုးကို မယဉ်ကျေးတဲ့အပြုအမူအဖြစ် အထင်ခံရတတ်ပါတယ်။
2. I'm sorry - သင့်အနေဖြင့် တစ်စုံတစ်ယောက်ကို မတော်တဆ ၀င်တိုက်မိတဲ့အခါ (တောင်းပန်ပါတယ်) (သို့) တခြားသူတွေကို မတော်တဆ အနှောက်အယှက်ပေးမိတဲ့အခါမှာ I'm sorry ဆိုတဲ့ စကားကို ပြောရမှာဖြစ်ပါတယ်။ ဒီလိုပြောတာကို ယဉ်ကျေးတဲ့အပြုအမူလို့ သတ်မှတ်ကြပြီး အတိုက်ခံရတဲ့သူ (သို့) အနှောက်အယှက်ခံလိုက် ရတဲ့သူတွေဟာ ဒီဖြစ်ရပ်ကို ရေးကြီးခွင်ကျယ် လုပ်မနေတော့ဘဲ That's okay လို့ ပြောပြီး ပြီးသွားမှာဖြစ်ပါတယ်။
3.Where is the restroom? - အဆောက်အအုံတစ်ခုခုမှာ သင့်အနေနဲ့ အများသုံးရေအိမ် ဘယ်မှာလဲ (ရေအိမ်ဘယ်မှာပါလဲ?) ဆိုတာ မသိတဲ့အခါမှာ ဒီအသုံးအနှုန်းဟာ သင့်တော်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ သင်မေးလိုက်တဲ့သူ (ဖြစ်နိုင်ပါက ၀န်ထမ်းတစ်ဦးဦး) ကို ရေအိမ်ရှိမဲ့ နေရာကို လက်ညှိုးထိုးပြခိုင်းပါ (သို့) လိုက်ပြီးပို့ခိုင်းပါ။
4. How much does this cost? - ဒီအသုံးအနှုန်းကိုတော့ သင်ဝယ်လိုတဲ့ ပစ္စည်းတစ်ခုခုမှာ ဈေးနှုန်းတပ် (ဒါဘယ်လောက်ကျပါသလဲ) မထားတဲ့အတွက် သင့်အနေနဲ့ကလည်း ဈေးနှုန်းသိမှဖြစ်မယ့်အခါမျိုးမှာ အသုံးပြုတဲ့ မေးခွန်းဖြစ်ပါတယ်။ အင်္ဂလိပ်စကားပြောတဲ့ တိုင်းပြည် တစ်ပြည်မှာ ဈေးဝယ်တဲ့အခါ သင့်အနေဖြင့် ကိုယ့်စိတ်ကိုကိုယ် ထိန်းချုပ် ထားဖို့ မလိုပါဘူး။
5. Thank You - ဒီစကားအသုံးအနှုန်းကိုတော့ ခပ်များများလေးသုံးပေးရမှာဖြစ်ပါတယ်။ (ကျေးဇူးတင်ပါတယ်) ဒီလိုပြောတာဟာ သင့်ကို အကူအညီပေးတဲ့သူ (သို့) သင့်ကို အချက်အလက်ပြောပေးတဲ့သူအပေါ် ယဉ်ကျေးရာရောက်ပါတယ်။ ဒါ့အပြင် အရောင်းဝန်ထမ်းတွေ၊ ငွေကိုင်တွေက သင့်အား ၀န်ဆောင်မှုပေးပြီးတဲ့ အခါမှာလည်း သူတို့ကို thank you ပြောတာဟာ ကောင်းတဲ့လုပ်ရပ်ဖြစ် ပါတယ်။
6. I don't understand - ဒီအသုံးအနှုန်းကတော့ အကြောင်းအရာတစ်ခုခုကို သင်နားလည်နိုင်ရန် (နားမလည်ပါဘူး) အတွက် အချက်အလက်ပိုမိုရရှိစေဖို့ အထောက်အပံ့ပေးမှာဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က သင့်ကို အင်္ဂလိပ်စကား တစ်သက်လုံးပြော လာခဲ့တဲ့သူတစ်ယောက်လို့ထင်ပြီး စကားလာပြောတဲ့အခါ ထိုသူ၏ စကားပြောတဲ့နှုန်းကို လျော့သွားစေမှာ ဖြစ်ပါတယ်။ (သို့) အဲဒီလူအနေနဲ့ အဓိပ္ပါယ်ရှိသော ပုဒ်စု (meaningful phrases) များအနေဖြင့် ပိုင်းပိုင်းပြီး ပြောသွားစေမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် သင့်အတွက်တော့ ပိုကောင်းမှာပါ။
7. How are you? - ဒီမေးခွန်းလေးကတော့ သင်ယဉ်ကျေးကြောင်း ပြသတဲ့ သင်္ကေတဖြစ်တဲ့ (ဘယ့်နှယ်လဲ/မာရဲ့လား) အတွက် အသုံးပြုသင့်တဲ့ စကားအသုံးအနှုန်းဖြစ်ပါတယ်။ အထူးသဖြင့် သင့်အနေဖြင့် စတိုးဆိုင်တစ်ခုခု(သို့) အဆောက်အအုံတစ်ခုခုထဲသို့ ၀င်သွားတဲ့အခါ တစ်စုံတစ်ယောက်က "hello" လို့ လှမ်းပြီး နှုတ်ဆက်တဲ့ အခါ ထိုအသုံးအနှုန်းဖြင့် ပြန်တုန့်ပြန်သင့်ပါတယ်။ သူတို့က သင့်ကို ဒီမေးခွန်းမေးလာရင်လည်း သင့်အနေဖြင့် Fine, how are you? (သို့) Good, how are you?" ဆိုပြီး တုန့်ပြန်နိုင်ပါတယ်။
8. Have a nice day - အဆောက်အအုံ တစ်ခုခုကနေ ပြန်ထွက်တဲ့အခါမှာ အသုံးပြုနိုင်တဲ့ (ကောင်းတဲ့နေ့ ဖြစ်ပါစေ) အသုံးအနှုန်း ဖြစ်ပါတယ်။ "goodbye" လို့ပြောရင်လည်း လုံလောက်ပါတယ်။ တစ်စုံတစ်ယောက်က သင့်ကို have a nice day လို့ ပြောလာရင် သင့်အနေဖြင့် အဲဒီအတိုင်း ပြန်မပြောချင်ပဲ ဘာပြောရမှန်းမသိရင် ရိုးရိုးရှင်းရှင်းလေးနဲ့ "Thank you" လို့ပဲ တုန့်ပြန်ရင်လည်း သင့်တော်ပါတယ်။
9. You are welcome - ဒီစကားအသုံးအနှုန်းကိုတော့ တစ်စုံတစ်ယောက်က သင့်ကို "Thank you" လို့ပြောလာတဲ့အခါ ပြန်ပြောရတဲ့ (ကိစ္စမရှိပါဘူး/ရပါတယ်) အသုံးအနှုန်းဖြစ်ပါတယ်။ ဒီအသုံး အနှုန်းကိုတော့ ငွေရှင်းပေးပြီး ကောင်တာမှ ထွက်ခွာတဲ့အခါ (သို့) စားသောက်ဆိုင်မှာ ကျသင့်ငွေတောင်းခံလွှာအပေးခံရတဲ့အခါမှာ မကြာ ခဏ အသုံးပြုပါ တယ်။
10. No, thank you - ဒီအသုံးအနှုန်းကိုတော့ တစ်စုံတစ်ယောက်က သင့်ကို တစ်ခုခုပေးလာ (နေပါစေ၊ ကျေးဇူးတင်ပါတယ်) တဲ့အခါ သင့်အနေနဲ့ အဲဒီအရာကို မလိုချင်ပါက "No, thank you" ကို အသုံးပြုရပါတယ်။
အင်္ဂလိပ်စကားပြောတဲ့ တိုင်းပြည်တစ်ပြည်ကို ခရီးသွားတဲ့အခါ အထက်ပါ ဖော်ပြခဲ့တဲ့ အသုံးအနှုန်းတွေဟာ တော်တော်လေး အထောက်အကူဖြစ်နိုင်ပါတယ်။ ဒီအသုံးအနှုန်းတွေဟာ ပုံမှန်ပတ်ဝန်းကျင်တွေမှာ သင့်ကို သွားလာလှုပ်ရှားနိုင်အောင် အကူအညီပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း သင်ဘယ်ကိုသွားမှာလည်းဆို တဲ့အပေါ်မှာတော့ မူတည်နေပါတယ်။ တချို့အသုံးအနှုန်းတွေက မြို့ပေါ်မှာသုံးတာနဲ့ ကမ်းခြေမှာ အသုံးပြုပုံတို့ဟာ မတူပါဘူး။ ဒါကြောင့် ဘယ်အသုံးအနှုန်းတွေဟာ သင့်အတွက် အထောက်အကူအများဆုံး ဖြစ်မလဲ ဆိုတာကို စစ်ဆေးကြည့်ဖို့တော့လိုပါတယ်။
Amy Nutt ၏ 10 English Phrases to Use When Traveling ကို ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။
မူရင်းလင့်..>>>>
Read more: ခရီးသွားသည့်အခါ အသုံးပြုနိုင်သော အင်္ဂလိပ်စကားအသုံးအနှုန်း (၁၀)မျိုး - Myanmar Network

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform