စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 2 January 2014

ကမ္ဘာပေါ်တွင်အရပ်အမြင့်ဆုံးလူသား ကြီးထွားဖွံ့ဖြိုးမှု ရပ်ဆိုင်းသွားပြီဟုဆို

အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ဇာတိဖြစ်ပြီး နာမည်မှာ ဆန်ဒီအယ်လန် ဖြစ်သည်။ ဆန်ဒီအယ်လန်ကို ၁၉၉၅ ခုနှစ် ဇွန် ၁၈ ရက်၌ မွေးဖွားခဲ့သည်။ ဆန်ဒီအယ်လန်၏ အရပ်အမြင့်မှာ ၇ ပေ ၇ ဒဿမ ၂၅ လက်မဖြစ်ပြီး ကမ္ဘာပေါ်တွင် အရပ်အမြင့်ဆုံး အမျိုးသမီးအဖြစ် ဂင်းနက်စ် မှတ်တမ်း၌ ဖော်ပြခံရသည်။ ဆရာဝန်များ၏ သုတေသနာပြုချက်အရ ဆန်ဒီအယ်လန်၏ အရပ်အမြင့် နံနက်၊ နေ့လည်နှင့် ညပိုင်းများ၌ပင် မတူညီဘဲ အနည်းငယ် မြင့်တက်နေကြောင်း ဖော်ပြခဲ့သည်။
Ref: News Light of Myanmar
==========================

ကမ္ဘာပေါ်တွင်အရပ်အမြင့်ဆုံးလူသား ကြီးထွားဖွံ့ဖြိုးမှု ရပ်ဆိုင်းသွားပြီဟုဆို

(အေအက်ဖ်ပီ) ညွန့်ညွန့်ဝင်း ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၆၄ (၆ - ၁၂ ၊ ၄ ၊ ၂၀၁၂)
ဝါရှင်တန်- အရပ် ရှစ်ပေ၊ သုံးလက်မ (၂ ဒသမ ၅၁ မီတာ) ရှိ ကမ္ဘာပေါ်တွင် အရပ်အမြင့်ဆုံး သက်ရှိလူသားဖြစ်သော တူရကီလူမျိုး ဆူလ်တန်ကိုဆန် အတွက် နောက်ဆုံးတွင် အရွယ်ရောက် လာပြီဟု မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ဖြင့် ပြောနိုင်ပြီဆိုသည့် သတင်းကောင်းရှိလာသည်။
ဗာဂျီးနီးယားတက္ကသိုလ်တွင် ဂမ္မာ ရောင်ခြည်ဖြင့် ခွဲစိတ်မှုအပြီး နှစ်နှစ် နီးပါးအချိန်၌ ဆရာဝန်များက ကိုဆန် (၂၉ နှစ်) သည် အခရိုမီဂါလီမှ ကျော် လွှားနိုင်ခဲ့ပြီဟု အတည်ပြုခဲ့သည်။
အခရိုမီဂါလီသည် ရှားပါးသော ဟော်မုန်း ကစဥ့်ကလျားဖြစ်မှုဖြစ်ပြီး ၎င်းသည် ကိုဆန်အား လူကြီးဘ၀သို့ ဆက်ပြီး ကြီးထွားစေ ခဲ့သည်။
ကိုဆန်၏ ဦးနှောက်အတွင်း၌ ကွက်တိ ရှိနေသော ဒုက္ခပေးသည့် ကြီးထွားမှုကို ဖြစ်စေသော ဟော်မုန်းထုတ်ပေးသည့် အကျိတ်ကို ထိုးဖောက် ပြန့်ပွားနှောင့် ယှက်မှုကင်းသည့် လုပ်နည်းအစဉ်ကို သုံး၍ ဖျက်ဆီးပေး သော ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်မှုဆရာဝန် ဂျေဆင် ရှီးဟန်က "သူ့ရဲ့ကြီးထွားမှု ရပ်သွားပြီ။ ဒါဟာကောင်းပါတယ်"ဟု ပြောသည်။
တူရကီနိုင်ငံ အရှေ့တောင်ပိုင်း မာဒင် ရှိ လယ်သမားမိသားစုမှ ပေါက်ဖွားလာသော ကိုဆန်သည် ၂၀၀၉ ခုနှစ်၊ စက်တင် ဘာလ၌ Guinness World Records မှ ကမ္ဘာပေါ်တွင် အရပ်အမြင့်ဆုံးလူသား ဟု ကြေညာခြင်းခံရပြီး ကမ္ဘာအနှံ့ လူသိများမှုဂုဏ်အဆင့်ကို ရရှိခဲ့သည်။
ထိုအချိန်၌ ၎င်း၏ အရပ်သည် ရှစ်ပေ တစ်လက်မ (၂ ဒသမ ၄၇ မီတာ) ရှိခဲ့သည်။ ၎င်း၏အကျိတ်ကို ခွဲစိတ်ဖြတ်တောက် ရန်နှင့် သမားရိုးကျနည်းဖြစ်သော ဓာတ်ရောင်ခြည်ဖြင့် ကုသမှုအတွက် တူရကီနှင့် ဥရောပတစ်နေရာသို့ သွားခဲ့ ရာ မအောင်မြင်ခဲ့ပေ။
ထိုသို့ နှစ်ကြိမ် ကြိုးပမ်းပြီးနောက် ကိုဆန်သည် University of Virginia သို့ သွားခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ ဩဂုတ်လ၌ ရှီးဟန်နှင့် အဖွဲ့သည် တုန်နှုန်းမြင့် ဂမ္မာ ရောင်ခြည်ဖြင့် ထိုးဖောက်ပြန့်ပွားမှု ကင်းသည့် ရေဒီယိုခွဲစိတ်မှုလက်နက် Gamma Knife ဖြင့် တိတိ ကျကျ ချိန်ရွယ်ပစ်ခဲ့သည်။
ကိုဆန်သည် ဆေးရုံတွင် တစ်ရက်ခွဲ သာနေခဲ့ရသည်။

ခွဲစိတ်မှုပေါင်း ၃၀ ခန့်ကိုပြုလုပ်ခဲ့ရာ ဦးခေါင်းကြီးလွန်း၍ အထူးမှာယူရသည့် ပစ္စည်းဖြင့် ခွဲစိတ် ရသဖြင့် ၎င်း၏ ခွဲစိတ်မှုသည် အထူး စိန်ခေါ်မှုဖြစ်ခဲ့သည်

Wednesday, 1 January 2014

ဘ၀ထဲက သင်ခန်းစာများ

ဘ၀ထဲက သင်ခန်းစာများ
၁။ ပြစ်တင် ရှုတ်ချ ခံရမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သူရဲဘောကြောင် လူတောမတိုးတဲ့ စိတ်ဓာတ်တွေ ရလာစေတယ်။

၂။ ဝေဖန်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ပုတ်ခက် ပြောဆိုတတ်တဲ့ စိတ်ဓာတ်တွေ ရလာစေတယ်။

၃။ ယုံကြည့် စိတ်ချမှု ကင်းမဲ့စွာနဲ့ နေခဲ့ရတဲ့ ကလေးဟာ လိမ်ညာလှည့်စားတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၎။ ချစ်ခင်နှစ်သက်မှုနဲ့ နေခဲ့ရတဲ့ ကလေးဟာ ချစ်တတ် ခင်တတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၅။ အားပေးမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၆။ မှန်ကန် ဖြောင့်မတ်သူတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တရားမျှတမှု စိတ်ဓာတ်ကို ရလာစေတယ်။

၇။ ချီးကျူး ထောမနာ ပြုမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တန်ဖိုးထား လေးစားတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၈။ မျှဝေ ခံစားမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ စာနာတတ် သက်ညှာတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၉။ အသိဥာဏ် ဗဟုသုတတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၁၀။ ပျော်ရွှင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၁၁။ ပျော်ရွင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ မေတ္တာတရားနဲ့ အလှအပတို့ကို ရှာဖွေ တွေ့ရှိလိမ့်မယ်။


ဘာသာပြန်သူ - လူထုစိန်ဝင်း

Lesson For Life

By Ronald Russell
A Child that lives with ridicule
learns to be timid.
A Child that lives with criticism.
learns to condemn.
A Child that lives with distrust.
learns to be deceitful
A Child that lives with antagonism.
learns to be hostile.
A Child that lives with affection.
learns to love.
A Child that lives with encouragement
learns confidence.
A Child that lives with truth
learns justice.
A Child that lives with praise
learns to appreciate.
A Child that lives with sharing
learns to be considerate.
A Child that lives with knowledge
learns wisdom.
A Child that lives with patience
learns to be tolerant.
A Child that lives with happiness
will find love and beauty.

ဒီကဗျာလေးကို ရန်ကုန်မိဘမဲ့ဂေဟာမှာလည်း ရေးထားပါတယ်။ သတိထားမိတဲ့လူတိုင်း အမှတ်တရကူးလေ့ရှိသလို အနည်းဆုံးအသိတရားလေး ရသွားမယ့်မိဘများလည်း ရှိသွားခဲ့မှာပါ။ ဖတ်ပြီးလို့ကျေနပ်ရင် မျှဝေပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်ဗျာ။ မိဘမဲ့တွေရဲ့ဘ၀ကို မြင်ယောင်ပေးကြပါ...။

ပန်းကလေးများပွင့်တော့မည်
ဖူးတံဝင့်လို့ ချီ

ချစ်ခင်လေးစားသော
ရွှေအိမ်စည်

မမေ့ပါနဲ့ ...။

မမေ့ ပါနဲ့ ....။
▬▬▬▬▬
ဘ၀ရဲ့လောင်ပြောင်မှုတွေနဲ့ ရုန်းကန်နေရတဲ့အချိန်တိုင်းမှာ စိတ်ပိုင်းဆိုင်ရာတွေဟာ ညှိုးနွမ်းမှုတွေ၊ ပင်ပမ်းနွမ်းနွယ်မှုတွေ။မကျေနပ်
စိတ်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုပြန်မေးသင့်တာက ငါဘာဖြစ်ချင်တာလဲ၊ငါဘာလုပ်နေတာလဲ။ဆိုတဲ့မေးခွန်းလေးတွေနဲ့ ပြန်မေးရပါတယ်။ တခုလိုချင်ရင် တခုပြန်ပေးရတဲ့ လောကကြီးမှာ ဘာတခုမှအလကားမရဘူးဆိုတာကို အောင်မြင်မှုကို ငတ်မွတ်နေတဲ့ လူတိုင်းမှာ နှစ်လုံးသွင်းနိုင်မယ်ဆိုရင် ဘယ်က ရလာမှန်းမသိတဲ့ ခွန်အားတွေအလိုလိုပြည့်လာတတ်ပါတယ်။

တခုသတိထားရမှာက ဘ၀ရဲ့အောင်မြင်မှုတွေကို ရုန်းကန်နေတဲ့အချိန်မှာ စိတ်ဓာတ် နဲ့ခွန်အားဟာ အကြီးဆုံး အရင်းအမြစ်တွေဖြစ်တယ်ဆိုတာမမေ့ဖို့လိုပါတယ်။စိတ်ဓာတ်တကယ်ကောင်းရင် ကို့အလုပ်ဟာလဲတကယ်ကို သန့်စင်တဲ့အောင်မြင်မှု ရမယ်။ရေရှည်တန်တည့်နေမယ်။ စိတ်ဓာတ်တွေသန့်စင်နေဖို့ကြတော့ အများကြီးလိုတာပေါ့နော်။ ကျနော်တို့သိတာတွေကော မသိသေးတာတွေကော အမှန်တကယ် သိဖို့လိုအပ်တာတွေကောပေါ့။ကိုယ်လုပ်ခဲ့တဲ့အလုပ်တိုင်းဟာ ရေရှည်တည်တန့်နေဖို့လိုတယ်။

ကိုယ်တိုင်လဲမလုပ်ဘူး လုပ်နိုင်အောင်လဲမကျိုးစားပဲ သူများတွေလုပ်ပြီးသားအလုပ်တွေကို ခိုးကူးနေမယ်။ ပြိးရင်ကိုယ်တိုင်ဖန်တီးသလိုလိုနဲ့ ဟန်ဆောင်မယ်ဆိုရင် ရေရှည်တည်တန့်ဖို့တော့ခက်ပါလိမ့်မယ်။

အခုဆိုရင် ဟန်ဆောင်သမားတွေဟာလဲ ဆက်ပြီးဟန်ဆောင်ဖို့ခက်ခဲလာခဲ့ပါပြီ ဘာကြောင့်ဆိုရင် လူတိုင်းကွန်ပြူတာအင်တာနက် သုံးစွဲလာနိုင်လို့ပါ။ လူတိုင်းစာတွေကိုဖတ်ခွင့်ရနေလို့ပါ။ ဒီလိုအချိန်မှာ ကိုယ်ပိုင်အတွေးအခေါ်လေးနဲ့ ကိုယ်ပိုင်လုပ်ဟန်လေးတွေကိုမှ မတည်ဆောက်နိုင်ဘူးဆိုရင်တော့ တချိန်မှာ မထင်မခြားနဲ့ ပျောက်ကွယ်ပြီး ကိုလိုချင်တဲ့အောင်မြင်မှုဟာလဲ ကိုယ်ပိုင်မဟုတ်လို့ရေရှည်ဖို့တော့မလွယ်လှပါဘူး။

လူတိုင်းကိုယ်ပိုင်ဟန်လေးနဲ့တင့်တယ်ကြပါစေ။
အောင်မြင်မှုတည်တန့်ပါစေ။

ချစ်ခင်လေးစားသော
ရွှေအိမ်စည်https://www.facebook.com/shweaeimsi

သင်အားနာတတ်ပါသလား( မကောင်းသော အားနာခြင်းမျိုးများ)

သင်အားနာတတ်ပါသလား( မကောင်းသော အားနာခြင်းမျိုးများ)

သင်အားနာတတ်ပါသလား( မကောင်းသော အားနာခြင်းမျိုးများ)

(၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သော
အားနာခြင်းမျိုး

စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည်
မကောင်းသော အားနာခြင်းမျိုးဖြစ်သည်။ အောက်ပါ ဥပမာများကို ကြည့်ပါ။


(က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ၀ိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင်
မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။
သင်ကပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း
စိုးရိမ်နေသည်။
 သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏စိတ်တွင်
ကသိကအောက်နှင့် မသက်သာ။
 ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည်မကောင်း။
ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့်အားလုံးပြေလည်သွားနိုင်သည်။


(ခ) တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။ တကယ်တော့ သင်က မချေးချင်။
သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်က
ငွေပြန်တောင်းရမှာကိုလည်း အားနာနေဦးမည် ဖြစ်သည်။) ထိုနေ့မှစ၍
ငွေပြန်မရမချင်း သင်မပျော်တော့။

ဤနေရာတွင်လည်း အားနာခြင်းသည် သင်၏ပကတိစိတ်အရင်းခံကို
ကွယ်ဝှက်၍ မပြတ်မသား ဆုံးဖြတ်ခြင်းမျိုးဖြစ်ရာ
ကုသိုလ်မရသည့်အပြင် အကုသိုလ်အား ၀ယ်ယူသကဲ့သို့ဖြစ်သော အားနာခြင်းမျိုး
ဖြစ်သည်။

ဤနေရာတွင် စကားစပ်လျဉ်း၍  အတွေ့အကြုံတခုကို
ပြန်လည်ဖောက်သည်ချချင်ပါသည်။

တနေ့တွင် မိတ်ဆွေတယောက်အား
စင်ကာပူလေဆိပ်သို့ လိုက်ပို့ရာတွင် မြန်မာလူမျိုးတဦး၏ ငြီးတွားသံကို
အောက်ပါအတိုင်း ကြားခဲ့ရပါသည်။

“စိတ်ညစ်တယ်ဗျာ။ သူ့အိမ်က လမ်းကြုံ ထည့်ပေးလိုက်လို့ 
 တလမ်းလုံး လက်မောင်ပြုတ်မတတ် ဆွဲလာရတယ်”

ထိုစကားကို ကြားရသည့်အချိန်မှစ၍ အိမ်ပြန်ရောက်သည်အထိ ကျမ..မှာ
တွေးမိတိုင်း အူယားလှသဖြင့် အသံထွက်၍ မရယ်မိအောင် အောင့်ထားရ၏။

လူကြုံပေးသူကလည်း အားမနာပ ထည့်ပေးပြီး၊ သယ်သူကလည်း အားအနာလွန်ကာ
သယ်လာခဲ့ပြီးမှ ကွယ်ရာတွင် စကားတင်းဆို ငြီးတွားနေခြင်း ဖြစ်သည်။


(၂) ကိုယ်ရသင့်ရထိုက်သည်ကို တောင်းဆိုရမှာ အားနာခြင်းမျိုး


ဤသည်မှာ မြန်မာအများစုတွင် ဖြစ်တတ်သော အားနာမှုမျိုး ဖြစ်သည်။
အကြွေးပြန်တောင်းရမည်ကို တွန့်ဆုတ်နေကြသည်။
မိမိ၏ အားလပ်ရက်ခွင့်ကို ယူရန်တွန့်ဆုတ်နေကြသည်။
ကျူတန်းစီရာ၌ မိမိရှေ့တွင် ကြားဖြတ်၍ တန်းစီသူကိုမလုပ်ရန်ပြောဖို့
ဝန်လေးကြသည်။
 မိမိနှင့် ချိန်းဆိုထားသောအချိန်တွင်
တိကျစွာ ရောက်မလာသူအား ထောက်ပြသတိပေးရန် တွန့်ဆုတ် အားနာနေတတ်ကြသည်။

ဤအားနားခြင်းသည် လောဘနည်းခြင်းကြောင့်လည်းမဟုတ်၊
ခန္တီပါရမီနှင့်ပြည့်ဝနေခြင်းကြောင့်လည်းမဟုတ်။
 မြန်မာ့ယဉ်ကျေးမှုဟုကား လုံးလုံးမျှပင်မဆိုသင့်။
ဤအားနာခြင်းမျိုးသည် လူပုဂ္ဂိုလ်တဦးချင်း၏
ကိုယ်ရည်ကိုယ်သွေးနှင့်သာ ဆိုင်ပေသည်။
တခြားအကြောင်းကြောင့် မဟုတ်ဘဲမိမိရသင့်ရထိုက်သည်ကို
မသိလောက်အောင် ထူံ၍ အ၍ န၍သာ ဖြစ်နိုင်ပေသည်။
မိမိတွင် ထိုသို့သော အားနာမှုမျိုးရှိက သတိထား၍ ချေဖျက်သင့်သည်ဟု
ထင်ပါသည်။


(၃) မိမိတာဝန်နှင့် အားနာခြင်းကို မခွဲခြားတတ်ခြင်း


လူတို့သည် အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်းနှင့် နေထိုင်၍
အလုပ်လုပ်ကိုင်သောအခါ မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်တို့ကို
ဘေးချိတ်၍ မိမိ၏ တာဝန်ကို ကျေပွန်အပ်၏။
သင်၏ အလုပ်ကို ထမ်းဆောင်ရာတွင်အားနာခြင်းကို ဘေးချိတ်ထားရမည်။
သင်သည် ရဲအမှုထမ်းဖြစ်ပါက သင်၏ ဆွေမျိုး၊
မိတ်ဆွေ ရာဇ၀တ်မှု ကျူးလွန်သည်ကို တွေ့လျှင် သင် အားနာ၍မရ၊ ဖမ်းရမည်။

သင်သည် ကျောင်းဆရာဖြစ်က သင့်သူငယ်ချင်း၏သား စာမေးပွဲမဖြေဆိုနိုင်သည်ကို
အားနာသည်ဆိုကာ အအောင်ပေး၍ မဖြစ်။
သင်သည် တရားသူကြီးဖြစ်က သင့်မိတ်ဆွေကိုအားနာ၍ အပြစ်လျှော့ပေါ့ခြင်း
လွှတ်ပေးခြင်း မပြုရ။

တာဝန်နှင့်
အားနာခြင်းကို အထက်ပါအတိုင်း ခွဲခြားသင့်သည်ဟု ယူဆမိပါသည်။

ယခုအခါ......့ မြန်မာပြည်တွင် နည်းမမှန်သော အားနာမှုများက နေရာအနှံ့
ကြီးစိုးနေရာ ရံဖန်ရံခါ အမှားနှင့် အမှန်ကိုပင် ဝေဖန်ပိုင်းခြားမှု
မရှိနိုင်လောက်အောင်အထိ ဖြစ်နေသည်ကိုပင် ကြုံကြရပေသည်။

သင်သည် ဘတ်စ်ကားစပယ်ယာက နည်းမကျ လမ်းမကျ ဟိန်းဟောက်သည်ကို
မျက်နှာအောက်ချ၍ ခံနေပေမည်။
သင်သည် ဈေးတွင် အသားသည်က အလေးခိုးသည်ကို
သိသိနှင့် ပြန်မပြောဝံ့ဘဲ ငုံ့ခံနေမည်။
သင်သည် ကျောင်းဆရာဖြစ်ကတိုင်းပညာရေးမှူး၏ သမီးမင်္ဂလာဆောင်အတွက်
လက်ဖွဲ့ရန်ဆိုကာ သင့်လစာမှဖြတ်တောက်လိုက်ခြင်းကို ပြန်မပြောဘဲ
ငြိမ်ခံနေမည်။
သင်သည် သာသနာရေးအတွက်
အကြောင်းပြကာ ဘယ်ကမှန်းမသိ၊ ဖြတ်ပိုင်းနှင့် လာရောက် အလှူခံလျှင်
စိတ်မပါဘဲနှင့်လည်း အားနာ၍ ထည့်လိုက်ပေမည်…
..........................စသည့် စသည့် နည်းမမှန်သော
အားနာမှုကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျည်းတန် အရုပ်ဆိုးသော
အဖြစ်အပျက်များနှင့် ကြုံတွေ့နေရခြင်း ဆိုလျှင်ပင် လွန်မည်မထင်။

ဤသို့လျှင် မိမိရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းရကောင်းမှန်းမသိ၊
စူးစမ်းရကောင်းမှန်းမသိ၊ မေးမြန်းရကောင်းမှန်းမသိ၊ နည်းမမှန်သော
အားနာမှုနှင့် ကြောက်ရွံ့မှုတို့၏ ပိန်းပိတ်မှုအောက်တွင်
နှစ်ကာလရှည်မြင့်စွာ နေထိုင်လာကြရသောအခါ အင်မတန် ဆိုးညစ်သော လူတစုက
ဤပျော့ကွက်များကို အသုံးချ၍ မိမိတို့၏ အခွင့်အရေးများကို ထိပါးလာသောအခါ
မိမိတို့မှာ တွန်းလှန်နိုင်သော သတ္တိမရှိတော့သော အခြေအနေသို့
ဆိုက်ရောက်သွားတတ်ချေသည်။

ထို့ကြောင့် မြန်မာတို့အနေနှင့် တမျိုးသားလုံးအကျိုးစီးပွားကို
မျှော်တွေးကာ နည်းမှန်   လမ်းမှန် အားနာသင့်ကြပေသည်ဟု
တိုက်တွန်းရေးသားလိုက်ပါသည်


ခင်မင်မှုများစွာဖြင့်
ရွှေအိမ်စည်...

ကိုယ့်ကိုကိုယ် အရင်ပြင်♥

ကိုယ့်ကိုကိုယ် အရင်ပြင်♥

တစ်ခါတုံးက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကို
လာတယ်။

"ဂန္ဒီကြီး… ကျွန်မသားလေး က အချိုတွေ သိပ်စားတယ်။ ကျွန်မလဲပြောတာပဲ…
မရဘူး။ ကလေးက စားမြဲ စားတာပဲ။ အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံး
ဆိုပြီး လာပြောတယ်။
ဂန္ဒီကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ "နောက် တစ်လလောက် နေမှ ပြန်လာခဲ့"
လို့ပြောလိုက်တယ်။
ဒီလိုနဲ့ တစ်လလောက်ကြာတော့ အဲဒီအမျိုးသမီး နဲ့ သူ ကလေး
ပြန်ရောက်လာပြန်တယ်။
အဲဒီတော့မှ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာနဲ့ကြည့်လိုက်ပြီး "သားလေး…
အချိုတွေ သိပ်မစားနဲ့" လို့ ရိုးရိုးလေးပဲပြောလိုက်တယ် ။
အဲဒီတော့ ကလေးလေး က ရွှန်းရွှန်းစားစား ပြန်ကြည့်ပြီး "ဟုတ်ကဲ့"
လို့ပြောလိုက်တယ်။

အဲလိုနဲ့ ကလေး အမေက "ဂန္ဒီကြီးရယ် ဒါလေးပြောတာများ အရင်လတည်းက
ပြောလိုက်ရောပေါ့" လို့ပြန်ပြောလိုက်မိတယ်။
အဲဒီတော့မှ ဂန္ဒီကြီးက "ငါလည်း အရင်တုံးက အချိုတွေသိပ်စားတယ်… ဒါပေမယ့်
အရင်တလက စပြီး ငါအချိုတွေ မစားတော့ဘူး… ရှောင်လိုက်ပြီ… ဒီကလေးကို
အချိုမစားနဲ့ လို့ ဆုံးမဖို့ ဆိုတာက ငါက အရင်ဦးဆုံး အချိုမစားတဲ့သူ
ဖြစ်ရမယ်။"

ကဲ ... ဘယ်လိုလဲ သူငယ်ချင်းတို့ ရေ ... ပုံပြင်လေးကပြောထားတာတော့
ရှင်းရှင်းလေးပါပဲ ... သူများကို ဆုံးမပြုပြင်ပေးချင်ရင်
အရင်ဆုံးကိုကိုတိုင်လည်းပြန်ဆုံးမပြူပြင်ထားပို့ လိုအပ်တယ်ဆိုတဲ့
အကြောင်းလေးပေါ့..နော်...
ဘာမှတော့မဟုတ်ပါဘူး..ဖတ်ဖူးတာလေးပါ။

အာလူးပူတီရွှေအိမ်စည်

ကိုယ်ပိုင်ဟန်...။

ဘ၀ရဲ့လောင်ပြောင်မှုတွေနဲ့ ရုန်းကန်နေရတဲ့အချိန်တိုင်းမှာ စိတ်ပိုင်းဆိုင်ရာတွေဟာ ညှိုးနွမ်းမှုတွေ၊ ပင်ပမ်းနွမ်းနွယ်မှုတွေ။မကျေနပ်
စိတ်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုပြန်မေးသင့်တာက ငါဘာဖြစ်ချင်တာလဲ၊ငါဘာလုပ်နေတာလဲ။ဆိုတဲ့မေးခွန်းလေးတွေနဲ့ ပြန်မေးရပါတယ်။ တခုလိုချင်ရင် တခုပြန်ပေးရတဲ့ လောကကြီးမှာ ဘာတခုမှအလကားမရဘူးဆိုတာကို အောင်မြင်မှုကို ငတ်မွတ်နေတဲ့ လူတိုင်းမှာ နှစ်လုံးသွင်းနိုင်မယ်ဆိုရင် ဘယ်က ရလာမှန်းမသိတဲ့ ခွန်အားတွေအလိုလိုပြည့်လာတတ်ပါတယ်။

တခုသတိထားရမှာက ဘ၀ရဲ့အောင်မြင်မှုတွေကို ရုန်းကန်နေတဲ့အချိန်မှာ စိတ်ဓာတ် နဲ့ခွန်အားဟာ အကြီးဆုံး အရင်းအမြစ်တွေဖြစ်တယ်ဆိုတာမမေ့ဖို့လိုပါတယ်။စိတ်ဓာတ်တကယ်ကောင်းရင် ကို့အလုပ်ဟာလဲတကယ်ကို သန့်စင်တဲ့အောင်မြင်မှု ရမယ်။ရေရှည်တန်တည့်နေမယ်။ စိတ်ဓာတ်တွေသန့်စင်နေဖို့ကြတော့ အများကြီးလိုတာပေါ့နော်။ ကျနော်တို့သိတာတွေကော မသိသေးတာတွေကော အမှန်တကယ် သိဖို့လိုအပ်တာတွေကောပေါ့။ကိုယ်လုပ်ခဲ့တဲ့အလုပ်တိုင်းဟာ ရေရှည်တည်တန့်နေဖို့လိုတယ်။

ကိုယ်တိုင်လဲမလုပ်ဘူး လုပ်နိုင်အောင်လဲမကျိုးစားပဲ သူများတွေလုပ်ပြီးသားအလုပ်တွေကို ခိုးကူးနေမယ်။ ပြိးရင်ကိုယ်တိုင်ဖန်တီးသလိုလိုနဲ့ ဟန်ဆောင်မယ်ဆိုရင် ရေရှည်တည်တန့်ဖို့တော့ခက်ပါလိမ့်မယ်။

အခုဆိုရင် ဟန်ဆောင်သမားတွေဟာလဲ ဆက်ပြီးဟန်ဆောင်ဖို့ခက်ခဲလာခဲ့ပါပြီ ဘာကြောင့်ဆိုရင် လူတိုင်းကွန်ပြူတာအင်တာနက် သုံးစွဲလာနိုင်လို့ပါ။ လူတိုင်းစာတွေကိုဖတ်ခွင့်ရနေလို့ပါ။ ဒီလိုအချိန်မှာ ကိုယ်ပိုင်အတွေးအခေါ်လေးနဲ့ ကိုယ်ပိုင်လုပ်ဟန်လေးတွေကိုမှ မတည်ဆောက်နိုင်ဘူးဆိုရင်တော့ တချိန်မှာ မထင်မခြားနဲ့ ပျောက်ကွယ်ပြီး ကိုလိုချင်တဲ့အောင်မြင်မှုဟာလဲ ကိုယ်ပိုင်မဟုတ်လို့ရေရှည်ဖို့တော့မလွယ်လှပါဘူး။

လူတိုင်းကိုယ်ပိုင်ဟန်လေးနဲ့တင့်တယ်ကြပါစေ။
အောင်မြင်မှုတည်တန့်ပါစေ။


မှတ်ချက်၊ ဘယ်သူ့ကိုမှမရည်ရွယ်ပါ၊ တိုက်ဆိုင်မှုများရှိ၇င်လည်း ခွင့်လွှတ်ကြပါ။

မနေ့ ည ၁ နာရီလောက်မှာ ကျနော့်ရဲ့ ရွှေအိမ်စည်စာကြည့်တိုက် မန်ဘာ-8000 နီးပါး
ကွန်ပျူတာနည်းပညာပေခ့်ျ..(မန်ဘာ15000) နီးပါး....ပေခ့်ျကို ပိတ် သွားပါတယ်...
ကိုယ်ပိုင်ဟန် နြ့ မလုပ်ဘဲ......ကျနော်ရဲ့ ဟန်တွေအပေါ်....ယူသွားပါတယ်...သို့ သော်.... ကျနော် ကနဂိုထဲ က...ပေးထားသူပါ။
သို့ သော်...အောင်မြင်နေတဲ့ ပေခ့်ျအမည်လည်း...အမည်ပြောင်းမရတော့ ပိတ်သွားဟန်တူပါတယ်။



...ရွှေအိမ်စည်က ဘယ်နေရာမှာဘာအမည်နဲ့ ဘဲလုပ်လုပ်.....
စေတနာအရင်းခံတဲ့ ကျနော်စေတနာကို ဖေ့ ဘုတ်စာမျက်နှာပေါ်ကလူတွေ သိကြမယ်ထင်ပါတယ်...။


ရင်ထဲ မှာကိုယ်ပိုင်ဟန်နြ့ မိတ်ဆွေတိုင်းကိုအောင်မြင်စေချင်ပါတယ်....
လေးစားသော
ရွှေအိမ်စည်

ကမ္ဘာကျော် ကမ္မဋ္ဌာန်းဆရာကြီး ဦးဂိုအင်ကာ

ကမ္ဘာကျော် ကမ္မဋ္ဌာန်းဆရာကြီး ဦးဂိုအင်ကာ

December 18, 2012 at 3:11pm

ယနေ့ကမ္ဘာတွင် ၀ိပဿနာတရားကို အထူးပြန့်ပွားအောင် ဆောင်ရွက်နေနိုင်သူမှာ ကမ္မဋ္ဌာန်းဆရာကြီး ဦးဂိုအင်ကာ ဖြစ်သည်။ ဦးဂိုအင်ကာသည် အိန္ဒိယအမျိုးသား၊ မာရာဝါရီလူမျိုးဖြစ်သည်။ မြန်မာနိုင်ငံဖွား၊ မန္တလေးသား ဖြစ်သည်။ အမည်အပြည့်အစုံမှာ ဆတျနာရာယန်း ဂိုအင်ကာ ဖြစ်သည်။ သူ၏ ဘိုးဘွားများသည် မင်းတုန်းမင်းနှင့် သီပေါမင်း လက်ထက်ကပင် အိန္ဒိယပြည်မှ မန္တလေးမြို့သို့ ပြောင်းရွေှ့နေထိုင်ကြပြီး ကုန်သည်လုပ်ငန်းကို လုပ်ကိုင်ကြသူများ ဖြစ်သည်။
            ဦးဂိုအင်ကာသည် စီးပွားရေးကို ထူးချွန်စွာ လုပ်ကိုင်နိုင်သူဖြစ်သည်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ကျောင်းမှ ထွက်ပြီး မိဘတို့၏ ဆန်စက်၊ ဖွဲနုစက်၊ ပလပ်စတစ်စက်ရုံတို့ကို အောင်မြင်စွာ ထူထောင်နိုင်ကာ ကြွယ်ဝချမ်းသာသူ ဖြစ်ခဲ့သည်။
            သို့ရာတွင် သူ့၏ မပြေလည်သော အချက်တစ်ခု ရှိခဲ့သည်။ ယင်းမှာ ငယ်ရွယ်စဉ်ကပင် ခေါင်းကိုက်ဝေဒနာ ခံစားရခြင်း ဖြစ်သည်။ ထိုရောဂါမှာ ၁၂ ရက် တစ်ကြိမ်ခန့် ခံစားရသည်။ အရွယ်ကြီးရင့်လာသော်လည်း မပျောက်။ ပြည်တွင်း ပြည်ပမှ ဆရာဝန်ကြီးများနှင့် ကုသသော်လည်း မရ။ နောက်ဆုံးတွင် ခေါင်းကိုက်ရောဂါ ပေါ်လာတိုင်း မော်ဖီးယားဆေးထိုး၍ သက်သာမှုကို ရှားခဲ့ရသည်။ ရောဂါမှာကား ပျောက်ကင်းသည်ဟူ၍ မရှိခဲ့ပေ။
            နောက်ဆုံးတွင် ရောဂါပျောက်ကင်းလိုပျောက်ကင်းငြား အားကိုးရှာသည့်အနေဖြင့် ၁၉၅၅ ခုနှစ်တွင် ငွေစာရင်း မင်းကြီးဟောင်း ဦးဘခင်၏ အပြည်ပြည်ဆိုင်ရာ ၀ိပဿနာရိပ်သာ ( IMC ) တွင် ၀င်ရောက် တရားထိုင်ခဲ့သည်။ ဦးဘခင် မှာ လယ်တီဆရာတော်ဘုရားကြီးတပည့် အနာဂါမ် ဆရာသက်ကြီး၏ ၀ိပဿနာရှုနည်းဖြင့် တရားပြသည်။ ဦးဂိုအင်ကာ သည် တရားထိုင်သည့်နေ့မှစ၍ ခေါင်းကိုက်ရောဂါ အံ့ဖွယ်ပျောက်ကင်းသွားသည်။ ထို့ပြင် ၁၀ ရက် အတွင်းမှာပင် တရားထူးရသွားသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတရားများကို ပိုင်နိုင်ရှင်းလင်းစွာ ပို၍ခံစားသိရှိခဲ့သည်။ ဦးဂိုအင်ကာသည် ထိုအချိန်မှစ၍ ဘုရားရှင်နှင့် ဘုရားတရားတော်တို့ကို ယုံကြည်သွားကာ သရဏဂုံသုံးပါးကို ဆောက်တည်လိုက်လေသည်။
            ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အစိုးရက လုပ်ငန်းကြီးများကို ပြည်သူပိုင်ပြုလုပ်လိုက်ရာ ဦးဂိုအင်ကာ၏ စီးပွားရေး လုပ်ငန်းများလည်း ပါဝင်သွားလေသည်။ တရားတွေ့နေသော ဦးဂိုအင်ကာသည် ထိုအတွက် ပူပင်သောကမရောက်၊ ဦးဘခင်ထံတွင် ၁၀ နှစ်ကြာမျှ ယောဂီများအတွက် ဟင်ဒီစကားပြော စကားပြန်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။
            သူသည် ၁၉၆၂ ခုနှစ်တွင် အိန္ဒိယပြည်သို့ သွား၍ မိခင်၊ ဖခင်အမှူးပြုသော ဆွေမျိုးများကို တရားပြရာမှ မိတ်ဆွေ များကိုပါ တရားပြလျက် အောင်မြင်သော ကမ္မဋ္ဌာန်းဆရာအဖြစ် ရပ်တည်နိုင်ခဲ့သည်။

            ဦးဂိုအင်ကာသည် အိန္ဒိယပြည်တွင် ကမ္မဋ္ဌာန်းရိပ်သာကြီး ၃ ခု အမြဲဖွင့်လျက် တရားပြသရာ အိန္ဒိယနိုင်ငံသားများ သာမက ပြည်ပမှ နိုင်ငံခြားသားများ လူမျိုးမရွေး၊ ဘာသာမရွေး လာရောက် တရားထိုင်ကြသည်။ သူသည် တရားပြသရာ၌ အိန္ဒိယပြည်တွင်သာမက ပြည်ပနိုင်ငံများသို့လည်း သွားရောက်ကာ တရားပြသခဲ့သည်။
            ၁၉၈၂ ခုနှစ်စာရင်းအရ ဦးဂိုအင်ကာတရားပြပြီးသော ယောဂီများမှာ စုစုပေါင်း ၂ သိန်းကျော်ရှိသည်။ တရားပြနိုင်သော သူ၏ တပည့် ကမ္မဋ္ဌာန်းဆရာ ၁၀၀ ကျော် ရှိခဲ့သည်။ ထိုစဉ်က စာရင်းဖြစ်သည်။ ယခုမည်မျှ တိုးတက်နေသည်ကို ခန့်မှန်းနိုင်သည်။ ထိုသူများထံတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ လူငယ်လူရွယ်၊ လူကြီးများသာမက အကျဉ်းသားများလည်း ပါဝင်သည်။
            ယခုအခါ ဆရာကြီး ဦးဂိုအင်ကာသည် အသက် ၈၇ နှစ်အရွယ်ရှိ၍ ကျန်းမာရေးမကောင်းရှာတော့ပေ။ သို့ရာတွင် သူ ပြုစုပျိုးထောင်ပေးသော နိုင်ငံခြားသား ကမ္မဋ္ဌာန်းဆရာပေါင်းများစွာ ပေါ်ထွန်း၍ သူ့လုပ်ငန်းကြီးမှာ အထူးအောင်မြင်ဆဲ ဖြစ်သည်။

Ref: နိုင်ငံခြားသား ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့်ယောဂီများ
မြတ်မင်္ဂလာ

ရွှေအိမ်စည်စာကြည့်တိုက်

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform