စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 12 May 2014

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS မကူးစက်နိုင်သော နည်းလမ်းများ

ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ AIDS မကူးစက်နိုင်သော နည်းလမ်းများ
===================
ခန္ဓာကိုယ်ပြင်ပတွင် လျင်မြန်စွာ သေကျေပျက်စီးသဖြင့် အောက်ပါနည်းလမ်းများဖြင့် မကူးစက်နိုင်ပါ။

၁။ လက်ဆွဲနှုတ်ဆက်ခြင်း

၂။ ဖက်ရမ်းခြင်း။

၃။ အလုပ် အတူတူလုပ်ခြင်း။

၎။ အစား အတူတူစားခြင်း။

၅။ ခရီး အတူတူသွားခြင်း။

၆။ ကျောင်း အတူတူတက်ခြင်း။

၇။ ရေကူးခြင်း။

၈။ နှာစေးချောင်းဆိုးခြင်း။

၉။ အစားအစာများ။

၁၀။ အသုံးအဆောင်ပစွည်းများ (ဥပမာ- အိမ်သာ၊ ပန်းကန်ခွက်ယောက်၊
တယ်လီဖုန်း။)

၁၁။ ခြင်၊ ယင်၊ ကြမ်းပိုး။

၁၂။ ပါးကို နမ်းခြင်း။

https://www.facebook.com/pages/ရွှေအိမ်စည်စာကြည့်တိုက်-စာပေဒါနပြုသည်/511509612202059
 — with Shwe Arlu and2 others.

ခုခံအားကျဆင်းမှုကူးစက်ရောဂါ AIDS ကူးစက်နိုင်သောနည်းလမ်းများ

ခုခံအားကျဆင်းမှုကူးစက်ရောဂါ AIDS ကူးစက်နိုင်သောနည်းလမ်းများ
==================
၁။ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ခြင်း။

(က) လိင်တူဆက်ဆံခြင်း။

(ခ) လိင်ကွဲဆက်ဆံခြင်း။

၂။ မသန့်ရှင်းသော အပ်မှတစ်ဆင့် ကူးစက်ခြင်း။

(က) မူးယစ်ဆေးဝါး အကြောထဲထိုးခြင်း။

(ခ) ဆေးထိုးခြင်း။

(ဂ) ဆေးမင်ကြောင် ထိုးခြင်း။

(ဃ) နားဖောက်ခြင်း။

(င) တရုတ်အပ်စိုက်ခြင်း။

၃။ သွေးမှတစ်ဆင့် ကူးစက်ခြင်း။

(က) သွေးသွင်းခြင်း။

(ခ) ဆံပင်ညှပ်ခြင်း။

(ဂ) ကိုယ်တွင်းအင်္ဂါအစားထိုးခြင်း။

(ဃ) လူနာ၏သွေးနှင့် ပွန်းပဲ့နေသော အရေပြားထိမိခြင်း။

၎။ မိခင်မှတစ်ဆင့် ကလေးသို့ကူးစက်ခြင်း

(က) ကိုယ်ဝန်ဆောင်စဉ် ကူးစက်ခြင်း

(ခ) ကလေးမွေးဖွာစဉ် ကူးစက်ခြင်း။

(ဂ) မိခင်နို့မှတစ်ဆင့် ကူးစက်ခြင်း။

https://www.facebook.com/pages/ရွှေအိမ်စည်စာကြည့်တိုက်-စာပေဒါနပြုသည်/511509612202059?ref=stream&hc_location=timeline
 — with Shwe Arlu and 2 others.

AIDS နှင့် ကာလသားရောဂါ ပိုမိုကူးစက်စေနိုင်သည့် အခြေအနေများ

AIDS နှင့် ကာလသားရောဂါ ပိုမိုကူးစက်စေနိုင်သည့် အခြေအနေများ

၁။ လိင်အင်္ဂါတွင် အနာရှိခြင်း။ (ဥပမာ - လိင်အင်္ဂါရေယုန်၊ ရှန်ကာနာ)

၂။ ဆီးပူညောင်းကျ ဖြစ်နေခြင်း။

၃။ ရာသီလာစဉ် လိင်ဆက်ဆံခြင်း။

၎။ စအိုနှင့် လိင်ဆက်ဆံခြင်း။

၅။ အရွယ်မရောက်သေးသော မိန်းကလေးငယ်များနှင့် လိင်ဆက်ဆံခြင်း။

၆။ လိင်ဆက်ဆံဖက်များပြားခြင်း

၇။ ဟော်မုန်းပါ ပဋိသန္ဓေတားပစ္စည်းများ အသုံးပြုခြင်း။

၈။ သားအိမ်တွင်းထည့် ပဋိသန္ဓေတားပစ္စည်းများ အသုံးပြုခြင်း။

၉။ ကိုယ်ဝန်ရှိစဉ် လိင်ဆက်ဆံခြင်း။

၁၀။ ဗီတာမင်အေ ချို့တဲ့ခြင်း။

၁၁။ သားအိမ်ခေါင်း ပုံမမှန်ခြင်း။
(Ectopion)

၁၂။ ယောကျာ်းလိင်အင်္ဂါဖုံး အရေပြားဖြတ်မထားခြင်း။
(Circumcision)

၁၃။ AIDS ရောဂါပြင်းထန်စွာ ခံစားနေရသူနှင့်
အကာအကွယ်မဲ့ လိင်ဆက်ဆံမိခြင်း။

၁၄။ HIV ရောဂါပိုး ကိုယ်ထဲဝင်စ သွေးထဲတွင် HIV ပိုးပမာဏများပြားလွန်းသည့် အဆင့်သို့ ရောက်ရှိနေသူနှင့် လိင်ဆက်ဆံမိခြင်း။

https://www.facebook.com/pages/ရွှေအိမ်စည်စာကြည့်တိုက်-စာပေဒါနပြုသည်/511509612202059
 — with Shwe Arlu and2 others.

ခုခံအားကျဆင်းမူ ကူးစက်ရောဂါ AIDS ဆိုသည်မှာ

ခုခံအားကျဆင်းမူ ကူးစက်ရောဂါ AIDS ဆိုသည်မှာ =============================== ခုခံအားကျဆင်းမူ ကူးစက်ရောဂါ Acquired Immunodeficiency Syndrome (AIDS) ဆိုသည်မှာ Human Immunodeficiency Virus (HIV) ခေါ် ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ခန္ဓာကိုယ်တွင်းရှိ ရောဂါကို ခုခံတိုက်ဖျက်သည့် စနစ်၏ လုပ်ငန်းထမ်းဆောင်မှုများ ကျဆင်းကာ အခြားသော ကူးစက်ရောဂါများ၊ ကင်ဆင်ရောဂါများ ပိုမိုဆင့်ပွားဖြစ်ပွား တက်သည့် ကူးစက်ရောဂါ တစ်မျိုး ဖြစ်သည်။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS နှင့် ကမ္ဘာ တစ်ကမ္ဘာလုံးတွင် HIV ရောဂါပိုးရှိသူပေါင်းတွင် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလအထိ ၄၂ သန်းခန့်သည် လောလောဆယ်၌ အသက်ရှင်လျက်ရှိပြီး လူပေါင်း ၂၁ သန်းခန့်သည် ခုခံအားကျဆင်းမူ ကူးစက်ရောဂါ AIDS ကြောင့် သေဆုံးခဲ့ရပြီး ဖြစ်ပါသည်။ ၂၀၀၄ ခုနှစ်အတွင်း ရောဂါအသစ် ထပ်မံ ကူးစက်ခံရသူပေါင်းမှာ ငါးသန်းခန့်ရှိပြီး AIDS ရောဂါကြောင့်သေဆုံးသူပေါင်းမှာ ၃ ဒသမ ၁ သန်းခန့် ရှိပါသည်။ ထိုအထဲတွင် အမျိုးသမီး ၁ ဒသမ ၁ သန်းခန့်နှင့် ကလေး ၅၁၀, ၀၀၀ ဦးပါဝင်ပါသည်။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် မြန်မာနိုင်ငံ ၂၀၀၇ ခုနှစ်အတွင်း တရားဝင် ခန့်မှန်းချက်များအရ မြန်မာပြည်တွင် ခုခံအားကျဆင်းမှု ကူးစက် ရောဂါပိုး ကူးစက်ခံထားရသူပေါင်းမှာ ၂၄၀၀၀၀ ခန့်ရှိသည်ဟု ဆိုပါသည်။ ၂၀၀၇ ခုနှစ်အတွင်း တရားဝင် ခန့်မှန်းချက်များအရ ကမ္ဘာပေါ်တွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုး ကူးစက်ခံရသူပေါင်းမှာ ၃၃ သန်းခန့်ရှိသည်ဟု ဆိုပါသည်။ ၂၀၀၇ ခုနှစ်အတွင်း ခုခံအားကျဆင်းမှု ကူးစက်ရောဂါ အသစ်ကူးစက်ခံရသော သူပေါင်းမှာ ၂.၇ သန်းခန့် ရှိပြီး ရောဂါကြောင့် သေးဆုံးရသူပေါင်းမှာ ၂ သန်းခန့်ရှိပါသည်။ ကမ္ဘာပေါ်တွင် နေ့စဉ်လူ ၁၃၀၀၀ ဦးမှာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုး၏ ကူးစက်မှုကို ခံနေရပြီး လူ ၈၀၀၀ ဦးမှာ နေ့စဉ် သေဆုံးနေကြရပါသည်။ ၁၀ စက္ကန့်တွင် လူ (၁) ဦးသည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် သေဆုံး နေကြရပါသည်။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် မိဘတစ်ဦးဦး သေဆုံးရသော ကလေးသူငယ်ပေါင်းမှာ တစ်ကမ္ဘာလုံးတွင် ၁၄ သန်းကျော်ရှိပါသည်။ ၂၀၁၀ တွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးကြောင့် မိဘမဲ့ ဖြစ်ရသူ ကလေး သူငယ်ပေါင်းမှာ ၂၅ သန်းခန့် ရှိလိမ့်မည်ဟု ခန့်မှန်းထားကြပါသည်။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS ၏ ရောဂါလက္ခဏာများ ၁။ လူကြီး အသက် ၁၂ နှစ်အထက် ရှိသူများတွင် သွေးထဲ၌ HIV ပိုးရှိပြီး အောက်တွင် ဖော်ပြထားသည့် အဓိက လက္ခဏာ အနည်းဆုံး နှစ်ခုနှင့် သာမညလက္ခဏာ တစ်ခုရှိပါက ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ဟု သတ်မှတ်ပါသည်။ (က) အဓိကလက္ခဏာ ၁။ ခန္ဓာကိုယ်အလေးချိန် မူလထက် ဆယ်ရာခိုင်နှုန်းထက်ပို၍ လျော့နည်းသွားခြင်း။ ၂။ ဝမ်းလျှော့၊ ဝမ်းပျက် တစ်လထက်ပိုကြား၍ ဖြစ်ပွားခြင်း။ ၃။ တစ်လထက်ပိုကြာ၍ ဖျားခြင်း။ (ခ) သာမညလက္ခဏာ ၁။ တီဘီရောဂါမဟုတ်ဘဲ တစ်လကျော်ကြာ ချောင်းဆိုးခြင်း၊ ၂။ ခန္ဓာကိုယ်အနှံ့ အရေပြားယားယံပြီး ရောင်ရမ်းခြင်း။ ၃။ မကြာခဏ ခါးပတ်ရေယုန်၊ သို့မဟုတ် ဆင်ရေယုန်ခေါ်အပြင်း စားရေယုန်ရောဂါ ဖြစ်ခြင်း။ ၄။ ရိုးရိုးရေယုန် ကာလကြာရှည်စွာ ခန္ဓာကိုယ်အနှံ့ဖြစ်ပွာခြင်း။ ၅။ ပါးစပ်နှင့် လည်းချောင်းတွင် မှက္ခရုပေါက်ခြင်း။ ၆။ ခန္ဓာကိုယ်အနှံ့ တစ်ကိုယ်လုံးတွင် အကျိတ်များ ရောင်ရမ်းခြင်း။ ၂။ ကလေး အသက် ၁၂ နှစ်အောက်ရှိ ကလေးများတွင် သွေးထဲ၌ HIV ပိုးရှိပြီး အောက်တွင်ဖော်ပြထားသည့် အဓိကလက္ခဏာ အနည်းဆုံးနှစ်ခုနှင့် သာမည လက္ခဏာတစ်ခုရှိပါက ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ဟုသတ်မှတ်ပါသည် - (က) အဓိကလက္ခဏာ ၁။ ခန္ဓာကိုယ်အလေးချိန် လျော့နည်းခြင်း၊ သို့မဟုတ် ခန္ဓာကိုယ်ကြီးထွားနှုန်း ထူးထူး ခြားခြား နှေးကွေးခြင်း။ ၂။ ဝမ်းလျှော့၊ ဝမ်းပျက် တစ်လထက် ပိုကြာ၍ ဖြစ်ပွားခြင်း။ ၃။ တစ်လထက်ပိုကြာ၍ ဖျားခြင်း။ (ခ) သာမညလက္ခဏာ ၁။ ရက်တာရှည် ချောင်းဆိုးခြင်း။ ၂။ ခန္ဓာကိုယ်အနှံ့အရေပြားယားယံပြီး ရောင်ရမ်းခြင်း။ ၃။ သာမန်ကူးစက်ရောဂါများ မကြာခဏဖြစ်ခြင်း။ (ဥပမာ- နားပြည်ယိုခြင်း၊ လည်ချောင်းနာခြင်း။) ၄။ မိခင်၏သွေးထဲတွင် HIV ပိုးရှိခြင်း။ ၅။ ပါးစပ်နှင့်လည်ချောင်းတွင် မှက္ခရုပေါက်ခြင်း။ ၆။ ခန္ဓာကိုယ်အနှံ့ တစ်ကိုယ်လုံးတွင် အကျိတ်များ ရောင်ရမ်းခြင်း။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့် ဆေးဝါးများ - ဒေါက်တာအောင်စန်း (ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ / ရှင်မတောင်စာပေ) မှထုတ်နှုတ်တင်ပြသည်။ ရွှေအိမ်စည်စာကြည့်တိုက်https://www.facebook.com/pages/ရွှေအိမ်စည်စာကြည့်တိုက်-စာပေဒါနပြုသည်/511509612202059?ref=stream

Sunday, 11 May 2014

HIV ပိုးထိန်းဆေး ART

ဒီနေ့ HIV/AIDS နဲ့ ပတ်သက်ပြီး အသံ ကျယ်ကျယ်လောင်လောင် မြည်ဟည်း နေတာကတော့ ART (Ant: retroviral treatment) ကို အမြောက် အမြား လိုအပ်နေမှုပါပဲ။ ART ဆိုတာ HIV ပိုးထိန်း ဆေး တစ်မျိုးပါ။ သုတေသန အရ ART တကယ် လိုအပ်နေသူ ၄ ဦးမှာ ၁ ဦးသာ ART ဆေး ရရှိ နေပါတယ်။ ကျန်တဲ့ လူတွေဟာ AIDSဝေဒနာနဲ့ အတူ စိတ်ဓာတ် ကျဆင်းမှုပါ ခံစားရပြီး မိသားစု တာဝန်၊ တိုင်းပြည် တာဝန်၊ HIV/ AIDS တိုက်ဖျက်ရေး တာဝန်တွေကို ဆက်လက် မလုပ်ဆောင်နိုင်တော့ဘဲ သေဆုံးရ မှာ ဖြစ်ပါတယ်။ NGOဆေးခန်းတွေ၊ အစိုးရ ဆေးရုံတွေဆီက ဆေးအခမဲ့ သောက်နေသူတွေ အတွက် တော့ သိပ်ပြဿနာ မရှိလှပေမယ့်Self-Funcled လို့ခေါ်တဲ့ မိမိ ပိုက်ဆံနဲ့ အပြင်မှာ ၀ယ်သောက်နေ သူတွေ အတွက်တော့ ဆေးအကြောင်း နားမလည်ဘဲ သောက်နေ နိုင်သလို၊ ဆေးပေးတဲ့ သူကလည်း ပြီးလွယ်စီးလွယ် ပေးနေနိုင်ပါတယ်။ ဒါကြောင့် ART နဲ့ ပတ်သက်တဲ့ အခြေခံ သတင်း အချက်အလက် တွေကို မှန်မှန်ကန်ကန် သိဖို့ ဝေငှ လိုက်ရပါတယ်။ ART အေအာတီဆိုတာ ဘာလဲ HIV ကူးစက်ရောဂါ အတွက် ကုသမှု တစ်ခု ဖြစ်ပါတယ်။ HIV ပိုးက ခန္ဓာ ကိုယ်ထဲမှာ ရှိတဲ့ ကိုယ်ခံ စွမ်းအား(သို့မဟုတ်) CD4 ကို ဖျက်ဆီးတယ်။ ပြီးတော့ မျိုးပွားတယ်။ ART ဆေးက HIV ပိုး ပွားများ လာမှုကို ထိန်းချုပ် ဟန့်တားပေးပါတယ်။ HIV က မျိုးမပွားနိုင်တော့ ကိုယ်ခံအား ပြန်တက်လာပြီး ကျန်းမာလာတယ်။ ဒါပေမယ့် ဒီဆေးကHIV ကို အမြစ်ပြတ် အသေ မသတ်နိုင်သေးဘူး။ ဒါကြောင့် ART ဆိုတာ ပိုးထိန်းဆေး ဖြစ်တယ်။HIV ဟာ ခန္ဓာကိုယ်ထဲမှာ ဆက်ရှိနေဦးမှာဖြစ်တယ်။ အကျိုးကျေးဇူး ART စသောက်ပြီး ရက်တို အတွင်းမှာ စားကောင်း အိပ်ပျော်ပြီး ကိုယ်အလေးချိန် ပြန်တက်လာမယ်။ အားအင် ပြည့်ဖြိုးပြီး ကျန်းမာရေး ကောင်းလာမယ်။ ယခင်က အလုပ်အကိုင်တွေ ပြန်လုပ်လာနိုင်ပြီး မိသားစုကို ပြန်လည် တာဝန်ယူ လာနိုင်မယ်။ ကလေးတွေ ဆိုရင်လည်း ဆော့ကစား၊ ကျောင်းပြန် တက်ပါမယ်။ ဘ၀ကို အဓိပ္ပာယ် ရှိရှိ အသက်ရှင်ဖို့ အားအင်တွေရှိလာပြီး CD4 တွေ လည်း တက်လာ ပြီပေါ့။ ဘေးထွက်အာနိသင်များ ကြက်သားစားချင် အရိုးထွင်ဖို့ မပျင်းရသလို ART မှာလည်း ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲနေပါတယ်။ ဆေးစ သောက်ပြီး ၂ ပတ် ကနေ ၃ ပတ် အတွင်းမှာ အနီကွက်များ ထွက်ခြင်း၊ ဖျား၊ အသားဝါ၊ ကြွက်သားနာကျင်၊ ခေါင်းမူး ခေါင်းကိုက်၊ မအီမသာ၊ အော့အန်၊ ၀မ်းပျက်၊ မောပန်းနွမ်းနယ်၊ အိပ်ရေးပျက်၊ အိပ်မက်ဆိုးမက် စတာတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ မစိုးရိမ် ပါနဲ့။ ဒါတွေဟာ လူတိုင်း ကြုံတွေ့ရမယ်လို့ မဆိုလိုပါဘူး။ ဖြစ်ခဲ့ရင် မလန့်သွားဖို့။ ဆေးကို ရပ်မပစ်ဖို့နဲ့ သက်ဆိုင်ရာ ဆရာဝန်ဆီ အမြန်ဆုံး ပြန်လာပြသဖို့ပါပဲ။ ပြီးတော့ ဒါတွေဟာ အကြာကြီး မဖြစ်တတ်ပါဘူး။ အဓိက ကတော့ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေကို ရပ်မပစ်ဖို့ပါ။ ဆရာဝန်နဲ့ ပြသ အကြံဥာဏ်ယူဖို့ အရေး ကြီး ပါတယ်။ ဘယ်သူတွေ သောက်သင့်သလဲ HIV ရှိသူတိုင်း သောက်စရာ မလိုပါဘူး။ ရောဂါ အခြေအနေ၊ ပြင်ပရောဂါ ၀င်ရောက်မှု၊ ပြီးတော့ CD4 ၂၀၀ အောက်ရောက်မှ စတဲ့ တိုင်းတာမှုတွေကို ဆရာဝန်က ပြုလုပ်ပြီး ART သောက်ဖို့ ညွှန်းရမှာပါ။ ခုခံအားတွေ များနေပြီး မလိုသေးဘဲ ဆေးသောက်ရင် ဘေးထွက် ဆိုးကျိုး နဲ့ တွေ့နိုင်ပြီး ဆေးမ သောက်ဘဲ ထိန်းထားနိုင်တဲ့ အချိန်တွေ ပြန်မရတော့ပါဘူး။ ART ရဲ့ သဘာဝ ကျားမြီး ဆွဲသလိုပါပဲ။ စပြီးရင် ရပ်လို့ မရပါဘူး။ တစ်သက်လုံး သောက်ရမှာပါ။ ဘာလို့လဲ ဆိုတော့ ပိုးတွေကို သေအောင် မသတ်နိုင်ဘဲ ထိန်းပဲ ထိန်းနိုင်လို့ပါ။ နားမလည်ဘဲ ဆေးကိုရပ် ရင်ပိုးတွေဟာ ပြန်ပွား များလာပြီး ကိုယ်ခံ စွမ်းအားကို ဖျက်ဆီးမှာ ဖြစ်ပါတယ်။ နောင်တစ်ချိန် ပြန်သောက်ရင်တောင် ဆေးယဉ်ပါးမှု၊ ဆေးမတိုးမှုတွေ ကြုံရပါမယ်။ ART မှာ ဆေးအမျိုးအစား ၃ မျိုး ပေါင်းစပ် ပါဝင်ရပါမယ်။ တစ်မျိုးစီမှာ အစွမ်းသတ္တိ တစ်မျိုးစီ ရှိပြီး ဥပမာပေးရရင် တစ် မျိုးက HIV ပိုးရဲ့ခေါင်းကို ထိန်းချုပ်မယ်၊ နောက်တစ်မျိုးက လက်ကိုချုပ်၊ နောက်တစ်မျိုးက ခြေထောက်ကို ချုပ်မလှုပ် နိုင် အောင် မပွားနိုင်အောင် လုပ်ထားသလို ဖြစ်ပါလိမ့်မယ်။ ကိုယ်ခံ စွမ်းအားတွေကိုလည်း ထပ်ပြီး မပျက် စီးစေတော့ပါဘူး။ တချို့ နားမလည်ဘဲ နှစ်မျိုးတည်းပါတဲ့ဆေး သောက်ပါတယ်။ ဒါဆိုရင်တော့HIV ပိုးဟာ လွတ်တဲ့ အပိုင်းကနေ ဆက်ပြီးပွား၊ ဆက်ပြီး များပြီး ကိုယ်ခံအားကို ဖျက်ဆီးပါမယ်။ ရှေးတုန်း က ဆေးအမျိုးအစား သိပ်မပေါတဲ့အတွက် တစ်မျိုး တည်းသောက်ရပါတယ်။ ရေရှည်ကျတော့ ဆေး ယဉ်ပါးမှုတွေ ဖြစ်လာပါတယ်။ ဒေါက်သုံးခုပါတဲ့ ဖိုခနောက်နဲ့ တစ်ခုပါတဲ့ဟာ ဘယ်ဟာ ပိုခိုင် တယ်ဆို တာ သိသာ ထင်ရှားပါတယ်။ ART ကို ဘယ်လိုသောက်ရမလဲ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အချိန် အတိအကျ သောက်ရပါမယ်။ မနက် ၈ ဆို ည ၈၊ မနက် ၇ နာရီသောက်ရင် ည ၇ နာရီ သောက်ရပါတယ်။ ဆေးတစ်လုံးရဲ့ ပိုးတွေကို ထိန်းချုပ်နိုင် စွမ်းဟာ ၁၂ နာရီပဲ ရှိလို့ပါ။ နားလည်တဲ့ ဆရာဝန် ညွှန်းတဲ့ အတိုင်း သောက်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ့် သဘောနဲ့ ကိုယ်လိုတိုး၊ ပိုလျှော့ မလုပ်ရပါဘူး။ အချိန်ရရင် ဆေးသောက် ကျင့်ဖို့ တိုက်တွန်းပါတယ်။ တစ်သက်လုံး တစ်နေ့ နှစ်ကြိမ်နဲ့ အချိန် အတိအကျ သောက်ရမှာဆိုတော့ နာရီနဲ့ စနစ်တကျ လေ့ကျင့်ထားရင် ပိုအကျိုး ရှိပါတယ်။ အချက်ပေးသံ ပါတဲ့ နာရီဟာ အကောင်းဆုံးပါ။ အချိန် အတိအကျ သောက်ဖို့ ပြင်ဆင်မထား ဘူး(သို့မဟုတ်)အတိအကျ မသောက်နိုင်ရင် ရေရှည်မှာ ဆေး ယဉ်ပါးမှု၊ ဆေးမတိုးမှုတွေ ဖြစ်လာမှာ သေချာပါတယ်။ HIV ပိုးကလည်း သူ့ကို စနစ်တကျ မထိန်းချုပ်ရင် သူ့တာဝန် အတိုင်း ခုခံ အားကို ဖျက်ဆီးမယ်၊ မျိုးပွားမယ်။ ပြီးတော့ ကျန်းမာရေးကို ဆိုးသွားစေမှာ အသေအချာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိနဲ့တည့်မည့် ဆေးအမျိုးအစား ရွေးစရာ နည်း သွားပါလိမ့်မယ်။ အန္တရာယ်ကင်းတဲ့ လုပ်ဆောင်မှု ART ဆေးဟာHIV ပိုးကို သေအောင် မသတ်နိုင်ဘဲ ထိန်းပဲ ထိန်းပေးနိုင်တဲ့အတွက်HIV ပိုးဟာ ခန္ဓာကိုယ်ထဲမှာ ဆက်ရှိနေပြီး သူ တစ်ပါးကို ကူးစက်နိုင်ပါသေးတယ်။ ဒါကြောင့် သွေးမလှူပါနဲ့။ သွေးပေပစ္စည်းနဲ့ အပ်တွေကို မျှဝေ မသုံးပါနဲ့။ လိင်ဆက်ဆံတိုင်း ကွန်ဒုံး သုံးပါ။ ကွန်ဒုံး သုံးခိုင်းတာ ကိုယ့်ဆီက HIV သူများဆီ မပြန့်အောင်နဲ့ သူများဆီက ရောဂါအစုံ ကိုယ့်ဆီ ၀င်မလာအောင် သုံးခိုင်း ခြင်း ဖြစ်ပါတယ်။ ဘာတွေကို ရှောင်ရမလဲ ယခုအချိန်ထိ HIV လုံးဝပျောက်တဲ့ ဆေး ကမ္ဘာမှာ မပေါ်သေးပါ။ ဒီတော့ ဆေးမြစ်ဆေးဥနဲ့ အရွက် ဆိုတာတွေ သုံးပြီး ကုပေးမယ်၊ ပျောက်တယ် ဆိုလာရင် ဒါဟာ လိမ်လည်မှု တစ်ခုပါ။ ပျောက်တယ် ဆိုတာတွေ နောက်လိုက်နေရင် ငွေကုန် လူပါး ဖြစ်ပါမယ်။ ငွေကုန်ရင် ပြန်ရှာ ရနိုင်ပေမယ့် လူပါးရင် မလွယ်တော့ပါဘူး။ ပြီးတော့ ART ဆေးနဲ့ တွဲသောက်ရင် ဆေးအာနိသင် ပြယ်ပါမယ်။ ဒါ့အပြင် တ ခြား ဆေးတွေနဲ့လည်း ဓာတ်မတည့်မှုတွေ ဖြစ်နိုင်လို့ မိမိ လက်ရှိ သောက်နေတဲ့ ဆေးတွေကို ဆရာ ၀န်နဲ့ ဖွင့်ဟပြောဆို တိုင်ပင်သင့် ပါတယ်။ ပြုစုစောင့်ရှောက်ပေးသူ ဆေးကို အချိန်မှန်မှန် သောက်နိုင်ရန် သတိ ပေးဖို့နဲ့ ဘေးထွက် ဆိုးကျိုးနဲ့ ကြုံကြိုက်လာရင် ပြုစု ပေးဖို့၊ ဆေးခန်း ခေါ်သွားပေးဖို့ အတွက် မိသားစု ၀င်(သို့မဟုတ်) မိတ်ဆွေ တစ်ယောက်ယောက် လည်း ရှိသင့်ပါတယ်။ အနှစ်ချုပ် ဆိုရင်တော့ ART ဆေးဟာ တစ်သက်လုံး သောက်ရမယ်။ အချိန်မှန် သောက်ရမယ်။ သတ်မှတ်ထားတဲ့ ဆေးပမာဏ အတိုင်း သောက်ရမယ်။ ပုံမှန် မပျက်မကွက် သောက ရမယ်။ ဘေးထွက် ဆိုးကျိုးတွေကို ခံနိုင်ရည် ရှိရမယ်။ မိမိသဘောနဲ့ ဆေးကို ရပ်မပစ်ရဘူး။ ဆေးခန်း ကို ချိန်းထားတဲ့ အတိုင်း ပုံမှန်ပြရမယ်။ လိုအပ်တဲ့ တိုင်းတာ စစ်ဆေးမှုတွေ လုပ်ရမယ်။ လက်ရှိ သောက်နေတဲ့ ဆေးတွေကို ဖွင့်ပြောရမယ်။ မိမိကို ပြုစု စောင့်ရှောက် သတိပေးမည့်လူ ရှိရမယ်။ မြင့်မြတ် Ref: ART Counselling Teen Magazine

(HIV&AIDS) ရောဂါဝေဒနာသည်များ (ART) ဆေးဝါးအပို ထပ်ရ

မွန်ပြည်နယ်အတွင်း (HIV&AIDS) ရောဂါခံစားနေသူများကို အကူညီပေးနေသော (IOM) အဖွဲ့မှ ရောဂါသည်များအတွက် လိုအပ်နေသည့် ရောဂါပိုးပြန့်ပွားမှုကို ဟန့်တားစေသည့် (ART (Anti-retrovial Therapy)) ဆေးဝါးကို ဧပြီလမှ စပြီး ယခင်ကထက် နှစ်ဆပို၍ ပေးနေသည်ဟု (IOM) အဖွဲ့သားတစ်ဦး၏ ပြောပြချက်အရသိရသည်။ “ယခင်ကမွန်ပြည်နယ်အတွင်းမှာရှိနေတဲ့ ရောဂါဝေဒနာသည်တွေအတွက် (ART) ဆေးက (၁၀၀) လောက်ပဲရနေတယ်၊ ဧပြီလကနေစပြီးတော့ နောက်ထပ် (၁၀၀) ကျမတို့ (IOM) အဖွဲ့ကနေပြီးတော့ ထပ်ပေးနေပါတယ်” ဟု နိုင်ငံတကာရွေ့ပြောင်းအလုပ်သမားများအဖွဲ့ (IOM) မှ အဖွဲ့သားတစ်ဦးက ပြောသည်။ နိုင်ငံတကာရွေ့ပြောင်းအလုပ်သမား (IOM) အဖွဲ့သည် မွန်ပြည်နယ်အတွင်းရှိ မုဒုံမြို့နယ်မှ ကျေးရွာပေါင်း (၁၅)၊ သံဖြူဇရပ်မြို့နယ်မှ (၁၅) ရွာ၊ ရေးမြို့နယ်မှ (၁၆) ရွာ၊ ကျိုက်မရောမြို့နယ်မှ (၁၀) ရွာ၊ ဘီလင်းမြို့နယ်မှ (၁၅) ရွာ၊ မော်လမြိုင်မြို့နယ်မှ (၅) ရွာတို့မှ (HIV&AIDS) ရောဂါဝေဒနာခံစားနေရသူများကို အကူညီပေးနေခြင်း ဖြစ်သည်။ ၄င်းအဖွဲ့သားဆက်လက်ပြောပြတာက “(ART) ဆေးဟာ ရောဂါသည်တွေ အလွန်လိုအပ်နေပါတယ်၊ ဒါပေမယ့် ယခုလို ထပ်ပေးရင်တောင်မှ ရောဂါသည်အားလုံးအတွက် မလုံလောက်သေးပါဘူး၊ ရောဂါခံစားရတဲ့သူတွေဟာ တစ်နှစ်နဲ့ တစ်နှစ် တိုးတိုးလာနေတယ်” ဟု သူက ပြောသည်။ “မုဒုံမြို့နယ်အတွင်းမှာဆိုရင် ၁၅ ရွာကို (IOM) ကနေ အကူညီပေးနေတယ်၊ ၅ ရွာတစ်ဖွဲ့ ဖွဲ့ပြီးတော့ ကူညီနေတယ်၊ အဲဒီ ၅ ရွာမှာဆိုရင် အရင်က လူနာအယောက် ၄၀ ကျော်ပဲရှိတယ်၊ အခု ဒီဧပြီလအထိက ကျမတို့ စာရင်းအရတော့ လူနာပိုလာတယ်၊ သေသွားတဲ့လူလဲ ရှိသလို လူနာက ၅၀ ကျော်ဖြစ်သွားတယ်” ဟု သူက ဆက်ပြောသည်။ မွန်ပြည်နယ်အတွင်းတွင် အကူညီပေးနေသော နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားများ အဖွဲ့သည် (HIV&AIDS) ဝေဒနာသည်များအတွက် ဆေးပိုရသော်လည်း လူနာအားလုံအတွက် လုံလောက်မှု မရှိသေးပေ။ လူနာအားလုံးအတွက် ပေးမည်မဟုတ်ပဲ လူနာ၏ ရောဂါအခြေနေပေါ်မူတည်ပြီး ဆေးပေးနေသည်ဟု ၄င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် (ART) ဆေးလိုအပ်နေသော ဝေဒနာရှင် ၇၅၀၀၀ ခန့်ရှိကြောင်းနှင့် ယင်းအနက် ၁၄၀၀၀ ခန့်သာလျှင် (ART) ဆေးရရှိပြီး ဆေးလိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းအောက်သာရှိသည်။ နှစ်စဉ် သေဆုံးသူ ၂၅၀၀၀ ခန့်ရှိကြောင်းနှင့် (HIV) ကူးစက်ခံရသူနှင့် (AIDS) ဝေဒနာရှင် ၂၄၀၀၀၀ ဦးခန့်ရှိသည်ဟု ဧပြီ ၂၄ ရက်နေ့ထုတ် (Weekly Eleven) ဂျာနယ်တွင် ဖော်ပြထားပါသည်။ သတင်း

အိပ်ခ်ျအိုင်ဗီရှိသူများအတွက် ဆေးခန်းလမ်းညွှန်

မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗီပိုး သယ်ဆောင်နေထိုင်သူ ခန့်မှန်းခြေစုစုပေါင်း ၂၃၀,၀၀၀ ကျော်ရှိသည်။ အဆိုပါ အိပ်ခ်ျအိုင်ဗီပိုးသည် လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်း၊ မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူများအနေဖြင့် အသုံးပြုသော အပ်များ အတူမျှဝေသုံးစွဲခြင်းတို့မှ ကူးစက်လျက်ရှိသည်။ အိပ်ခ်ျအိုင်ဗီပိုးကူးစက်ခံရသူအများစု၏ ပြောကြားချက်အရ အဆိုပါရောဂါပိုး ကူးစက်ခံရပြီဆိုသည်နှင့် ကြောက်ရွံ့ ထိတ်လန့်ခြင်း၊ လူသိမခံလိုခြင်း၊ ကောက်ရိုးတစ်ပင်ကဲ့သို့ ကယ်ဆယ်ရာ ရှာဖွေခြင်း စသည်တို့ကို ခံစားရပြီး လွဲမှားသော အပြုအမူအတွေးအခေါ် များကို အရင်ဆုံး ပြုမူတတ်ကြကြောင်း သိရသည်။ တချို့က လူသိမခံဘဲ အသေသာခံသွားတော့မည်ဟု တွေးမိခဲ့ကြသည်။ တချို့က ကြားဖူးနားဝ တိုင်းရင်းဆေးများနှင့် ကုသခြင်း တို့ဖြင့် ငွေကုန်လူပန်းဖြစ်ကာ အကျိုးမရှိ အချိန်ကုန်နေတတ်ခဲ့ကြပြန်သည်ဟုဆိုသည်။ သို့ဖြစ်၍ ဤရောဂါပိုး ကူးစက်ခံရပြီဆိုသည်နှင့် တတ်ယောင်ကား ကြိတ်ကုနေမည့်အစား တတ်ကျွမ်းသူ ဆရာဝန်များရှိရာသို့ အမြန်ဆုံးသွားရောက်ကာ တိုင်ပင်ဆွေးနွေး၊ အကြံဉာဏ်ယူသင့်ကြောင်း အိပ်ခ်ျအိုင်ဗီပိုး ကိုယ်တိုင် ခံစားနေကြရသူများကပြောသည်။ ခက်သည်က ထိုသို့သွားလိုသော်လည်း ဘယ်ကိုသွားလို့ သွားရမှန်းမသိ ဖြစ်နေတတ်ပြန်သည်ဟုဆိုကြပြန်သည်။ အိပ်ခ်ျအိုင်ဗီပိုးဖြင့် နေထိုင်နေသူများဖြစ်ပြီး အဆိုပါရောဂါပိုး ရှိသူများအား ကူညီထောက်ပံ့မှုများ ပေးနေသော Myanmar Phoenix Association မှ သဘာပတိဖြစ်သူ ဦးသီဟကြိုင် အဆိုအရ မဂ္ဂဇင်းတစ်စောင်တွင် ပါသော အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်ရောဂါသည်များအား ဆေးဝါးကုသမှုများပေးနေသည့် ဆေးခန်းလိပ်စာကြောင့်သာ ယနေ့အထိ သူအသက် ရှင်သန်ရပ်တည်နေနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။ သို့ဖြစ်၍အိပ်ခ်ျအိုင်ဗီပိုးရှိ လူနာများသွားရောက် ဆက်သွယ်နိုင်သည့် ၀န်ဆောင်မှုဌာန များအား ရေးသားဖော်ပြ လိုက်ရပါသည်။ မင်္ဂလာဒုံ အထူးကုဆေးရုံကြီး ကျိုက္ကလို့မှတ်တိုင်၊၊ သဘာဝဓာတ်ငွေ့ ဆိုင်ရှေ့၊ ပြည်လမ်း၊ မင်္ဂလာဒုံမြို့။ ဖုန်း- ၆၃၅ ၂၉၉ ဝေဘာဂီဆေးရုံကြီး မေဒါဝီလမ်းမအဆုံး (၆ ကွေ့မှတ်တိုင်) ဝေဘာဂီမြို့သစ်၊ မြောက်ဥက္ကလာပ မြို့နယ်။ ဖုန်း- ၆၉၀ ၁၁၉၊ ၆၉၀ ၁၇၄ AZG ၅၇-၅၈၊ ဧရာဝဏ်လမ်း၊ မြခွာညို၊ (၈)ဂိတ်မှတ်တိုင်အနီး၊ ဖုန်း-၅၄၇၀၆၅။ လှိုင်သာယာ၊ ရွှေရင်အေးဈေးအနီး၊ ဗိုလ်အောင်ကျော် လမ်း၊ (၁၉) ရပ်ကွက်။ AFXB အမှတ် ဗ၊ ယိုးဒယားလမ်း (၉)မိုင် မှတ်တိုင်၊ ပြည်လမ်း၊ ရန်ကုန်။ ဖုန်း- ၆၆၀ ၆၇၃ Alliance အမှတ် (၇)ဗ (၆)၊ ရန်ကင်း၊ ရန်ကုန်၊ ဖုန်း- ၅၄၀ ၅၄၂၊ ၅၅၈ ၀၉၀၊ PSI QC ဆေးခန်း၊ အမှတ် ၁၊ ထီးတန်း (၄)လမ်း၊ ကြည့်မြင်တိုင်။ ဖုန်း- ၇၂၀ ၃၉၃ ရတနာ့မေတ္တာ ၄၀၆ ဆေးခန်း၊ အမှတ် (၄၀၆)၊ အောက်ပုဇွန်တောင်လမ်းမကြီး၊ ရေအရင်းအမြစ်ရုံးနှင့် ညောင်တန်းအိမ်ယာကြား ဦးသီဟကြိုင်(Myanmar Phoenix Association) ဖုန်း- ၀၉ ၅၀၅ ၉၁၇၂ ဦးမျိုးဇော်ဦး (Myanmar Phoenix Association) ဖုန်း- ၀၁- ၇၂၅ ၉၅၄ myozawoo.2009@gmail.com ကိုအောင်ကျော် (အိပ်ခ်ျအိုင်ဗီဆိုင်ရာ နှစ်သိမ့်ဆွေးနွေး အကြံပေးသူ)၊ ဖုန်း- ၀၁- ၃၇၇ ၉၄၅ ခင်မြတ် Myanmar Times - အတွဲ ၂၆၊ အမှတ် ၅၀၂ (၂၁ - ၂၇၊ ၁၊ ၂၀၁၁)

What is HIV , AIDS

အေအိုင်ဒီအက်စ် Acquired Immune Deficiency Syndrome သည် အိတ်ခ်ျအိုင်ဗွီပိုး Human Immunodeficiency Virus ကြောင့် ဖြစ်ပွားသောရောဂါဖြစ်သည်။ ထိုဗိုင်းရပ်စ်ပိုးသည် သေးငယ်လှသော ဇီဝပစ္စည်းတခုဖြစ်ပြီး သတ္တဝါများအတွင်းရှိ ကလာပ်စည်းများ သို့ဝင်ကပ်ပေါင်းပြီး ထိုကလာပ်စည်းအတိုင်း ပုံစံကူးယူနိုင်စွမ်းရှိသည်။ ထိုကလာပ်စည်းများက အိတ်ခ်ျ အိုင်ဗွီပိုး ပုံစံတူများ ဖွဲ‹စည်းအပြီး သေဆုံးသွားသော်လည်း အခြားကလာပ်စည်းများ၌ သွားရောက် ဝင်ကပ်ပူးရန် ထိုပုံစံတူပိုးကလာပ်စည်းများကို ထုတ်လွှတ်ပေးလေသည်။ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ကို တိုက်ယူသည့် ရောဂါပိုးများ ခုခံကာကွယ်ပေးသော ပဋိပစ္စည်းများ ခန္ဓွာကိုယ်မှ ထုတ်လွှတ်ပေးပြီး ယင်းကို ဆယ်±ို-ကွန်ဗာရှင်းဟုခေါ်သည်။ ကလာပ်စည်းအတော်များများ သေဆုံးသွားသည့်အခါ ခုခံစွမ်းအား လျော့နည်းသွားပြီး ယခင်ကကဲ့သို့ ဝင်လာသော ရောဂါများကို ခုခံကာကွယ်နိုင်စွမ်း မရှိတော့ပေ။ ထိုသို့သော အခြေအနေတွင် ယခင်က တော်ရုံတန်ရုံလောက်သာဖြစ်သော၊ ပြဿနာအကြီးအကျယ် မပေးနိုင်သော ရောဂါများသည်ပင်လျှင် အလွန် အန္တရာယ်ကြီးသည့် ရောဂါများ ဖြစ်လာတတ်သည်။ ဘယ်လိုဘယ်ပုံ ကူးစက်နိုင်ပါသလဲ၊ ဘယ်လို ကာကွယ်ယူလို့ ရပါသလဲ၊ ကူးစက်ပုံကူးစက်နည်း - ကာမဆက်ဆံခြင်း ကူးစက်ပြီးသားသူ တစုံတဦးနှင့် ကာမဆက်ဆံခြင်း ပြုပါက ကူးစက်နိုင်သည်။ အိတ်ခ်ျအိုင်ဗွီ ကူးစက်မှု နှုန်း၏ ၇၅ ရာခိုင်နှုန်းသည် ကာမဆက်ဆံခြင်းမှ ကူးစက်ကြခြင်းဖြစ်သည်။ ဤ ၇၅ ရာခိုင်နှုန်းမှ သုံးပုံတပုံသည် ဖိုမ ကြားကာမဆက်ဆံခြင်းမှ ကူးစက်ပျံ့ပွားခြင်း ဖြစ်သည်။ ပြတ် သွား၊ ခြစ်မိသွားသည့် နေရာသေးသေးကလေးများမှ အိတ်ခ်ျအိုင်ဗွီပိုး ခန္ဓာကိုယ်တွင်း ၀င်ရောက်လာ နိုင်သည်။ အက်စ် တီအိုင် ခေါ် ကာမဆက်ဆံခြင်းမှ ကူးစက်မှုများမှာအနာများ၊ ဒဏ်ရာဒဏ်ချက် များမှဖြစ်ပွားလေ့ရှိပြီး အိတ်ခ်ျ အိုင်ဗွီပိုး ကူးစက်လာရန်အထူးအခြေ အနေတခုကို ဖန်တီးပေးလေ သည်။ ကာကွယ်တားဆီးနိုင်သောနည်းလမ်းများ ဇီဝဆိုင်ရာကာကွယ်နည်း - အက်စ်တီအိုင်မရအောင် ထိန်းသိမ်းခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် မိုက်ကရိုဘိုက်ဒ်စ်၊ အပြုအမူဆိုင် ရာကာကွယ်နည်း - သမားရိုးကျပညာရေး၊ သတင်းစာနယ်ဇင်း၊ လူမှုရေးဈေးကွက်လုပ်ယူခြင်း၊ ကူးစက်ပုံကူးစက်နည်း - ဆေးထိုးခြင်း ဆေးထိုးအပ်များ တဦးပြီးတဦး ထပ်ကာထပ်ကာ ဖလှယ်သုံးစွဲခြင်း သို့မဟုတ် ကူးစက်ခံရပြီးသူ နှင့် မူးယစ်ဆေးဝါး ထိုးသုံးစွဲသည့် ကိရိယာတန်ဆာပလာများဖလှယ်သုံးခြင်း။ ကာကွယ်တားဆီးနိုင်သောနည်းလမ်းများ သန့်ရှင်းသော ဆေးထိုးကရိယာများ ထောက်ကူပေးခြင်း၊ လူထုအသိုင်းအ၀ိုင်းအတွင်း လက်လှမ်းမီ သမျှ ကွင်းဆင်းလုပ်ကိုင်ခြင်းနှင့် အပေါင်းအဖော် အချင်းချင်းအကြား ပညာပေးဆောင်ရွက်ခြင်း၊ ကျန်းမာရေး ဌာနများ၊ ဆေးစစ်ခြင်းနှင့် ကုသပေးမှုများသို့လူတိုင်းလက်လှမ်းမီရရှိအောင် လုပ်ပေး ခြင်း။ ကူးစက်ပုံကူးစက်နည်း - သွေးသွင်းခြင်း အိတ်ခ်ျအိုင်ဗွီပိုးပါသောသွေးအား သွင်းယူမိခြင်း၊ ကာကွယ်တားဆီးနိုင်သောနည်းလမ်းများ သွေးလှူသူ များအား ဇကာတင်စစ်ဆေးပြီးမှ သွေးယူခြင်း၊ ပံ့ပိုးလာသော သွေးများအား ဇကာတင်စစ် ဆေးယူ ခြင်း။ ကူးစက်ပုံကူးစက်နည်း - မိခင်မှ ရင်သွေးငယ်များသို့ အိတ်ခ်ျအိုင်ဗွီရှိပြီးသူ မိခင်၏သားအိမ်အတွင်း သန္ဓေတည် လာသည့်ကလေးငယ်အား မီးဖွားသည့် အချိန် နှင့် မိခင်နို့ရည်တိုက်ကျွေးချိန် တို့တွင် ကူးစက်နိုင်သည်။ ကာကွယ်တားဆီးနိုင်သောနည်းလမ်းများ မီးဖွားခြင်းမပြုခင် မိခင်အား အင်န်တီရီထရိုဗိုင်ရယ်စ် တိုက်ကေဋ္ဌးခြင်း၊ မိခင်နို့ရည် တိုက်ကျွေးခြင်း မပြုပဲအခြား ကျန်းမာသောနည်းများသုံး၍ ကျွေးမွေးခြင်း။ Published by: bluebluenight on 13th Dec 2010 Myanmar LGBT Society

HIV ပိုး ရှိမရှိ ဘာကြောင့်စစ်ဆေးသင့်သလဲ

ကမ္ဘာ့ကပ်ရောဂါတစ်ခုလို့ ပြောရမဲ့ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်)ရောဂါဟာ မြန်မာနိုင်ငံမှာလည်း ဆယ်စုနှစ် တစ်ခုအတွင်းမှာ ကြောက်မက်ဖွယ်ရာကို ကူးစက်ပြန့်ပွားလာခဲ့ပါတယ်။ ကာကွယ် တားဆီးမှုလုပ်ငန်းတွေနဲ့အတူ အခုအချိန်မှာ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်)ရောဂါ ဝေဒနာရှင်တွေ ကို ပြုစုစောင့်ရှောက်ခြင်း၊ ဆွေးနွေးနှစ်သိမ့် အကြံပေးခြင်း၊ ကူညီခြင်းဆိုတဲ့ အပိုင်းကိုလည်း အလေးထား လုပ်ကိုင်လာခဲ့ကြပါပြီ။ အခုအခါမှာ ရောဂါဖြစ်ပွားလာတာနဲ့အမျှ အိတ်ခ်ျအိုင်ဗွီပိုးရှိမရှိကို သွေးစစ်ကြည့်ဖို့ကိစ္စကလည်း ထည့်သွင်း စဉ်းစားကြတဲ့အထဲမှာ အရေးပါတဲ့ ကိစ္စတခုဖြစ်လာပါတယ်။ အလုပ်က အကြောင်းပြချက်တခုနဲ့ စစ်ခိုင်းလို့၊ ဒါမှမဟုတ် လက်မထပ်ခင် စိတ်ရှင်းရအောင် စစ်ချင်လို့၊ မိမိဘာသာဆန္ဒအလျှောက် ရောဂါရှိမရှိ သိချင်လို့ လာရောကစစ်ဆေးတတ်ကြသလို၊ တချို့ကြတော့လည်း ရောဂါလဏ္ခာ တခုခုကြောင့် ဆရာဝန်က လွှတ်လိုက်လို့ ဆိုပြီး ရောက်လာကြသူတွေလည်းရှိပါတယ်။ ဘယ်လို အခြေနေမျိုးတွေမှာ သင့်မှာ အိတ်အိုင်ခ်ျဗွီပိုးကူးစက်နိုင်သလဲ၊ စစ်ဆေးကြည့်သင့်သလဲဆိုတာကို ရှင်းပြချင်ပါတယ်။ ကိုယ့်အိမ်ထောင်ဖက်/ လိင်ဆက်ဆံဖက်နဲ့ ကိုယ့်ရဲ့အကြားမှာ တစ်ဦးကိုတစ်ဦး အပြန်အလှန်သစ္စာရှိတဲ့ အိမ်ထောင်ရေးမျိုး မဟုတ်ခဲ့ဘူးဆိုရင်၊ အိတ်ခ်ျအိုင်ဗွီပိုးရနိုင်ခြေကို အောက်ပါအချက် (၃)ချက်က အဆုံးအဖြတ် ပေးပါလိမ့်မယ်။ (၁) လိင်ဆက်ဆံဖက်/ အိမ်ထောင်ဖက်(များ)၏ ရွေးချယ်မှု လိင်ဆက်ဆံဖက်/ အိမ်ထောင်ဖက်တွင် အိတ်ခ်ျအိုင်ဗွီပိုးရှိ၊ မရှိဆိုတဲ့အချက်တွင် ရောဂါပိုးရနိုင် မရနိုင်ကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ လူတယောက်ကိုကြည့်လိုက်ရုံနဲ့ သူမှာ အိတ်ခ်ျအိုင်ဗွီပိုးရှိ၊ မရှိကို မသိနိုင်တာကြောင့် ကိုယ်နဲ့လိင်ဆက်ဆံဖက်ရဲ့လိင်ကိစ္စအမူအကျင့်တွေကို မသိခဲ့ဘူးဆိုရင် လိင်ဆက်ဆံဆတိုင်း ကွန်းဒုံးသုံးသင့်ပါတယ်။ ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံမယ်ဆိုရင် တစ်ကြိမ်ပဲ ဖြစ်ဖြစ် ကွန်ဒုံးမသုံးရင် ရောဂါပိုးကူးစက်နိုင်ပါတယ်။ (၂) လိင်ဆက်ဆံဖူးသူ အရေအတွက် ကိုယ်နဲ့ လိင်ဆက်ဆံဖူးသူ အရေအတွက်များလေလေ၊ ရောဂါပိုးရနိုင်ခြေများလေလေပါဘဲ။ ဒါကြောင့် တတ်နိုင်မယ်ဆိုရင် လိင်ဆက်ဆံသူအရေအတွက်ကို လျော့ချသင့်ပါတယ်။ ကိုယ်နဲ့လိင်ဆ်ဆံသူတွေရဲ့ လိင်ဆက်ဆံတဲ့အမူအကျင့်တွေကို ဘယ်လိုမှ သိနိုင်မှာမဟုတ်တဲ့အတွက် လိင်ဆက်ဆံဖက် အရေအတွက် လျော့ချခြင်းတစ်ခုထဲဟာလည်း လုံလောက်တဲ့ကာကွယ်နည်းမဖြစ်နိုင်ပါ။ ဒါကြောင့် အကာအကွယ်ယူပြီး လိင်ဆက်ဆံတာ (လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးတာ)ကို ဆက်လုပ်သွား သင့်ပါတယ်။ (၃) လိင်ကိစ္စပိုင်းဆိုင်ရာအမူအကျင့်၊ နေထိုင်ပုံ လိင်ဆက်ဆံတာကြောင့်ကူးစက်တာကို ကာကွယ်ဖို့ (တစ်ယောက်ကို တစ်ယောက် သစ္စာမရှိနိုင်တဲ့၊ ယုံကြည်လို့ မရတဲ့သူတွေနဲ့ လိင်မဆက်ဆံပဲ) လုံးဝရှောင်ကြဉ်တာဟာ အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူအများစုအတွက်တော့ ဒီအကြံဥာဏ်ဟာ လက်တွေ့မကျနိုင်ဘူးလို့ ဆိုပါတယ်။ါးကြောင့် ကွန်ဒုံးအသုံးပြုပြီးတော့ တခြားအန္တရယ်ကင်းတဲ့ လိင်ကိစ္စပိုင်းဆိုင်ရာ အမူအကျင့်တွေပြုမူမယ်ဆိုရင် ရောဂါပိုးကူးစက်ခြင်းနှင့်ရောဂါ ရနိုင်ခြေကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ယဉ်ကျေးမှုဓလေ့ထုံးစံအရ လိင်ကိစ္စနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဖွင့်ပြောဖို့ခက်တဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ ကာကွယ်တာဆီးဖို့ပညာပေးဖို့ဆိုတာတောင် မလွယ်လှတဲ့အတွက် ရောဂါပိုးစစ်ဖို့ကိစ္စရဲ့ နောက်ဆက်တွဲမှာ လူမှုရေးပြဿနာတွေကလည်း အများကြီးဆက်ပါလာတတ်ပါတယ်။ ကုလို့မရတဲ့ ရောဂါတစ်ခုမို့ အဲဒီရောဂါဖြစ်မှာကို ကြောက်တာထက် လူတွေကအထင်သေး၊ အမြင်သေးမယ်။ ပတ်ဝန်းကျင်က ဝိုင်းပယ်တာခံရမယ်ဆိုပြီး လူမှုရေးဒဏ်ခတ်တာခံရတော့မယ်လို့ မြင်တဲ့အမြင်က ပိုဖိစီးဆေတာကိုတွေ့ရပါတယ်။ ကုဖို့ဆေးမရှိတာ မသေခင် စိတ်ညစ်နေရတာ အဖတ်တင်မဲ့နတူတူ မစစ်ပဲထားတာကောင်းပါတယ်လို့ သဘောထားပြီး ဒီတိုင်းပဲနေနေတဲ့ သူတွေလည်း ဒုနဲ့ဒေးပါ။ စစ်သင့် မစစ်သင့် ဆုံးဖြတ်ခြင်းကတော့ ကိုယ့်ဆန္ဒတိုင်းပါပဲ။ ဒါပေမဲ့ စစ်ခြင်းအားဖြင့် ဘယ်လိုအကျိုးရှိနိုင် သလဲဆိုတာကို အခုတင်ပြဆွေးနွေးပေးချင်တာပါ။ ဘယ်လိုလူတွေအနေနဲ့ ဆေးစစ်ကြည့်သင့်တယ်၊ ရောဂါပိုးရှိရင်ဘာလုပ်နိုင်မလဲ။ တကယ်လို့ မရှိခဲ့ရင်ကော ဘာဆက်လုပ်သင့်သလဲ။ ဆေးမစစ်မီနဲ့ စစ်ပြီးချိန်တွေမှာ ဘာကြောင့် ဆွေးနွေးညှိနှိုင်းအကြံပေးမှုကို ရယူသင့်သလဲဆိုတာတွေကို ပြောချင်တာပါ။ ဘယ်လိုအခြေအနေမျိုးမှာ ဆေးစစ်သင့်သလဲ။ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်နိုင်တဲ့နည်းလမ်းတွေထဲမှာပါတဲ့ အချက်တွေထဲက တစ်ခုခုကို တစ်ကြိမ်ထဲ လုပ်ခဲ့ဖူးရင်တောင် ဆေးစစ်ကြည့်သင့်ပါတယ်။ ဆေးစစ်လို ရောဂါပိုးရှိနေတာကို ကြိုသိရင် ဘာလုပ်နိုင်မလဲ။ လူအတော်များများက ရောဂါပိုးကိုယ့်မှာရှိနေပြီဆိုတာကို သိပြီးမကြာဘူး၊ ကိုယ်သေသွားမှာပဲလို့ ထင်နေကြပါတယ်။ အဲဒီ စိတ္တဇနဲ့ပဲစောစောကွယ်လွန်သွားကြတဲ့ ရောဂါဝေဒနာရှင်တွေလည်း မနည်းလှပါဘူး။ အမှန်တော့ ရောဂါပိုး ရှိပြီးမှကို ကျန်းမာရေးကို ဂရုစိုက်မယ်။ ရောဂါပိုးထပ်ရနိုင်မဲ့ အပြုအမှုတွေကို ရှောင်မယ်။ အစားအသောက်၊ အနေအထိုင်ကို ဂရုစိုက်မယ်ဆိုရင် ကိုယ်ခံအား သိပ်မကျသေးတဲ့ လူနာတွေဟာ သာမန်လူလိုပဲ အသက်ရှည်ရှည် နေနိုင်ကြပါတယ်။ ဒါအပြင် ကိုယ့်ကြာင့် သူများမှာ ရောဂါရမသွားအောင်လည်း အနေအထိုင် ဆင်ခြင်နိုင်တယ်။ အိမ်ထောင်ဦးစီး တစ်ဦးဖြစ်နေတယ်ဆိုင်လည်း ကိုယ်မျက်ကွယ်ပြုတဲ့အချိန်မှာ ကိုယ့်မိသားစုရဲ့ စားသောက် နေထိုင်ရေး ရှေ့ရေးအတွက် ကြိုတင်စီစဉ်မှုတွေလည်း လုပ်ပေးနိုင်တယ်။ တကယ်လို့ ကိုယ်ခံအား သိပ်ကျနေတဲ့ လူနာတွေဆိုရင်လည်း နားလည်တတ်ကျွမ်းတဲ့ ဆေးဝန်ထမ်းတွေရဲ့အကူအညီနဲ့ ကိုယ့်သက်တမ်းကို ဆွဲဆန့်ပေးလို့ ရသလို ကိုယ်ခံအားနည်းတဲ့အကျိုးဆက်ကြောင့်ဝင်လာတဲ့ ရောဂါတွေကိုလည်း သက်သာအောင် ကုသမှုခံယူလို့ ရနိုင်ပါတယ်။ ရောဂါပိုးမရှိခဲ့ရင်ကော ဘာဆက်လုပ်ရမလဲ။ ရောဂါကူစက်နိုင်မဲ့ အပြုအမူတွေကို အမြဲသတိထား ရှောင်ကြဉ်သွားမယ်ဆိုရင် ဒီရောဂါရဲ့ အန္တရယ်ကနေ ကင်းလွတ်နိုင်ပြီပေါ့။ ရောဂါပိုးရှိ၊ မရှိသွေးမစစ်ခင်နဲ့ သွေးစစ်အပြီးမှာ ဆွေးနွေးအကြံပေးခြင်း လုပ်တယ်ဆိုတာဘာလဲ လူတွေရဲ့ ဘဝပြဿနာတွေကို ဖြေရှင်းတဲ့အခါမမှာ ပုံသေနည်းတွေထုပ်ပြီး အကြံပေးပေးလို့ မရနိုင်ပါဘူး။ လူတိုင်းဟာ ကိုယ်ကျင်လည်ရာ ဘဝပတ်ဝန်းကျင်မှာတော့ ဇတ်လိုက်တွေခြည်းပါပဲ။ လူတစ်ဦးချင်းစီရဲ့ ဘဝတွေကလည်း ဘယ်လိုမှ ထပ်တူမဖြစ်နိုင်ပါဘူး။ ပြဿနာတစ်ခုကို ဖြေရှင်းရာမှာလည်း သူတို့အခြေအနေကို သူတို့အပြင်ဘယ်သူကမှ ပိုမသိနိုင်ပါဘူး။ ဒါကြောင့် နှစ်သိမ့် ဆွေးနွေးအကြံပေးသူတွေအနေနဲ့ သူတို့ပြောပြတဲ့ သူတို့ရဲ့ဘဝအခြေအနေ၊ အခက်အခဲ၊ ပြဿနာ၊ စိုးရိမ်ပူပန်မှု၊ အားသာချက်၊ အားနည်းချက်တွေကို သေချာ နားထောင်ပေးပြီး ပိုသိဖို့လိုမယ် ထင်ရင်လည်း မေးမြန်းကြည့်ပြီး၊ သူတို့ဘာသာ ပြဿနာရဲ့ အဖြေကိုရှာနိုင်အောင်၊ ရှာတတ်အောင် ကူညီလမ်းကြောင်း ဆွေးနွေးပေးခြင်းပဲဖြစ်ပါတယ်။ ရောဂါပိုးရှိမရှိကို ဆေးစစ်လိုသူတွေဟာ အလွတ်ကိုယ့်သဘောနဲ့ကိုယ် ဆေးစစ်ပြီး ရှိမရှိကို သိတာမျိုးထက်၊ သွေးမစစ်မှီနဲ့ သွေးစစ်ပြီးအချိန်တွေမှာ ဆွေးနွေးညှိနှိုင်း အကြံပေးမှုကို ရယူနိုင်ရင် ပိုကောင်းပါတယ်။ ဘာကြောင့် ဆွေးနွေးညှိနှိုင်း အကြံပေးမှုကို ခံယူသင့်သလဲဆိုရင် ရောဂါပိုးရှိခြင်း မရှိခြင်းစာ ကိုယ်အတွက် များစွာအရေးပါနေတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာရော၊ လူမှုရေးပိုင်းမှာပါ စိတ်ဖိစီးမှုတွေ ရှိနိုင်လို့ပါပဲ။ ကိုယ်တိုင်ပဲဖြစ်ဖြစ် ကိုယ့်မိတ်ဆွေသားချင်းထဲက တစ်ဦးဦးမှာပဲဖြစ်ဖြစ် အေအိုင်ဒီအက်(စ်)ရောဂါနဲ့ ပတ်သက်ပြီး စိတ်ပူပန်သောကများရောက်နေခဲ့တယ်ဆိုရင် ကျန်းမာရေးဝန်းကြီးဌာန လက်အောက်မှာ ရှိတဲ့ ရန်ကုန်မှာဆိုရင် နှစ်သိမ့်ဆွေးနွေးပညာပေးအဖွဲ့(ဗဟို) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ တိုးချဲ့ပြည်သူ့ ဆေးရုံးဝင်း၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းကိုသွားရောက်နိုင်ပါတယ်။ ပြည်နယ်နှင့်တိုင်း ဆေးရုံးများ၊ ကာလသားရောဂါတိုက်ဖျက်ရေးဌာနများ၊ မူးယစ်ဆေးစွဲကုသရေးနှင့် သုတေသနဌာနများ၊ လူမှုရေး အသင်းအဖွဲ့များဖြစ်တဲ့ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီအသင်းစတဲ့ အသင်းအဖွဲ့တွေမှာလည်း သွားရောက်တွေ့ဆုံ ဆွေးနွေးနိုင်ပါတယ်။ ဆွေးနွေး အကြံပေးနေသူအားလုံးဟာ ကမ္ဘာကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာန ခုခံအားကျ ဆင်းမှု ကူးစက်ရောဂါ ကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေးစီမံချက်တို့ ကူးပေါင်းပို့ချနေတဲ့ နှစ်သိမ့်ဆွေးနွေး အကြံပေး သင်တန်းများမှာ တက်ရောက်ဖူးသူများဖြစ်ကြပါတယ်။ ကိုယ့်ရပ်ရွာမှာ အေအိုင်ဒီအက်(စ်)ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ လူးမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှတဆင့် လည်း ဆက်သွယ်ဆုံးစမ်းမေးမြန်းလို့ ရနိုင်မှာဖြစ်ပါတယ်။ တာချီလိတ်၊ကျိုင်းထုံ၊မြဝတီ၊ထားဝယ်၊မြိတ်၊ ကော့သောင်းတို့မှာ ဆိုရင်လည်း ဝေါဗွီးရှင်း (မြန်မာ)ရဲ့ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်) စီမံချက် တွေက တဆင့်လည်း ကိုယ်လိုအပ်တဲ့ အကူအညီတွေကိုလည်း တောင်ခံနိုင်မှာဖြစ်ပါတယ်။ သင့်တော်တဲ့ နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းလုပ်ငန်းတွေရဲ့ကူညီပံ့ပိုးမှုမပါပဲနဲ့ အိတ်ခ်ျအိုင်ဗွီပိုးရှိ မရှိကို ဆေးစစ်ကြတဲ့အခါမှာ ရောဂါပိုးရှိရင် ဘယ်လိုဆက်နေထိုင်သွားသင့်တယ်ဆိုတာမျိုး၊ မရှိရင်လဲ ရောဂါပိုး မကူးစက်လာအောင် ဘယ်လိုဆက်နေထိုင်သွားသင့်တယ် ဆိုတာမျိုးတွေကို ဘယ်သူကမှ ပြောပြမပေးခဲ့ရင် ကိုယ်ရဲ့ဆေးစစ်ချက်ဟာ အလဟဿဖြစ်သွားနိုင်ပါတယ်။ ရောဂါမရှိတဲ့သူကလည်း “ငါဘာလုပ်လုပ် ဘာမှ မဖြစ်နိုင်ပါဘူး၊ဆက်လုပ်ချင်ရာလုပ်တော့မယ်လို့” သဘောပိုက်သွားနိုင်သလို ရောဂါရှိသူကလည်း “မထူးပါဘူး မသေခင် ကိုယ်လုပ်ချင်တာလုပ်သွားတော့မယ်” ဆိုတဲ့ အတွေးမျိုး ဝင်သွားနိုင်ပါတယ်။ အဲဒီလိုကတဆင့် တခြားလူတွေဆီကို မလိုလားအပ်တဲ့ ကူးစက်မှုတွေ ဖြစ်သွားနိုင်တာမို့ အိတ်ခ်ျအိုင်ဗွီပိုးရှိမရှိကို သွေးစစ်ဖို့ စိတ်ကူးရှိရင် နီးစပ်ရာ နှစ်သိမ့်ဆွေးနွေး အကြံပေးဌာနတွေနဲ့ ဆက်သွယ်ပြီးမှစစ်ရင် ပိုကောင်းပါတယ်လို့ အကြံပြုချင်ပါတယ်။ ပင်လယ်ပြာပြာ -

ART ဆေး လိုအပ်သူ နှစ်သောင်းကျော် ကျန်းမာရေး ဝန်ကြီးဌာန ပံ့ပိုးရန် စီစဉ်

မြန်မာနိုင်ငံတွင် ART ဆေးဝါး လိုအပ်နေသူ တစ်သိန်းနှစ်သောင်းကျော် ရှိသည့်အနက် ကျန်းမာရေး ဝန်ကြီးဌာန အသုံးစရိတ်ဖြင့် HIV/AIDS ဝေဒနာရှင် နှစ်သောင်းကျော် ထပ်တိုး၍ ၂၀၁၆ ခုနှစ် မတိုင်မီ ထောက်ပံ့နိုင်ရန် စီမံကိန်း ရေးဆွဲနေကြောင်း National AIDS Program ၏ စီမံကိန်း မန်နေဂျာ ဒေါက်တာမြင့်ရွှေက The Voice သို့ ပြောကြားသည်။ ယခု ၂၀၁၄ ခုနှစ်တွင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းကာ HIV/AIDS ဝေဒနာရှင် ရှစ်သောင်းကျော်ကို ART ဆေးဝါးများ ပံ့ပိုးနေပြီ ဖြစ်၍ ကျန်ရှိနေသော လူနာ နှစ်သောင်းကျော်ကို ဆေးဝါးများ ထပ်မံ ထောက်ပံ့ရန် ကျန်းမာရေး ဦးစီးဌာနက အစီအစဉ် အသေးစိတ် ရေးဆွဲရခြင်း ဖြစ်ကြောင်း၊ ART ဆေးဝါး လိုအပ်နေသူ တစ်သိန်းနှစ်သောင်းကျော် ရှိသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ဆေးဝါးလက်ခံ ကုသမှု မခံယူသူများ ရှိနေသည့်အတွက် တစ်သိန်းခြောက်ထောင်ကိုသာ ART ဆေးဝါး ထောက်ပံ့ရန် လျာထားခြင်း ဖြစ်ပြီး ART ဆေး လိုအပ်သူ နှစ်သောင်းကျော် အတွက် ပံ့ပိုးနိုင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။ ကျန်းမာရေး ဝန်ကြီးဌာနသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က စတင်ပြီး HIV/AIDS ဝေဒနာရှင် ၄၀၀ အတွက် ART ဆေးဝါးများ ပံ့ပိုးခဲ့ရာ လာမည့် နှစ်များတွင် ထပ်တိုးထောက်ပံ့ရန် ကတိကဝတ် ပြုခဲ့သည့်အတွက် စီမံကိန်း အသေးစိတ် ရေးဆွဲခြင်း ဖြစ်ကြောင်း ဒေါက်တာမြင့်ရွှေက ဆိုသည်။ ယခင်က ART ဆေးဝါးကို အကန့်အသတ်နှင့်သာ ရရှိ၍ လူနာအချင်းချင်း ပြန်လည်ရောင်းစားမှုများ ရှိခဲ့သောကြောင့် National AIDS Program က ဆေးဝါး ပံ့ပိုးလိုက်လျှင် လူနာများအတွက် ပိုမိုအဆင်ပြေနိုင်ကြောင်း၊ သို့သော် ဆေးလိုအပ်ချက် မလုံလောက်သည့်အတွက် နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဉ်ပါ တွဲဖက်လုပ်ကိုင်သင့်ကြောင်း HIV/AIDS ဝေဒနာရှင်များကို အိမ်တိုင်ရာရောက် လိုက်လံ စောင့်ရှောက်သူတစ်ဦးက The Voice သို့ ပြောကြားသည်။ ယင်းအပြင် ကျန်းမာရေး ဝန်ကြီးဌာနက ART ဆေးဝါး တိုးမြှင့်ထောက်ပံ့မည့် အစီအစဉ်ကြောင့် ထောင်စုနှစ် ရည်မှန်းချက်များ ပြည့်မီရန် ပိုမိုနီးကပ်နေပြီ ဖြစ်ကြောင်း ဒေါက်တာမြင့်ရွှေက ဆိုသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ဒေသတွင် HIV/AIDS ဖြစ်ပွားနှုန်း အမြင့်မားဆုံးနိုင်ငံ စာရင်းဝင် ဖြစ်သည်။ ရန်ကုန်၊ မေ ၂ The Voice Weekly

ခြေတော်ရာရဲ့ ပုံရိပ်

ပျို့အံချင်စရာ ကောင်းတဲ့ စူးအဲ့အဲ့ အနံ့ဆိုးတစ်ခုဟာ သစ်လွင်နေဆဲ အဆောက်အဦ တစ်ခုထဲကနေ အန်ထွက်တာလာတယ်။ အဆောက်အဦအတွင်းမှာတော့ အရိုးပေါ်အရေတင် မျက်တွင်း ဟောက်ပက် အသားအရေ မွဲခြောက် ခြောက်နဲ့ သေလုမျောပါး လူနာတွေဟာ ဖြူလွလွ အိပ်ရာခုတင်တွေထက်မှာ တုံးလုံးပက်လက် လဲလျောင်းနေကြတယ်။ မသတီစရာ ပြည်တည်နာတွေဟာ မြင်မကောင်း ရှူ့မကောင်း ရှိနေပေမဲ့ ဖရာဘတ်နမ်ဖူ ဘုန်းကြီးကျောင်းက သူနာပြုတွေကတော့ ဂရုတစိုက်နဲ့ ကြင်ကြင်နာနာ ပြုစုပေးနေကြတယ်။ ဘန်ကောက်မြို့ရဲ့ မြောက်ဘက် ကီလိုမီတာ ၁၂၀ (၇၅) မိုင်အကွာ လော့ဘူရီခရိုင်က ခြေတော်ရလို့ အဓိပ္ပါယ်ရတဲ့ ဖရာဘတ်နမ်ဖူဟာ HIV/AIDS လူနာ ၄၀၀ ကျော်အတွက် အိုအေစစ်ပါပဲ။ လူနာတွေအတွက် စားဝတ်နေရေး လိုအပ်ချက်တွေအပြင် အခမဲ့ ဆေးကုပေးရာ နေရာတစ်ခုလည်း ဖြစ်တယ်။ တောရိပ် တောင်ရိပ် သစ်ကြီး ဝါးကြီးရိပ် အာဝါသတွေနဲ့ ဖုံးလွှမ်းနေတဲ့ ဒီကျောင်းကို ၁၉၉၂ ခုနှစ်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ့ ထိုင်းလူမျိုး ဆရာတော် ဒေါက်တာ အလောင်ကော့ ဒီခပန်ညို က AIDS ဝေဒနာသည်တွေကို စောင့်ရှောက်ရာ ဘုန်းတော်ကြီး ကျောင်း ၂၃ကျောင်းရှိတဲ့အနက် ဒီကျောင်းတိုက်ကလည်း အပါအဝင်ဖြစ်တယ်။ လူမမာတွေကို ကူညီ စောင့်ရှောက်တာဟာ ထိုင်းလူမျိုး ဓလေ့မှာတော့ ဘုန်းကြီးတွေ ဘုန်းကြီးကျေင်း တွေရဲ့ တာဝန်ပဲလို့ ဆရာတောက မိန့်ပါတယ်။ သက်တော် ၅၀ ရှိပြီဖြစ်တဲ့ ဆရာတော်ဟာ သာသနာ့ ဘောင်မဝင်ခင်က အင်ဂျင်နီယာ တစ်ဦးဖြစ်ခဲ့ပြီး သြစတြေးလျနိုင်ငံကနေ ဘွဲ့လွန်ခဲ့သူ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ထုံးစံအရ ပဉ္စခံပြီး ဦးပဉ္စင်းငယ်ဘဝမှာ လမ်းဘေး တစ်နေရာကနေ AIDS ကြောင့် သေခါနီးဆဲဆဲ လူနာတစ်ယောက်ကို တွေ့ခဲ့တယ်။ ဒီလူနာ မသေခင် လက်ကလေးတွေကို ဆုပ်ကိုင်ကာ အားပေးခဲ့စဉ်ကစလို့ ဆရာတော်ဟာ သာသနာ့ဘောင်ထဲ ခြေစုံပစ်ဝင်ပြီး ရောဂါသည်တွေအတွက် စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ဆောင်တော့တယ်။ ဦးပဉ္စင်းရဲ့ အလုပ်ကတော့ AIDS လူနာတွေကို နောက်ဆုံးအချိန်မှာ အေးအေး ချမ်းချမ်းနဲ့ ညင်ညင်သာသာနဲ့ ဘဝကူးကောင်းအောင် လုပ်ပေးတာပါပဲ။ ဒီလူနာတွေဟာ အနှေးနဲ့ အမြန်သေကြ မှာဖြစ်လို့ အချို့လူတွေက ဒီအလုပ်ကို အကျိုးမရှိဘူးလို့ ပြောကြတယ်။ ဆရာတော်က သူ့ကျောင်း ဆောင်လေးထဲမှာ ခေတ္တခဏ နားနေရင် မိန့်ကြားနေတာ ဖြစ်ပါတယ်။ အားလုံးဟာ တစ်နေ့ သေကြမယ့် သူတွေချည်းပဲလေ။ တကယ်တော့ဒီလူနာတွေကို သနားဂရုနာနဲ့ ကူညီ စောင့်ရှောက် သင့်ပါတယ်။ သူတို့ကို ကျောခိုင်းပြီး ဥပေက္ခာ ပြုမယ်ဆိုရင် ကိုယ့်ကိုယ်ကို လူလို့ ဘယ်ခေါ်နိုင် ပါတော့မလဲ။ ဒီကျောင်းတိုက်မှာ လူနာတွေအတွက် လစဉ် ဘတ်ငွေ သုံးသန်းကျော် သုံးစွဲနေရပြီး ၉၀ ရာခိုင်နှုန်းကို အလှူရှင်တွေဆီက ရရှိပြီး အစိုးရဆီက ၅ ရာခိုင်နှုန်း ထည့်ဝင်ပါတယ်။ အစိုးရက ထည့်ဝင် လှူဒါန်း မှုမှာ လူနာ ၆၄ ယောက်အတွက် ARV ဆေးပါဝင်ပြီး ဖြစ်ပါတယ်။ အေအာဗွီဆေးဟာ ခန္ဓာကိုယ်တွင်း HIV ပြန့်ပွားနှုန်းကို လျော့ချတဲ့ ဆေးပါ။ ခေတ်မီဆေးဝါးတွေအပြင် လူနာတွေ လက်ခံမယ်ဆိုရင် တိုင်းရင်းဆေးနဲ့ပါ ကုသပေးပါတယ်။ လူနာတွေအတွက် ဆေးကုသမှုမပြင် အခြား အစီအစဉ်တွေလည်းရှိပါတယ်။ နှစ်သိမ့်ဆွေးနွေး ပညာပေးမှုတွေ တရားထိုင်စေတာတွေ ယောဂ ကျင်စဉ်တွေအပြင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း စတာတွေလည်းရှိတယ်။ လူနာတွေ အခေါင်းသယ်ပြိုင်ပွဲ ကျင်းပနေကြပုံ အေရိုးဗစ် ကစားနေကြပုံ စတဲ့ ဓါတ်ပုံတွေကိုလည်း ကျောင်းဝင် တစ်နေရာက ပြတိုက်ထဲမှာ တွေ့ရတယ်။ အဲဒီ ပြတိုက်ထဲမှာ ရောဂါပိုးအကြောင်း သိမှတ်စရာအပြင် HIV ရဲ့ ပုံစံကိုလည်း တင်းတောင် တစ်တောင်းအရွယ် ပြုလုပ်ထားပြီး ပြသထားတယ်။ ဒါတင်မက HIV/AIDS နဲ့ ပတ်သက်ရာ အင်တာနက် ဝက်ဆိုက် တွေကိုလည်း ဖေါ်ပြထားတယ်။ ဒါ့အပြင် ဆေးကုသမှု ခံယူပြီး နလန်ထူလာတဲ့ လူနာတွေအတွက် ကျောင်းဝင်းထဲမှာပဲ အလုပ်အကိုင် စီစဉ်ပေးတယ်။ ထမင်းချက် သန့်ရှင်းရေး လုံခြုံရေး စတဲ့ နေရာတွေမှာ ထိုက်သင့်တဲ့ လုပ်အားခ ခံစားခွင့်ရှိတယ်။ လူနာ ၂ ယောက်နဲ့ စတင်ခဲ့တဲ့ ခြေတော်ရာ ကျောင်းတိုက်မှာ အခုဆိုရင် အထူးကြပ်မတ်ဆောင် အပါအဝင် နောက်ထပ် ကုသဆောင် တစ်ခုအပြင် သစ်သားအိမ်လေးတွေထဲမှာလည်း လူနာတွေအပြည့်ပါပဲ။ ရောဂါသည် တစ်သောင်းခန့်ဟာ ခြေတော်ရာ မှာ ခိုလှုံခွင်ရဖို့ စောင့်ဆိုင်း နေကြတယ်လို့လည်း သိရပါတယ်။ ကျောင်းဝင်းထဲမှာ လူနာ ၅ ယောက်လောက်ဟာလည်း နေ့စဉ်သေဆုံးနေတဲ့အတွက် ဆရာတောက မီးသဂြိုဟ်စက်တစ်လုံး ထားရှိပါတယ်။ သေဆုံးသူတွေရဲ့ အရိုးပြာတွေကို သီးသန့် အိတ်လေးတွေနဲ့ ထုပ်ပြီး နာမည် နေ့စွဲ ကအစ ရေးမှတ်ထားတယ်။ အများစုက သေသွားတဲ့သူတို့ ဆွေမျိုးသားချင်း တွေရဲ့ အရိုးပြာကို လာယူဖို့ လိပ်ပြာ မသန့်တဲအတွက် ဥာဏ်တောမြင့်မြင့် ဗုဒ္ဓရုပ်ပွားတော် ရှေ့မှာ စီရရီ ထပ်ထားတဲ့ ပြာအိတ်တွေဟာ တောင်လိုပုံနေပါပြီ။ ဒါကြောင် ပိုပြီး ဝန်ကျင်းစေတဲ့ အရိုးပြာ သိမ်းတဲ့နည်းကို စဉ်းစားနေရတယ်လို့ ဆိုပါတယ်။ ပြာတွေကို စနစ်တကျ သိမ်းထားတဲ့ အပြင် သစ်သားအိမ်လေးနားက ဇီဝပြာတိုက် မှာ ဆေးစိမ်ထားတဲ့ ရုပ်အလောင်း ၁၃ လောင်းကို မှန်ခေါင်းတွေထဲမှာ ထားရှိပြသထားတယ်။ ဒီလိုပြဖို့အတွက် လူနာတွေ မသေခင်ကတည်းက ခွင့်ပြုချက် ရယူထားတာဖြစ်ပါတယ်။ အချို့ရုပ်အလောင်းတွေရဲ့ နုနယ်ပျိုမျစ် လှပခဲ့တဲ့ ဓါတ်ပုံလေးတွေကိုပါ ပူးတွဲ ဖေါ်ပြထားတဲ့အတွက် နှိုင်းယှဉ်ကြည့်ပြီး သံဝေဂ ရစရာ ကောင်းပါတယ်။ မှန်ခေါင်း ထဲက ဝါဖန့်ဖန့် ဆေးရည်ထဲမှာ ပေါလော ပေါ်နေတဲ့ ကလေးရုပ်အလောင်း ကို ရင်နာစရာတွေရမှာဖြစ်သလို သန်စွမ်း ထွားကျိုင်းခဲ့ပုံရတဲ့ လူကြီးတစ်ယောက်ရဲ့ ခန္ဓာဟာလည်း HIV တရားကို လက်တွေ့ဟောနေတယ်။ ဆရာတော်က တိုင်းတပါးကနေ လာရောက်လိုတဲ့ လူနာတွေဟာ ပြည်ဝင်ခွင့် ကိစ္စတွေကို ပြေလည်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ဦးပဉ္ဖင်းတို့က လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး လို့ မိန့်ကြားပါတယ်။ နိုင်ငံခြားသား AIDS ဝေဒနာသည်နှစ်ယောက်ဟာ ဒီကျောင်းတိုက်အတွင်းမှာ လာရောက်ခိုလှုံရင် ရောဂါ ကျွမ်းနေပြီ ဖြစ်တဲ့အတွက် သေဆုံးသွာတာလည်း ရှိခဲ့ဖူပါတယ်။ ခြေတော်ရာ ကျောင်းဝင်းထဲက လမ်းချိုးလေး တစ်နေရာမှာ ရောဂါသည်တွေ မချိမဆန့် ခံစားရပုံတွေကို ကျောက်သားနဲ့ ပုံဖေါ်ထားတာ တွေ့ရတဲ့အခါ လူသားအားလုံး HIV ကနေ ကင်းဝေး လေစလိုတဲ့ ဆန္ဒပိုလို့ ပြင်းပြ လာမိပါတယ်။ အေးမြချမ်း ၏ ကမ္ဘာကြီးကို ဆေးကုပေးပါ စာအုပ်မှ ကူးယူပါသည်။

မြန်မာ HIV ကိုယ်ဝန်ဆောင် မိခင်က ကလေးကို ကူးစက်နှုန်း မြင့်မားနေ

HIV ရောဂါပိုး ရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်ကနေ သူ့ရဲ့ကလေးကို အဲဒီ ဗိုင်းရပ် ကူးစက်နှုန်းက ၁၃ ရာခိုင်နှုန်းထိ မြင့်တက် နေပါတယ်။ UNICEF နဲ့ မြန်မာ ကျန်းမာရေးဝန်ကြီး ဌာနတို့ ရန်ကုန်က ဆေးရုံ ၄ ခုမှာ စစ်တမ်း ကောက်ခဲ့ပြီး HIV ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင် ၁၀၀ မှာ သူတို့ရဲ့ မွေးကင်းစ ကလေး ၁၃ ဦးကို ရောဂါပိုး ကူးတာကို တွေ့ရှိ ကြပါတယ်။ HIV/AIDS ကာကွယ် လျော့ချရေး ဆောင်ရွက်နေတဲ့ ဒေါက်တာ စစ်နိုင်က တိုးတက်တဲ့ နိုင်ငံခြားနိုင်ငံတွေမှာ အဲဒီလို ရောဂါပိုးရှိ ကိုယ်ဝန်ဆောင် မိခင်ကနေ ကလေးကို ကူးစက်တဲ့နှုန်းက ၁ ရာခိုင်နှုန်း အောက်သာ ရှိတယ်လို့ ပြောပါတယ်။ အေအာဗွီ ကာကွယ်ဆေး မလုံလောက်တာနဲ့ သန္ဓေသား တားဆီးရေး ကျန်းမာရေးပညာ မသိမှုတွေက အဓိက အကြောင်းရင်းတွေပဲလို့လည်း သူကပြောပါတယ်။ မြန်မာနိုင်ငံမှာ HIV ရောဂါပိုးရှိတဲ့သူ ၂ သိန်းခွဲ လောက်ရှိနေပြီး အဲဒီသူတွေထဲမှာ အေအာဗွီဆေးဝါး လိုနေတဲ့သူက တ၀က်လောက်ရှိတာမို့လူ ၁ သိန်းကျော်က ဆေးဝါး သုံးစွဲဖို့ လိုပါတယ်။ အခုအချိန် မှာတော့ လူ ၄ သောင်းလောက်သာ အေအာဗွီ ဆေးဝါး ရနေတယ်လို့ သိရပါတယ်။ BBC

HIV ပိုးရှိသူ မိဘမဲ့ ဆယ်တန်း ကျောင်းသူ နှစ်ဦး ဝိုင်းကျူရှင်မှ ထုတ်ပယ်ခံရ

အိတ်ခ်ျအိုင်ဗွီ ပေါ့စတစ် (HIV Positive) ၁ဝ တန်းကျောင်းသူနှစ်ဦးအား ဝိုင်းကျူရှင်ဆရာမကကျူရှင် လာရောက်မတက်ရန် ပြောကြားခဲ့ကြောင်း National NGOs Network မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ''HIV Positive ဖြစ်နေတဲ့ ကျောင်းသူနှစ်ဦးကို သူတို့ ဝိုင်းကျူ ရှင်ဆရာမက လာမတက်ဖို့ ပြောခဲ့တယ်။ သူတို့က မိဘမဲ့တွေလည်း ဖြစ်တယ်။ အမှန်တော့ ဒါဟာ ပညာပေးအစီအစဉ်တွေ၊ ကာကွယ် ရေးအစီ အစဉ်တွေ ပေးနေတယ် ဆိုပေမယ့်လည်းအားနည်းနေသေး တယ်လို့ပဲ ပြောရမယ်'' ဟု National NGOs Network မှ ကိုစိုးမိုး အောင်က ပြောသည်။ လားရှိုးမြို့၌ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ကူညီစောင့် ရှောက်ရေးလုပ် ငန်းများ လုပ်ဆောင် နေသော National NGOs Network အဖွဲ့၏ပြောပြချက်အရအခြား ကျောင်းသူများအား ကူးမည်ကို စိုးရိမ်၍ဟု ကျူရှင် ဆရာမ က အ ကြောင်းပြကာ ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ အိတ်ခ်ျအိုင်ဗီ ဝေဒနာသည် များကို ခွဲခြားဆက်ဆံခြင်းများရှိနေ၍ ၄င်းတို့အတွက်ကာကွယ်ပေးနိုင်မည့် မူတစ်ခု လိုအပ်နေကြောင်း HIV/AIDS ဝေဒနာသည်များအား ကူညီ ပေးနေသည့် အဖွဲ့အစည်းများက ပြော သည်။ ''လူတွေက အိတ်ခ်ျအိုင်ဗီရော ဂါဖြစ်နေတယ်ဆိုတဲ့သူတွေကို သူတို့ က နှိမ်ချင်ကြတယ်။ ဒါဟာလည်း တစ်နည်းအားဖြင့် တစ်နိုင်ငံလုံးကို ပညာပေးတွေလုပ်နေပေမယ့်လည်း မထိရောက်သေးဘူးလို့ပြော လို့ရ တယ်''ဟု Phoenix Association မှကိုသီဟကြိုင်က ပြောသည်။ ယင်းသို့ ခွဲခြားနှိမ်ချဆက်ဆံ ခြင်းသည် ပြဿနာ တစ်ရပ်ဖြစ် သည်ကို လူမှုအသိုင်းအဝိုင်းအတွင်း ကျယ် ကျယ်ပြန့်ပြန့် သိရှိရန်လိုအပ် ကြောင်း ၄င်းက ဆက်ပြောသည်။ ယခုနှစ် နိုင်ငံတကာ AIDS ညီလာခံ တွင် လည်း NLD ပါတီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က ''မြန်မာနိုင်ငံမှာရှိတဲ့ ရွာအဆင့် ဖြစ်ပါစေ။ မြို့နယ်အဆင့် ဖြစ်ပါစေ။ ကျယ်ပြန့်တဲ့အဆင့်ဖြစ်ပါစေ၊ ကျွန်မ တို့ လူမှုအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှု ဟာ ဘယ်လောက်အရေး ကြီးအရေး ပါလဲဆိုတာ သတိပြုမိလာကြဖို့ လို အပ်ပါတယ်'' ဟု ပြောခဲ့သည်။ မြန်မာနိုင်ငံ အတွင်းတွင် HIV/AID ရောဂါနှင့် ပတ်သက်၍ လူထု အနေဖြင့် တကယ်တမ်းသိနားလည် မှု လိုအပ်နေသေးကြောင်း အဆိုပါ ညီလာခံ တွင်ပင် ဒေါ်အောင်ဆန်းစု ကြည်က ဆက်ပြောသည်။ ''တခြားနေ ရာတွေမှာတင် မဟုတ်ဘူး။ ကျန်းမာရေးဝန်ဆောင်မှု ပေးနေ တဲ့ ဆေးရုံ၊ ဆေးခန်းတွေ မှာတောင် ဒီလူတွေ ကို ပြုစု၊ ကုသရတာ အလုပ်ရှုပ်တယ်ဆိုပြီး မြင်ကြတယ်။ ကြောက်စရာလို့ မြင်ကြတာတွေ ရှိတယ်။ ဒီတော့ ဒီလို လူမျိုးတွေအတွက် ရှင်းလင်းထိ ရောက်တဲ့မူတစ်ခုသာ ရှိလာရင်၊ ဆေးရုံ၊ ဆေးခန်းတွေတော့ အဓိ ကပေါ့၊ ခွဲခြားဆက်ဆံခဲ့ရင် တိုင် နိုင်တယ်ဆိုတာမျိုးလေးတော့ ဖြစ် စေချင်တယ်။ ဒါမှ ခွဲခြားတာလျော့ သွားနိုင်တယ်'' ဟု Phoenix Association မှ ကိုသီဟကြိုင်က ပြောသည်။ ချစ်ဆုဆွေ

ခုခံအား ကျဆင်းမှုရောဂါ အတွက် အေအာဗွီဆေး အသုံးပြုနည်း

ခုခံအား ကျဆင်းမှုရောဂါ အတွက် အေအာဗွီဆေး အသုံးပြုနည်း ခုခံအားကျဆင်းမှု ကူးစက်ရောဂါဟာ ကမ္ဘာပေါ်မှာ ၁၉၈၁ ခုနှစ်က စတင် ပေါ်ပေါက်ခဲ့ရာ ၃၂ နှစ် ရှိပြီဖြစ်တယ်။ ယခုခေတ် ဒီအင်အေစမ်းသပ်နည်းနဲ့ လေ့လာခဲ့ရာမှာ အာဂျင်တီနား နိုင်ငံတွင် ၁၉၅၄ ခုနှစ်တွင် သေဆုံး ခဲ့သောလူနာ တစ်ဦးမှာ HIV ဗီဇပါဝင်တာ တွေ့ရလို့သည် ထက်မကစောစွာ ကူးစက်နိုင်ခဲ့တယ်လို့ ယုံကြည် ထားကြတယ်။ ''ကုရာနတ္ထိဆေးမရှိ'' ရောဂါကနေ AIDS ရောဂါ ကုသဆေး (antiretroviral Drug (Anv)) ပေါ်လာပြီး သေဆုံးမှုကို ၈ဝ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်း အထိ လျှော့ချနိုင်လာတယ်။ အသက် ဆန့်ထုတ်နိုင်တယ်။ အေအာဗွီဆေး ပုံမှန် မှီဝဲရင် ပုံမှန် လူတစ်ယောက်လို နေနိုင်၊ သွားလာနိုင်၊ အလုပ်လုပ်နိုင်လို့ သက်တမ်းစေ့ နေရမှာဖြစ်တယ်။ အေအာဗွီ ဆေးမသောက်ခင် ဆေးနဲ့ပတ်သက်ပြီး သိသင့်တာတွေ တင်ပြလိုက်ပါတယ်။ အေအာဗွီဆေးကို လိုအပ်မှ မှီဝဲရမယ် ''ခန္ဓာကိုယ်မှာ ပိုးရှိနေပြီ'' သိရုံနဲ့ ဆေးပေးရန်မလိုပါ။ ခန္ဓာကိုယ်ရဲ့ ခုခံအားကျဆင်းမှသာ အခြား ကူးစက်ရောဂါများ ဝင်ရောက်ပြီး သေဆုံးကြ ရတယ်။ အေအာဗွီ ဆေးမှီဝဲဖို့လို၊ မလို လူနာအခြေအနေနဲ့ (Du Count) ခေါ် သွေးတွင်း သွေးဖြူဥ တစ်မျိုးရဲ့ အရေတွက်ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ရတယ်။ စီဒီဖို့ (၂ဝဝ) ထက်နည်းသူများသာ အေအာဗွီသောက်ဖို့ မလိုဘဲ သုံးလ သို့မဟုတ် ခြောက်လတစ်ခါ မိမိကိုယ်ခံ စွမ်းအားကို သိရှိရန် ပြန်စစ်ဖို့လိုတယ်။ အေအာဗွီဆေးကို မလိုဘဲ စောစီးစွာသုံးရင် ဆေးယဉ်ပါးမှု ဖြစ်လာစေတယ်။ အေအာဗွီရဲ့ ဘေးထွက် ဆိုးကျိုးဖြစ်တဲ့ အသည်းရောင်ခြင်း၊ ကျောက်ကပ် ထိခိုက်ခြင်းနဲ့ ရိုးတွင်းခြင်ဆီ အားနည်းခြင်းတို့ ဖြစ်လာနိုင်ရာ ဆရာဝန်ရဲ့ ကြီးကြပ်မှုအောက်မှာ သောက်သင့်တယ်။ အေအာဗွီကို ယဉ်ပါးလာရင် ဘယ်ဆေးမှ မတိုးတဲ့ ခုခံအား ကျဆင်းမှု ရောဂါဖြစ်လာမယ်။ မလိုအပ်ဘဲ ငွေကုန်များမယ်။ ဒါကြောင့်ကူးစက်ပြီး ဆဲလ် အရေအတွက် နည်းမှ ၈ နှစ် သို့မဟုတ် ၁ဝ နှစ်ကြာမှ သောက်ဖို့ လိုတယ်။ ဆေးဝါး သုံးစွဲမှုကျလို့ ဆေးလျှော့ သောက်မိရင် စနစ်တကျ ပြန်လည်မှီဝဲဖို့လိုမယ်။ ဆေးကို နောက်ကျမှမှီဝဲရင် ကိုယ်ခံစွမ်းအား ပြန်တက်ဖို့ ခက်ခဲမယ်။ အခြားကူးစက် ရောဂါ တစ်မျိုးနဲ့တွဲလို့ အေအာဗွီဆေးများ သောက်သုံးရင် ပိုမို နောက်ကျတတ်တယ်။ ဆေးဝါးရဲ့ ဆိုးကျိုးပိုခံစား ရတယ်။ သက်တမ်းကို နှစ်ပေါင်းများစွာ ဆွဲဆန့်ဖို့ ခက်ခဲလာတယ်။ အေအာဗွီဆေးကို တစ်သက်လုံး သောက်သုံးရမှာဖြစ်တယ်။ ရပ်လိုက်ရင် ကိုယ်ခံအား ပြန်ကျ ပြီး ရောဂါစုံလာတတ်တယ်။ အေအာဗွီဆေးကို မိမိ သဘောနဲ့ ဝယ်ယူ မသုံးစွဲသင့်ပါ။ လိုအပ်ပါက သွေးစစ်၊ ဓာတ်မှန်ရိုက်လုပ်ပါ။ မြန်မာနိုင်ငံ၌ အေအာဗွီ ဆေးဝါးများမှာ သောက်ဆေးများသာရှိတယ်။ ထိုးဆေးမရှိသေးပါ။ ထိုးဆေးကို နေ့တိုင်း ထိုးရပြီး အေအာဗွီစားဆေး မတိုးတဲ့ လူနာများ သုံးစွဲကြတယ်။ အေအာဗွီဆေးကို နေ့စဉ်မပျက်မကွက် ပုံမှန်သောက် သုံးဖို့လိုတယ်။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်သုံး ရတယ်။ အစာနဲ့ ဝေးဝေးသောက်ရမယ်။ အရက်၊ မူးယစ်ဆေးနဲ့ ရောမသောက်ရ။ အာနိသင် မရှိဖြစ်တယ်။ အေအာဗွီဆေးကို သတ်မှတ်အကြိမ် အရေအတွက် အတိုင်း သောက်ရမယ်။ ဆိုလိုတာက မနက်၊ ညသောက်ဆိုရင် နှစ်ကြိမ် မီအောင် သောက်ရမယ်။ လျှော့သောက်ခြင်းကနေ ဆေးယဉ်ပါးလာကာ ဆေးမတိုးတဲ့အထိ ဖြစ်တတ်တယ်။ အေအာဗွီဆေးကို ဆေးဖက်ဝင် အပင်များနဲ့ တွဲဖက် မစားသင့်ပါ။ အေအာ ဗွီတစ်ခုတည်း သောက်သင့်တယ်။ အားဆေးလည်း တွဲမသောက်သင့် သလို အစာနဲ့လည်း မနီးရပါ။ အေအာဗွီ သောက်သူများ ဆေးစစ်ခြင်းနှင့် ဆရာဝန် အကြံဥာဏ် ရယူခြင်းများ နှစ်စဉ် လုပ်သင့်တယ်။ မြဝတီ

အေအာဗွီဂယက်

HIV ပိုးက လူသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို လုယက်ယူငင်လာတဲ့အခါ ဆေးသိပ္ပံ ပညာရှင်တွေကလည်း ဘဝတွေကို ကယ်တင်ဖို့ ကြိုးပမ်းလာကြပါတယ်။ သူတို့ စွမ်းဆောင်မှုရဲ့ အသီး အပွင့်တစ်ခုကတော့ အေအာဗွီ (ARV Anti Retroviral) ဆိုတဲ့ အိတ်ခ်ျအိုင်ဗွီ ခုခံဆေးကို ရှာတွေ့ခြင်း ပါပဲ။ ဒီဆေးဟာ ဗိုင်းရပ်ကို သေအောင်မသတ်နိုင်ပေမဲ့ ဗိုင်းရပ်ပြန်ပွားနှုန်းကို နှေးကွေးစေပြီး ရောဂါ ကူးစက်ခံရသူတွေရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်ပါတယ်။ အေအာဗွီ မပေါ်ခင်ကတော့ အေဇက်တီ (AZT) ဆိုတဲ့ဆေးကို သုံးခဲ့ကြပါတယ်။ အေအာဗွီဟာ တကယ်ပဲ ထိရောက်မှုရှိပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကတော့ အဆမတန်ကို ကြီးလွန်းတယ်လို့ Ms Jiew Premchaipron က ပြောပါတယ်။ Jiew က အိတ်ခ်ျအိုင်ဗွီ ရှိသူတွေ အနေနဲ့တကွ မိသားစုတွေကို ကူညီ ထောက်ပံ့ပေးနေတဲ့ ထိုင်းနိုင်ငံ ACCESS Foundation ကဖြစ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီကို ဟန့်တားရာမှာ အေအာဗွီရဲ့ ထိရောက်မှုကို သိပေမဲ့ ကမ္ဘာအဝန်း ရောဂါပိုး ကူးစက်ခံရသူ ၃၈ သန်းမှာဆေးကို လက်လှမ်းမှီနိုင်တဲ့သူ အင်မတန်ရှားပါတယ်။ နာမည်ကြီး ဆေးကုမ္ပဏီ တွေကနေ မှတ်ပုံတင်ထားတဲ့ဆေး (Brandname druge) တွေဟာ ဈေးမြင့်လွန်း တာကြောင့် အနာသိ ဆေးရှိပေမဲ့ ပိုက်ဆံမရှိတော့ သေမင်းကို လည်စင်းပေးကြရပါတယ်။ ဆေးရှိပါလျက်နှင့် ဆေးမကုနိုင်တာမျိုး မဖြစ်ရအောင် နွမ်းပါးတဲ့ နိုင်ငံတွေကပါ ဆေးကို လက်လှမ်းမီ နိုင်အောင် ဈေးနှုန်းကို လျော့ချပေးရမယ်လို့ အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး လှုပ်ရှားသူတွေက ပြောလာကြပါတယ်။ ဒီအခါမှာ ဆေးကုမ္ပဏီကြီးတွေက သူတို့မှာ မူပိုင်ခွင့် (patent) တွေနဲ့ သုတေသန လုပ်ငန်းတွေအတွက် ငွေ အမြောက်အများ ကုန်ကျခံထားရတာကြောင့် ဈေးလျော့ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုလာကြပါတယ်။ ဒီလို ပရဟိတသမားတွေနဲ့ စီးပွားရေးသမားတွေကြားက ပဋိပက္ခကို ပြေလည်စေတဲ့ နည်းလမ်းကတော့ ဈေးသက်သာတဲ့ generic drugs (အမျိုးအစားတူ နာမည်တူ ဆေးဝါးတွေ) ထုတ်လုပ်ခွင့် ပြုလိုက်ခြင်းပါပဲ။ သက်ဆိုင်ရာ အစိုးရရဲ့ ဆေးဝါး စက်ရုံကနေ ဆေးကုမ္ပဏီကြီးတွေက ပေးတဲ့ ဖေါ်စပ်နည်းနဲ့ ထွက်လာတဲ့ generic drugs တွေဟာ အပြည်ပြည် ဆိုင်ရာ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ဆိုတာကိုတော့ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိသေးပါဘူး။ လက်ရှိဈေးနှုန်းအရ generic drugs တစ်လစာကို ဒေါ်လာ ၃၀ခန့်ရှိပြီး ဒါဟာ brand-name drugs တွေရဲ့ ဈေးထက် လေးဆ ကနေ ဆယ်ဆအထိ သက်သာတာဖြစ်ပါတယ်။ ဆေး တစ်တောင့်ချင်း အနေနဲ့ ဘတ် ၂၅၀နဲ့ ဘတ် ၅၀ အသီးသီး ရှိတဲ့အတွက် ဈေးကွာလှပါတယ်။ ကျွန်တော်တို့အနေနဲ့ ဈေးနှုန်းကို ဘယ်လောက်ပဲ လျော့ချပါစေ မတတ်နိုင်တဲ့ သူတွေ ရှိသေးတယ်လို့ Mr Amal Naj က ပြောပါတယ်။ Mr Amal Naj ဟာ ကမ္ဘာ့ အကြီးဆုံး ဆေးဝါး ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖိုင်ဇာ (Pfizer) ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဌာနေ မန်နေဂျာ တစ်ဦးဖြစ်ပါတယ်။ သူက “တာဝန်မကင်းတဲ့ ဆေးကုမ္ပဏီတွေက ဒီလိုဆေးတွေကို အလကားပေးသင့်တာပေါ့။ ဒါပေမဲ့ ဒါဟာ ဆေးကုမ္ပဏီတွေရဲ့ တာဝန်သာမက လူ့အသိုင်းအဝန်းတစ်ခုလုံးမှာလည်း တာဝန်ရှိတယ်” လို့ ဆက်ပြောပါတယ်။ “တကယ်လိုအပ်တဲ့ လူတွေဆီ ဆေးတွေ ဘာလို့ မရောက်နိုင်တာလဲလို့ မေးရင် ဆေးဈေးနှုန်း လျော့ချပေမဲ့ သယ်ယူ ပို့ဆောင်ရေး စရိတ်တွေ သိုလှောင်ရေး စရိတ်တွေက ရှိနေသေတယ် လို့လည်း ပြောသွားပါသေးတယ်။ ထိုင်းအစိုးရရဲ့ ဆေးဝါး စက်ရုံကနေ ၂၀၀၆ ခုနှစ်မှာ လူခြောက်သောင်းစာ ဆေးတွေ ထုတ်လုပ်နိုင်ပြီလို့ Dr Itsaraet Gosriwatana ကပြောပါတယ်။ သူဟာ အစိုးရ ဆေးဝါးဆိုင်ရာ အသင်း ဂျီပီအို (GPO Government Pharmaceutical Pharmaceutical Organization) က အပြည်ပြည်ဆိုင်ရာ အရောင်း မန်နေဂျာဖြစ်ပါတယ်။ လူခြောက်သောင်းစာ ထွက်ရှိလာတဲ့ ဆေးဝါးတွေအနက် ငါးသောင်းစာကို ပြည်တွင်းမှာ သုံးမှာဖြစ်ပြီး တစ်သောင်းစာကိုတော့ ပြည်ပကို တင်ပို့မှာဖြစ်ပါတယ်။ ဒီဆေးတွေဟာ စံချိန် စံညွှန်း အပြည့်အဝတော့ မဟုတ်သေးပါဘူး။ ထိုင်းမှာ အိတ်ခ်ျအိုင်ဗွီရှိသူး ခြောက်သိန်းကျော်ရှိပြီး လက်ရှိအခြေအနေမှာ တစ်သိန်းကျော်ဟာ ဆေးဝါး လိုအပ်နေတယ်ဆိုတာ သိရပါတယ်။ ကိုယ်တွင်း ခုခံအားတိုင်းတာမှု CD4 Count ၂၀၀ ထက် နည်းတဲ့ သူတွေကို ဆရာဝန်တွေက အေအာဗွီဆေး ပေးဖို့ ညွှန်ကြားထားပါတယ်။ CD4 Count များနေရင် ဆေးသောက်ပေမဲ့ အကျိုးမထူးဘူးလို့ သိရပါတယ်။ ထိုင်းအစိုးရရဲ့ ဒုတိယမြောက် ဆေးဝါးစက်ရုံ တည်ဆောက်ပြီးသွားတဲ့အခါမှာ ဆေးထုတ်အင်အား ၁၃၀,၀၀၀ ထိမြင့်တက်လာမှာ ဖြစ်ပြီး ၂၀၀၆ ခုနှစ်အတွင်း သုံးသိန်းအထိ ထုတ်ဖို့ စီစဉ်ထားပါတယ်။ အချို့ကို ပြည်ပ ပို့မှာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် သြဂုတ်လအတွင်းက မြန်မာ ပြည်သူ ပြည်သားတွေအတွက် ဆေးဝါး ၂၀၀ ကို ထိုင်းအစိုးရက တရားဝင်ပေးအပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်အကုန်မှာ ကမ္ဘောဒီးယား၊ လာအို သို့မဟုတ် မြန်မာနိုင်ငံအတွက် လူတစ်သောင်းစာ ဆေးအလုံအလောက် ဖြန့်ချီပေးမယ်လို့ Dr Itsaraet Gosriwatana ကပြောပါတယ်။ ဒါ့အပြင် ထိုင်းလူမျိုး ငါးသောင်းအတွက်လည်း ရရှိမှာဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် Thalsin Shinawatra က ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ AIDS ညီလာခံမှာ ထိုင်းနိုင်ငံအတွင်း အေအာဗွီဆေး လိုသူတိုင်း ဆေးရစေရမယ်လို့ ကတိပေးသွားပါတယ်။ “မူဝါဒ ကောင်းကတော့ ရှိပါတယ်။ ဒါပေမဲ့ မူကတော့ မူပါပဲ၊ တကယ်လုပ်ဆောင်မှ မဟုတ်တာ။ မူဝါဒ ကနေ လက်တွေ့လုပ်ဆောင်ချက်အဖြစ် ဘယ်လို အကောင်အထည် ဖေါ်မယ်ဆိုတာကတော့ မေးခွန်း တစ်ရပ်အဖြစ် ရှိနေဆဲပါပဲ” လို့ Ms Jiew က ပြောသွားပါတယ်။ သူက ဆက်ပြီး “လက်ရှိ ဆေးပေါက် ဈေးဟာ ထိုင်းလူမျိုးတွေအတွက် ဈေးကြီးနေသေးတယ်” လို့ပြောပါတယ်။ နိုင်ငံခြား ကုမ္ပဏီကြီးတွေက တောင်းတဲ့ ဈေးအတိုင်း ပေးရမယ်ဆိုရင် လူတစ်ယောက်စာအတွက် တစ်နှစ်ကို ဒေါ်လာ ၁၂၀၀ ကုန်ကျမှာဖြစ်တယ်။ တစ်နေ့ဝင်ငွေ တစ်ဒေါ်လာခန့်နဲ့ ပျမ်းမျှလစာငွေ ဒေါ်လာ ၄၀ကနေ ၅၀ကြားရတဲ့ ကမ္ဘောဒီးယား တွေအတွက်လည်း ဆေးဝယ်သောက်ဖို့ မတတ်နိုင်ပါဘူး။ ဗီယက်နမ်ဟာ သုံးနှစ်ကာလအတွင်းမှာ generic drug တွေထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒါပေမဲ့ ပထမဆုံး အနေနဲ့ နိုင်ငံခြား ကုမ္ပဏီတွေရဲ့ မှတ်ပုံတင်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး ပြေလည်အောင် ညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး လှုံ့ဆော်သူတွေက အမြဲတမ်း ဈေးနှုန်းနဲ့ မှတ်ပုံတင်ခွင့်ကိုပဲ ဦးတည် ပြောနေကြတော့တာပဲလို့ Amal Naj ကပြစ်တင် ဝေဖန်ပါတယ်။ ရန်သူ အစစ်က ဈေးနှုန်းမဟုတ်ဘူး တကယ့်ရန်သူ အစစ်က ဗိုင်းရပ်စ် ပဲလို့ သူက ပြောပါတယ်။ ပိုင်ဇာ Pfizer အနေနဲ့ ဆေးသစ်တစ်မျိုး ဈေးကွက်ရောက်လာအောင် ဒေါ်လာသန်း ၅၀၀ ကနေ ၈၀၀အထိ ရင်းနှီးမြှပ်နှံရတယ်။ ဒီလို ကုန်ကျစရိတ်တွေ ကာမိပြီး အမြတ်လည်း ရဦးမှဖြစ်မယ်။ ဒါမှ နောက်ထပ်ဆေးတွေ ထုတ်ဖို့အတွက် သုတေသန လုပ်ငန်းတွေမှာပြန်ပြီး ရင်းနှီးမြှုပ်နှံရဦးမယ်။ အခု လက်ရှိသုံးနေတဲ့ဆေးဟာ လာမယ့်နှစ်အနည်းငယ်အတွင်းသာ သုံးနိုင်မှာဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ ဆေးဝါးခံနိုင်ရည်အားဟာ ငါးနှစ်နေရင် ပေါ်လာနိုင်လို့ အချိန်မှီ ဆေးသစ်ထုတ်ဖို့ လိုတယ်လို့ Amal Naj က ရှင်းပြ သွားပါတယ်။ ဒါ့အပြင်သူက “ဘယ်နိုင်ငံ အစိုးရမဆို ကျွန်တော်တို့ရဲ့ဆေးကို လိုတယ်ဆိုရင် ကျွန်တော်တို့ဆီ လာပြီး ပြောလှည့်ပါ” လို့ ဖတ်ခေါ်သွားပါတယ်။ “- ကမ္ဘာကြီးကို ဆေးကုပေးပါ” စာအုပ်မှ ကူးယူဖေါ်ပြထားခြင်း ဖြစ်ပါသည်။ အခက်အခဲ အမျိုးမျိုးကြောင့် စာရေးသူထံမှ ခွင့်ပြုချက်ရယူခြင်း မရှိပဲ ကူးယူဖေါ်ပြသည်ကို နားလည် ပေးစေလိုပါသည်။

လမ်းကြောင်း ၄ ခုကနေ HIV ကူးစက်သူ အရေအတွက် တိုးနေဆဲ

မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီရောဂါပိုး ရှိသူများဖြင့် လမ်းကြောင်း ၄ ခုကနေ အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုနှုန်း တိုးနေဆဲ ဖြစ်ကြောင်း သိရှိရသည်။ “အိက်ခ်ျအိုင်ဗွီရောဂါပိုးက ရောဂါပိုး ရှိသူတွေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါပိုး ရှိသူ၏ သွေးသွင်းမိခြင်း၊ မူးယစ်ဆေး အကြောအတွင်း ထိုးသွင်းခြင်းနှင့် ရောဂါပိုး ရှိသူ ကိုယ်ဝန်ဆောင် မိခင်ထံမှ သားသမီးထံ ကူးစက်ခြင်းစတဲ့ လမ်းကြောင်း ၄-ခုက ကူးစက်တာ များပါတယ်။” ဟု အိပ်ခ်ျအိုင်ဗွီ ရောဂါ ပိုးနှင့် အေအိုင်ဒီအက်စ် ရောဂါ ကာကွယ် တိုက်ဖျက်ရေးနှင့် ကာကွယ် စောင့်ရှောက် မှုများ ဆောင်ရွက်နေသော အပြည်ပြည်ဆိုင်ရာ လူမှုရေး အဖွဲ့အစည်းတစ်ခု၏ အမည်မဖော်လိုသူ မန်နေဂျာ တစ်ဦးက ပြောသည်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါပိုး ရှိသူ၏ သွေးသွင်းမိခြင်း၊ မူးယစ်ဆေး အကြောအတွင်း ထိုးသွင်းခြင်းနှင့် ရောဂါပိုး ရှိသူ ကိုယ်ဝန်ဆောင် မိခင်ထံမှ သားသမီးထံ ကူးစက်ခြင်း စတဲ့ လမ်းကြောင်း ၄-ခုကို ထိန်းချုပ်နိုင်ဖို့ အတွက် ခက်ခဲခြင်းကလည်း ရောဂါ ကူးစက်မှုနှုန်းကို တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ငွေကြေးအတွက် လိင်ဆက်ဆံနေသူတွေ၊ အမျိုးသားချင်း လိင်တူ ဆက်ဆံသူတွေ၊ အရွယ်မတိုင်မီ လိင်ဆက်ဆံမှုတွေ၊ တရားဝင် လက်ထပ် ထိမ်းမြားခြင်း မရှိဘဲ လိင်ဆက်ဆံမှုတွေ၊ လိင်အပျော်အပါး လိုက်စားသူတွေ၊ မိမိမှာငွေကြေးပေါ များတာကို အခွင့်အရေး ယူပြီး သားပျို သမီးပျိုတွေကို ငွေနဲ့ ဖျားယောင်းပြီး ဖျက်ဆီးသူတွေ များလာတာ၊ အိမ်ထောင်ရှင်တွေရော၊ အိမ်ထောင် မရှိသေးသူတွေပါ စည်းမဲ့ကမ်းမဲ့ လိင်တူ လိင်တူခြင်း လိင်ဆက်ဆံဖော် များလာကြတော့ အခုနကဖော်ပြခဲ့တဲ့ ရောဂါပိုး ကူးစက်ရာ လမ်းကြောင်းတွေထဲက ဘယ်လို ကူးမလဲ ဆိုတာ ပြောရခက်ပါတယ်၊” ဟု အဆိုပါ အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်း မန်နေဂျာက ပြောသည်။ Myanmar Positive Group ၏ လေ့လာတွေ့ရှိချက်များအရ မြန်မာနိုင်ငံတွင် တစ်နေ့လျင် ပျမ်းမျှ လူ ၂၃ ဦးခန့် ကူးစက်နေကြောင်း အမျိုးသမီးများ ကွန်ယက်မှ အကြံပေး ဒေါ်စုစုလှိုင်က မြန်မာ သံတော်ဆင့် သို့ ပြောကြား ခဲ့ကြောင်း သိရှိရသည်။ “အင်း၊ ဆက်သွယ်ရေး နည်းပညာနဲ့ ဖြေဖျော်ရေး လွှင့်တင်မှု နည်းပညာတွေ တိုးတက်လာတဲ့ အခါ၊ ရောဂါ ကူးစက်စေမဲ့ အရာတွေက လွတ်လွတ်လပ်လပ် ကူးလူးခွင့်မှာ တိုးတက်လာပေမယ့်။ ကူးစက်မှုကို တိုက်ဖျက်ပေးမယ့် အပြုအမူတွေက လိုက်လျောညီထွေ တက်မလာရင် တိုးတက်မှုရဲ့ ကောင်းကျိုးထက် ဆိုးကျိုးတွေကို ခံစားကြရမှာကို စိုးရိမ်ရပါတယ်” ဟု အငြိမ်းစား ဆေးရုံအုပ်ကြီး တစ်ဦးက သတိပေးပြောကြား ခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံတွင် ကူးစက်မှုနှုန်း သုည၊ သေဆုံးမှုနှုန်း သုည ဆိုရာမှာ သေဆုံးမှုနှုန်း၊ အေအာဗွီ ဆေးဝါး ၊ စောင့်ရှောက်မှု အင်အားများ တိုးချဲ့နိုင်သော်လည်း ကူးစက်မှုကတော့ လူမှုရေးစနစ်ကြီး တစ်ခုလုံးကို ထိန်းချုပ်နိုင်ရေး အတွက် ခက်ခဲနေဆဲဖြစ်ကြောင်း၊ ဘာသာရေး အထိန်းအကွပ်၊ ယဉ်ကျေးမှု အထိန်းအကွပ် များနှင့်လည်း သက်ဆိုင်ကြောင်း အဆိုပါ ဆရာဝန်က သုံးသပ်ပြောဆိုသည်။ “ကျွန်တော်တို့ ဌာနနဲ့ ဆက်စပ်နေတဲ့ လူမှုရေး အဖွဲ့အစည်းတွေကတော့ ပညာပေးတယ်၊ အကာအကွယ် ပစ္စည်းတွေ ပံ့ပိုးတယ်၊ ဝေဒနာရှင်တွေနဲ့ မိသားစုတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကူအညီပေးတယ်၊ ခွဲခြားဆက်ဆံမှု ပပျောက်အောင် ပညာပေးတယ်။ ဒါပေမယ့် လူမှုရေးဆိုင်ရာ လူနေမှု စနစ်နဲ့ ယဉ်ကျေးမှု ထိန်းသိမ်းဖို့ကတော့ အတော်များများ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါတယ်” ဟု ကာလသားရောဂါနှင့် အိတ်ခ်ျအိုင်ဗွီနှင့် အေအိုင်ဒီအက်စ် ရောဂါ တိုက်ဖျက်ရေး အထူးအဖွဲ့ မှ တာဝန်ခံ ဆရာဝန် တစ်ဦးက ပြောသည်။ မျိုးဆက်ပွားပညာပေး၊ သားဆက်ခြား ပညာပေး၊ စိတ်ချ အန္တရာယ်ကင်းသော လိင်ဆက်ဆံမှု ဆိုင်ရာပညာပေး လုပ်ငန်းများကို ယဉ်ကျေးမှုနဲ့ ကိုက်ညီမှု မရှိခြင်းဟု ဆိုခြင်းမှာ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နှင့် ပတ်သက်သော အသိပညာ နည်းပါးနေခြင်းကြောင့် ဖြစ်ကြောင်း၊ အသိပညာ နည်းပါးခြင်းက ရောဂါ ကူးစက်မှု တိုးခြင်းရဲ့ အဓိက ပြဿနာကြီး ဖြစ်ကြောင်း အေအိုင်ဒီအက်စ် ရောဂါ ကာကွယ် တိုက်ဖျက်ရေးနှ င့် ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်နေသော အပြည်ပြည်ဆိုင်ရာ လူမှုရေး အဖွဲ့အစည်းများက သုံးသပ်ပြောဆို လျက်ရှိသည်။ ညွန့်အောင် မြစ်မခ

HIV/AIDS အခြေခံမိတ်ဆက်

အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ဟာ ကြောက်စရာလားလို့မေးရင် ကြောက်စရာ ကောင်းတယ်လို့ပဲ ဖြေရမှာပါ။ ဒါပေမဲ့ အရမ်းကာရော ကြောက်ဖို့မလိုပါဘူး။ မှန်မှန်ကန်ကန် ကြောက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီရောဂါ နဲ့ ပတ်သက်တဲ့ အခြေခံ သိသင့်သိထိုက်တာလေးတွေကို လိုရင်းတိုရှင်း ဖေါ်ပြပေးလိုက်ပါတယ်။ အိတ်ခ်ျအိုင်ဗွီဟာ အေအိုင်ဒီအက်စ် ကိုဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ ဒီရောဂါပိုး ကူးစက်စေတာ ကတော့ မသန့်ရှင်းတဲ့ ဆေးထိုးအပ်၊ လိင်ပိုင်းဆိုင်ရာ အထိအတွေ့တွေကနေတစ်ဆင့် ပျံ့နှံ့ ကူးစက် နိုင်သလို ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်ကနေ သားသမီးကိုလည်း ကူးစက်နိုင်ပါတယ်။ အစကနဦး ရောဂါလက္ခဏာတွေနဲ့ အဖျားရှိတာ ခေါင်းကိုက်တာ ကိုယ်လက်ကိုက်ခဲတာစတဲ့ တုတ်ကွေးဆန်ဆန် လက္ခဏာတွေ ပြလာနိုင်ပါတယ်။ ရောဂါပိုးကို တိုက်ဖျက်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်မှု စနစ်ကနေ ပဋိဇီဝပစ္စည်းတွေ ထုတ်လုပ် ပေးနိုင်ဖို့ ၂ပတ်ကနေ သုံးလအထိ အချိန်ယူရပါတယ်။ အိတ်ခ်ျအိုင်ဗွီ ရှိ၊ မရှိ စစ်တယ်ဆိုတာ ခန္ဓာကိုယ် အတွင်းက အဲဒီ အနုဇီဝပစ္စည်း (antibodies) တွေတည်ရှိမှု အခြေအနေကို စစ်တာပါ။ သွေးကို ဖေါက်ယူပြီး စစ်တဲ့နည်းကို အသုံးများသလို ပါးစောင်အတွင်းက အရည်ကိုလည်း စစ်တာရှိပါတယ်။ ပဋိဇီဝပစ္စည်းတွေ စစ်ရာမှာ positive လို့အဖြေရသူတွေကို HIV positive လို့ ခေါ်ကြတာဖြစ်ပါတယ်။ အေအိုင်ဒီအက်စ် (AIDS - ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ) Acquire Immune Deficiency Syn-drome ရဲ့အတိုကောက် အခေါ်အဝေါ်ဖြစ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုးကြောင့် လူတစ်ယောက်ရဲ့ ကိုယ်တွင်းခုခံအားကို ကျဆင်းစေပြီး ပြင်ပရောဂါပိုးတွေ ဝင်ရောက် ကူးစက်လာမှုကို ခန္ဓာကိုယ်က မခုခံမကာကွယ်နိုင်ပဲ ဖြစ်လာပါတယ်။ အေအိုင်ဒီအက်စနဲ့ ဆက်နွယ်နေတဲ့ နောက်ဆက်တွဲ ရောဂါဝေဒနာတွေထဲမှာ အဆုတ်ရောဂါ၊ အရေပြားကင်ဆာ၊ ဦးနှောက် အကြိတ်ရောင် ရောဂါတွေ အပါအဝင်ဖြစ်ပြီး ကိုယ်အလေးချိန်လည်း သိသိသာသာ ကျဆင်းလာတယ်။ အိတ်ခ်ျအိုင်ဗွီ ရှိသူဟာ အေအိုင်ဒီအက်စ် ရှိချင်မှ ရှိမှာပါ။ အိတ်ခ်ျအိုင်ဗွီ ရှိနေပေမဲ့ အစားအသောက် အနေအထိုင် ဂရုစိုက်ဆင်ခြင်မယ်ဆိုရင် နှစ်ပေါင်းများစွာ ကျန်းကျန်းမာမာနဲ့ နေနိုင်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုးဟာ ခန္ဓာကိုယ်အင်အား ချိနဲ့လာအောင် လုပ်ပြီးတဲ့ အခါမှသာ အေအိုင်ဒီအက်စ် ဝင်လာတတ်တာပါ။ ဒီရောဂါအတွက် ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေး မရှိသေးပါဘူး။ ဒါပေမဲ့ ARV ဆိုတဲ့ဆေးကတော့ ရောဂါပိုး ဆက်လက်ပြန့်ပွားမှုနှုန်းကို လျော့ကျစေပါတယ်။ အေအာဗဗွီ ဂယက် အေအာဗွီ သို့မဟုတ် အေအာတီ (ARV or ART) အိတ်ခ်ျအိုင်ဗွီ ခုခံကာကွယ်ဆေး ( antiretroviral drugs)၊ ဒါမှမဟုတ် အိတ်ခ်ျအိုင်ဗွီ ခုခံကာကွယ်မှုဆိုင်ရာ ကုထုံး ( antiretroviral therapy ) ရဲ့ အတိုကောက် ပဲဖြစ်ပါတယ်။ ရောဂါပိုးကို မသတ်နိုင်သေးပေမဲ့ ပြန်ပွားမှုကို ဟန့်တားပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ခုခံအား ကျဆင်းလာတဲ့အခါမှာ မှီဝဲရတဲ့ဆေးဖြစ်ပါတယ်။ ဂျီပီအို ဗွီအိုင်အာ (Gpo-Vir) ထိုင်းနိုင်ငံအစိုးရ ဆေးဝါး ထုတ်လုပ်ရေးအသင်း (The Government Pharmaceutical Organization – GPO) ကထုတ်တဲ့ အိတ်အိုင်ဗွီ ခုခံကာကွယ်ဆေး ဖြစ်ပါတယ်။ ဒီဆေးဟာ ဆေးသုံးမျိုး ပေါင်းစပ်ထားတာဖြစ်ပြီး နိုင်ငံရပ်ခြား ဆေးကုမ္ပဏီကြီးတွေကနေ မှတ်ပုံတင် ထားတဲ့ တန်ဖိုးကြီး ဆေးတွေအစား ဈေးသက်သာတဲ့ ဆေးဖြစ်ပါတယ်။ တစ်လစာဆေးဖိုး ဘတ် ၂၀၀၀ (ကျပ် ငါးသောင်းကျော်ခန့်) ရှိပါတယ်။ အေဇက်တီ AZT အေဇက်တီ AZT – Retrovir လို့လည်း ခေါ်ကြတဲ့ ဆေးဖြစ်ပါတယ်။ ၁၉၈၇ခု အေအိုင်ဒီအက်စ် ကုသရေးအတွက် ပထမဆုံးသော ဆေးဝါးအဖြစ် လက်ခံထားတဲ့ဆေးဖြစ်ပြီး Glazo Smith Kline ကထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ CD4 + Cells ခန္ဓာကိုယ်ရဲ့ ခုခံအားကျတဲ့စနစ်မှာ အဓိကကျတဲ့ ဆဲလ်တွေဖြစ်ပြီး အိတ်ခ်ျအိုင်ဗွီကြောင့် အထိခိုက် ခံရဆုံး ဆဲလ်ဖြစ်ပါတယ်။ တီဖိုး (T4 Cell) သို့မဟုတ် တီဆဲလ် (T-Cells) လို့လည်း သိကြတဲ့ ဒီဆဲလ် ဟာစစ်သည်တွေလို ပြင်ပက ကျူးကျော်တိုက်ခိုက်လာတဲ့ ရောဂါပိုးတွေကို ရှေ့ကနေဦးဆောင် တိုက်ခိုက်ကြပါတယ်။ အိတ်အိုင်ဗွီနဲ့ အချိန်အတော်ကြာ နေထိုင်ခဲ့သူ တစ်ဦးဟာ CD4 Count CD4 ကို ရေတွက် တိုင်းကြည့်တဲ့အခါ လျော့နည်း ကျဆင်းနေတတ်ပါတယ်။ ဒါဟာ ခုခံမှုစနစ် အားနည်းနေပြီဆိုတဲ့ လက္ခဏာပါ။ သာမန်ကျန်းမာသူမှာ CD4 အရေအတွက် တိုင်းကြည့်ရင် သွေးမီလီမီတာတိုင်းမှာ ၅၀၀ ကနေ ၁၅၀၀ ကြားရှိတတ်ပါတယ်။ CD4 Count က ၂၀၀ သို့မဟုတ် ၂၀၀ အောက် လျော့နည်းနေရင် ဆရာဝန်တွေက အေအိုင်ဒီအက်စ် ရှိတယ်လို့ သတ်မှတ်ပြီး ART ကုထုံးနဲ့ ကုဖို့ ညွှန်ကြားမှာ ဖြစ်ပါတယ်။ အေဘီစီ (ABC) အိတ်အိုင်ဗွီ ကာကွယ်ရေး နည်းလမ်းတစ်ခုဖြစ်တဲ့ လိင်ကိစ္စကိုရှောက်ကြဉ်ပါ။ (Abstinence) သစ္စာရှိပါ (Be Faithful)၊ ကွန်ဒုံးသုံးပါ (Use Condoms) တို့ရဲ့ အတိုကောက် ABC လို့ခေါ်တာပါ။ ဒီနည်းဟာ ထုံးတမ်းစဉ်လာ တန်ဖိုးတွေကို အလေးမူတဲ့အတွက် ကိုယ်ကျင့်တရား ထိန်းသိမ်းဖို့ လက်ခံတဲ့လူတွေ နှစ်သက်ကြပြီး အခြားသူတွေကတော့ ဒါဟာ သဘာဝမကျဘူး ကွန်ဒုံးသုံးရေးပေါ်မှာ ပိုပြီး အလေးပေး သင့်တယ်လို့ ပြောဆိုကြပါတယ်။ စီအင်အင် (CNN) ကွန်ဒုံး (Condoms) နဲ့ သန့်ရှင်းတဲ့ ဆေးထိုးအပ် (Needles) တွေဖြန့်ဝေ သုံးစွဲခြင်းအပြင် အစိုးရနဲ့ ညှိနှိုင်းဆောင်းရွက်ခြင်း (Negotiation Skills) တို့ဖြစ်ပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ကျန်းမာရေး လုပ်သားတွေဟာ ဒီနည်းကိုသုံးပြီး လုထုကြားမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးလျက်ရှိပါတယ်။ “အေးမြချမ်း - ကမ္ဘာကြီးကို ဆေးကုပေးပါ” စာအုပ်မှ ကူးယူဖေါ်ပြထားခြင်း ဖြစ်ပါသည်။ အခက်အခဲ အမျိုးမျိုးကြောင့် စာရေးသူထံမှ ခွင့်ပြုချက်ရယူခြင်း မရှိပဲ ကူးယူဖေါ်ပြသည်ကို နားလည် ပေးစေလိုပါသည်။

အေ့ဒ်စ်ရောဂါ သို့မဟုတ် အလုံးအရင်းနှင့်လာနေသောမြန်မာ့ပို့ကုန်

မသိနားမလည်ခြင်း၊ ကျွမ်းကျင်မှုမရှိခြင်းနှင့် နိုင်ငံတကာ၏ မသိကျိုးကျင်ပြုခြင်းတို့ကြောင့် ကုသ၍ရနိုင်သော ရောဂါ တခုသည် မြန်မာပြည်သူတရပ်လုံးကို အမျိုးတုံးစေပြီး အရှေ့အာရှကိုပါ အန္တရာယ်ပြု ခြိမ်းခြောက် နေပြီလော။ အေ့ဒ်စ်ရောဂါ (AIDS)နှင့် တိုက်ခိုက်နေရသည့် ရှုံးနိမ့်နေသောရှေ့တန်းစစ်မျက်နှာတရပ်ဖြစ်သောရန်ကုန်မြို့စွန် ဆင်းရဲသား ရပ်ကွက်တခုတွင် အိတ်ခ်ျအိုင်ဗွီပိုးရှိသူ လူနာ ၅၀၀ ကျော်ကို ဆေးကုသပေးနေသော အခန်းတခန်းသာပါသည့် ခနော်ခနဲ့ ပုဂ္ဂလိကဆေးခန်းတခန်း ရှိပါသည်။ အဖမ်းခံရမည်ကို ကြောက်သောကြောင့် အမည်မဖော်ပြရန် မေတ္တာရပ်ခံထားသည့် ဆေးခန်း၏ တဦးတည်းသောဆရာဝန်က သူ၏လူနာများကို အသက်ကယ်ဆေး အေ.အာရ်.ဗွီ (ARV- Antiretroviral) မပေးပါ။ ဤဆေးအတွက် တလ ကုန်ကျ စရိတ်မှာ ငွေကျပ် (၅၀၀၀၀) ခန့်ရှိသောကြောင့် သာမန်လူနာတဦး၏ လခ ထက်ပင် ပိုနေပါသည်။ ထိုဆေးအစား ဆရာဝန်က ပြည်တွင်းထွက်သစ်ဥ သစ်ဖု သစ်သီးများဖြင့် မဲမဲပျစ်ပျစ် အနံ့ပြင်းပြင်း ဆေးတမျိုး ဖော်စပ်လိုက်၏။ အေအာရ်ဗွီ (ARV) ဆေးဘိုးထက် တ၀က်သက်သာပြီး အလကားပေးရသည်က ခဏခဏ။ ဆရာဝန်မသည် ချိုင့်ဟောင်းကြီးထဲမှ ဆေးကို ဇွန်းအပြည့်ထည့်၍ ပေးလေ့ရှိသည်။ “လူနာအများစုက အနောက်တိုင်းက ဆေးတွေကိုမတတ်နိုင်ကြဘူး”ဟု သူက ရှင်းပြသည်။ “ကျမက ဈေးသက်သာပြီး ထိလည်းထိရောက်တဲ့ ရိုးရာဆေးတွေ ပေးကြည့်တာပါ။ ကျမဆေးတွေက တကယ်ပဲ ထိရောက်ပြီး ဘေးထွက်ဆိုးကျိုး တွေလဲ မရှိပါဘူး” သူ၏အမျိုးသားလူနာများမှာ ကုန်ကားမောင်းသူများနှင့် ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြပြီး အမျိုးသမီးအများစုမှာ အိမ်နီးချင်းထိုင်းနိုင်ငံမှ ပြန်လာသော လိင်လုပ်သားများဖြစ်သည်။ ထို့အပြင် ၁၉၆၂ ခုနှစ်ကတည်းက အုပ်ချုပ်လာခဲ့သော စစ်အာဏာရှင် အစိုးရလက်အောက်တွင် စည်ပင်ဖွံ့ဖြိုးလာသော မြန်မာပြည်လိင်လုပ်ငန်းမှ လုပ်သားများလည်း ပါဝင်ပါသည်။ သိပ္ပံနည်းကျသက်သေပြနိုင်မှု မရှိသလောက်ပင် ဖြစ်သော်လည်း ထိုဆရာဝန်က သူ၏ကုထုံးကြောင့် သူ့လူနာများ၏ ဒီစီ ၄ အရေအတွက် (ကိုယ်ခံအား စံနစ်၏ စွမ်းအားကို စစ်ဆေးသောနည်းတမျိုး) ကို တိုးပွားစေပြီး သူတို့၏အသက်ကို သုံးလေး နှစ်ခန့် ပို၍ရှည်လာစေသည်ဟု ပြောပါသည်။ သို့သော်သူက တလလျှင် သူ့လူနာ ရှစ်ယောက်ကိုးယောက်ခန့် သေဆုံး ကြောင်းလည်း ၀န်ခံသည်။ တီဘီ၊ ငှက်ဖျား၊ တိုက်ဖွိုက်၊ (သို့) ၀မ်းရောဂါများဖြင့် နောက်ဆုံးသေဆုံးကြကြောင်း၊ ရောဂါကူးစက်ခံရသူ အိမ်ထောင်ဘက် နှင့် မိဘမဲ့ကလေးများသာ ကျန်ရစ်ကြကြောင်း သူက ပြောပြသည်။ အဘိုးအဘွားတွေ၊ တခြားဆွေမျိုးတွေနဲ့ပဲ နေနေရတဲ့ မိဘမဲ့ကလေးတွေ အများကြီးပဲ ကျမတို့ဆီမှာ ရှိတယ်”ဟု သူမက ပြောသည်။ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်ဆိုင်ရာ ပူးတွဲကုလသမဂ္ဂအစီအစဉ်၏ ဖော်ပြချက်အရ ၂၀၀၅ ခုနှစ်တွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ ခန့်မှန်းချေ ၃၆၀၀၀၀ (သုံးသိန်းခြောက်သောင်း) ခန့် ရှိပါသည်။ ၎င်းမှာအာဖရိကအတိုင်းအတာကို မမီသေး သော်လည်း ကူးစက်နှုန်းမှာ ကြောက်ခမန်းလိလိ တိုးပွားလျက် ရှိပါသည်။ မြန်မာစစ်ဗိုလ်ချုပ်များက ထိုနှုန်းကို ရပ်တန့်သွားရန် ဘာတခုမျှမလုပ်ကြပါ။ ရှမ်းလူမျိုးများကဲ့သို့ တိုင်းရင်းသား လူမျိုးစု များတွင် အမျိုးသားများ၏ ခန့်မှန်းချေ ၉ ရာနှုန်းသည် အိတ်ခ်ျအိုင်ဗွီပိုး ရှိသူများဖြစ်ပြီး အချို့နေရာများ၌ မူးယစ်ဆေးဝါး အကြောထဲ ထည့်၍ သုံးစွဲသူများ၏ ၉၆ ရာခိုင်နှုန်းသည် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူများ ဖြစ်ကြသည်။ ပြည်သူလူထု၏ မသိနားမလည်မှု၊ ကျယ်ပြန့်နက်ရှိုင်းလာသော ဆင်းရဲမွဲတေမှု၊ စည်ပင်ဖွံ့ဖြိုးလာသော ပြည့်တန်ဆာ လုပ်ငန်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဆေးဝါးကင်းမဲ့မှု စစ်အစိုးရ၏အောက်တွင် တချိန်က အများချီးကျူးခြင်းကို ခံခဲ့ရဖူးသော ကျန်းမာရေး စောင့်ရှောက်မှုစံနစ် ယိုယွင်းပျက်စီးလာမှု စသည့် အချက်များက ကူးစက်နှုန်းကို ပိုဆိုးစေပါသည်။ အခြေအနေ အားဖြင့်တော့ မုန်တိုင်းတခု အဆင့်သို့ ရောက်နေပါပြီ။ ပေါက်ကွဲပြီး ရေရှည်မည့်အိတ်ခ်ျအိုင်ဗွီကပ်ဆိုးကြီး ပေါ်ပေါက်ဖို့ လိုအပ်သည့် အခြေအနေတွေကတော့ အားလုံး ပြည့်စုံနေပါပြီဟု အမေရိကန်နိုင်ငံမှ လူထုကျန်းမာရေးနှင့် လူအခွင့်အရေး ပညာရှင်တယောက်ဖြစ်သူ ခရစ်ဘေယာက ပြောပါသည်။ ဤကပ်ဆိုးသည် ဤတိုင်းပြည်အတွက်သာ အဖြစ်ဆိုးတခုမဟုတ်ဘဲ အင်အားကြီးနိုင်ငံတခုဖြစ်သော တရုတ်နိုင်ငံအပါအ၀င် ဒေသတခုလုံးအတွက် စိုးရိမ်ဘွယ်ရာကြီးမားလာသော ခြိမ်းခြောက်မှုတခုလည်း ဖြစ်ပါသည်။ မြန်မာပြည်သည် ကမ္ဘာပေါ် တွင် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယအကြီးဆုံး ဘိန်းထုတ်လုပ်သော နိုင်ငံ ဖြစ်သည်။ ကူးစက်မှုအားလုံး၏ ငါးပုံလေးပုံကို ခြေရာခံကြည့်ပါက မြန်မာပြည်ဘိန်းမှောင်ခိုလမ်းကြောင်းအတိုင်း ပြန်ကောက်ယူ၍ ရနိုင်သည်ဟု ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံးက ခန့်မှန်းပါသည်။ မျိုးရိုးဗီဇဆိုင်ရာ ဆန်းစစ်လေ့လာချက်များအရလည်း မြန်မာပြည်ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် လိင်လုပ်သားများက အာရှတိုက်တခွင်သို့ ရောဂါဖြန့်ပေးနေကြောင်း သက်သေခံလျက် ရှိသည်ဟု နယူးယောက်အခြေစိုက် နိုင်ငံခြားဆက်ဆံရေးကောင်စီက ပြီးခဲ့သည့် ဇူလိုင်လတွင် ထုတ်ဖော်ပြောဆိုပါသည်။ ဤအစီအရင်ခံစာကို ရေးသားသူ လော်ရီဂါးရက်က “တရုတ်ပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ ရောဂါအမျိုးအစား တမျိုးကလွဲလို့ အခု အာရှမှာ အိန္ဒိယနိုင်ငံ မဏိပူရကနေ ဗီယက်နမ်အထိ၊ တရုတ်ပြည်အလယ်ပိုင်းကနေ အင်ဒိုနီးရှားအထိ ဖြစ်ပွားလည်ပတ် နေတဲ့ အိတ်ခ်ျအိုင်ဗွီပိုး အမျိုးအစားတွေအားလုံးဟာ တိုင်းပြည်တခု တည်းကနေ ပေါ်ထွက်လာတာပါ” ဟု ပြောကြား ခဲ့ပါသည်။ ဒီအချက်ကြောင့် မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ မျိုးသစ်အများဆုံး ဖြန့်ဖြူးဝေငှတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ သက်သေပြတာပါပဲ။ ဂါးရက်က ဆက်ပြောသည်မှာ ဤကဲ့သို့မျိုးရိုးဗီဇဆိုင်ရာ သက်သေပြချက်သည် မီးခိုးထွက်နေသော သေနတ်ပမာ မြန်မာ ပြည်ဟာ တရားခံဖြစ်ကြောင်း လက်ညှိုးညွှန်ပြနေပါတယ် ... အာရှတခွင်ကို မြန်မာပြည်က ပိုးဖြန့်ဖြူးနေခြင်းဟာ ဒေသ တခုလုံးအတွက် ထင်ရှားတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတခုပါပဲ” သို့သော်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းသည် ဤကျန်းမာရေးဆိုင်ရာခြိမ်းခြောက်မှု အန္တရာယ်ကို အလေးအနက်ထား၍ အာရုံစိုက်ခြင်းမရှိသည်မှာ နားမလည်နိုင်အောင်ပင် ဖြစ်သည်။ပြီးခဲ့သည့် သြဂုတ်လက ဂျီနီဗာအခြေစိုက် ဂလိုဘယ်ဖန်းဒ် အဖွဲ့ကြီးသည် ငါးနှစ်အတွက် ဒေါ်လာသန်းတရာဘိုး အကူအညီပေးမည့် ထောက်ပံ့ရေးအစီအစဉ်တရပ်ကို ပြန်လည် ရုတ်သိမ်းတော့မည်ဟု ကြေညာခဲ့သည်။ အမေရိကန်၏ စီးပွားရေး အရ အရေးယူမှုနှင့် အာရှ၏ပျော့ပျောင်းသော သံတမန် ဆက်ဆံရေးတို့အကြား အာဏာခိုင်မြဲ လျက် ရှိသော စစ်အစိုးရ၏ တားဆီးကန့်သတ်မှုများနှင့် ခရီးသွားလာခွင့်ပိတ်ပင်မှု များကို ထိုထောက်ပံ့ရေး အဖွဲ့ကြီးက အပြစ်တင်ခဲ့သည်။ ထိုထောက်ပံ့ရေးအဖွဲ့၏ မြန်မာပြည်ဆိုင်ရာ အစီအစဉ်ကို အောက်တိုဘာလ တ၀ိုက်တွင် အဆုံးသတ်ခဲ့သည်။ သို့သော် ဥရောပသမဂ္ဂဦးဆောင်သော ရောဂါတိုက်ဖျက်ရေး အစီအစဉ်သစ် တရပ်က အစားထိုးဝင်ရောက်ရန် ပြင်ဆင်လျက် ရှိသည်။ သို့သော်နောက်ဆုံးတွင် နောက်ထပ်အလားအလာရှိသော ရောဂါကပ်ဆိုးကြီးတရပ်က မြန်မာပြည်က တောင်းဆိုနေသော ပြဿနာကို အာရုံစိုက်လာရန် နှိုးဆော်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော အစိုးရကို သံတမန်ချဉ်းကပ်နည်းသစ်များဖြင့် ရင်ဆိုင်ကိုင်တွယ်ရန် တွန်းအားပေးလိုက်သည်။ ထိုရောဂါမှာ ကြက်ငှက်တုပ်ကွေးဖြစ်သည်။ မတ်လအစောပိုင်းတွင် H5N1 ဗိုင်းရပ်စ်ပိုးကို မြန်မာပြည်၏ ဒုတိယအကြီးဆုံး ဖြစ်သော မန္တလေးမြို့အနီးရှိကြက်ခြံများတွင် စတင် တွေ့ရှိရသည်။ တလအတွင်း တတိုင်းပြည်လုံးတွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှု (၁၀၀)ကျော် ပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိသည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အရာရှိ တဦးက အခြေအနေအရပ်ရပ်သည် ထင်ထားသည်ထက် ပို၍ဆိုးရွားနေကြောင်း ပြောကြားခဲ့သည်။ အမေရိကန်အစိုးရ ကလည်း စိတ်ပူသည်။ ကတ်ထရီးနားမုန်တိုင်းဘေးမှ လွန်မြောက်ကာစအချိန်တွင်ကြက်ငှက်တုပ်ကွေးရောဂါကို မတားဆီးနိုင်မည်ကို စိုးရိမ်နေသည်ဟု ခရစ်ဘေရာ က ဆိုသည်။ မြန်မာပြည်၏လျှို့ဝှက်သိုသိပ်သော အုပ်ချုပ်သူများသည် မိမိတို့တိုင်းပြည်၌ AIDS ပြဿနာရှိကြောင်း ၂၀၀၁ ခုနှစ်ထိ လူသိရှင်ကြားဝန်ခံခဲ့ခြင်း မရှိပါ။ “ပြဿနာဟာ အမျိုးသားရေးပြဿနာပါပဲ” ဟု ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်က ရာထူးမှ ဖယ်ရှားမခံရမီ ပြောကြားခဲ့သည်။ ၂၀၀၄ ခုနှစ်ရောက်သော်လည်း စစ်အစိုးရသည် အင်အားလေးသိန်း ရှိသည့် စစ်တပ်အတွက် လက်နက် ၀ယ်ယူရန် နှစ်စဉ် ဒေါ်လာသန်းနှင့်ချီ၍ သုံးစွဲခဲ့သော်လည်း AIDS တိုက်ဖျက်ရေးအတွက် စုစုပေါင်း ဘတ်ဂျက်မှာ ဒေါ်လာ ၂၂၀၀၀ သာ ရှိကြောင်း နိုင်ငံတကာအကျပ်အတည်းများ လေ့လာရေးအဖွဲ့ (ICG - International Crisis Group) က ဖော်ပြခဲ့သည်။ မြန်မာပြည်သည် လူဦးရေသန်း ၅၀ ကျော် ရှိသော တိုင်းပြည်ဖြစ်သည်။ ဤကပ်ဆိုးသည် “တိုင်းပြည်အတွင်း ရှေ့လာမည့် ဆယ်စုနှစ်များအတွက် စီးပွားရေးဖွံ့ဖြိုးရေးတိုးတက်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း များ၏ အခြေခံများကို ဖျက်ဆီး ပစ်နိုင်သည်။ ဤအခြေအနေကို ပြောင်းလဲထူးခြားအောင် ဆောင်ရွက်နိုင်စွမ်း ရှိသူ အားလုံး ချက်ချင်းလတ်တလော အရေးယူဆောင်ရွက်သင့်ပြီဟု ICG အဖွဲ့က ထောက်ပြခဲ့သည်။ ပညာရေးဆိုင်ရာအစီအစဉ်များသည်လည်း ရှားပါးလှပြီး မြန်မာပြည်တွင်းသို့ ၀င်ရောက်ဆောင်ရွက်ခွင့်ရသည့် အနည်းငယ် မျှသော ပြည်ပအထောက်အပံ့ပေးရေး အဖွဲ့အစည်းအချို့၏ အမြောက်အမြား ကူညီထောက်ပံ့မှုဖြင့် အစီအစဉ်များကို ဆောင်ရွက်ကြရသည်။ မသိချင်ယောင်ဆောင်၍ မဖြစ်တော့လောက်အောင် တိုးတက်များပြားလာနေသော သေဆုံးမှုများက လူအများကို သတိထား အာရုံစိုက် လာစေသည်။ AIDS ဝေဒနာရှင်များသည် လူအများ၏ လူမှုရေးအရ ဖယ်ချန်ခြင်းကို ခံရသည်။ မဂ္ဂဇင်းအယ်ဒီတာတဦးက သူ့အစ်ကို ရောဂါရှိကြောင်းသိရှိသောအခါ အိမ်ရှင်က အိမ်ဆက်မငှားတော့ကြောင်း ပြောပြသည်။ ကျေးလက်ဒေသများတွင် ရွာသား များသည် AIDS ဝေဒနာရှင်များနှင့် မြစ်တခုထဲတွင် ရေအတူချိုးခြင်း၊ အ၀တ်လျှော်ခြင်း မပြုလုပ်ကြ။ တောရွာများ၌ ရောဂါရှိသူများ သေဆုံးလျှင် ကားတာယာများ ပေါ်တင်၍ မီးသင်္ဂြိုဟ် ကြသည်။ ပြင်းထန်သော မီးအရှိန်ကသာလျှင် ရောဂါပိုးကို သေစေပြီး အခြားသူများကို ဆက်လက်ကူးနိုင်မည် မဟုတ်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။ စစ်အစိုးရသည် AIDS ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် သူကိုယ်တိုင်အချိန်ဆွဲ ဖင့်နှေးနေရုံမက အခြားတသီးပုဂ္ဂလ ကြိုးပမ်းမှုများကိုလည်း တားဆီးပိတ်ပင်ရန် ကြိုးစား၏။ ပြီးခဲ့သည့်သြဂုတ်လက ခွင့်ပြုချက် လျှောက်ထားမှု စံနစ်တကျ မဟုတ်ဟု အကြောင်းပြ၍ မုံရွာမြို့မြောက်ပိုင်းရှိ ရွှေနှလုံးသား ဟု အမည်ရှိသော ထင်ရှားသည့် ဆေးခန်းတခုကို ပိတ်ပစ်ရန် ညွှန်ကြားခဲ့သည်။ ထိုဆေးခန်းသည် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ၏ ငွေကြေးအထောက်အပံ့ဖြင့် ဆင်းရဲချို့တဲ့သူများကို ( အထူးသဖြင့် AIDS ဝေဒနာရှင်များကို ) အခမဲ့ဆေးဝါးကုသပေးနေသောဆေးခန်းဖြစ်သည်။ “အာဏာပိုင်တွေက ဆေးခန်းရဲ့အောင်မြင်မှုကို မနာလိုတာပါ ” ဟု မုံရွာမြို့ခံတဦးက ဒီမိုကရက်တစ်မြန်မာ့အသံကို ပြောပြသည်။ “သူတို့ကတော့ ဆင်းရဲတဲ့သူတွေကို ဘာတခုမှ ထောက်ပံ့နိုင်တာမဟုတ်ဘူး”ဟု သူက ပြောပြသည်။ ဆေးခန်းဝန်ထမ်း များကို ထောင်ခြောက်လ၊ အလှူရှင်များကို ထောင်သုံးနှစ်ချနိုင်ကြောင်း အာဏာပိုင်များက ခြိမ်းခြောက်သည်ဟု သူက ဆက်လက်ပြောပြသည်။ နိုင်ငံခြားသားကြောက်ရောဂါ ရှိသည့် စစ်အစိုးရသည် ပြည်ပထောက်ပံ့ရေးအဖွဲ့များကိုလည်း တင်းတင်းကျပ်ကျပ် ချုပ်ချယ် ကန့်သတ်ခဲ့သည်။ “စစ်အစိုးရက နိုင်ငံခြားသားအထောက်အပံ့ လုပ်သားတွေအားလုံးကို သူလျှိုတွေလို့ပဲ သဘောထားတယ်” ဟု ရန်ကုန်မြို့ရှိ ဥရောပသံတမန်တဦးက ပြောပြသည်။ မြန်မာလူမျိုး မဟုတ်သော ထောက်ပံ့ရေး လုပ်သားတဦး ရန်ကုန်မြို့မှ ထွက်ခွာရန် ခရီးသွားလာခွင့် လျှောက်ထားပါက သုံးပတ်ကြာပြီး တခါတရံ ထို့ထက်ပိုမိုကြာမြင့်တတ်သည်။ “ကျနော်တို့ဟာ မြို့အကျယ်ချုပ်ကျနေတယ်လို့ ရီစရာပြောကြတယ်” ဟု မူးယစ်ဆေးဝါး သုံးစွဲသူများကို ဆေးထိုးရန် ဆေးထိုးအပ်များ ပေးဝေလျက်ရှိသော အဖွဲ့တဖွဲ့၏ ရန်ကုန် တာဝန်ခံတဦးက ပြောပြသည်။ ယခုအခါ မြန်မာလူမျိုးများသည် မိမိတို့လုပ်နိုင်သမျှကို ကိုယ်ထူကိုယ်ထ လုပ်ကိုင်နေကြသည်။ ဝေဒနာရှင် အများစုမှာ အေအာဗွီဆေးကို ၀ယ်ယူသုံးစွဲရင်း အကြွေးလည်ပင်း နစ်နေကြသည်။ “ တချို့လူတွေဟာ အေအာဗွီဆေးကို ၀ယ်ဖို့ သူတို့ အိမ်တွေ ခြံတွေကိုပါ ရောင်းလိုက်ရတယ်” ဟုမန္တလေးမြို့မှ ဆရာဝန်တဦးက ဆိုသည်။ “ကျနော်တို့ ကိုယ်ဘာသာကိုယ် တခုခုလုပ်ရမှာပဲ၊ ဂလိုဘယ်ဖန်းဒ် ဒီမှာရှိရှိ မရှိရှိပေါ့” ဟု ရန်ကုန်မြို့ရှိ လူမှုရေးလုပ်သား တဦးက ပြော၏။ သူသည် သူ၏ သူငယ်ချင်းမိတ်ဆွေများနှင့် အတူ မိဘမဲ့ကလေးများ (အချို့ HIV ပိုးကူးစက်ခံရသူ) အတွက် ဂေဟာတခု ထူထောင်ရန် ရံပုံငွေစုဆောင်းနေသည်။ “ဒီမှာ ဖြစ်နေတဲ့ ကလေးတွေ ရာနဲ့ချီပြီး ရှိတယ်”ဟု သူက ပြောသည်။ “ကလေး နှစ်ဆယ်သုံးဆယ် လောက်တော့ နေစရာရမယ် ထင်ပါတယ်။ အဲဒါက ကျမတို့စုဆောင်းရရှိတဲ့ ငွေပမာဏပေါ် မူတည်ပါတယ်”။နိုင်ငံခြားမှ ကျောထောက်နောက်ခံပံ့ပိုးမှု မရှိဘဲ လိုအပ်သောငွေဒေါ်လာ(၇၀၀၀) စုဆောင်းရရှိရန် (သို့) ကလေးများအတွက် ဆေးဖိုးပေးရန် သူ ကြိုးစားနေသည်။ “ ဒီငွေဟာ သူတို့အမိုးအကာအောက် ရောက်ဖို့အတွက် လုံလောက်ရုံပဲ ရှိပါတယ်ဟု သူက ပြော၏။ အစိုးရ၏ ၀င်ရောက် ချယ်လှယ်မှုကို စိုးရိမ်သောကြောင့် လူမှုရေးလုပ်သားများသည် ကျန်းမာရေးနှင့် လူမှုဝန်ထမ်း အရာရှိများထံ မိမိတို့လုပ်ငန်း အစစ်အမှန်ကို အကြောင်းကြားအသိပေးခြင်းမပြုဘဲ ဂေဟာကို တည်ဆောက် ကြမည်ဖြစ်သည်။ “အရေးကြီးတာကတော့ ဂေဟာကို တည်ထောင်ပြီး လည်ပတ်နိုင်ဖို့ပါပဲ”ဟု သူက ရှင်းပြသည်။ “ပြီးတော့မှ သက်ဆိုင်ရာ အရာရှိတွေကို ပြောပါမယ် ဒါကို အသိအမှတ်ပြုပါ၊ အကူအညီပေးပါ၊ ဒါမှမဟုတ် ကလေးတွေကို ခေါ်ပြီး ကိုယ့်ဘာသာကိုယ် စောင့်ရှောက်ကုသပေးကြပါလို့၊ ဒါကတော့ သူတို့ ဘယ်တော့မှ မလုပ်မယ့်ကိစ္စပါ” မြန်မာပြည်အား တိုက်ခိုက်ဖျက်ဆီးပြီး ကျန်အိမ်နီးနားချင်းနိုင်ငံများဖြစ်သော တရုတ်၊အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ကိုပါ ဒုက္ခ ရောက်စေသည့်ရောဂါမှာ HIVတမျိုးတည်း မဟုတ်ပါချေ။ မြန်မာပြည်သည် ကမ္ဘာ့အဆိုးရွားဆုံး တီဘီရောဂါပြဿနာရှင် နိုင်ငံလည်း ဖြစ်ပါသည်။ နှစ်စဉ်ရောဂါဖြစ်ပွားမှုအသစ် စစ်ဆေးတွေ့ရှိရပြီး ဆေးယဉ်နေသောမျိုးသစ်များလည်း ပေါ်ပေါက်ပြန့်ပွားလျက် ရှိပါသည်။ မြန်မာပြည် လူဦးရေ၏၄၀ရာနှုန်းခန့်သည် တီဘီရောဂါ ကူးစက်ခံရပြီးဖြစ်သည်ဟု ယူဆရ၏။ မယုံနိုင်စရာ ကောင်းလောက်အောင်ပင် ၂၀၀၅ခုနှစ်အတွင်း အာရှတခွင်၌ ငှက်ဖျားကြောင့် သေဆုံးရသူ၏ တ၀က်ကျော်မှာ အမှောင်ခေတ်ထဲ ကျရောက်နေသောမြန်မာပြည်မှ ဖြစ်သည်။ ငါးနှစ်အောက် ကလေး သေဆုံးမှု၏ အဓိကတရားခံမှာလည်း ငှက်ဖျားရောဂါပင် ဖြစ်သည်။ ဆင်းရဲမွဲတေမှုနှင့် အာဟာရချို့တဲ့မှုသည်လည်း ငှက်ဖျားရောဂါ ပြဿနာကို ပိုမိုဆိုးရွားစေသည်။ မြန်မာပြည်သူ လူထု၏ လေးပုံတပုံသည် တနေ့လျှင် တဒေါ်လာ အောက်ဝင်ငွေဖြင့် ရပ်တည်ရှင်သန် နေကြပြီး ငါးနှစ်အောက်ကလေးများ၏ သုံးပုံတပုံမှာ အာဟာရချို့တဲ့နေကြသည်။ ဤသို့သော အခြေအနေများဖြစ်ပေါ်နေသော်လည်း အခြားဆင်းရဲသော တိုင်းပြည်များအားလုံးနီးပါးထက် ပို၍နည်းပါးသော လူသားချင်းစာနာသည့် အကူအညီများကိုသာ ရရှိပါသည်။ အမေရိကန်နိုင်ငံ၏ စီးပွားရေးဒဏ်ခတ်မှုကို မြန်မာပြည်ကဲ့သို့ပင် ခံစားနေရသော ကျူးဘားနိုင်ငံသည်ပင် လူတဦးချင်း အပေါ်ရရှိသည့် အထောက်အပံ့ပမာဏမှာ မြန်မာပြည်ထက် နှစ်ဆပိုများသည်။ ဂလိုဘယ်ဖန်းဒ်အဖွဲ့ကြီး ထွက်ခွာသွားမှုကလည်း နောက်ထပ်ရိုက်ချက်တခုပင် ဖြစ်သည်။ ဤအဖွဲ့ကြီး၏ ငါးနှစ်အစီအစဉ် အောက်တွင် အေအာဗွီဆေးဝါးလိုအပ်သူ ၄၅၀၀၀အနက် လူနာ၅၀၀၀ခန့် ဆေးဝါးရရှိမည် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ပိုးစစ်ဆေးစမ်းသပ်မှု၂၈၀၀၀ သာ ပြုလုပ်နိုင်ခဲ့သော ဤတိုင်းပြည်အတွက် စမ်းသပ်မှု ဆိုင်ရာ အထောက်အပံ့များလည်း ပေးရန် စီစဉ်ထားပြီး ဖြစ်သည်။ “ဒီဆုံးဖြတ်ချက်ကြောင့် လူတွေသေကုန်ကြတော့မယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် အကြီးအကဲ ချားလ်ပတ်ထရီက ဒီဇင်ဘာလတွင် လော့စ်အန်ဂျယ်လိစ်တိုင်းမ်သတင်းစာသို့ ပြောကြား ခဲ့သည်။ ဂလိုဘယ်ဖန်းဒ်အဖွဲ့ကြီး ကိုယ်တိုင်ကလည်း သူ၏ပြန်လည်ထွက်ခွာခြင်းနှင့် ပတ်သက်သောကြေညာချက်၌် ရှင်းလင်း ပြောကြားရာတွင် အလေးအနက် ၀င်ရောက်ဖြေရှင်းမှုမျိုး မရှိပါက AIDS၊ တီဘီနှင့် ငှက်ဖျားတို့သည် မြန်မာ ပြည်သူ လူထုသာမက အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် ထိုင်းနိုင်ငံအပါအ၀င် ဒေသတခုလုံးသို့ ကပ်ရောဂါဘေးဆိုးကြီးတရပ် သဖွယ် ရောက်ရှိသွားနိုင်သည်။ အခြားနိုင်ငံများ၏ ရောဂါပြန့်ပွားမှုအား ထိန်းချုပ်ထားနိုင်သည့် အခြေအနေကိုလည်း အန္တရာယ်ပေးနိုင်သည်။ ဤသို့ဖြစ်နိုင်ချေ အများဆုံး နိုင်ငံမှာ တရုတ်နိုင်ငံပင်ဖြစ်သည်။ ၎င်း၏ကူးစက်မှုနှုန်းမှာလည်း မြင့်တက် နေသည်။ ပြီးခဲ့သည့် နှစ်က တရုတ်ကျန်းမာရေးဌာန ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးတွဲလေ့လာချက်တရပ်တွင် ရောဂါကြောင့် သေဆုံးသူ ၂၅၀၀၀ ရှိပြီး ကူးစက်မှု၇၀၀၀၀ ရှိကြောင်း၊ အများစုမှာ မူးယစ်ဆေးထိုးသွင်းခြင်းနှင့် လိင်ကိစ္စများကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။ မြန်မာပြည်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသောယူနန်ပြည်နယ် သည် အဆိုးဆုံးထိခိုက်သောပြည်နယ်များ အနက် တခုဖြစ် သည်။ မြန်မာပြည်လမ်းမကြီးဟု ခေါ်ကြသောယူနန်ပြည်နယ်၏ မြို့တော်ကူမင်းနှင့် မြန်မာပြည် မြောက်ပိုင်းမြို့တမြို့ ဖြစ်သည့် မန္တလေးမြို့ကို ဆက်သွယ်ထားသော ကုန်သွယ်ရေး လမ်းကြောသည် ရောဂါကူးစက်ပျံ့ပွားရေး လမ်းကြောင်းကြီး တခုဖြစ်ပြီး ထောင်နှင့်ချီသော ကုန်ကားမောင်းသူများ နေ့စဉ်ကူးသန်းသွားလာနေကြသည့် AIDS အဝေးပြေးလမ်းမကြီးပင် ဖြစ်ပါသည်။ အချုပ်အားဖြင့်ဆိုရသော် မြန်မာပြည်သည် ကပ်ရောဂါအသွင်ကူးစက်မှုကို ပိုမိုအရှိန်ရစေရန် တွန်းအားပေးနေသော နိုင်ငံ တခုဖြစ်၍ ကမ္ဘာက ဤမျှကြီးမားပြီး လူဦးရေထူထပ်သော နိုင်ငံတခုကို စိတ်ချလက်ချ လျစ်လျူ မရူ့ထားသင့်ပေ။ ဤအကြောင်းများကြောင့် လော်ရီဂါးရတ်ကဲ့သို့ လေ့လာဆန်းစစ်သူများက AIDS ပြဿနာကို ကျန်းမာရေး ပြဿနာတရပ် အဖြစ် သာမကဘဲ အမျိုးသားရေးနှင့် ဒေသတွင်းဆိုင်ရာ လုံခြုံရေး အမြင်ဖြင့်ပါ ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း ပြောဆို နေကြခြင်းဖြစ်သည်။ “လောလောဆယ်မှာ AIDS ပြဿနာကို ကျန်းမာရေး ဆိုင်ရာ ပြဿနာတခုအနေနဲ့ပဲ ပြောဆိုနေကြပါတယ်၊ ဒါကြောင့်လဲ အစိုးရ တော်တော် များများ က ဦးစားပေးအစီအစဉ်တွေရဲ့အောက်ဆုံးအဆင့်လောက်မှာ ဒီပြဿနာကို ထားကြတာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။ “ဒါကြောင့်လဲ ဒီကပ်ရောဂါကို ကိုယ်ပြည်တွင်းမှာသာမက ဒေသတွင်းမှာပါ ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတော်မှာ တာဝန်ရှိတယ် ဆိုတဲ့ အယူအဆကို ဘေးဖယ်ထားကြတာ၊ လျစ်လျူထားကြတာ ဖြစ်ပါတယ်” ၂၀၀၄ ခုနှစ် ဒီဇင်ဘာလထုတ် ၀ါရှင်တန်ပို့စ်သတင်းစာ အယ်ဒီတာ့အာဘော်တွင် မြန်မာပြည်၏ လျစ်လျူရှု ခံထားရသော AIDS ကပ်ဆိုးကြောင့် ဖြစ်ပေါ်လာသောဒေသတွင်း အန္တရာယ်နှင့် ပတ်သက်၍ “ ကုလသမဂ္ဂ အနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ စိမ်ခေါ်မှုတရပ် ရှိလာနိုင်သည်ဆိုလျှင် ယခုအချိန်သည် ဤစိန်ခေါ်မှုကို ရင်ဆိုင်နေရချိန်ပင် ဖြစ်သည်” ဟု ဖော်ပြခဲ့သည်။ တနှစ်ကြာပြီးသောအခါ အလွတ်သဘောဟု ဖေါ်ပြထားသော တံခါးပိတ်အစည်းအဝေးတခုတွင် ကုလသမဂ္ဂနိုင်ငံရေးဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးချုပ် အီဘရာဟင်ဂမ်ဘာရီက လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံ၏ ဆုတ်ယုတ် ကျဆင်းနေသော လူ့အခွင့်အရေးနှင့် ကျန်းမာရေး မှတ်တမ်းများအကြောင်း အကျဉ်းရုံး ဆွေးနွေးသွားခဲ့သည်။ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထင်ရှားစွာ ခြိမ်းခြောက်နေသည်ဟု ဆိုကာ အမေရိကန်နှင့်ဗြိတိန်တို့က ပြောဆိုနေသော် လည်း မြန်မာပြည်သည် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများဖြစ်သော တရုတ်နှင့်ရုရှားတို့၏ အကူအညီဖြင့် ကောင်စီ၏ တရားဝင်အစီအစဉ်ထဲတွင် ထည့်သွင်းဆွေးနွေးရန်ကိစ္စအား ရှောင်လွှဲထားနိုင်ခဲ့၏။ မြန်မာစစ်ဗိုလ်ချုပ်များထံသို့ သက်ရောက်မှု မည်မျှရှိသည်ကို ခန့်မှန်းတွက်ချက်ရ ခက်ခဲသော်လည်း ကုလသမဂ္ဂ၌ အကျဉ်းရုံးဆွေးနွေးမှုသည် ထင်ရှားသောအဖြစ်အပျက်တခု ဖြစ်လာသည်ဟု လော်ရီဂါးရက်က ပြောကြားသည်။ “ကုလသမဂ္ဂက ဘာပြောပြောဘာထင်ထင် သူတို့က ဂရုစိုက်ပါမလား” ဟု သူက စိတ်ပူ၏။“အခု သူတို့က မြို့တော်ကို ပြောင်းရွှေ့သွားပြီဆိုတော့ သူတို့စိတ်ထဲမှာ ဘယ်လိုရှိမယ်ဆိုတာ ခန့်မှန်းဘို့ ပိုလို့တောင် ခက်သွားပါသေးတယ်" ပြီးခဲ့သည့်နိုဝင်ဘာလက မြန်မာစစ်ဗိုလ်ချုပ်များသည် ရန်ကုန်မြို့နှင့် မိုင်၄၀၀ခန့်ဝေးသောပျဉ်းမနားမြို့တွင် အစိုးရရုံးကို အသစ်တည်ဆောက်၍ ပြောင်းရွှေ့သွားခဲ့ကြသည်။ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဗေဒင်ဆရာများ၏ အကြံပေးချက်ကြောင့်လည်းကောင်း၊ အမေရိကန်၏ ကျူးကျော်မှုကို ကြောက်ရွံသောကြောင့် လည်းကောင်း၊ ဤသို့ ပြောင်းရွှေ့သွားကြသည်မှာ သိသာထင်ရှားလှပါသည်၊ ၁၉၉၀ခုနှစ်များတွင် စစ်အုပ်ချုပ်ရေးအောက်တွင် ရှိနေသေးလည်း ထိုင်းနိုင်ငံသည် လူထုအသိပညာ မြှင့်တင်မှုအစီအစဉ် များနှင့် ရာနှုန်းပြည့် ကွန်ဒုံးသုံးစွဲမှုအစီအစဉ်များ အပါအ၀င် AIDS ဆန့်ကျင် တိုက်ဖျက်ရေး လှုပ်ရှားမှုတခုကို စတင် ဆောင်ရွက်ခဲ့ပါသည်။ ''ထိုင်းနိုင်ငံဟာ အာဏာရှင်နိုင်ငံဖြစ်လုဆဲဆဲ အခြေအနေရှိပါတယ်'' ဟု လော်ရီဂါးရက်က ဆို၏၊ ''ဒါပေမဲ့ထင်သလို မဟုတ်ဘဲ ကျမတွေ့ဖူးခဲ့သမျှ တိုင်းပြည်ထဲမှာ AIDSတိုက်ဖျက်ရေးတိုက်ပွဲကို အအောင်မြင်ဆုံး တိုက်ခိုက်နိုင်ခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်'' ဒီတိုက်ပွဲကို စတင်ဖြစ်သော အကြောင်းမှာ ထိုင်းစစ်တပ်၏ စစ်သားစုဆောင်းရေးမှ လူငယ်များတွင် ရောဂါကူးစက်မှုနှုန်း အလွန်မြင့်မားနေသောကြောင့် ဖြစ်သည်။ မြန်မာပြည်စစ်တပ်၏ စစ်သားများကြားတွင် တူညီသော (သို့မဟုတ်) ပိုမို ဆိုးရွားသော အထောက်အထားများ တွေ့ရှိရသော်လည်း မြန်မာပြည်သည် ဤကဲ့သို့သော တိုက်ပွဲမျိုး ဆင်နွှဲခဲ့ခြင်းမရှိပါ။ အမေရိကန်အခြေစိုက် နိုင်ငံတကာ ပြည်သူ့ရေဒီယို “ကမ္ဘာလောက” အစီအစဉ်၏ သတင်းစာဆရာ အော်လန်ဒို ဒီဂတ်ဇမန်း ၏ HIV ပိုးရှိသူ စစ်သားများစွာကို ဖြုတ်ပစ်ခဲ့ရသော မြန်မာစစ်တပ်ဆရာဝန် တဦးနှင့်တွေ့ဆုံမေးမြန်းခန်းတခုတွင် “သူတို့ တတွေဟာ ဘယ်အေအာဗွီဆေးမှမရရှိပါဘူး၊ ပြုစုစောင့်ရှောက်မှု ထောက်ပံ့ကူညီမှုလည်း လုံးဝမရကြပါဘူး”ဟု ထိုဆရာဝန်က ပြောခဲ့သည်။ ထို့ပြင်စစ်တပ်ရှိ (AIDS)အဆောင်ကြီး၏ခုတင်များသည် အသစ်အသစ်ရောက်ရှိလာသူ လူနာ များဖြင့် အလျှင်အမြန် အစားထိုး ပြည့်နှက်လျက်ရှိသည်ဟု ဆိုသည်။ မြန်မာပြည်တွင် အတိုင်းအတာတရပ်ထိ အောင်မြင်မှုရသည်မှာ ကွန်ဒုံးကိစ္စ ဖြစ်သည်။ ၁၉၉၆ ခုနှစ်က ကွန်ဒုံး၂သန်း ၆ သိန်း သာ ရောင်းရသော်လည်း မနှစ်ကကွန်ဒုံးသန်း ၄၀ ကျော် ရောင်းချခဲ့ရသည်။ လူကြိုက်အများဆုံးတံဆိပ်တခုဖြစ်သော ''အဖော်'' ကို ၀ါရှင်တန်အခြေစိုက် အကျိုးအမြတ် မထားသော အဖွဲ့ဖြစ်သည့် နိုင်ငံတကာလူဦးရေဆိုင်ရာဝန်ဆောင်မှုအဖွဲ့ (PSI)က တင်သွင်းပြီး ဈေးပေါပေါဖြင့် ရောင်းချ ပေးသည်။ (PSI )သည် ကွန်ဒုံးသုံးစွဲပုံနှင့်ပတ်သက်၍ လူထုပညာပေး ရုပ်မြင်သံကြားဇာတ်လမ်း များနှင့် ရုပ်ရှင်များကိုလည်း ရိုက်ကူးထုတ်လုပ်ပါသည်။ လွန်ခဲ့သည့်ဆယ်နှစ်ကဆိုလျှင် ဤကဲ့သို့အဖြစ်မျိုး စိတ်ကူးယဉ်ကြည့်၍ပင် ရမည်မဟုတ်ပါ။ မြန်မာပြည်သည် ရှေးရိုး ဆန်သော တိုင်းပြည်ဖြစ်သည်။ ကွန်ဒုံးသုံးစွဲခြင်းကို ပြည့်တန်ဆာလုပ်ငန်း၊ လူမှုရေးရှုပ်ပွေခြင်းတို့နှင့် တွဲ၍မြင်ထားကြသည်။ သို့သော်လည်း ၁၉၉၀ ခုနှစ်များက ထိုင်းနိုင်ငံတွင် အောင်မြင်ခဲ့သော ကွန်ဒုံးလှုပ်ရှားမှုကိုမီရန် များစွာလိုသေးသည်။ မြန်မာပြည်၏ကျန်းမာရေးပြဿနာနှင့် ပတ်သက်၍ ကမ္ဘာကြီး၏တုန့်ပြန်ဆောင်ရွက်မှုသည် ရှုပ်ထွေးလှသည်။ လူသားချင်း စာနာသည့် အထောက်အပံ့များနှင့်ပတ်သက်ပြီး ခါးသီး၍အဖြေမထွက်သည့် အငြင်းပွားမှုများ ဖြစ်လာခဲ့သည်။ တိုင်းပြည် ပြင်ပရှိပြောနိုင်ဆိုနိုင်သော ဒီမိုကရေစီအင်အားစုများက နိုင်ငံခြား အထောက်အပံ့ပေးရေးအဖွဲ့များ တည်ရှိနေခြင်းသည် မကောင်းဆိုးရွားအစိုးရအား တရားဝင် အသိအမှတ်ပြုရာ ရောက်ကြောင်းငြင်းဆိုကြသည်။ ကင်တပ်ကီအထက်လွှတ်တော်အမတ် မစ်ခ်ျမက္ကောနဲလ်က ဂလိုဘယ်ဖန်းဒ်ရုပ်သိမ်းသွားရန် လှုပ်ရှား ဆောင်ရွက်ခဲ့ချိန်တွင် မြန်မာပြည်ရှိ AIDS ၏ အကြီးအကဲ ဘရိုင်ရန်ဝီလီယံက ဤကဲ့သို့ရုပ်သိမ်းသွားခြင်း ကို ဒုက္ခသည်စခန်းများတွင် အစား အသောက်များကို မပေးဘဲထားခြင်းနှင့်တူကြောင်း ဥပမာပေး၏။ ဤကပ်ဆိုးကြီးကို အရေးပေါ် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း အလေးအနက်ဖော်ပြခဲ့သည့် အစီအရင်ခံစာကို ရေးသားခဲ့သူ လော်ရီဂါးရက်ကိုယ်တိုင်ကပင် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံခြားအထောက်အပံ့အဖွဲ့များအား “သွေးပန်းထွက်နေသည့်အနာကို ပလာစတာကပ်ထားသည်” နှင့် တူကြောင်းခိုင်းနှိုင်းခဲ့သည်။ ကြက်ငှက်တုပ်ကွေး ရောဂါလည်းအတူတူပင်ဖြစ်ပါသည်။ ( AIDS ) ကဲ့သို့ပင် (H5N1 ) သည် နိုင်ငံကူးပြဿနာတရပ် ဖြစ်ပါတယ်။ မြန်မာပြည်ဟာ အခြားသူတွေအားလုံးအတွက်လည်း အရေးကြီးတဲ့ သူ့ပြည်သူတွေရဲ့ ကျန်းမာရေး ပြဿနာကို ဘာကြောင့် တုန့်ပြန်ဖြေရှင်းခြင်း မပြုသလဲဆိုတာကို အလေးအနက် မီးမောင်းထိုးပြလိုက်တဲ့ ပြဿနာတရပ်ပါပဲဟု ခရစ်ဘေကာက ရှင်းပြသည်။ အံ့သြဘွယ်ကောင်းစွာပင် စစ်အစိုးရသည် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက် ခဲ့သည်။ ဥပမာ နမူနာအသားစများကို စစ်ဆေးရန် ဘန်ကောက်သို့ အလျင်အမြန် ပေးပို့ခဲ့သည်။ သို့သော် မြန်မာပြည်သူများကို ပြောပြရန် (၉)ရက်စောင့်ဆိုင်းခဲ့သည်။ ထို့ပြင်လူသားများ သေဆုံးနိုင်ခြင်းအား ကာကွယ်ရန်နှင့် ကြက်ငှက်တုပ်ကွေးကပ်ရောဂါကို လေ့လာစစ်ဆေးရန် လုံလောက်သော သတင်း အချက်အလက်များ ဖြန့်ဖြူးပေးရန်လည်း ပျက်ကွက်ခဲ့သည်။ မြန်မာပြည် တွင် ကြက်ငှက်တုပ်ကွေးနှင့် ပတ်သက်သော ယုံကြည် လက်ခံနိုင်လောက်သည့် သတင်းအချက်အလက်သည် ဘန်ကောက် ပို့စ် သတင်းစာ၏ ဥပမာအရပြောရလျှင် ကြက်မ၏သွားကဲ့သို့ ရှားပါးလှ၏။ အနောက်နိုင်ငံတနိုင်ငံက ဇီဝပိုးမွှားကာကွယ်ရေးဝတ်စုံ (၁၀၀၀)နှင့် အခြားပစ္စည်းကိရိယာများ မြန်မာပြည်သို့ ပေးပို့လိုက်၏။ စစ်အစိုးရက ရန်သူတော်ကြီးတဦးထံမှ ဤကဲ့သို့ကူညီမှုမျိုးကို လက်ခံ လိုက်ခြင်းသည် စစ်အစိုးရထဲမှ အနည်းဆုံးတဦးဦးက ကြက်ငှက်တုပ်ကွေးအား မြန်မာပြည်တဦးတည်း ရင်ဆိုင်တိုက်ခိုက်၍မရနိုင်ဟု နားလည်ကြောင်းပြသသည့် သာဓကပင် ဖြစ်ပါသည်။ဥပမာ ရောဂါစောင့်ကြည့် လေ့လာရေးသည် ဓါတ်ခွဲစမ်းသပ်မှုဆိုင်ရာ ပစ္စည်းကိရိယာနှင့် အခြားအခြေခံစံနစ်များ အန္တရာယ် ရှိလောက်အောင် ဟောင်းနွမ်းခေတ်နောက်ကျ နေသောကြောင့် အလုပ်မဖြစ်နိုင်ကြောင်း ဘေရာက မှတ်ချက်ချ သည်။ ကြက်ငှက်တုပ်ကွေးကို မန္တလေးတွင်ပထမဆုံးစတင်လေ့လာ တွေ့ရှိခဲ့ပြီး မန္တလေးသည် တခုတည်းသော လုပ်လုပ်နိုင်သည့် ဓါတ်ခွဲခန်းတည်ရှိရာ မြို့ဖြစ်ကြောင်း သူကဆိုသည်။ “စိုးရိမ်စရာကောင်းတာကတော့ ရန်ကုန်နဲ့မန္တလေးမှာသာ သွေးလှူရှင်များကို သွေးစစ်ပေးနိုင်တဲ့ ဓာတ်ခွဲခန်းတွေ ရှိတာပါပဲ” ဟု သူကထပ်လောင်းပြောဆိုသည်။ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများ သည် လူသားချင်းစာနာထောက်ထားသည့် လုပ်ငန်းများအား အနှောက်အယှက် ဖြစ်စေသည့် ခရီးသွားလာခွင့် ကန့်သတ်မှုများကို စစ်အစိုးရက လျှော့ပေါ့ပေးရန် ဆွဲဆောင်နိုင်လိမ့်မည်ဟု ထင်ရပါသည်။ သို့သော် ကာလကြာရှည်လိမ့်မည်တော့ မဟုတ်ပါ။ AIDS ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများ လှိုင်းတံပိုးကြီးသည် မြန်မာပြည်ကဲ့သို့သော တိုင်းပြည်များသို့ ၀င်ရောက်ရိုက်ခတ်ဦး မည်ဖြစ်သည်ဟု လော်ရီဂါးရက်က ဆိုသည်။ ၀ါရှင်တန်ပို့စ်သတင်းစာတွင် ကိုးကားထားသော နိုင်ငံခြားကူညီထောက်ပံ့မှု အရာရှိတဦး၏ ခန့်မှန်းချက်အရ လာမည့်ဆယ်စုနှစ်အတွင်း ဤရောဂါသည် မြန်မာပြည်ရှိ လူငယ်များ၏ဆယ်ပုံတစ်ပုံကို သတ်ဖြတ်လိမ့်မည်ဟုဆိုပါသည်။ ရိုးရာဆရာဝန်၏ ဆေးခန်းတည်ရှိသော ရန်ကုန်မြို့စွန်တနေရာတွင် လူငယ်များသည် သစ်ပင်ပေါ်မှ ကြွေကျသောသစ်ရွက် များကဲ့သို့ တဖြုတ်ဖြုတ် သေဆုံးနေကြပြီဖြစ်ကြောင်း ရန်ကုန်တွင် နေထိုင်ခဲ့ဖူးသူ တဦးက ပြောပါသည်။ ဆရာဝန်ကိုယ်တိုင် က သေစာရင်းထဲတွင် AIDS ဟူ၍ ဖော်ပြခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာထွန်းကားသော တိုင်းပြည်ရှိ ဘုရားကျောင်းများက ဤရောဂါကြောင့် သေဆုံးရသူများကို မီးသင်္ဂြိုဟ်ပေးရန် ငြင်းဆန်တတ်သောကြောင့် ဖြစ်သည်။ “ သူတို့ဟာ ပညာမတတ်ကြပါဘူး” ဟုသူက သူ၏ ဆင်းရဲနုံချာလှသောဖောက်သည်များအကြောင်း ပြောပြပါသည်။ “ သူတို့ဟာ ကူးစက်ခံရပြီဆိုတာနဲ့ တခြားဆွေမျိုးတွေ အိမ်နီးနားချင်းတွေကိုတောင် ပြောပြဖို့ ရှက်တတ်ကြပါတယ်။ သူတို့ဟာ ဒါကို ဖုံးကွယ်ထားပြီး မကြာခင်မှာပဲ သေဆုံးသွားကြပါတယ်။ လပိုင်းအတွင်း သေဆုံးသွားကြပါတယ်” ။

မြန်မာနိုင်ငံ အေအိုင်ဒီအက်အခြေအနေ

မြန်မာနိုင်ငံ အေအိုင်ဒီအက်အခြေအနေ ဒီဗီဘီ - ၃၀၊၁၁၊၂၀၀၈ မနက်ဖြန် ဒီဇင်ဘာလ တစ်ရက်နေ့ ဟာခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့  ဖြစ်တာကြောင့် ကမ္ဘာတလွှား မှာ အခမ်းအနားတွေကျင်းပပြီး အေဒ်စ့်၊ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အလားတူ အခမ်းအနားတွေ ကျင်းပဖို့ ရှိတယ်လို့ သိရပေမဲ့ ဘယ်လောက် ကျယ်ကျယ်ပြန့် ပြန့် လုပ်ခွင့်ပေးမလဲဆိုတာတော့ မသိ သေးပါဘူး ကုလသမဂ္ဂအေစ့်ဒ်အဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ ကျတော်တို့ မြန်မာနိုင်ငံမှာ လူပေါင်း၃၃သန်းကျော်ဟာ အိတ်ခ်ျအိုင်ဗွီရှိနေ သူတွေဖြစ်ပြီး အဲဒီထဲက၂သန်းခွဲဟာ ကလေးငယ်တွေဖြစ်တယ် ရောဂါပိုးကူးစက်နှုန်းဟာ မနှစ်ကတစ်နှစ်တည်းမှာပင် ၂သန်းခွဲလောက်ရှိခဲ့ပြီး ဒီရောဂါပိုးရှိတဲ့သူ ၉၅%ဟာဖွံဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်သူတွေလို့ ဆိုထားပါတယ်။ ဖွံဖြိုးဆဲနိုင်ငံတစ်ခုဖြစ်တဲ့ ကျတော်တို့ မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီရှိသူ ဘယ်လောက်များများရှိနေသလဲ ဒီလူတွေအတွက် ဘယ်သူတွေက ဘယ်လိုကူညီပေးနေသလဲ အကူညီတွေအထူးသဖြင့် အေအာတီဆေး အလုံအလောက်မရဖြစ်နေတာ ဘာကြောင့်လဲ ဝေဒနာသည်တွေအတွက် ဘာများကူညီပေးနိုင်မလဲ စတဲ့အကြောင်းအရာတွေကို ယခုတပါတ် တနင်္ဂနွေသတင်းဆောင်းပါး အစီအစဉ်အဖြစ် ဆွေးနွေးတင်ပြပါမယ်။ ဒီအစီအစဉ်အတွက် နည်းစည်းမခြားဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) ကမြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းမန်နေဂျာ ဖီလစ်ဟမ်ဖရီ (Phllipe Humphri) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အေ့ဒ်ကူညီပေးရေးဌာနက မဖြူဖြူသင်းတို့ ကိုဆက်သွယ်မေးမြန်းထားပါတယ်။ ယခုသတင်းပတ်အစောပိုင်း အေဒ့်စ်နှစ်ပတ်လည် မတိုင်ခင်လေးမှာ ထုတ်ပြန်လိုက်တဲ့ အမ်အက်စ်အက်ဖ် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီရှိနေသူ ၂သိန်းခွဲနီးပါးရှိပြီး အဲဒီထဲက ၂သောင်းလောက်ကတော့ အေအာတီခေါ် ရောဂါတိုက်ဖျက်ရေး ဆေးမရဖြစ်နေတယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဒီလိုဆေးဝါးမလုံလောက်တဲ့အတွက် မနှစ်ကတစ်နှစ်တည်းမှာ ၂သောင်းခွဲနီးပါး သေးဆုံးခဲ့ပြီး ဒီနှစ်မှာလည်း ဆေးဝါးရအောင်အချိန်မှီ မဆောင်ရွက်နိုင်ဘူးဆိုရင် ဝေဒနာသည် ၂သောင်းခွဲထပ်ပြီး သေဆုံးရမယ့်အခြေဆိုက်နေတယ် လို့ အစီရင်ခံစာကထောက်ပြထားပါတယ်။ ဘာ့ကြောင့်ဒီလို ဆေးဝါးမရဖြစ်နေတာလဲ အမ်အက်စ်အက်ဖ်က ဘာတွေကူညီပေးနေသလဲ စီမံကိန်းမန်နေဂျာ ဖီလစ်ဟမ်ဂရီက ရှင်းပြထားပါတယ်။“မြန်မာနိုင်ငံမှာ ကျတော်တို့  အမ်အက်စ်အက်စ် စီမံကိန်းတွေစတင်တဲ့အချိန်ကစပြီး အခုချိန်ထိ အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်ပြီးလုံလောက်တဲ့ကုသပေးမှု မလုပ်နိုင်သေးပါဘူး။ အခုလောလောဆယ် လူနာ ၁၂၀၀၀ လောက်ကိုဘဲ အမ်အက်စ်အက်ဖ် အနေနဲ့ အေအာတီ ပေးနိုင်တဲ့အခြေအနေပါ။“ “ဒါဟာဘယ်လိုမှ မလုံလောက်တဲ့အနေအထားပါ လူနာအားလုံးရဲ့ ၁၅% လောက်ကိုပဲ ကျတော်တို့ ကူညီပေးနိုင်ပါတယ် ဒါဟာပုံ မှန်အခြေအနေမဟုတ်ပါဘူး သာမန်အားဖြင့်ဆိုရင် အစိုးရ၊ အလှုရှင်၊ အန်ဂျီအိုတွေ ပူးပေါင်းပြီးဒီကိစ္စကို ၀ိုင်းဝန်းဆောင်ရွက်ကြရမှာပါ။ ဒါပေမဲ့ ခုချိန်ထိတော့ လုံလောက်တဲ့ကူညီမှု မရသေးပါဘူး“။ “မြန်မာပြည်မှာ ဝေဒနာသည် ၂သိန်းခွဲနီးပါးရှိနေပြီး လူဦးရေသန်း ၅၀ကျော်နေထိုင်တဲ့ ဒီနိုင်ငံမှာ အေ့ဒ်စ်ရောဂါကုသရေး အတွက်ဘာ့ကြောင့် ဆေးရုံ ၂ခုတည်းဖွင့်ထားရတာလဲ အဲဒီဆေးရုံ ၂ခုစလုံးကလဲ ဘာ့ကြောင့်ရန်ကုန်မှာချည်း ဖြစ်နေလဲ ဒီကိစ္စအတွက် စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနကိုရော အေဒ့်စ်ပညာပေးဌာနမှ ဒေါက်တာမင်းသွယ်ကိုပါ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ခုချိန်ထိပြန်မဖြေသေးပါဘူး“ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ် ဘာများချို့ ယွင်းနေသလဲလို့ အမ်အက်စ်အက်ဖ် စီမံကိန်းမန်နေဂျာ ဖီးလစ်ဟမ်ဖရီကိုမေးတဲ့ အခါ “နောက်ခံအချက်အလက်တွေ အများအပြားရှိနေနိုင်ပါတယ် အဲဒီအထဲက ပထမအချက်ကတော့ အစိုးရရဲ့ကျန်းမာရေး ဌာနဘက်က ဒီဝေဒနာသည်တွေအပေါ် တုံ့ ပြန်မှုဟာမလုံလောက်တဲ့ ပြဿနာပါ၊ သူတို့ ဘက်ကအခုကုသပေးနေတဲ့ ဝေဒနာသည်ဦးရေဟာ နှစ်ထောင်ထက်မပိုပါဘူး သူတို့ ဒီမှာဒီထက် အများကြီးပိုလုပ်ပေးနိုင်တဲ့ စွမ်းအားတွေရှိနေတယ် ဆိုတာကျတော်တို့ သေချာသိထား ပါတယ်၊ ဒီထက်မက လူနာများများကို သူတို့ ကုသပေးသင့်ပါတယ်။ ဥပမာ ထားဝယ်မြို့ မှာကျတော်တို့ ဆေးခန်းတခုဖွင့်ထားပြီး လူနာတထောင်လောက်ကို ကုသပေးနေပေမဲ့ အစိုးရဆေးခန်းက လူနာ၂၀ကိုဘဲကုသပေးနေပါတယ်။ဒါဟာ သူတို့ မှာရှိတဲ့လုပ်နိုင်စွမ်းထက် အများကြီးနည်းနေပါတယ် ဆရာဝန်တစ်ဦးလူနာ၂၀ လောက်ကို ကုသပေးနိုင်တဲ့ အခြေအနေရှိတဲ့အတွက် သူတို့ ဘက်ကဒီထက်မကများများ လုပ်ပေးဖို့ စိတ်ဆန္ဒရှိဖို့  လိုနေတယ်လို့ ကျတော်မြင်ပါတယ်။“ ဒီဝေဒနာသည်တွေဟာ ထားဝယ်လိုနယ်စပ်မြို့ တွေမှာသမက မြန်မာနိုင်ငံအလယ်ပိုင်းနဲ့  အထက်ပိုင်းဒေသတွေမှာလည်း အများအပြား ရှိနေတာပါ အဲဒီ ဒေသတွေက ဝေဒနာသည်တွေရဲ့ အခြေအနေကကော ဘယ်လိုဖြစ်နေသလဲ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ရေနံချောင်းမြို့ နယ်က ဒေါ်ခင်စောဌေးက သူ့ အတွေ့ အကြုံတွေကိုပြောပြပါတယ်။ ရေနံချောင်းမှာ ဘာနိုင်ငံတကာအကူအညီ ဘာပရောဂျက်မှမရဘဲ ကိုယ်ထူကိုယ်ထစနစ်နဲ့ တနိုင်တပိုင်ကူညီပေးနေ ရတယ်ဆိုတဲ့အချက်က စိတ်ဝင်စားဖို့ ကောင်းပါတယ်။“နိုင်ငံတကာဘက်ကလည်း အေဒ့်စ်ကုသရေးနဲ့ ပတ်သက်ပြီး ဒီထက်မက များများကူညီပေးဖို့ လိုနေပါတယ်“လို့ ဖီးလစ်ဟမ်ဖရီက ပြောပါတယ်။ “အစိုးရဆေးခန်း အန်ဂျီအိုဆေးခန်း တသီးပုဂ္ဂလဆေးခန်းတွေအားလုံးကို စနစ်တကျကူညီပေးဖို့ လိုနေပါတယ်။ အခုဆိုရင် အစိုးရဘက် ကဒီရောဂါကို ကုဖို့ ကြိုးစားနေဆဲဖြစ်ပေမဲ့ ကျတော်တို့ ဘက်က ဝေဒနာသည်တော်တော်များများကို ကုသပေး ခဲ့ပြီးပါပြီ။ ဒါကြောင့် အစိုးရရော၊အစိုးရမဟုတ်တဲ့အဖွဲ့ ရော၊တသီးပုဂ္ဂလတွေကိုရော အကူအညီတွေမြန်မြန်ပေးဖို့ လိုတယ်။ တခြားနိုင်ငံတော်တော်များများမှာ အလှုငွေအလုံအလောက်ရတဲ့အတွက် ရောဂါတိုက်ဖျက်ရေး စီမံကိန်းတွေအချိန်တိုတွင်း အောင်မြင်ခဲ့ပါတယ် ဒီနိုင်ငံမှာကတော့ အေ့ဒ်စ်အတွက် အကူအညီပေးမဲ့ ဂလိုဘယ်ဖန်းပြန်ထွက်သွားရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ဒါကြောင့် အခြေအနေတွေ ကြီးကြီးမားမား ပြောင်းလဲမှုမဖြစ်မချင်း သိသာတဲ့တိုးတက်မှုရလာဖို့ ခက်နေဦးမယ်လို့ ကျတော်ထင်ပါတယ်“ ဘာကြောင့်အကူအညီတွေ လိုသလောက်မရသလဲ အလှုရှင်တွေက ဘာကြောင့်တုံ့ ဆိုင်းတုံ့ ဆိုင်းဖြစ်နေတာလဲ အေအာဗွီ ဆေးတလုံးရဲ့တန်ဖိုး ဟာ အမေရိကန်ဒေါ်လာ၃၀ (မြန်မာကျပ်လေးသောင်း) သာရှိတဲ့အတွက် ပြည်ပရောက် မြန်မာတွေက မလှုဒါန်းနိုင်ကြဘူးလား။ ဒီဝေဒနာသည် ၂သောင်းနီးပါးကို အမ်အက်စ်အက်ဖ် နဲ့ အန်ဂျီအိုတွေ တသီးပဂ္ဂလအဖွဲ့ တွေ အစိုးရဆေးခန်းတွေက အေအာဗီ ဆေးပေးထားနိုင်ပြီဖြစ်ပေမဲ့ ကျန်တဲ့၂သိန်ကျော်ကတော့ ခုချိန်ထိဘယ်သွားပြီး ဘယ်ကုသရမှန်းမသိရသေးပါ။ သူတို့ အတွက်လိုအပ်တဲ့ အေအာဗွီဆေးနဲ့ တခြားလိုအပ်ချက်တွေကို ဘယ်သူတွေကူညီပေးနိုင်မလဲ ဝေဒနာသည်တွေရဲ့ခံ စားချက်တွေကို နားထောင်ရင်း တတ်နိုင်သလောက် ကူညီကြဖို့ စဉ်းစားကြစေလိုကြောင်းပါခင်ဗျာ။ ဒီဗီဘီ - ၃၀၊၁၁၊၂၀၀၈

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform