စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 19 March 2015

သူငယ်ချင်းတို့ ဘ၀မှာလမ်းပျောက်ဘူးလား.?? လမ်းသစ်ကောဖောက်ခဲ့ လား..?



သူငယ်ချင်းတို့ ဘ၀မှာလမ်းပျောက်ဘူးလား.?? လမ်းသစ်ကောဖောက်ခဲ့ လား..??

လမ်းဆိုတာ တစ်လမ်းတည်း ဘယ်တော့မှ မရှိပါဘူး။ လူဆိုတာ ကိုယ်သွားနေကြလမ်းကို ပဲ ပုံမှန်အတိုင်းသွားတတ်ကြတာ ထုံးစံပါပဲ။ တစ်ခါတစ်လေတော့လည်း လမ်းသစ်တွေကို ရှာဖွေတတ်ကြပါတယ်။ လမ်းသစ်တွေကို မတွေ့ခင်အထိတော့ ကိုယ်သွားနေကြ လမ်းက ကိုယ့်အတွက် အကောင်းဆုံးလို့ ထင်ကြမှာပါပဲ။ လမ်းသစ်ကို ရှာတယ်ဆိုတာကလည်း စွန့်စားရတဲ့ အလုပ်တစ်ခုဆိုတော့ တော်ရုံလူက မလုပ်ချင်ကြပါဘူး။

ဒီလိုပဲ ကျွန်တော်တို့ လူ့ဘ၀မှာ ကိုယ်သွားနေကြလမ်းဟောင်းကြီးကိုပဲ အမြစ်တွယ်ပြီး သွားနေကြတဲ့ လူတွေ အများကြီးရှိကြမှာပါ။ ကိုယ်သွားနေကြလမ်းမှာ အခြား သွားလို့ ရနိုင်တဲ့ ပန်းတိုင်ကို ပိုပြီး ချောမွေ့စွာ ရောက်နိုင်တဲ့ လမ်းတွေ အများကြီး ရှိနိုင်မှာပါပဲ။

ဒါပေမယ့် အချိန်မပေးနိုင်တာ၊ အခက်အခဲဖြစ်မှာကို ကြောက်တာကြောင့် လမ်းသစ်ကို မရှာဖွေ ဖြစ်ကြတဲ့ လူတွေ အများကြီး ရှိကြမယ်လို့ ထင်ပါတယ်။

ဒါပေမယ့် လမ်းသစ်တစ်ခုကို အချိန်တစ်ခုပေးပြီး စမ်းသပ်ရှာဖွေပြီး ကိုယ်နဲ့ သင့်တော်မယ်ထင်ရင် ပြောင်းလဲမှုတွေ လုပ်သင့်ပါတယ်။ လမ်းသစ်ဖြစ်တိုင်းလည်း ကောင်းလာလိမ့်မယ်လို့ အတတ်ပြောလို့တော့ မရဘူးပေါ့ဗျာ။

ဒါပေမယ့် ကိုယ်သွားနေတဲ့ လမ်းကြောင်းနဲ့ နှိုင်းယှဉ်ကြည့်ပြီး ကိုယ့်အတွက် သင့်တော်မယ်ထင်ရင် ပြောင်းလဲမှုဆိုတာမျိုးက လုပ်သင့် စွန့်စားသင့်တဲ့ အရာပါ။ လူတကာ သွားတဲ့ လမ်းကြောင်းကို ကိုယ်ကသင့်တော်တယ်ထင်ရင်လည်း အဲဒီလမ်းကြောင်းကို လိုက်ရသလို၊ ကိုယ်နဲ့သင့်တော်မယ့် လမ်းသစ်ဖောက်သင့်ရင်လည်း လမ်းသစ်ဖောက်ပြီး သွားရမှာပါပဲ။

လောကကြီးမှာ သွားစရာ လမ်းတွေ အများကြီးရှိပါတယ်။
အဓိကကတော့ ကိုယ်ကိုယ်တိုင် ရွေးချယ်တဲ့ လမ်းကို ကိုယ်ကိုယ်တိုင် လျှောက်ရမယ် ဆိုတာပါပဲ။ ပြီးတော့ လမ်းပြောင်းသင့်ရင်လည်း ပြောင်း၊ ပြန်လှည့်သင့်ရင်လည်း လှည့် ဒါကလည်း ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ပြီး လုပ်ဆောင်ရမယ့် အရာတွေပါပဲ။

ဘာမဆို ကိုယ်သာလျှင် ကိုယ့်ဘ၀ရဲ အရှင်သခင်မဟုတ်ပါလား။

ရွှေအိမ်စည်


သူငယ်ချင်းတို့ဘဝမှာဘာတွေပျောက်ခဲ့လဲ

သူငယ်ချင်းတို့ ဘ၀မှာ...ဘာတွေပျောက်ခဲ့ လည်း.
လူ့ ဘ၀တွင် ပျောက်ဆုံးနေသော အရာများစွာ ရှိတတ်သည်။
တချို့ ကကိုယ့်ရဲ့ မိဘပျောက်သွားတယ်....(မိဘပျောက်သွားရင်ရှာလို တော့မရပါဘူး)
တချို့ က....ချစ်သူပျောက်တယ်.....ချစ်သူပျောက် လျှင် အသစ်ရှာကြသည်။
ရတနာ ပျောက် လျှင်ရှာကြသည်။
ကျွန်တော်တို့ သင်ယူထားတဲ့ ဘာသာနဲ အလုပ်တကွဲတပြားစီပျောက်ကြတယ်..။
ကိုယ်ပိုင်လွပ်လပ်ခွင့်ဆုံးရှုံးမှု..အချိန်တွေလည်းပျောက်ကြတယ်...။

ရုပ်ဝတ္ထု ပျောက်ဆုံးခြင်းအတွက်ရှာပုံတော်ဖွင့်ရင်း
ကျွန်တော်တို့လူသားတွေအမောလှိုင်းများရင်ခုန်နေ ကြတယ်..။

ပျောက်ဆုံး ခြင်းအတွက် ရှာဖွေခြင်းသည် ထာဝရ ရှိနေသော လုပ် ရပ်ဖြစ်တယ်။
သည်လိုနှင့် ဘ၀ခရီး လမ်းမှာ ပျောက်လေ ရှာလေနှင့် ကျွန်တော် တို့တတွေ.........ဘ၀ကိုရှေ့ ဆက်နေကြတယ်.......။

ကျွန်တော်ဆွေးနွေးလိုသည်မှာ...ကျွန်တော်တို့ ဘာတွေပျောက်ခဲ့ ပါလဲ.....ကျနော်လည်းပျောက်ခဲ့ ပါတယ်....။သူငယ်ချင်းတို့ ကော....ဘ၀မှာ..ဘာတွေပျောက်ခဲ့ လည်း...????ရင်ဖွင့်ကြရအောင်ဗျာ......ခင်မင်လျှက်ရွှေအိမ်စည်


Monday, 9 March 2015

ငွေကိုဘယ်လိုရှာကြသလဲ..?ငွေကိုဘယ်လိုရှာမလဲ...?

ငွေကိုဘယ်လိုရှာကြသလဲ..?ငွေကိုဘယ်လိုရှာမလဲ...?
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
လောကမှာ လူတိုင်းလိုလို ငွေရှာနေကြရတာပဲ…
အကြောင်း အမျိုးမျိုးကြောင့် ဒီငွေကို နည်းအမျိုးမျိုးသုံးပြီး ရှာနေကြရတယ်…
ကောင်းမွန်ဖြောင့် မတ်တဲ့ နည်းလမ်းတွေ ကိုပဲ သုံးလိုကြပြီဆိုရင်တော့
ဒီစာကို ပြီးအောင် ဖတ်လိုက်ပါ …
သင့်အတွက် ထူးခြားတဲ့ အမြင်တစ်ခုကို ရရှိနိုင်ပါလိမမယ်…
( နိုင်ငံတကာ အသိအမှတ်ပြု စီးပွါးရေး ပညာရှင်
စာရေးသူ Robert Kiyosaki ရဲ့ အယူအဆများ ဖြစ်ပါတယ်…)
ကျွန်တော်တို့တွေ ငွေကို နည်းအမျိုးမျိုးနဲ့ ရှာနေကြတယ်ဆိုပေမယ့်
တကယ်တမ်းတော့ ဒီ ၄ မျိုး ( ESBI ) ကနေ ထွက်မသွားပါဘူး…
( 1 ) ဝန်ထမ်းအဖြစ် (Employee)
( 2 ) လွတ်လပ် ဝန်ထမ်း/ပညာရှင် (Self-employee)
OR အသေးစား လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Small business)
( 3 ) စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Business Owner )
( 4 ) ရင်းနှီးမြှုပ်နှ- သူ တစ်ယောက် အဖြစ် ( Investor )
( 1 ) ဝန်ထမ်းအဖြစ် (Employee)
ဝန်ထမ်းတွေဆိုတော့ သူတို့ မှာ အလုပ်ရှိတာပေါ့…
သူတို့က ငွေအတွက် သူတို့ ကိုယ်တိုင် အ လုပ်လုပ် ကြရပြီ…
ဒါပေမဲ့ သူတို့ အလုပ်လုပ်နေရတာဟာ
သူတို့ ဘဝ ချမ်းသာမြင့်မား ဖို့ ထက် …
သူတို့ကို အ လုပ်ပေးထားတဲ့ အလုပ်ရှင်တွေ ပိုပို ပြီး ချမ်းသာလာအောင်
လုပ်ပေးနေကြရတယ်…
သူတို့ ကိုယ်တိုင်အတွက် တော့ စားလောက်ရုံ …
ရပ်တည်နိုင်ရုံလောက်ပဲ ရကြတာများတယ်…
ဒါကြောင့် JOB ကို အဓိပယ် ဖွင့်ဆိုချက်တစ်ခု ရှိတယ် …
Just Over Broke တဲ့ ….မမွဲရုံ တမယ်ပေါ့….
( 2 ) လွတ်လပ် ဝန်ထမ်း/ပညာရှင် (Self-employee)
OR အသေးစား လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Small business)
သူတို့ က အလုပ်တစ်ခုကို ပိုင်ဆိုင်သူတွေပေါ့…
ဘယ်သူ့ ဆီကမှ အလုပ်တစ်ခုကို ခခယယ တောင်းနေစရာမလိုဘဲ…
ကိုယ်တိုင် အလုပ် တစ်ခုကို တည်ထောင် လုပ်ကိုင်ကြတယ်…
ကိုယ် ကြိုးစားရင် ကြိုးစား သလောက် ရကြတာပေါ့…
ဒါပေမဲ့ ငွေရှာဖို့ … ကိုယ်တိုင် အလုပ် လုပ်ကြရတယ်…
အလုပ်တစ်ခု အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုမှာ
တွယ်ငြိ နစ်မြုပ်သွားတတ်တယ်…
ဝင်ငွေအနည်းငယ် ကောင်းပေမဲ့ ဒါကို တွယ်ငြိသွားတာနဲ့
ဒီထက်ပို မတတ်နိုင်တော့တော့ပဲ တန့်သွားတာမျိုး ဖြစ်သွားတတ်တယ်…..
***
E နဲ့ S တွေဟာ ငွေကြေးလွတ်လပ်မှူ , အချိန်လွတ်လပ်မှူ တွေကို
ရရှိ ပိုင်ဆိုင်နိုင်ပါ့မလား…?
ရေရှည် ဘဝအတွက်ရော လုံခြုံစိတ်ချနိုင်ရပါ့မလား…?
( 3 ) စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Business Owner )
သူကတော့ စနစ် တစ်ခုကို ပိုင်ဆိုင်တယ်…( System )
ပြီးတော့ သူ့ရဲ့ စနစ်ကို သူ့ အစားအလုပ်တွေ အများကြီးလုပ်ခိုင်းတယ်…
သူကတော့ သေချာ စောင့်ကြည့်ရင်း သူ့စနစ်ကို
ကောင်းသထက်ကောင်းအောင် ပြင်နေတယ်…
သူ့စနစ်ကပဲ သူ့ကို ငွေတွေ ရှာပေးနေတယ်လေ…
စနစ် တိုးတက် ကောင်းမွန်လာတာနဲ့ အမျှ
ဝင်ငွေတွေ တိုးလာ… အချိန်လွတ်လပ်မှူတွေ ပိုရလာတာပေါ့…
( 4 ) ရင်းနှီးမြှုပ်နှံ သူ တစ်ယောက် အဖြစ် ( Investor )
သူကတော့ အရမ်းရိုးရှင်းပါတယ် …
သူ့ငွေတွေကို လွှတ်ပြီး နောက်ထပ် ငွေတွေ ရှာခိုင်းနေတယ်လေ..- .
ဒီလို ရှာနိုင်လောက်အောင်လည်း သူ့မှာ ငွေ ကြေး အလျှံပယ်
အတွေ့အကြုံ နဲ့ ပညာတွေ ရှိနေပြီလေ….
ငွေကြေးလွတ်လပ်မှူ , အချိန်လွတ်လပ်မှူ ကို အဆုံးစွန် ပိုင်ဆိုင်နေပြီပေါ့…
ကဲ မိတ်ဆွေ သင် ဘယ်လို ဘဝမျိုးကို လိုချင်လဲ … ?
ယခု လက်ရှိ ဘယ်လို ဘဝ မျိုးမှာ ရောက်နေလဲ … ?
ပြောင်းလဲ ချင်ပြီလား …?
ဘယ်လို ပြောင်းလဲမယ် ဆိုတာ ကိုရော စဉ်းစားပြီးပြီလာ- … ?
မပြောင်းလဲနိုငတော့ပါဘူး ဆိုပြီး ဆင်ခြေအမျိုးမျိုး နဲ့
ဘဝကို တကယ်ပဲ အရှုံးပေးချင်နေပြီလား … ?
ကျွန်တော်တို့က တော့ ကြိုးစားနေပါတယ် …
B နဲ့ I ကို ရောက်ဖို့ပေါ့ …
( လက်ရှိ ရှင်သန်နေထိုင်နိုင်ဖို့ E နဲ့ S ကို လုပ်ရင်း
B သမား တစ်ယောက်ဖြစအောင်
ကြိုးစား နိုင်ဖို့ … ကြိုးစားနေဖို့ ….ကျနော်ဝေမျှပါတယ်...)

သင် ... စကားပြောတတ် နေပြီလား ???

သင် ... စကားပြောတတ် နေပြီလား ???
▬▬▬▬▬▬▬▬▬▬▬▬▬▬
စကားပြောကောင်းခြင်းဟာလူမှုရေးနယ်ပယ်မှာကောစီးပွားရေးမှာပါ...လူချစ်လူခင်များပြီးအောင်မြင်တယ်ဆိုတာသိပြီးဖြစ်ပါလိမ့်မယ်။
တကယ်တော့ စကားပြောဆိုခြင်းသည် အလွန်အရေးပါ အရာရောက်သော ကဏ္ဍတစ်ခု ဖြစ်သည်ကို လူတိုင်းသိနေကြသော်လည်း စကားမည်သို့မည်ပုံ ပြောဆိုရမည် ဆိုသည့် အချက်အလက်များကိုတော့ လေ့လာမှတ်သားမကျင့်ကြံကြသည်က များနေသည်ကို တွေ့ရလိမ့်မယ်။
ကျနော်တို့ ဗုဒ္ဓဟောကြားတဲ့ တရားတွေထဲမှာလည်း..စကားပြောတဲ့ အခါဆင်ချင်ရမဲ့  အောင်မြင်နိုင်တဲ့ စကားပြောနည်းတွေ ရှိတယ်ဆိုတာသတိပြုစေချင်ပါတယ်..
ဒီနည်း ၆ချက်ကိုသာလက်ကိုင်ထားပြောဆိုမယ်ဆိုရင်လူချစ်လူခင်ပေါ်ပြီးအောင်မြင်နိုင်ပါလိမ့်မယ်....
၁။ ချစ်ခင်မြတ်နိုးဖွယ် ကိုယ်အမူအရာရှိခြင်း။
၂။ ချစ်ခင်မြတ်နိုးဖွယ် နူတ်အမူအရာရှိခြင်း။
၃။ ချစ်ခင်မြတ်နိုးဖွယ် လိုက်လျှောတတ်ခြင်း။
၎။ ချစ်ခင်မြတ်နိုးဖွယ် မျှတဝေဖန်မူရှိခြင်း။
၅။ ချစ်ခင်မြတ်နိုးဖွယ် ကိုယ်ကျင့်သိက္ခာရှိခြင်း။
၆။ ချစ်ခင်မြတ်နိုးဖွယ် အသိပညာရှိခြင်းတို့ပင် ဖြစ်ပေသည်။
မြန်မာလူမျိုးများ စကားပြောဆိုခြင်းနဲ့ ပတ်သတ်၍ လိမ်မာယဉ်ကျေးပါစေ
ချစ်ခင်လေးစားသော
ရွှေအိမ်စည်

သင်တကယ်စာဖတ်တယ်သူ ဆိုရင်...???

သင်တကယ်စာဖတ်တယ်သူ ဆိုရင်...???
▬▬▬▬▬▬▬▬▬▬▬▬
ပြတင်းပေါက်ကို ဖွင့်ထားပါ .
စာမတတ်သူက ပြတင်းပေါက်မပါတဲ့ အိမ်နဲ့တူတယ်တဲ့။ အလင်းမ၀င်၊ လေကောင်းမရ။ စာတတ်ပြီး စာမဖတ်သူက ပြတင်းပေါက်ပါပြီး ပြင်တင်းပေါက်မဖွင့်ဘဲ ပိတ်ထားတဲ့အိမ်နဲ့ တူတယ်တဲ့။ အလင်းမ၀င် လေကောင်းမရတာ အတူတူပါပဲ။
စာလဲတတ် စာလဲဖတ်သူကတော့ ပြတင်းပေါက်ရှိပြီး ပြတင်းပေါက်ကို ဖွင့်ထားတဲ့အိမ်မှာ အလင်းရောင်နဲ့ လေကောင်းရသလို အသိအမြင်ပညာ လင်းရတယ်။ စာနည်းနည်းဖတ်ရင် အသိအမြင် နည်းနည်းကျယ်တယ်။ စာအများကြီးဖတ်ရင် အသိအမြင် အများကြီးကျယ်တယ်။

အခွင့်သာတိုင်း စာဖတ်ပါ....
▬▬▬▬▬▬▬
တိုးတတ်တဲ့လူတွေက အချိန်ကိုအကျိုးမဲ့ အကုန်မခံဘူး။ ရထားစောင့်ရင်း၊ ကားစောင့်ရင်း စာဖတ်တယ်။ သင်္ဘောစီးရင်း စာဖတ်တယ်။ အစည်းအဝေးမစသေးရင် စာဖတ်တယ်။ သွားလေရာလက်ဆွဲအိတ်ထဲမှာ စာအုပ်၊ စာစောင်ပါတယ်။ အခွင့်သင့်တာနဲ့ စာဖတ်တယ်။ သွားရင်လာရင်း၊ နေရင်းထိုင်ရင်း အသိပညာတိုးနေတယ်။ တော်သူတွေ တော်သည်ထက်တော်အောင် ကြိုးစားနေကြတယ်။
စာဖတ်ခြင်းဖြင့် မြှုင့်တင်ပါ .
▬▬▬▬▬▬▬
ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ၊ ဘယ်နေရာဖြစ်ဖြစ် ရွာသိမ်ရွာငယ်လေးရဲ့ အစွန်အဖျား တဲအိမ်လေးမှာ ဖြစ်ပါစေ စာအများကြီး ဖတ်ရင် နောက်ကျမကျန်ဖူး။ ကမ္ဘာနဲ့အညီ ခေတ်မီတိုးတတ်နေပါလိမ့်မယ်။ စာဖတ်ခြင်းဖြင့် မိမိကိုယ့်ကို မြှင့်တင်ပါ။
စာများများဖတ်ပါ...
▬▬▬▬▬▬▬
စာဖတ်တာကို အကျင့်ပါနေအောင်လုပ်ပါ။ အခွင့်သာတိုင်း စာဖတ်ပါ။ စာအများကြီးဖတ်ပြီး ပညာကြီးမြင့်ပါစေ။ လူတော်လူကောင်းဖြစ်ပြီ ဘ၀အောင်မြင်တိုးတတ်ပါစေ။
ရွှေအိမ်စည်

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform