စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 27 June 2015

သင်ရိုးကုန် (ဂုဏ်ထူး) ( မြန်မာ၊အင်္ဂလိပ်၊တရုတ် ၃ဘာသာဖြင့်)


သင်ရိုးကုန် (ဂုဏ်ထူး) ( မြန်မာ၊အင်္ဂလိပ်၊တရုတ် ၃ဘာသာဖြင့်)
▬▬▬▬▬▬▬
ငါ...
ချစ်တတ်တုန်းက
အချစ်ခဲ့ဆုံးက မင်းပါ
ဒါဟာ...
အချိန်ကြာညောင်းပေမယ့်
မဟောင်းနိုင်တဲ့ပုံပြင်တစ်ပုဒ်ပေါ့
နှစ်တစ်ကျိပ်မှာ
ငါ့ရဲ့နှလုံးသားကို
မနိုးတမ်းအိပ်ပျော်စေခဲ့သူ
အခုများ...
မုသားတွေနဲ့ချော့မြူပါဦး
ရင်ဘတ်တစ်ခုလုံး
ထုံဆေးထိုးထားသလို
တောင့်တင်းအေးစက်
ပန်းပေါင်းများစွာခူးတတ်ပေမယ့်
မခူးရက်ခဲ့သူ
ငါဟာ...
မင်းရဲ့မာယာကွန်ယက်ထဲ
နစ်မွန်းပျော်ဝင်လို့ကောင်းဆဲလေ
အိပ်မက်ဆိုးတွေများလှပြီ
ငါ့ကို...
နိုးထခွင့်ပြုပါတော့
အချစ်အတွက်
မင်းရှေ့မှာမရှက်မကြောက်
ဒူးထောက်ရဲခဲ့တဲ့ငါ
လက်တွဲဖော်ကိုအခုထိ
မရှာနိုင်သေးဘူး
မင်းမှတပါး
အခြားပန်းတစ်ပွင့်ဆို
ငါရဲ့အိုအေစစ်
ထာဝရရှင်သန်ရစ်မယ်
တကယ်...
ရုန်းထွက်နိုင်စွမ်းရှိပါလျှက်နဲ့
ထွက်ပြေးလွတ်မြောက်ဖို့ကို ငါ
မကြိုးစားခဲ့မိတာကအမှား
ရိုးသားစွာနုံအခဲ့ပြီးမှ
ကိုယ်တိုင်...
ခုန်ချမိတဲ့ချောက်နက်ထဲမှာ
အလွမ်းများစွာနဲ့
သေမယ့်အချိန်ကိုတောင်မျှော်တတ်လာတယ်။

ချစ်တတ်ခဲ့တုန်းက
နောက်ဆုံးထွက်သက်ကြွေချိန်အထိ
အခုတော့လည်း
အချစ်ကိုမုန်းတတ်နေမိပြီပဲလေ...။

တောက ကိုရင်

COURSE OF LOVE (Distinction)

When I know what is love;
She is the one the most I loved.
That is till now what a new story;
But in the length of time glory.

She, who made me this smile;
Still come and comfort me with lies.
My heart was then blind and spent;
Sound sleeping in the year tenth.

And all the heart has been a wound;
With attachment that she had bound.
But, in spite of many flowers there;
I had never tried for a fragrant smell.

And still floating alone in the bitter sea;
That is what a cunning wave of thee.
But, I love her forever more;
In the deepest heart I adore.

Please, set me free from my nightmare;
And let me see the morning care.
The Oasis, be with all the others;
But her, sure will last forever.

That's the real I got a flee;
And never sought for the sake of free.
Honestly, I were to be dull and mad;
Just in the deep precipice of death.

And my breath when to be stopped;
With all the miss what I forgot.
But there, a loss of joy in vein;
Coz Fate is ill and still in pain.

Then, when I were to love;
Till the exhaled breath is last.
And coz of you now I realize;
That I have been hating Love...

Jungle Koyin
https://www.facebook.com/akoyin
===========================

情课( 高级 )

Qing ke( gao ji)

当我会爱时
dang wo hui ai shi

最爱的
zui ai de

就是你
jiu shi ni

而这一段故事
er zhe yi duan gu shi

不管有多久
bu guan you duo jiu

依然还在新
yi ran hai zai xin

十多年以来
shi duo nian yi lai

你让我的心
ni rang wo de xin
总睡眠不醒
zong shui ming bu xing
而现在
er xian zai
渴望你
ke wang ni
还再撒谎安慰我
hai zai sa huan an wei wo
麻木的心
ma mu de xin
冷冻 一场
leng dong yi chang

尽管中有多花
jing guan zhong you duo hua
虽会而不舍
sui hui er bu she
从来未试
cong lai wei shi
香味芬芬
xiang wei fen fen
在她鬼网中

zai ta gui wang zhong
早已陷入
zao yi xian ru
真无法自拔
zhen wo fa zi ba
从种种恶梦
cong zhong zhong er meng
宁愿醒来
ning yuan xing lai

我为爱
wo wei ai
厚颜无耻
hou yan wu chi
向你求情
xiang ni qiu qing
也如今
ye ru jin
还未有知己
hai wei you shi ji
而为你唯一
er wei ni wei yi
在我的 心底
zai wo de xin di

总会有录洲
zong hui you lu zhou

其实
qi shi
我可以逃避
wo ke yi tao bi
但偏偏勿动
dan pian pian wu dong
且笨傻傻地
qie ben sha sha di

挑下了深井
tiao xia le shen jing
与苦难
yu ku nan
盼望着死亡
pan wang zhe si wang

当我会爱时

dang wo hui ai shi
虽祈祷
sui qi dao

白头谐老
bai tou xie lao
而如今
er ru jin
我已恨爱了.....
wo yi hen ai liao.....

乡下人KOYIN
xiang xia ren KOYIN
(Chinese Version by KHINE)

ကျေးဇူးပါမေမေ(အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့်

ကျေးဇူးပါမေမေ(အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့်
▬▬▬▬▬▬▬
Dear Mom…….
Thanks for showing me
that everyone matters.
And that the most glorious
bouquet is still gathering
of single stems.
ချစ်သောမေမေ
လူတိုင်းအရေးပါတယ်လို့ 
ကျနော့ကိုထောက်ပြပေးတဲ့ အတွက်ကျေးဇူးပါမေမေ။
လှပတင့်တယ်သောပန်းစည်းဟာ
တခုတည်းသောရိုးတံများရဲ့ စုဖွဲ့ မှုတခု
ဖြစ်တယ်လို့ ကျနော့ကိုပြတဲ့ အတွက်..ကျေးဇူးပါမေမေ

Dear Mom…….
Thanks for letting me see how
the truth is seldom hidden
but often overlooked.
ချစ်သောမေမေ
အမှန်တရားကိုဖုံးကွယ်ထားလို့ ရခဲတယ်ဆိုပေမယ့်
မကြာခဏမျက်စေ့ လျှမ်းသွားတတ်တယ်လို့ 
ကျနော့ ကိုသိစေတဲ့ အတွက်..ကျေးဇူးပါမေမေ။
Dear Mom…….
Thanks for reminding me that
feeling are the facts of life.
ချစ်သောမေမေ
ခံစားချက်ဝေဒနာတွေဟာ ဘ၀ရဲ့ အမှန်တရားတွေပဲလို့ 
ကျနော်ကိုသတိပေးတဲ့ အတွက် ကျေးဇူးပါမေမေ
Dear Mom…….
Thanks for reminding me
that emotions are oceans
they come in waves.
Wash over us.
And wash away
ချစ်သောမေမေ
စိတ်လှုပ်ရှားခံစားမှုတွေဟာပင်လယ်ကြိးလိုပဲလို့ 
ကျနော်ကိုသတိပေးတဲ့ အတွက်ကျေးဇူးပါမေမေ
လှိုင်းတွေကျနော့ကိုပြင်းထန်စွာရိုက်ပုတ်သယ်
်ဆောင်သွားတတ်ပါတယ်။
Dear Mom…….
Thanks for teaching me that
feeling are sacred
but that
doesn't mean me should
worship our feelings.
ချစ်သောမေမေ
ခံစားချက်တွေဟာ တန်ဘိုးရှိတယ်ဆိုပေမဲ့ 
ကျနော့တို့ ရဲ့ ခံစားချက်ကို
အထင်မကြီးစေချင်ကြောင်း
ကျနော်ကိုသင်ပေးတာကျေးဇူးပါမေမေ။
Dear Mom…….
Thanks for reminding me that
everyone crying out isn't
crying out loud.
ချစ်သောမေမေ
ဘယ်သူဖြစ်ဖြစ်ငိုတဲ့ အခါ
အော်ဟစ်ငိုမရဘူးလို့ 
ကျနော့ ကိုသတိပေးတဲ့ အတွက်ကျေးဇူးပါမေမေ
Dear Mom…….
Thanks for showing me that
sadness can be a smile that just
hasn't turned the next corner
ချစ်သောမေမေ
ဝမ်းနည်းမှုဟာနောက်တစ်နေရာဆိ
မပြောင်းလဲသေးတဲ့ အပြုံးတစ်ပွင့်ဖြစ်နိုင်တယ်လို့ 
ကျနော့ ကိုပြသတဲ့အတွက်ကျေးဇူးပါမေမေ။
Dear Mom…….
Thanks for reminding me that
love is like perfume.
If you wear it, others will get a whiff
.
ချစ်သောမေမေ
ချစ်ခြင်းမေတ္တာဆိုတာရေမွှေး ရနံ့ လိုပဲလို့ 
ကျနော့ ကိုသတိပေးတဲ့ အတွက် ကျေးဇူးပါမေမေ။
သင်က အဲ့ ဒိ ရနံ့ ကို ဆွတ်လိုက်တဲ့ အခါ
အခြားလူတွေလည်းအဲ့ ဒိ့ ရနံ့ ကို ရူရှိုက်မိပါလိမ့် မယ်။
မေမေ ကိုချစ်သော
ရွှေအိမ်စည်
ရွှေအိမ်စည်'s Notes အညွှန်း
— with Shwe Arlu and 2 others.

ဝါဆိုရေ...သတိယတယ်

ဝါဆိုရေ...သတိယတယ်
--------------------------
ကျီစားပါကွယ်..
ငါ့ကိုပဲ ဆော့ကစားပါ
နင်အလိုရှိတဲ့အချိန်တွေမှာ ပျော့ပြောင်းပြီး
နင်မလိုတဲ့အချိန်တွေမှာ..
ငါက အေးခဲနေရတယ်။

တခါတရံ ငါခံစားရသလိုမျိုး
နင့်ကို(ပြင်းပြင်းထန်ထန်)ကျိန်
စာတိုက်ပစ်လိုက်ချင်တယ်
ငါ့ကိုယ်ငါတောင် မိုက်မဲပစ်လိုက်ဖို့ထိ
ရည်ရွယ်ခဲ့ဖူးပါရဲ့။
ဒါတွေဟာ ဘယ်အချိန်ပြီးဆုံးမှာလဲ
ဘယ်လောက်ထိ နာကျင်ခံရဦးမှာလဲ
ငါ မသိဘူး..၀ါဆို
နင်လည်း မသိပါဘူး။
ဒါတွေဟာ ကံတရားတွေလို့
အရင်ဘ၀က ၀ဋ်ကြွေးတွေလို့
ငါ အမြဲပြော,ပြောနေရတာပါပဲ
ဒါပေမဲ့
ဘာကြောင့်ဆိုတာ နင်ရော ငါရော
ထုတ်ဖော်ပြောစရာမလိုလောက်အောင်..သိတယ်။
နင့်အကြောင်းတွေကိုချရေးလိုက်ဖိ
စဉ်းစားလိုက်တိုင်း
ငါ့မှာစကားလုံးတွေ တိတ်ဆိတ်နေတယ်
ငါ့မှာပြောစရာစကားမပြောနဲ့
မျိုသိပ်ထားစရာတောင်မရှိတော့ဘူး
နင်က ကြောက်စရာကောင်းတဲ့
တိတ်ဆိတ်မှုတွေကို ယူဆောင်ပေးသူလည်းဖြစ်တယ်။
............
ဒါဟာ အချစ်ကြောင့်ပါလို့
ငါတို့ရဲ့အချစ်ကို အကြောင်းပြမပြောဆိုရဲဘူး
တချို့အရာတွေက လုပ်ယူလို့မရဘူးဆိုတာ
ငါ ပို, ပိုသိလာတယ်။
နင်နဲ့ပတ်သက်လို့ တွေးလိုက်မိတိုင်း
(ငါ့ဘ၀နဲ့ငါ့ကိုယ်ငါတောင်)
အလိုလိုသိမ်ငယ်အောက်ပြုတ်ကျရတယ်
အခုတော့ နင်ပေးတဲ့မေတ္တာတွေက
ငါ့အတွက် ဒဏ်ရာပဲဖြစ်စေတာပဲ။
နင့်ကိုတွေ့ရှိပြီးတဲ့နောက်
ငါ့ကမ္ဘာဟာ နင်နဲ့မှပဲ လင်း, တော့တယ်
အချစ်..ဆိုတာကိုတွေ့ရှိပြီးတဲ့နောက်
နင်ရှိမှဖြစ်သလိုမျိုး...ဖြစ်လာခဲ့တယ်
ဒါတွေဟာ တကယ်ဖြစ်,ခဲ့တယ်။
ငါ မရရှိနိုင်တဲ့အရာတွေကို
ဘာလို့များ(ငါ့အပေါ်)
ဖြန့်ကျဲချခဲ့တာလဲ...
`ချစ်ခြင်းမေတ္တာ´ ဆိုတာ ခဏတာအတွက်ပဲမဟုတ်ဘူး။
ပုံမှန်သမာရိုးကျဘ၀မှာ ငါနေထိုင်တယ်
သမာရိုးကျဆန်စွာပဲ နင့်ကိုချစ်ခဲ့တယ်
ဒါပေမဲ့လည်းကွယ်...
နင့်ကို(ဘာမှ)
ငါ..ငါ..ပြောမထွက်ရက်ပါဘူးကွယ်။
နင့်ကို( တစ်ယောက်ဆို
ဆိုသလောက်) မြတ်နိုးခဲ့ရပါတယ်
ခန္ဒာကိုယ်ပေါ်က အစိတ်အပိုင်းတစ်ခုလိုမျိုး
နင့်ကို ငါ့စိတ်ကနေ ဆွဲမထုတ်နိုင်ဘူး
ငါဟာ နင်ပဲ..ဖြစ်တယ်။
ခက်တယ် ၀ါဆို! ခက်တယ်
ငါတို့ပြော..ပြောနေသလို
နင်နဲ့ငါကလည်းခက်တယ်..
ဒါကိုလည်း ငါတို့သိပြီးသားပါပဲ။
ဒီမျက်လုံးလေးတွေက ငါ့ကိုချစ်ခဲ့ဖူးတယ်
ငါ့အတွက်လည်း သီးသန့်ပြုံးပြပေးခဲ့ဖူးတယ်
တော်ပါပြီကွယ်
တော်လောက်ပါပြီကွယ်
ဒီလောက်နဲ့ပဲ ရပ်တန့်လိုက်ကြပါစို့။
ငါတို့အတွက် လှပတဲ့အတိတ် ဖြစ်တယ်
ပြန်မရတော့တဲ့အချိန်ကာလတွေပဲဖြစ်တယ်
(တသက်လုံး )သိမ်းထားချင်စရာကောင်းတဲ့ ဒဏ်ရာအနာတရာဖြစ်တယ်
ဘာပဲဖြစ်ဖြစ် ထိခိုက်မှုကင်းစွာနဲ့
ငါတို့အချစ်တွေ ခိုင်မာခဲ့တယ်..ဆိုတာလောက်တော့
ငါတို့ပြောပြနိုင်ဦးမှာပါ။
ဟိုရှေးရှေးတုန်းကဆိုတဲ့
အချစ်ပုံပြင်တစ်ပုဒ်အဖြစ်လောက်တော့
အသုံးတည့်ကောင်းမယ် ထင်ပါရဲ့ ။
ရွှေအိမ်စည်
Shwe Aeim Si Shweaeimsi Samsung Aeimsi Shwe Arlu

"အပြစ်ကင်းလျှက်ပါချစ်သူ..။"

"အပြစ်ကင်းလျှက်ပါချစ်သူ..။"
-----------------------
အပေါ်ယံလေး ချစ်ပြယုံနဲ့
ငါကျေနပ်နေမိတယ်
နောက်ကွယ် မှာဘာတွေဖြစ်ဖြစ်
ငါခွင့်လွှတ်နေမိတယ်
ရန်ဖြစ်တိုင်းလဲ
ငါအရှုံးပေးနေမိတယ်

အရာရာ မင်းစိတ်တိုင်းကျ
ငါနေခဲ့မိတယ်..
မင်းဘာပဲလုပ်လုပ်
ငါအကောင်းမြင်ပေးနေမိတယ်
ဒီလောက်နားလည်ပေးတာ...
ငါချစ်တဲ့ အချစ်မျိုး
မြုံမှုန်လောက် ပြန်ရင်
ငါအချစ်ကို စံပြဖြစ်ထားမယ်
ဒါလဲ ငါအတွက် စိတ်ကူးလေးပါ...
ငါရင်ခွင်ကို စုံကန်
ရင်ခွင် သစ်ကိုရှာလည်း
အပြုံးလေးနဲ့ ကြိတ်ခံစားမယ်
သူပျော်ပါစေလို့ ဆုတောင်ရင်း
မပြီးဆုံးတဲ့ မနတ်ဖြန်များကို
ခေါင်းငိုက်စိုက်နဲ့
လျှောက်လှမ်းရတော့မယ်....
တကယ်လိုများ...
ရင်ခွင်သစ်မှာ မပျော်
တော်တော်ပဲ စိတ်အိုက်
သိပ်မိုက်တဲ့ အတွေးတွေ
ဝင်ခဲ့ရင်တောင်..
ထင်ရာတွေ လျှောက်မလုပ်နဲ့
ရင်ခွင်ဟောင်းစီပြန်လာခဲ့ပါ ချစ်သူရယ်...
ဆောင်းအလှကဗျာမှာ သောကမပါဘူး
နှင်း ပွင့်ဘဝမှာအမဲစက်မပါဘူး
အချိန်မှန်သောနှင်း မှာလိမ်လည်မရှိဘူး
ငါအချစ်မှာလဲ ဆောင်းနှင့်ထပ်တူ
ဟန်ဆောင်မှုတွေ ဖယ်ကွာရှင်း
အပြစ်ကင်းလျက်ပါ
ချစ်သူ......။
ရွှေအိမ်စည်
Shweaeimsi Samsung Aeimsi Shwe Aeim Si Shwe Arlu

အပြစ်ကင်းတဲ့ချစ်ခြင်း။

အပြစ်ကင်းတဲ့ချစ်ခြင်း။
============
အပြစ်ကင်းစွာနဲ့
ချစ်ခြင်းကို တွေ့ဖို့ဆိုတာ
တကယ့်ကို မလွယ်ကူလှပါဘူး ...........
အမုန်းတရား ........... အရှုံးသမား ...........
စတဲ့ စကားတွေလည်း ကြားဘူး ကြမှာပေါ့ ...........
ဒါပေမယ့်
အဲဒီ ဥပက္ခာ အသုံးအနှုန်းတွေ မပါပဲ
ကိုယ်ချစ်သလောက် သူကပြန်ချစ်မှာ ရှိပါသေးတယ် ...........
အဲဒါ ........... ဘာလဲ ........... ?
ကဗျာ.....တဲ့။

ကဗျာ.. ဆိုတာ
နုတ်ခမ်းနီ ဆိုးစရာမလိုပဲ သူ့ အလှနဲ့ သူ ရှိထားတယ်။
ကဗျာ... ဆိုတာ
မိတ်ကပ်သုံးစရာမလိုပဲ ........... စိတ်ဓာတ်ကို တက်စေတယ်။
ကဗျာ.... ဆိုတာ
ရေမွေးမလိုပဲ ........... သင်းပျံ့လန်းဆန်း စေတတ်တယ်။
ကဗျာ........ဆိုတာ
မျက်လုံး နက်နက်ကလေး မဟုတ်ပေမယ့် ........... စွဲလန်းစေတယ်။
ကဗျာ.....ဆိုတာ
ဟန်မူပါပါနဲ့ လမ်းမလျှောက်တတ်ပေမယ့် ........... လမ်းလည်း မပျောက်တတ်ဘူး။
ကဗျာ........ဆိုတာ
ရည်းစား စာပေးစရာမလိုပဲ ........... ကိုယ့်ကို အဖြေပြန်ပေးတတ်တယ်။
ကဗျာ.......ဆိုတာ
ပြန်စာကို ရင်ခုန်စွာ စောင့်စရာမလိုပဲ ........... ဘယ်လိုလဲ ? လို့ သာ ပြန်မေးပါလိမ့်မယ်။
ကဗျာ.....ဆိုတာ
ချစ်သူတစ်ယောက်လိုပဲ တိမ်းမူးဘွယ်ရာတွေကို ပေးစွမ်းတယ်။
ကဗျာ.......ဆိုတာ
ထမင်းမစားရင် ငိုမှာနော် ...........လို့ မချွဲ တတ်ပေမယ့် သည်းတတ်တယ်။
ကဗျာ.....ဆိုတာ
ကော်ဖီသောက်တော့လေ ..........လို့  သတိမပေးတတ်ပေမယ့် အသိအတွေးကိုတော့ ပိုကောင်းစေတယ်။
ကဗျာ......ဆိုတာ
တစ်သက်လုံးနေမှာနော် .......... ဆိုတဲ့ မုသားမျိုး မပြောတတ်ဘူး။
ကဗျာ....ဆိုတာ
လက်ထပ်ကြ စို့ လေလို့ လည်း ........... အတင်း မတောင်းဆိုတတ်ဘူး။
ကဗျာ.........ဆိုတာ
လွမ်းနေမှာ နော် .......... လို့ လည်း မျက်ရည်စို့ရမှာတွေ မပေးတတ်ဘူး။
ကဗျာ....ဆိုတာ
တစ်နေ့ ....... ၂ ခါ ဖုန်းဆက်ရမယ် လို့ လည်း အဓမ္မ မပူဆာတတ်ဘူး။
ကဗျာ....ဆိုတာ
ဒီဘ၀မဟုတ် နောင်ဘ၀ပေါ့ ဆိုတာမျိုးနဲ့လည်း အသည်းမခွဲတတ်ဘူး။
ကဗျာ........ဆိုတာ
ချစ်တော့ ချစ်ပါတယ် ........... ဒါပေမယ့် ........ဆိုတဲ့ ရင်နာရမယ့် စကားကို မဆိုတတ်ဘူး။
ကဗျာ........ဆိုတာ
သူ့ မျက်နှာလေးကို ငေးနေရသလို ........... စိတ်ကို အေးချမ်းစေတယ်။
ကဗျာ.......ဆိုတာ
ဥပက္ခာဆိုတာမရှိ ပီဘိ တစ်သဘောတည်း ရှိနေတယ်။
ကဗျာ....ဆိုတာ
အရှုံးဆိုတာချည်း မဟုတ်ပဲ ........... အနိုင်ပွဲဆိုတာလည်း လာတတ်တယ်။
ကိုယ့်ကဗျာလေးလူတိုင်းဖတ်လိုက်လို့ ကတော့  အပြုံးပေါင်း တစ်ရာထက်မက အရသာရှိတာ အမှန်ပါ
ဒီတော့
ကဗျာကို ချစ်ရတာ
ပတ်ဝန်းကျင်ကို ငဲ့စရာလည်း မလို
သူများ မျက်စောင်းထိုးမှာလည်း မကြောက် ရ
ဘယ်တော့ ပျောက်သွားမလဲ ........... လို့ လည်း စိုးရိမ်စရာမလို
ဘယ်လောက်အထိ ကောင်းလိုက်သလဲကွာ ...........
ဟောဒီလောကမှာ
အပြစ်ကင်းတဲ့ ချစ်ခြင်းကို လိုချင်ရင်
ကဗျာ...ကိုသာ ချစ်လိုက်ကြပါ
အချစ်ကို ကြောက်တဲ့ ငါ့မှာလည်း
ချစ်စရာဆိုလို့
ကဗျာမှတစ်ပါး ........... အခြားမရှိ
ကဗျာချစ်သော.......
ရွှေအိမ်စည်
Shweaeimsi Samsung Aeimsi Shwe Aeim Si Shwe Arlu

ချစ်သူကို ကွန်ပျူတာထဲ ထည့်သိမ်း

ချစ်သူကို ကွန်ပျူတာထဲ ထည့်သိမ်း
------------------------
အချစ်တွေ အင်တာနက်မှာ
မီးသင်္ဂြိုဟ်ပစ်လိုက်မယ်။
မိုက်မဲမှုတစ်ခုတဲ့လား
မူတွေများတဲ့ ငါ့ကဗျာလည်း
မကြိုက်တော့ဘူး
တွေဝေသွားတဲ့ ကောင်မလေးလည်း
ငါ့ အဝေးဆုံးမှာ တစ်ယောက်တည်း
အားနာပါတယ် အပြောအဆို
မျက်နှာပြောင်တိုက် အသုံးအနှုန်းလို့ ထင်ယောင်
၂၁ရာစုဟာ လတ်ဆတ်ဆူပွက်
သွေးကြွလွန်းတယ်
လူငယ်တွေကြားမှာ ရေပန်းစားသလို
ကိုရီယားစတိုင်နဲ့ ကုန်းပိုးချော့ရမလား
ဖုန်းကြော်ငြာသလို မက်ဆေ့ခ်ျ
ခဏခဏ ပို့ပြရမလား
ကမ္ဘာတစ်ဖက်မှာ မင်းငိုသံ ငါမကြားပါ
ဆောရီးပါ . . .
ငါရိုင်းများသွားလား
မိန်းမတွေရဲ့ လက်နက် မျက်ရည်နဲ့ မပစ်ခဲ့တဲ့ မင်း
ငါ့ဒီတစ်သက်ကျေးဇူးတင်တယ်
အလေး(၁၀)ကြိမ်ပြုလိုက်ပါရဲ့
စိတ်ကူးယဉ်ဆန်တဲ့ငါ
အိပ်မက်တွေ အကြိမ်ကြိမ်ယောင်သလို
ငါ့အနား လာနားတဲ့ လိပ်ပြာတစ်ကောင်ဖြစ်ဖို့
ဆုတောင်းဖူးတယ်။
ငါ့ဖက်မှာ အမှောင်
မင်းဖက်မှာ လင်းပါစေ
ကောင်းကင်က လမင်းကို
အဖြေရှာဖူးပါတယ် မိန်းခလေးရယ်။
ဘ၀မျိုးစုံ မဖြတ်သန်းဘူးပေမယ့်
တောတောင်ရေမြေ သဘာဝဟာ
သူစိမ်းဖြစ်ခဲ့ဖူးပါတယ်။
လောကဓံကို ရေမပါမှန်းသိရဲ့နဲ့
ရေဘူးပေါက်နဲ့ ရေခတ်ခဲ့ဘူးတယ်
ခြင်းကျားနဲ့ငါးဖမ်းသလို
မင်းအချစ်တွေ ငါဖမ်းခဲ့ဘူးတယ်
လကွယ်ညဟာ ငါတို့နှစ်ယောက်ကို
ခြားသွားတဲ့ စည်းလို
ဆက်ထုံးများတဲ့ ကြိုးတစ်ချောင်း
ငါတို့ရင်အုံထုတ်ချင်းပေါက် ချည်နှောင်သွားတယ်
ဒီပွဲမှာ ငါရှုံးပါတယ်
မင်းနိုင်ပါတယ်
ခေါင်းပန်းလှန်သလို
ကျား/ဗိုလ်ဆွဲသလို နွှဲခဲ့ကြတာ မဟုတ်ဘဲ။
ငါအရှုံး မင်းအနိုင်
မင်းအရှုံး ငါအနိုင်
လွန်ဆွဲသလို နှစ်ဦးစလုံး
ရင်ဆိုင်လဲခဲ့ကြတယ် မဟုတ်လား
တရုတ်ဘုန်းကြီးတစ်ပါးလို
“ဝေါ်မီတော်ဖု”နဲ့ဣနြေ္ဒဆောင်ရမလား
“ဝေါ်အိုက်နီ”ဆိုပြီး အချစ်ကို
ပြန်သီရမလား
မရေရာတာတွေ ခေါင်းစားနေခဲ့ပြီ
နေခဲ့တော့ လရိပ်ဖြူ
နေခဲ့တော့
သံသရာတစ်ဖက်ကမ်းမှာ လမ်းမမြင်ပေမယ့်
လျှောက်ရမယ်မှန်း ငါသိခဲ့ပြီ
ကျန်ရစ်သူတစ်ယောက်ရဲ့ ဓားတစ်ရာ
မွှမ်းတဲ့ရင်ခွင်ကို
ခွေးတစ်ကောင်အဖြစ်နဲ့ ငါဦးခိုက်လိုက်ပါရဲ့
မင်းအချော့အမြူမှာ
ကြယ်အစင်းစင်း ကြွေသွားစမ်းစေ
မှောင်မဲမဲထဲ ငါဆက်လျှောက်ရဲပါတယ်။
အနားလာပါ ငါမျှော်နေမယ်
အောက်တိုဘာမှာ ငါ့ရင်ခုန်သံ
သွေးစွန်းသွားခဲ့
မင်းမသိပေမယ့် ငါသိတယ်
နက္ခတ်ဆရာမသိတဲ့ နေကြတ်၊လကြတ် အခါသမယဟာ
အဲဒီကာလပေါ့
ဒါလီရေ. . . ငါ့နာရီတွေ ပျော့ခွေမသွားဘူး
ကြွပ်ဆတ်ကျိုးပျက်သွားတာကွ လို့
ငါအော်ခဲ့တယ်။
မျှော်လင့်ချက်ဟာ မီးကျိုးမောင်းပျက်
ရေကုန်သွားတဲ့ သင်္ကြန်သေနတ်
မီးလောင်သွားတဲ့ အချစ်တစ်စုံ
ပြာဖြစ်သွားမှ ဂဟေဆက်မရတော့သလို
၁…၂…၃…၎
မင်းနဲ့ငါ ၃နဲ့၎ လိုပြေးထွက်ခဲ့ပြီ
ပြဒါးလို အတက်အကျမမြန်ခဲ့သလို
သံလိုမမာကျောခဲ့ပါဘူး
ပြဒါးတစ်လမ်း သံတစ်လမ်းမှာ
မင်းနဲ့ငါ့ နာမည် ကမ္ဗည်းတင်ပြီ
အေးစက်ပေမယ့် ပေးဆပ်ခဲ့ကြပါတယ်
ဘယ်ရွေ့ဘယ်မျှ ပမာဏက
ဘယ်ဂါလံခွက်နဲ့မှ ချိန်လို့မရ
အချစ်တွေ အလွမ်းတွေနဲ့အတူ
တောင်ကုန်းမြင့်မြင့်
မျှော်စင်လေးထိပ်မှာ ချိတ်ဆွဲထားမယ်
ငှက်ကလေးတွေ လာနားတဲ့အခါ
ဆည်လည်းသံတလွင်လွင်နဲ့
မင်းနဲ့ငါ့အလွမ်းကို
သူတို့ အသိအမှတ်ပြုလိမ့်မယ်
စာကြည့်တိုက်တစ်ခုမှာ မင်းနဲ့ ငါ့အနမ်းက
တိတ်ဆိတ်ခဲ့ပြီ။
သိမ်းထားပါ
မြုပ်နှံပါ
ရဲရင့်ပါ
စွန့်စားပါ
မြတ်နိုးတန်ဖိုးထားပါ
တခါတခါ ပိတ်နေတဲ့ တံခါးကို
ခြေဆောင့်ကန်ဖွင့်ရသလို
ကံကြမ္မာကို လက်ဝါးစောင်းပြင်းပြင်းတစ်ချက်
ကျွေးပါ။
သူနာ ကိုယ်နာ
ရင်မနာဖို့ ဂရုစိုက်ပါ
ငါ့ အမှားမှာ သင်ခန်းစာ
ယူပါ
အိပ်ရေးဝ ၀ အိပ်ပါ
အိပ်ယာက နိုးလျှင်
ကမ္ဘာတစ်ဖက်က ငါ့ကို
မင်းငိုသံတွေနဲ့ နှိုးလိုက်ပါ
ဟန်မဆောင်တတ်တဲ့ မင်းကို
ငါ စိတ်နဲ့ လက်ဆွဲနှုတ်ဆက်ချင်တယ်
ငါချစ်တဲ့ မင်းတစ်ယောက် ကျန်းမာပျော်ရွှင် စိတ်တိုင်းကျသူ ဖြစ်ပါစေ ။
ရွှေအာလူး.....
Posted by ရွှေအိမ်စည် on November 22, 2009
Shweaeimsi Samsung Aeimsi Shwe Aeim Si Shwe Arlu

ငါတို့ရဲ့ တနင်္ဂနွေ

ငါတို့ရဲ့ တနင်္ဂနွေ
-------------
မနက်ဖြန်တိုင်းမှာ အသက်ဆက်ဖို့
မင်းခေါ်သံလေး တစ်ချက်တော့လိုအပ်တယ်
ငါမြတ်နိုးတဲ့ကောင်လေး
နှလုံးသွေးတွေ ရပ်တန့်သွားမတတ်
မျက်ဝန်းလက်လက်တွေနဲ့ ပြုစားတတ်တယ်
ငါ့….. သံယောဇဉ်လေး
မင်းနှုတ်ဖျားက
အလင်္ကာတေးသွားတို့က
မကြားတစ်ချက်….ကြားတစ်ချက်
င့ါရင်ဘတ်ကို လာလာဆောင့်တယ်
မူးဝေသွားတဲ့ နှလုံးသားက
ခံစားချက်တစ်ချို့ ရီဝေ
ဝေးနေတဲ့ အချိန်တွေကို
ငါမလိုချင်တော့ဘူးကွယ်
အဲဒီလိုနဲ့
ညရဲ့ ကြယ်ရောင်တွေအောက်မှာ
ငါတစ်ယောက်တည်းလမ်းလျှောက်
မမြင်နိုင်တဲ့ ခြေရာတွေကောက်ဆဲ
ဖောက်လွဲ ဖောက်ပြန်
အိပ်တန်းပြန်ရပေါင်းလဲ များလှပြီ.
အိပ်စက်ခွင့်မရတိုင်းသာ
စိတ္တဇလို့ ဆိုကြရင်
ငါဟာ…..
ရူးသွားခဲ့တာ ကြာပြီထင်ပါရဲ့ကွယ်.
ထားပါလေ…….
မင်းတစ်ယောက်ကိုသာ ရူးသွပ်သူ
သွေးဆုပ်ဖြူရော်နေတဲ့ နှုတ်ခမ်းနဲ့
အငွေ့ပျံအနမ်းတွေ
ကောင်းကင်မှာ မိုးတိမ်ဖွဲ့ပေါ့
အလွမ်းရာသီဥတုကို ကြေငြာရင်
မုန်တိုင်းတွေပဲမြင်တယ်.
မင်းဆီပါသွားတဲ့ မိုးပြေးတွေ
လူကိုရေထဲ ဆွဲချ
ဘ၀လဲ စုန်းစုန်းမြုပ်တော့မယ်
ကောင်လေး ရေ……
ငါ့အနာဂတ်ထဲမှာ
ဘယ်အချိန် မင်းဝင်လာမလဲ
နေ့စွဲလေးတစ်ခုတော့ ရှိချင်တယ်
မှောင်နေတဲ့ ဘ၀နဲ့
အလင်းကို မျှော်ရတဲ့ညနေတွေ
ငါငြီးငွေ့နေပါပြီ
တကယ်လို့များ…..
ရယ်သံလေးတစ်ချက်နဲ့
အခန်းရှေ့က မင်းဖြတ်လျှောက်ရင်
ရင်ခွင်ကို…….
တံခါးခေါက်ခဲ့ဖို့ မမေ့နဲ့ကွယ်
ကောင်လေး ရေ……..
အဲဒီနေ့ဟာ
ငါတို့ရဲ့ တနင်္ဂနွေ ဖြစ်တယ်ဆိုတာတော့
……………………….
………………………..
မင်းမေ့လျော့ မထားနဲ့ပေါ့ကွယ်.

စာကဗျာချစ်သော
ရွှေအိမ်စည်
2008
Shwe Aeim Si Shweaeimsi Samsung Aeimsi Shwe Arlu

Saturday, 23 May 2015

မော်ဒန်သဘောတရား

မော်ဒန်သဘောတရားဆိုတာ..?
▬▬▬▬▬▬▬▬▬▬▬▬
ABSTRACTION

လက်တင်ဘာသာစကားမှ ဆင်းသက်လာပြီး “ထုတ်နှုတ်ယူသည်” ဟု အဓိပ္ပါယ်ရသည်။ စာပေအရာတွင် အရာဝတ္ထုတို့၏ ရှိရင်းစွဲ အနက်မှ အချို့ဂုဏ်ရည်တို့ကို တင်စားဖော်ကြူးခြင်းဖြစ်သည်။ "Abstract Art" တို့၏ သီအိုရီကို ကိုယ်စားပြုသည်။



ALLUSION

လက်တင်ဘာသာစကားမှ သက်ဆင်း၍ “ကစားသည်၊ ရည်ညွှန်းသည်” ဟု မူလ အဓိပ္ပါယ်ရှိသည်။ စာပေအရာတွင် တိုက်ရိုက်မဖော်ပြပဲ တစ်ဆင့်ခံအသိ စကားအဖွဲ့၊ အလင်္ကာများကိုခေါ်သည်။ ထိုသို့ ကဗျာများကို "Allusive Poem"ဟုခေါ်သည်။



AMBIVALENCE

လက်တင်ဘာသာစကားမှ ဆင်းသက်၍ “နှစ်မျိုးလုံး ခိုင်မာသည်” ဟု အဓိပ္ပါယ်ရသည်။ အကြောင်းအရာတစ်ခုအတွက် ဖြစ်ပေါ်ခံစား ဆန့်ကျင်ဘက် စိတ်အခြေအနေများကို ခေါ်ဝေါ်သော စကားလုံးအဖြစ် စာပေအရာတွင် လူသိများသည်။“ဖရိုက်”၏ စိတ်ပညာ သီအိုရီအရ အချစ်၊ အမုန်း ပြိုင်တူယှဉ်တွဲ ခံစားမှုကို ခေါ်သည်။

(Love, Hate Ambivalency) သည်လည်း လူ့သဘာဝတွင် အရေးပါသည်။(ဆန့်ကျင်ပြိုင်တူသဘော)



ANCHRONISM

ဂရိစကားလုံး “Anakhronismos"မှ ဆင်းသက်လာပြီး “အချိန်ကာလ၊ နောက်သို့”ဟု မူလအဓိပ္ပါယ်ရသည်။ ကာလလွဲချော်တင်ပြခြင်းဖြစ်သည်။ စာပေအရာတွင်"Anchronism"များပင်ဖြစ်သည်။

ဥပမာ-ရှိတ်စပီးယား၏ ဂျူးလီယက်ဆီဇာပြဇာတ်တွင် “၃ နာရီထိုးပြီ”ဟူသော စကားလုံး၊ ဂျူးလီယက်ဆီဇာခေတ်တွင် နာရီမပေါ်သေးပေ။ အခြေအနေနှင့် အချိန်အခါကို အံလွဲတင်ပြမှု၊“ဘားနတ်ရှော၊ မက်တွိန်း” စသူတို့ အသုံးများသည်။



APOLLONION

ဂန္တဝင်ဝါဒ "Classicism"နှင့် နီးစပ်နှီးနွယ်သော စာပေသဘောတရားဖြစ်သည်။ ဂရိနတ်ဘုရား"Apollo" အမည်ကို အစွဲပြု၍ ဤစကားလုံးဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယဉ်ကျေးခြင်း၊ ဆင်ခြင်နည်းလမ်းကျခြင်းစသော သဘောလက္ခဏာဆောင်သည်။



BLANK VERSE

ပြင်သစ်စကားလုံး "Blanc"မှ ဆင်းသက်လာပြီး မူရင်းအဓိပ္ပါယ်မှာ “အဖြူ” ဖြစ်၍ မည်သို့သော ဖြည့်စွက်ချက်ကိုမှ မပြုဘဲ အဖြူထည်အတိုင်း ထားသည်ဟူသော သဘောကိုဆောင်သည်။ "Blank Verse" ဆိုသည်မှာ ကာရံမဲ့ကဗျာကို ဆိုလိုသည်။ဖိသံ၊ ဖော့သံများ အားထားပြီး ရှိတ်စပီးယားပြဇာတ်များနှင့် မီလ်တန်၏ မဟာကဗျာများတွင် တွေ့ရသည်။



CATACHRESIS

ဂရိဘာသာစကားမှ ဆင်းသက်လာပြီး “စကားလုံးလွှဲသုံးခြင်း” ဟု အဓိပ္ပါယ်ရသည်။ လှပသော အလင်္ကာများစွာကို ဖြစ်ပေါ်စေသည့် နည်းစနစ်တစ်ရပ်ဖြစ်သည်။ ရေးသင့်သည်ဟု လူသိများသောစကားလုံးအတိုင်းမရေးဘဲ ထိုအဓိပ္ပါယ်ကိုပင် အခြားစကားလုံးသုံး၍ ထိုးဖောက်ရေးသားခြင်းဖြစ်သည်။



DIONYSIAN

ဂရိလူမျိုးများ ကိုးကွယ်သော ဝိုင်နတ်ဘုရာ၏ အမည်ကို အစွဲပြု၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဇာတိစိတ်၊ ဗီဇအမူအကျင့် (အရိုင်းသဘာဝ) ကို ကိုယ်စားပြုသည်။ ဂန္တဝင်ဝါဒသဘောကိုဆောင်သည့် "Apollonion" နှင့် ဆန့်ကျင်ဘက် အနုပညာအရာတွင် မော်ဒန်သဘောဆောင်သည်ဟု ယူဆဖွယ်ရာဖြစ်သည်။



FREE VERSE

လွတ်လပ်သော ကာရံစနစ်ဖြင့်ရေးသော အမျိုးအစားဖြစ်၍ "Verse Libre"ဟုလည်း ရေးလေ့ရှိသည်။ ၁၉ ရာစုနောက်ပိုင်း ပြင်သစ်နှင့် အခြားနိုင်ငံများတွင် သင်္ကေတဝါဒီများက ခေတ်စားအောင် အသုံးပြုလာနိုင်ကြသည်။ အင်္ဂလန်တွင် "Walt Whitman" သည် လွတ်လပ်ကာရံကဗျာနှင့် ပတ်သက်၍ ထင်ရှားသည်။



WORD COMBINATION

စာပေအနုပညာတွင် အရေးပါလှသည့် “စကားလုံး အတွဲအဆက်” ကို ဆိုလိုသည်။ ဝေဖန်ရေးဝါဒီများ၏ စကားလုံးစိစစ်မှု ပုံသဏ္ဍာန် ငါးမျိုးအနက် တစ်မျိုးဖြစ်သည်။ "Word Combination" သည် ဝေဖန်ရေးဆရာများ ပြညွှန်းသော စံနမှုနာများပင်ဖြစ်သည်။~~~~~~~~~~။



တာရာမင်းဝေ


ကဗျာ

ကဗျာဆိုတာဘာလဲ...?
▬▬▬▬▬▬▬▬▬▬
မြန်မာကဗျာဟာ မြန်မာ့ယဉ်ကျေးမှုရဲ့ အမွေအနှစ်ပဲ။ ကဗျာပျောက်ရင် လူမျိုးပါ ပျောက်နိုင်တယ်။

(ဆရာဇေယျ)


ရိုးရိုးစကားဖြင့် အကြိမ်တစ်ရာ ပြောသော်လည်း သဘောမကျနိုင်သော အဓိပ္ပါယ်တစ်မျိုးကို၊ ကဗျာသည် တစ်ကြိမ်တည်း တစ်ပုဒ်တည်းဖြင့် သဘောကျ သွားစေနိုင်၏။



(လယ်တီဦးကောဝိဒ)





မွေ့လျှော်ခြင်း အမျိုးမျိုးအနက် ကဗျာ၌ မွေ့လျှော်ခြင်းသည် အဆင့်အတန်းမြင့်၏ ။ ကဗျာ၏အလှ ကဗျာ၏ အရသာကို ခံစားမွေ့လျှော်တတ်လျှင် ဘဝ၏ တန်ဖိုးကို အကျိုးရှိရှိ အသုံးချရာရောက်၏။



(ကဗျာဆရာတင်မိုး)





နရီမိတ်ပုံတို့ဖြင့် ကောင်းသောအတွေး၊ ကောင်းသောအတွေ့တို့ကို ဖော်ကျူးသော စကားအဖွဲ့အစည်းသည် ကဗျာဖြစ်သည်။



(ဆရာမြဇင်)





ဇာတ်လမ်းတစ်ပုဒ်ကို ရေးဖို့ကြိုးစားတဲ့အခါ၊ ဝတ္ထုတစ်ပုဒ်ထက် ကဗျာ တစ်ပုဒ် ဖြစ်အောင် ကြိုးစားရပါတယ်တဲ့



ရှင်ဂျောင်းဆု

ကိုရီးယားဝတ္ထုစာရေးဆရာမ



ကဗျာဆိုတာ ဝမ်းနည်းကြေကွဲမှုရဲ့ချစ်သူ

မျက်ရည်ပေါက်တိုင်းဟာ ကဗျာတစ်ပုဒ်စီ

နှလုံးသားတိုင်းဟာလည်းကဗျာတစ်ပုဒ်စီ

ငိုကြွေးနေတဲ့လူသားတိုင်းဟာလည်း စာဆိုတစ်ဦးစီ

(၁၈ ရာစုစာဆို အန်(င်)ဒရေး)



လက်ထိတ်နှင့်လက်ကောက်။

လူညံ့ကဗျာဆရာများအဖို့ ကာရန်သည် လက်ထိတ်။

လူတော်ကဗျာဆရာများအဖို့ ကာရန်သည် လက်ကောက်။

(ဆာဝေါလ်တာ စကော့)

ကဗျာဟူသည် အစီအစဉ် အထားအသို အကောင်းဆုံး ရေးဖွဲ့ထားသော အကောင်းဆုံး စကားလုံးများဖြစ်သည်။

(ဆင်မြူရယ်တေလာကိုလာရစ်ခ်ျ)

“ကဗျာဆိုတာ တင်းကြပ်တဲ့

လူ့အဖွဲ့အစည်း ထုံးတမ်းဓလေ့တွေထဲက

ခဏထွက်ပြေးတာပါ”

                                         သူရနီ

နရီမိတ်ပုံတို့ဖြင့် ကောင်းသောအတွေး၊ ကောင်းသောအတွေ့တို့ကို ဖော်ကျူးသော စကားအဖွဲ့အစည်းသည် ကဗျာဖြစ်သည်။



(ဆရာမြဇင်)


Tuesday, 19 May 2015

လွန်း



လွန်း...။

တမင်သတ်သတ် ရစ်ပတ်လို့ထား
အဲဒါ ... အချစ်တဲ့လား ဟင်
မရုန်းချင် တွယ်ငင်တဲ့ နွယ်တစ်ခက်လို
မွန်းကြပ်တဲ့... ရင်။

သံယောဇဉ်...
တကယ်ပင် ချည်နှောင်တဲ့ သည်ကြိုး
ပြန်ပြောရင် သမရိုးမကျတဲ့အရာမို့
သမုဒယရဲ့ လောင်မြိုက်ခြင်းလို့ အမည်တပ်
ဒြပ်မဲ့တဲ့ ဖြစ်အင်...။

ပျက်အစဉ်...
နှာခေါင်းသွေးတွေပင် လျှံပါစေတော့
လူးကာ လွန့်ကာ တိမ်းကာ ယိမ်းကာနဲ့
အဝေးသို့ပျံပါလေသော ငှက်ငယ်သို့...
အရည်စို့တဲ့ မျက်ဝန်းတစ်စုံကို ပြန်ကာကြည့်ရင်ဖြင့်
အပြစ်တော်တင် ဘဝင်မရဲတဲ့သူပါလေ...
ဝဋ်ကိုပင် လည်စင်းကာ ဆပ်ပါရစေ။

မြွက်ဟလို့ခြွေ...
သံစဉ်မပီလေသည့် သည်စကား
ဘယ်တော့များမှ မကြားနိုင်သော်ငြားလည်း
ထားရဲလို့ ထားခဲ့။

အပြစ်ဖွဲ့တဲ့ လမ်းခွဲမှာ
လွမ်းရဲကာ လွမ်းရရင်ဖြင့်
နှုတ်ဆက်ခွင့်ကိုမှ မပိုင်သူ
နိုင်တော်မူ အရှုံးပေးထားပါလျှက်
နွေသက်လို့ သေတဲ့ ဆောင်းပမာ
နှောင်းရက်တွေ လွန်.. လွန်ပါသော်လည်း
ငြိတွယ်ဆဲပါ...။

မခေါ်သာ...မပျော်ရှာ
တော်ရာ ဟိုအဝေးမှာဖြင့်
တစ်ပင်ချင်း တစ်ရစ်ခြင်း
မာန်တင်းကာ ဖြတ်ပါသော်လည်း
သံယောဇဉ်ကင်းသည့်ကိုယ်
တပည့်တော် ဖြစ်လိုပါလျှက်
အို...
ရုန်းထွက်ဖို့ ခက်ရန်ကော...။ ။

တောက ကိုရင်


Wednesday, 25 March 2015

သစ္စာရှင်

သစ္စာရှင်

အပင်မြင့်သလား ခင်
ရင်နှင့်ဖြားယောင်း
အချစ်ကို ခါးစောင်းမှာတင်...။

နေညိုရင် ဆည်းဆာလှ
လကွယ်ညမှာ ကြယ်ရောင်မြင်
လိပ်ပြာပင် တောင်ပံခတ်
သံယောင်လိုက်လို့ ငိုပွဲဆင်...။

ခင်... မကြင်နာ
ရင်မနာပါ ခင်
ခင်သာ ရင်မှာ
အကြင်နာဝင်
နာချင်အိပ်မက်
နှိပ်စက်မယ်ပြင်
အိပ်ရာထက်တွင် လွန့်လူး
မုန်တိုင်းမြူးသည့် ရင်ပါခင်...။

တမင်တကာ
ရင်အနာ ဝင်လာဆားခတ်
(ဓါးထက်ထက်နဲ့ ခင်မွှန်း)
နှလုံးသားလည်း သွေးစွန်းပါစေခင်...။

ဝေဒနာရင်
ကြေညာချင်လည်း
ရင်ကိုခွဲ အသည်းကိုထုတ်
ရှားမီးခဲမှာ ဖုတ်လိုဖုတ် ကင်လိုကင်...။

ခင်လိုရင် မနှမြော
သေငယ်ဇောဝင် မြောစေတော့
ဒီမျက်နှာ မဖျော့ပါခင်...
ဒီအပြုံး မလျော့ပါခင်...။

အနာကျက်ချင်လျက်
အသားမာမတက်သည့်ရင်
ခင်ဘယ်လိုပင် စေစား
နှလုံးသားလည်း ဝေဝါးမယ်မထင်...။

သည်ရင်ကိုလျှင်
အဝေးသို့ နှင်ပါလို့
အသစ်ကို မင်
တိမ်းချင်လည်း တိမ်းပါကွယ့်
ယိမ်းညှာသွဲလျှင် မောင့်မျက်ရည်
သက်သေကိုပင် လိုချင်သလား
ငြိုငြင်မှု မထားပါခင်...။

ခင်ပျော်ရွှင်လျှင်
သည်ရင်မွန်းကြပ်အသက်ထွက်စေ
ပြက်လက်နေရောင် အမှောင်ဝင်စေ
ကမ္ဘာပျက်သုဉ်း ဝဠာပင်ဆုံးစေတော­့
ဘယ်ခါအမုန်းမဝင်
ပြုံးနေလျက်ပါ ခင်...။ ။

တောက ကိုရင်
၂၄.၀၁.၂၀၁၃
https://www.facebook.com/shweaeimsi


.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform