စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 30 December 2013

ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နှစ်သစ်ကိုကြိုဆို နေထိုင်ခြင်း


ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နှစ်သစ်ကိုကြိုဆို နေထိုင်ခြင်း
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နှစ်သစ်မင်္ဂလာပါ။
နှစ်သစ်မှာ..လူသစ် စိတ်သစ်အတွေးသစ်များနဲ့ ..နေထိုင်ကြရအောင်

၁။ မည်သူ့ အပေါ်တွင်မဆို အရင်းအဖျား မခွဲခြားဘဲ စိတ်ကောင်း၊ နှလုံးကောင်းထားပါ။

၂။ ကောင်းသော ဣဋ္ဌာရုံနှင့် တွေ့သောအခါ လွန်စွာ ဝမ်းသာအားရ သောမနဿ လောဘမဖြစ်ပါနှင့်။

၃။ မကောင်းသော အနိဋ္ဌာရုံနှင့် တွေ့သော အခါ၌လည်း ဝမ်းနည်းပက်လက် မနှစ်သက်သော ဒေါမနဿ ဒေါသမဖြစ်ပါနှင့်။

၎။ မိမိပိုင်မဟုတ်သော ပစ္စည်းဥစ္စာများကို မတရား ပိုင်ဆိုင်လိုသည့် မတရား ယူလိုသည့် လောဘ မထွက်ပါနှင့်။ ရောင့်ရဲပါ။ တင်းတိမ်ပါ။ ဆင်းရဲသည်ကို ဂုဏ်ယူပါ။ မတရား ချမ်းသာတာကို ဂုဏ်မယူပါနှင့်။

၅။ သတ္တဝါတို့ကို မညှင်းဆဲပါနှင့်၊ မနှိပ်စက်ပါနှင့်၊ ကာယအားဖြင့်၊ နှုတ်အားဖြင့်၊ စိတ်အားဖြင့် မညှင်းဆဲပါနှင့်။

၆။ သတ္တဝါအားလုံး မိမိနှင့် ထိတွေ့ သိရှိသူ၊ မိမိနှင့် ထိတွေ့သိရှိခြင်း မရှိသူ၊ မိမိအား ချစ်ခင်လိုလားသူ၊ မိမိအား မုန်းတီးစက်ဆုပ်သူ၊ မိမိအား ချစ်လည်းမချစ်၊ မုန်းလည်းမမုန်း၊ အလယ်အလတ် သဘောရှိသူ အားလုံးအပေါ် သန့်ရှင်း ကြည်လင်သော မိမိနှင့် ထပ်တူဖြစ်သော မေတ္တာထားရှိပါ။

၇။ လိမ်ညာ မုသားစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ။

၈။ မည်သည့် စိတ်ဖြင့်ဖြစ်စေ၊ ကောင်းစေလို၍ပဲ ဖြစ်ဖြစ်၊ ဆိုးစေလို၍ပဲ ဖြစ်ဖြစ်၊ ဖရုသဝါစာ တည်းဟူသော ဆဲဆိုခြင်းမှ ရှောင်ကြဉ်ပါ။

၉။ ချစ်သူနှစ်ယောက် ကွဲသွားအောင် ကုန်းတိုက်သော၊ ရန်တိုက်ပေးသော ဝိသုဏဝါစာ စကားကို ရှောင်ကြဉ်ပါ။

၁၀။ ကလေး သူငယ်များနှင့် လူဖျင်း လူပေါ့တို့ နားထောင်၍ ကောင်းရုံသာဖြစ်သော (အနက် အဓိပ္ပါယ်မရှိ၊ အကျိုးမရှိသော) အပျက်အချော် ပျော်ရုံသာဖြစ်သော သမ္ဖပ္ပလာပ စကားကို ရှောင်ကြဉ်ပါ။ ဟိုစပ်စပ် ဒီစပ်စပ် ပါဝင်ကာ အာလာပသလ္လပ ဗရုတ်သုတ်ခ မဟုတ်က၊ ဟုတ်က စကားများမပြောနှင့်။

၁၁။ ဆိုရေးရှိက ဆိုသည့်စကားကို နားခံသာအောင်၊ သဘောပေါက် လွယ်အောင် သာယာ ပျောင်းညင်းစွာ ပြောဆိုပါ။ လူပုံအလယ်တွင် အရှက်ကွဲစေခြင်း၊ ဒေါသတကြီး ပြုမူ ပြောဆိုခြင်းတို့မှ ရှောင်ကြဉ်ပါ။

၁၂။ ငါးပါးသီလကို မြဲမြံစွာ ကျင့်ကြံ အားထုတ်ပါ။

၁၃။ သရဏဂုံ သုံးပါးကို တည်ပြီးလျှင် ဗုဒ္ဓါနုဿတိ ဘာဝနာ၊ မေတ္တာဘာဝနာကို ပွားပါ။ ဝိပဿနာ လမ်းသို့ တက်လှမ်းနိုင်ပါစေ။

၁၄။ သူတော်ကောင်းတို့ကို ဆည်းကပ်ပါ။

၁၅။ သူတော်ကောင်း တရားတို့ကို ကြားနာမှုများပါ။

၁၆။ အစဉ်ကြည်လင်သော ကောင်းသော နှလုံးကိုသာ သွင်းပါ။

၁၇။ လောကုတ္တရာ တရားတော်တွင် စိတ်ကိုမြှုပ်နှံထားပါ။

၁၈။ - ခန္တီစ သည်းခံခြင်းတရားကို မမေ့လျော့လေနှင့်။
- ရန်ကိုရန်ချင်း မတုံ့နှင်းနှင့်။
- မေတ္တာဖြင့်သာ ရန်ကို အောင်နိုင်ရာ၏။

၁၉။ ကာယ၊ ဝစီ၊ မနောအားဖြင့် ပြုမူလှုပ်ရှား ပြောဆိုမှု၊ ကြံစည်တွေးတောမှု မှန်သမျှသည် သင့်မသင့်၊ လျော်မလျော်၊ အချိန်အခါ ဟုတ်၊ မဟုတ်၊ ပြောလျှင်ဘာဖြစ်မလဲ၊ မပြောလျှင် ဘာဖြစ်မလဲ၊ ဆင်ခြင်ပြီးမှ ပြောသင့်၏။ လုပ်သင့်၏။ စဉ်းစားသင့်၏။ အကျိုးအပြစ် ဝေဖန်ပြီးမှ လုပ်သင့်၏။ ပြောသင့်၏။ စိတ်နောက်ကိုယ်ပါ၊ ချွန်းမရှိ၊ ပညာမရှိ မပြုမူသင့်။

၂၀။ ဧကောဓမ္မော ဟူသည့်အတိုင်း မိမိစိတ်ကို စောင့်ထိန်းမှသာ တရားလည်းရ၊ လူကောင်း သူကောင်းလည်းဖြစ်၊ ယခုဘဝတွင်ရော၊ သံသရာတွင်ပါ ချမ်းသာသုခ ရနိုင်သည်။ နိဗ္ဗာန်ရောက်ကြောင်း မဂ်တရား၊ ဖိုလ်တရားကို ကျင့်ကြံ အားထုတ်နိုင်ပါစေ။

၂၁။ စိတ်ကို မေတ္တာဖြင့်ထုံမွမ်းပါလေ။

၂၂။ မိမိစိတ်ကို အစဉ် သတိဖြင့် ကပ်ထားပါလေ။ မလွှတ်လိုက်ပါနှင့်။ စိတ်ဟူသည် ဖြန့်ကျက်တတ်သော သဘောရှိ၏။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု

တရားအသိကိုပေးလှူပါသည်
ချစ်ခင်လေးစားသော
ရွှေအိမ်စည်

ကျွန်တော်နဲ့ ဖေ့ ဘုတ်ပေါ်က ဂရုပေခ့်ျများ

မင်္ဂလာပါ .......
ဖေ့ ဘုတ်ကို ကျနော်စရောက်တဲ့ နေ့ ကမှတ်မှတယယ ဧဒင်ဥယျာဉ်www.edinooyin.com
ကိုစိတ်ကောက်တဲ့ နေ့ ပါဘဲ။
ဘာလုပ်ရမှန်းမသိဟိုမွှေဒီမွှေနဲ့ ..ဂရုတွေ ပေခ့်ျတွေ နဲ့ ရင်းနှီးလာခဲ့ ပါတယ်...ဒါနဲ့ ဘဲ ဂရုတွေ ဖွင့်ပေခ့်ျဖွင့်ပေါ...
ကျနော်ဆီ သူတို့ တွေ ဒီလိုဘဲ ပုံစံအမျိုးမျိုးနဲ့ တဖွဲဖွဲရောက်လာခဲ့ ပါတယ်.....


ဒီလိုနဲ့ ကျနော်..ဒီဂရုတွေ ဖွင့်ခဲ့ ပါတယ်။

၂။စိတ်အဟာရhttp://www.facebook.com/groups/shwearlu/

၃ကဗျာချစ်မြတ်နိုးသူများhttp://www.facebook.com/groups/adinoctober/

၎။အညာဒေသချစ်မြတ်နိုးသူများhttp://www.facebook.com/groups/shweaeimsiface/
ဒီဂရုကထူးခြားပါတယ်.....အညာနဲ့ အတူထန်းရည်ကိုချစ်ပါသတဲ့ ...
ဒီလိုဘယ်တော့မှ မလုပ်ကြပါဘူး....

၅။ဗိုလ်ချုပ်အောင်ဆန်းပြတိုက်http://www.facebook.com/groups/267589879917716/

၆။ထူးဆန်းဖွယ်ရာများhttp://www.facebook.com/groups/234236966586994/

ဒီအဖွဲ့ ကတော့ ဥာဏ်ကြီးရှင်များတာကြောင့် ဒီသင်တန်းပေးထားရတယ်....
ဒါ့အပြင်..သတ်ပုံနဲ့ ..စကားမပီကြတဲ့ အတွက်...ဆရာမတွေ ခန့် ပြီးကြီးကြပ်နေရတယ်
၈။ဟာသလွင်ပြင်http://www.facebook.com/groups/shweaeimsijoker/

၉။ဘ၀အားဆေးမှတ်စုhttp://www.facebook.com/groups/shweaeimsilifenotes/
Group of adorable toddlers looking at something
Group of adorable toddlers looking at something

၁၀။စာအုပ်စဉ်ပြတိုက်http://www.facebook.com/groups/shweaeimsilibrary/


၁၂။တိုင်းရင်းသားမျိုးနွယ်တော်များhttp://www.facebook.com/groups/shwearlurelative/

၁၃။ချက်ကြမယ်ဟေ့ မကောင်းတကောင်းhttp://www.facebook.com/groups/shweaeimsicooker/

၁၄။ငွေရေးကြေးရေးစီမံခန့် ခွဲမှုhttp://www.facebook.com/groups/274801915887059/

၁၅။ဖတ်မိသမျှကျန်းမာရေးသုတစာများhttp://www.facebook.com/groups/shweaeimsihealthcenter/

၁၆။။ဝန်ခံခြင်းအနူပညာhttp://www.facebook.com/groups/167329550041983/

၁၇။အမှတ်၅ ပရိတအဖွဲ့ http://www.facebook.com/groups/277906775594448/

၁၈။ကွန်ပျူတာနည်းပညာ - ရွှေအိမ်စည်http://www.facebook.com/shweaeimsi2?ref=stream
၁၉။ဧဒင်ဥယျာဉ်http://www.facebook.com/pages/%E1%80%A7%E1%80%92%E1%80%84%E1%80%B9%...



၂၀။ရွှေအာလူး(ရွှေအိမ်စည်ပျံသန်းခြင်းအနုပညာ)http://www.facebook.com/pages/%E1%80%B1%E1%80%9B%E1%82%8A%E1%80%A1%...


၂၂။ယနေ့ မြန်မာကမ္ဘာ့သတင်းများhttp://www.facebook.com/groups/shweaeimsinews/

၂၃။ ၀ိသာခါ(ဗုဒ္ဓ၏ သဘာဝဓမ္မဒါန)

၂၄။ရှေးဟောင်းမြန်မာ့ ကဗျာများhttp://www.facebook.com/groups/237590846346389/

၂၅။ရိုဟင်ဂျာ(ဘင်္ဂလီ)သည် မြန်မာတိုင်းရင်းသားမဟုတ်ကြောင်းနိုင်ငံတကာသိစေရေးhttp://www.facebook.com/groups/338102759577684/

 ၂၆။ဗဟုသုတမှတ်စုများ(မည်သူမဆိုမျှဝေယူနိုင်သည်)

၂၇။လူငယ် မေးဖြေကဏ္ဍ (ထက်မြက်သောလူငယ်တိုင်းဝင်ရောက်ဆွေးနွေးနိုင်သည်)

၂၈။ ချစ်သူဖတ်ဖို့  အချစ်စာမျက်နှာ

၂၉။ ဆေးလောက http://www.facebook.com/medicalworld

၃၀။ချစ်သူမြို့ တော် http://www.facebook.com/shwemyotaw

၃၁။ ကင်ဆာရောဂါ နှင့် ကျန်းမားရေးဆောင်းပါးများ

၃၂။ ဓမ္မလရိပ်

၃၃။ မြန်မာပြည်သူားများအတွက်အကျိုးဆောင်

၃၄။ ဧဒင်ဘာသာပြန်အဖွဲ့ 

၃၅။ မီးအိမ်တေးသံဇဉ်

ချစ်ခင်လေးစားသော
ရွှေအိမ်စည်

Group of adorable toddlers looking at something
Group of adorable toddlers looking at something





ကျွန်တော် ငပေါတွေနဲ့ ပျော်နေတယ် အမေ
=======================
သို့အမေ

နေကောင်းပါလေရဲ့လား
...
ဖေ့ဘွတ်ကနေ စာလွှာပါးလိုက်ပါတယ် အမေ။

ဟုတ်တယ်အမေ။

အခုကျွန်တော်နေတာ ဖေ့ဘွတ်ရွာမှာ

အိမ်နံပါတ်တော့ မရှိပါဘူး။

လင်းရောင်လို့သာ စာရိုက်ရှာ

ရုပ်ရှင်မင်းသားပုံပေါ်လာရင် အဲဒါကျွန်တော်ပါ အမေ။

စိတ်မပူနဲ့နော်အမေ

အခုတော့ ကျွန်တော် ပျော်နေပါပြီ

ဖေ့ဘွတ် ဖန်ရှင်တွေ အကုန်မတတ်ပေမယ့်

လူမှုဆက်ဆံရေးကို ကောင်းကောင်းတက်တော့

ဘ၀က ပျော်စရာ သက်သက်ဖြစ်နေပါပြီ။

အမေသင်ခဲ့သလို တစ်ရွာ တစ်ကျီ မဆောက်ဖြစ်ပေမယ့်

တစ်နေ့ တစ်ယောက်နှုန်းနဲ့ မိတ်ဆွေကောင်းတွေ မှန်မှန်ရောက် လာတတ်ပါတယ်။

ဆက်သွယ်ဖို့ကလဲ လွယ်တာကိုးအမေရဲ့။

အမေရေ

တကယ်အံ့သြစရာပါပဲ။
ဖေ့ဘွတ်ဆိုတာကြီးမှာ

တစ်ယောက်ကိုတစ်ယောက် နှစ်သက်ကြောင်း ပြဖို့အတွက်

LIKE ခလုပ်လေး နှိပ်တက်ဖို့ပဲ လိုပါတယ်။

အစက်ကလေး နှစ်စက်နဲ့ အကွေးကလေး တစ်ကွေး :)

အဲဒါ အပြုံးပေးတယ်လို့ ခေါ်တယ် အမေရဲ့ ။

ကျွန်တော် ပျော်တဲ့အခါ သုံးတတ်တယ်အမေ။

အစက်ကလေး နှစ်စက်နဲ့ အကွေးကလေးပြောင်းပြန်ဟာ :(

အဲဒါ ၀မ်းနည်းတာတဲ့အမေ။

လူသေတဲ့ စစ်ပွဲ သတင်းတွေနဲ့ ချစ်သူနဲ့ စိတ်ကောက်တဲ့အခါ

ကျွန်တော် မကြာမကြာသုံးဖြစ်ပါတယ်။

တစ်ယောက်ကို တစ်ယောက်ပြောင်ချင်တဲ့အခါ

အစက်ကလေးနှစ်စက်နဲ့ P ပါအမေ. :P

အရုပ်ကလေး လျှာထုတ်နေသလိုပေါ့။

အမေရေ

28 နှစ် အမေ့သား.

အခု ဖေ့ဘွတ်မှာ စကားမပီတော့ဘူးဆိုရင် မရယ်နဲ့နော်။

တေဂျင်းဇိုး.. မတာတဲ့ ..နာရိုးမတား.. ရီးပဲ…တဲ့

သူငယ်ချင်းတွေအားလုံး .. အဲဒီ အသုံးအနှုန်းနဲ့ ဆဲကြတယ်

သူငယ်ပြန်တယ် ဆိုပါတော့ အမေရယ်။

ရန်မဖြစ်ပါဘူးအမေရဲ့

တစ်ယောက်နဲ့ တစ်ယောက် ကျီစားတာ

စိတ်ထဲမှာ မေတ္တာနဲ့မို့

တစ်ချို့ဆို သားဆဲတာကို ပြန် Like ကြသေးသတဲ့ ..

ချစ်စရာပါအမေ။

စိတ်ချပါအမေ

လူလိမ္မာသား ယဉ်ပါး

အမေ့ သိက္ခာတရားကို မထိပါးစေရပါဘူး။

ဒေါသထွက်ရင်တရားနဲ့ဖြေ

ဖေ့ဘွတ်က လူမိုက်တွေကြားမှာလဲ ကျွန်တော်

မနေဘူးအမေ။

ကိုယ့်ဘာသာ Group ထောင်

လူပြောင်လူနောက်တွေ တစ်လှေကြီးနဲ့

ပျော်စရာ ခရီး ဆက်နေပါတယ်အမေ။

ရောက်ရာအရပ်က စိတ်ချ

တမလွန်မှာ ဖေ့ဘွတ်ရှိရင်

အမေ့သားကို Add ထားလိုက်ပါ အမေ။ ။


(သယ်ရင်းများ အတွက်)လင်းရောင်

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform