စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday, 22 October 2014

ဘာကြောင့် ဝရတာလဲ လို့ သင်သိချင်ပါသလား


ဝရတဲ့အကြောင်းရင်းကို တိုတိုရှင်းရှင်းပြရရင်တော့ အစာကို အလွန်အမင်းစားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု မလုံလောက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ကျဖို့ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပြီး အစားအသောက်လျှော့စားကာ ကယ်လိုရီပမာဏ လျှော့ချဖို့လိုပါတယ်။

ဒီလိုပြောတော့ လွယ်ပေမယ့် လက်တွေ့မှာ လိုက်နာဖို့ကျတော့ ခက်လှပါတယ်။ ဒီနေ့ခေတ်အလုပ်တွေဟာ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ အလုပ်တွေဖြစ်လာတာကြောင့်နဲ့ အစားအသောက် စားသောက်တဲ့ အလေ့အထကြောင့် ဖြစ်ပါတယ်။

အစားအသောက်စားတဲ့နေရာမှာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများများ၊ ထမင်း အသင့်အတင့်နဲ့ အသား၊ ငါး အသင့်အတင့်ကိုပဲ စားသင့်တာဖြစ်ပေမယ့် ဝတဲ့သူ အများစုဟာ ထမင်းအများအပြား၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံနည်းနည်းကိုပဲ စားလေ့ရှိတာကြောင့်ပါ။ ဒါ့အပြင် အလုပ်လုပ်ချိန်ပိုရဖို့အတွက် အစာကိုခပ်မြန်မြန် စားသောက်တဲ့အကျင့်ကလည်း အစာကို ပိုမိုစားဖြစ်စေတဲ့အချက်ပါပဲ။

ဒီနေ့ခေတ်မှာ အားကစားလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့်လည်း ဝစေပါတယ်။

အားကစားခန်းမ (Gym) သွားပြီး အားကစားကို တကူးတကမလုပ်နိုင်ရင်တောင် အိမ်မှာပဲ ရေမချိုးခင် လမ်းလျှောက်တာ၊ ထိုင်ထ လုပ်တာ၊ ဒိုက်ထိုးတာ စတဲ့အားကစားတွေကို အချိန်ရသလောက် ပြုလုပ်ပေးနိုင်ပါတယ်။ နံနက်တိုင်း သွားမတိုက်ရမနေနိုင်တဲ့ အကျင့်တစ်ရပ်လိုဖြစ်နေအောင် ကိုယ်လက်လှုပ်ရှားမှုကို ဆောင်ရွက်ပေးသင့်ပါတယ်။

ကိုယ်ရဲ့ဘဝနေထိုင်မှု ဟန်ပန်တချို့ကိုပြောင်းလဲလိုက်မယ်ဆိုရင်တော့ ဝရတဲ့ အကြောင်းရင်းအတွက် စိတ်ညစ်နေစရာ လိုမှာ မဟုတ်တော့ပါဘူး။

Good Health

ပညာရေး

Earache - နားကိုက်သည်
Headache - ခေါင်းကိုက်သည်
Sore throat - လည်ချောင်းနာသည်
Cough - ချောင်းဆိုးသည်
Stomachache - ဗိုက်နာသည်
Flu - တုတ်ကွေးမိသည်
Backache - ခါးနာသည်

DESTINATION (ပန်းတိုင်)

DESTINATION (ပန်းတိုင်)
The foolish live their lives without a destination.
Floating along aimlessly,
Often finding themselves at the starting conditions.
The clever often set unreachable destination,
Bearing these burdens on their shoulders,
Always reading where they stand with dis-satisfaction
The wish knew their ultimate destination in life,
Meeting small destination on the ladder to success,
They achieve hope and happiness thought out their journey.

လူမိုက်တို့်သည်ပန်းတိုင်မရှိ ရည်မှန်းချက်မဲ့စွာ ထိုနေရာတွင်ပင် တ၀ဲလည်လည် လွင့်မျောနေထိုင်တတ်ကြသည်။
ပညာရှိတို့မည်သည် ၀န်ထုပ် တစ်ခုကို ပုခုံးတွင်ထမ်း၍ ကြံ့ကြံ့ခံလျှက် မိမိရောက်ရှိနေသောနေရာနှင့် မကျေနပ်သေးဘဲ ဆက်လက်ကြိုးစားလေ့လာမှတ်သားကြသည်။
ပညာရှိတို့သည် သူတို့၏ နောက်ဆုံးသော ဘ၀ ပန်းတိုင် ကို သိကြသည်။
သူတို့၏ တက်လှမ်းနေသော ခရီးလမ်းတလျှောက်၏ လှေကားထစ်ပေါ်ဝယ် မျော်လင့်ခြင်း ပျော်ရွှင်ခြင်းများ အောင်မြင်မှုများရရှိကြလေသည်။

ပန်းတိုင်

လူုမိုက်မည်သည်
ဆုံးစ မသိ ပန်းတိုင်မရှိ
ရည်မှန်းချက်မဲ့စွာ
လှော်တက်မပါ
ဝေ့ကာဝဲကာ လွင့်မျောပါသည်။။။

ထက်မြက်သူမှာ
ဝန်ကိုထမ်းလျှက်
တိုးတက်ဖို့ရာ
လေ့လာမှတ်သား
အဆင့်ဆင့် လှမ်းကာ
မျော်လင့်ခြင်းပန်းတိုင်
်မမောမပန်းနိုင် လှမ်းကာလျှောက်လျက်
အောင်မြင်ခြင်း သရဖူ
ှဆွတ်ကာယူသည်
ဲပြုံးပန်းဝေဆာလျှက်ပါတကား။။။။
ခင်မင်ရသောသူငယ်ချင်းများရေ....

ဘ၀မှာတိုးတက်အောင်မြင်လိုသူတိုင်းဟာ..
မိမိရဲ့ ကိုယ်ပိုင်အားသားချက်အားနဲ ချက်တွေကိုဝေဖန်ပိုင်းခြား..ပြုပြင်နိုင်ရမည်။
ဒါမှာသာမိမိကိုယ်ကိုနားလည်ခြင်းself-realizationမှ...
ကိုယ်တိုင်ဖွံ့ ဖြိုးတိုးတက်မှု self-development...သို့ ရောက်နိုင်မယ်..
ဒါကြောင့် the foolish , the clever and the wish တို့ ရဲ့ ဒသအမြင်ကိုတင်ပြပေးပါမယ်...

ခင်မင်လေးစားသော
ရွှေအိမ်စည်

THOUGHTSစိတ်ကူးအတွေးများ

THOUGHTSစိတ်ကူးအတွေးများ
The foolish act and then afterward
This leads to mistakes and endless trouble.
The clever think first and act afterward,
And often ride in labyrinth of imagination.
May times their thoughts obstruct their courage.
The wise act out of thought and think as they act,
Making activity practical and possible.
They are safe from illusion, save energy and time,
And travel the smooth path to success
Yours....
Shwe Aeim Si

စိတ်ကူးအတွေးများ

The foolish act and then afterward
This leads to mistakes and endless trouble.
လူမိုက်တို့၏ မဆင်ခြင်သော အပြုအမူကြောင့် အမှားသို့ဦးတည်လျှက်
မဆုံးသော ပြသနာကို ဖန်တီးတတ်ကြသည်။

The clever think first and act afterward,
And often ride in of imagination.
May times their thoughts obstruct their courage.
တတ်သိနားလည်သောသူတို့သည် မပြုလုပ်မီ တွေးတော ဆင်ခြင်ပြီးမှသာ ပြုလုပ်လေ့ရှိသောလည်း ရံဖန်ရံခါ
်စိတ်ကူးအတွေးဖြင့် ရှုပ်ထွေးတွေဝေစေလျက် ၄င်းသည် ထိုသူတို့၏ အစွမ်းသတ္တိကို အဟန့်အတားဖြစ်စေတတ်သည်။

The wise act out of thought and think as they act,
Making activity practical and possible.
They are safe from illusion, save energy and time,
And travel the smooth path to success
ဥာဏ်အမြော်အမြင်ရှိသူသည် ဖြစ်နိုင်ခြေရှိသည်ကို လက်တွေ့ဆောင်ရွက်သည်။
အာရုံထွေပြားမှုမရှိစွာ အားအင်အချိန် ကို အလေအလွင့်မဖြစ်စေဘဲ အောင်မြင်မှုပန်းတိုင် သို့
ချောမွေ့စွာ ခရီးနှင်ကြလေသည်။

labyrinth= a confusion set of connecting passages or paths in which it is easy to get lost or
something which is very confusion.
ရွှေအိမ်စည်

SPEAKING( စကားပြောခြင်း)

SPEAKING( စကားပြောခြင်း)
The foolish like to argue.
They only create conflicts and contradictions.
Instead of gaining knowledge.
The clever like to ask.
They create relationship and gain knowledge.

The wise tend to remain silent;
They observe deeply and propose the appropriate.
Thanks,
Shwe Aeim Si

စကားပြောဆိုခြင်းနှင့်ပတ်သက်သော

မိုက်မဲသူတို့သည်.....
ငြင်းခုံခြင်းကို နှစ်သက်လျှက် ဗဟုသုတရစေမည့် အစား ပဋ္ဋိပက္ခ ဖြစ်ရန်သာ ဖန်တီး၍ ခံငြင်းပြောဆိုတတ်ကြသည်။

ထက်မြက်သူတို့သည် မေးမြန်းခြင်းကို နှစ်သက်လျှက် ပေါင်းသင်းဆက်ဆံမှုပြု၍ ဗဟုသုတ ရယူတတ်ကြ၏။

ဥာဏ်အမြော်အမြင်ရှိသူမှာ ဆိတ်ငြိမ်စွာနေထိုင်လျှက် နက်နက်နဲနဲ လေ့လာမှုပြုပြီးမှ သင့်လျော် သည်ကို အဆိုပြု အကြံပေး၏။

စကားလက်ဆောင်

အကျိုးမဲ့ နှင့်သာဆိုင်သော စကားသည် အခွန်းတစ်ထောင်မည်သော်လည်းမမြတ်၊
တရားနှင့် ဆိုင်သောစကားသည် တစ်ခွန်းတည်း သော်လည်းမြတ်၏။
ရွှေအိမ်စည်

ခင်များတို့လုပ်တတ်တာ ဘာရှိလဲ

ခင်များတို့လုပ်တတ်တာ ဘာရှိလဲ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လျှပ်စစ်တွေ ထုတ်တယ်
ပြည်သူအများစု မသုံးရဘူး
ဆန်စပါးအများကြီး ထွက်တယ်
ပြည်သူတွေ ဝဝလင်လင်မစားရဘူး
တိုင်းတစ်ပါးသားတွေ ကျူးကျော်နေတာကြာပြီ
ခြံစည်းရိုးမရှိဘူး
ဆင်းရဲလို့ မိန်းမငယ်လေးတွေ သူများနိုင်ငံမှာ
ပြည့်တံဆာအလုပ် အစေခံအလုပ်တွေ သွားလုပ်နေရတယ်
ပြည်တွင်းမှာ အလုပ်အကိုင်ရှိအောင် မလုပ်ဘူး
စစ်သည်သုံးသိန်းရှိတယ်
သောင်းကျန်းသူတွေကို မနှိမ်နင်းနိုင်ဘူး
ပညာတတ်တွေ အများကြီးထွက်တယ်
ပြည်တွင်းမှာ အသုံးမချတတ်ဘူး
ကျောက်တွေ ကတ္တရာတွေ အများကြီးရှိတယ်
လမ်းတွေ မကောင်းဘူး
သံတွေထွက်တယ်
အပ်တစ်ချောင်းတောင် မလုပ်တတ်ဘူး
ရာဘာတောကြီး ရှိတယ်
တာယာကို နိုင်ငံခြားက ဝယ်ရတယ်
သယံဇာတတွေ အများကြီးထွက်တယ်
ကုန်ချော မလုပ်တတ်ဘူး
ရတနာတွေ အများကြီးထွက်တယ်
ပြည်သူတွေ အလှမဆင်နိုင်ဘူး
ပညာရေးနိမ့်ကျနေတယ်
ကောင်းကောင်း သင်ဖို့ စိတ်မကူးဘူး
ပင်လယ်ပြင်ကြီးရှိတယ်
ပင်လယ်စာကောင်းကောင်း မစားရဘူး
အုပ်ချုပ်ရေး ကစဥ့်ကလျားဖြစ်နေတယ်
တရားဥပဒေ စိုးမိုးအောင် မလုပ်ကြဘူး
အကျင့်ပျက်ခြစားမှုတွေ များနေတယ်
ပိုင်ဆိုင်မှု ပြအောင်မလုပ်နိုင်ဘူး
ကမ္ဘာမှာ အကောင်းဆုံး ဘာသာတရားရှိတယ်
မငြိမ်းချမ်းဘူး
အမှန်တရားရှိပေမဲ့
အမုန်းတရားနဲ့ အုပ်ချုပ်တယ်
မကျန်းမာတဲ့သူတွေ ရှိတယ်
ဆေးမကုနိုင်ဘူး
ရာသီဥတု ကောင်းတယ်
စိုက်ပျိုးရေးမှာ အောက်ဆုံးက
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အောက်ဆုံးရောက်နေတယ်
ပြည်သူတွေ အုပ်ချုပ်ရေး အတတ်ပညာကို သင်ခွင့်မရဘူး
ဝန်ကြီးဌာနအများစု အလွဲသုံးစားလုပ်နေတယ်
အရေးမယူဘူး
ကျွန်းသစ်တွေ အများကြီးထွက်တယ်
ပြည်သူအများစု တဲနဲ့နေရတယ်
ကမ္ဘာမှာ လူဦးရေအများဆုံးနိုင်ငံ နှစ်နိုင်ငံနဲ့ကပ်နေတယ်
ကုန်ချောပစ္စည်း ရောင်းမစားတတ်ဘူး
ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်ရှိတယ်
ပြည်သူတွေ သူ့အကြောင်း သင်ခွင့်မရဘူး
အမှားတွေ ထောက်အပြခံရတယ်
မပြင်ဆင်ကြဘူး
ဒီမိုကရေစီနိုင်ငံထူထောင်တယ်
အာဏာရှင် စိတ်ဓါတ်နဲ့
ကမ္ဘာကျာ် ခေါင်းဆောင်ရှိတယ်
အုပ်ချုပ်ခွင့် မရဘူး
ဒေါက်တာ အောင်ခင်
၁၉ -၀၆-၂၀၁၃

မြန်မာတို့ ဘောလုံးပွဲကို စပိန်သား ကမ္ဘာကျော် ရာအူးလ် မျက်မြင်တွေ့သည့် အချိန်တွင်

တစ်ကြိမ်မှ ကိုယ်တွေ့မကြုံခဲ့ဖူးသော မြန်မာတို့ ဘောလုံးပွဲကို စပိန်သား ကမ္ဘာကျော် ရာအူးလ် မျက်မြင်တွေ့သည့် အချိန်တွင်
============================
ကာတာ ယူ၁၉ အသင်းတွင် ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူးဟောင်း ရာအူးလ် ဂွန်ဇာလက်က နည်းပြအဖွဲ့တွင် အကြံပေးတစ်ဦးအဖြစ် လိုက်ပါလာခဲ့သည်။
ကာတာအသင်း မြန်မာ ကစားပုံကြောင့် ချောက်ခြားမှားယွင်းမှုများ ကြုံလာတိုင်း ရာအူးလ်မျက်နှာက မကြည်မသာ။
တစ်ကြိမ်မှ ကိုယ်တွေ့မကြုံခဲ့ဖူးသော မြန်မာတို့ ဘောလုံးပွဲကို စပိန်သား ကမ္ဘာကျော် ရာအူးလ် မျက်မြင်တွေ့သည့် အချိန်တွင် ပွဲစဉ်က လှပလွန်းနေသည်။
ပရိသတ်အားပေးမှုကလည်း လှပလွန်းနေသည်။ ကွင်းထဲက မြန်မာတို့ ခြေစွမ်းသည်လည်း နောက်ဆုံးမိနစ်အထိ ပြိုင်ဘက်ကို ဒုက္ခပေးလွန်းလှသည်။ သေချာသည် ရာအူးလ်သည် သူမတွေ့မိ မခံစားမိသည့် စိတ်လှုပ်ရှားမှုများကို မနေ့က မြန်မာ ယူ၁၉ အသင်းပွဲစဉ်ကြည့်ရှုပြီးနောက် သူသိသွားခဲ့လေပြီ။
ပွဲအပြီးတွင် မြန်မာတိုက်စစ်မှူး သန်းပိုင်နှင့်အတူ ရာအူးလ်ကို အ၀တ်စားလဲခန်းထိပ်တွင် တွေ့မြင်ရသည့် ပုံရိပ်က မြန်မာကစားသမားတို့၏ အနာဂတ်ကို ကြိုမြင်နေရသလိုပင် ခံစားမိသည်။
" မြန်မာ အသင်း ကစားပုံက ထိပ်တန်း အဆင့်ပါ . ယခုပွဲဟာ တကယ့်ကို စိတ်လှုပ် ရှားစရာ ကောင်းတဲ့ ပွဲတပွဲပါ။ သူတို့ အသင်း တိုက်စစ် ကစားပုံတွေက နောက်ဆုံး မိနစ်ထိ စိတ်လှုပ် ရှားစရာ တွေပေးသွားခဲ့ပါတယ်။
ကျွန်တော် မေးချင် တာတခုက အခုလက် ရှိ မြန်မာ ကစားသမားတွေ ဘာကြောင့် ပရီးမီးယားလိဂ် ၊ လာဂီဂါ ၊ စီးရီးအေတို့လို နေရာတွေမှာ ဘာလို့ သွားမကစား ရတာလဲ ဆိုတာကိုပါ။ မြန်မာ ကစားသမား တချို့မှာ ထိပ်တန်း ခြေစွမ်းတွေ ရှိနေပါတယ် ။ " ဟု ရာအူးလ်က ပြောခဲ့သည် ကို ပြန်ကြားရသည်။
Credit : MFF, Photo - Herrera Shine Koko

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform