စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 15 February 2016

email နှင့် ecommerce ကဲ့သို့သော e-စကားလုံးများ၏ မှန်ကန်သောစာလုံးပေါင်းက ဘာပါလဲ။

email နှင့် ecommerce ကဲ့သို့သော e-စကားလုံးများ၏ မှန်ကန်သောစာလုံးပေါင်းက ဘာပါလဲ။
တိတိကျကျ မှန်ကန်ဖို့ဆိုလျှင် ဒီစကားလုံးတွေကို ကြားမှ တုံးတို (hyphen) ခံရေးသင့်ပါတယ်။ e သည် electronic ဆိုတဲ့ စကားလုံး၏ အတိုကောက်ဖြစ်တဲ့အတွက် e-mail၊ e-commerce ဟု ရေးသင့်ပါတယ်။ စကားလုံးတွေရဲ့ အလယ်မှာခံတဲ့ တုံးတိုတွေရဲ့ သဘာဝအတိုင်း အချိန်ကြာလာတာနှင့်အမျှ ၄င်းတုံးတိုက ပျောက်သွားနိုင်ပါတယ်။ Oxford English Dictionary (Oxford : Clarendon Press, 1888-1928) ထဲမှာတော့ email ကို နာမ်အဖြစ်ဖော်ပြပြီး e-mail ကိုတော့ ကြိယာအဖြစ် သတ်မှတ်ထားပါတယ်။ ဒီအသုံးအနှုန်းကို ၁၉၈၂ ခုနှစ်မှာ နာမ်အဖြစ် ပထမဦးဆုံးမှတ်တမ်းတင်ခဲ့ပြီး၊ ၁၉၈၇ ကျတော့ ကြိယာအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ အဘိဓာန်အများစုကတော့ E-mail ကို ပိုနှစ်သက် ကြပါတယ်။ အကြောင်းကတော့ A-bomb, C-section နှင့် G-string ကဲ့သို့သော စကားလုံးများနှင့် နှိုင်းယှဉ်၍ မှန်ကန်ကြောင်း ပြနိုင်သောကြောင့် ဖြစ်ပါတယ်။

"Road" နှင့် "Street" ကြား ဘာခြားနားပါသလဲ။

"Road" နှင့် "Street" ကြား ဘာခြားနားပါသလဲ။
"Road" ဆိုတာကတော့ ပုံမှန်အားဖြင့် ပို၍ ဝေးကွာတဲ့နေရာ နှစ်နေရာကြားရှိ လမ်းကြောင်းဖြစ်ပါတယ်။ Street ကတော့ မြို့ကြီး (City)၊ မြို့(town) သို့မဟုတ် ရွာထဲမှာ ခင်းထားသောလမ်း (သို့) လမ်းမကြီးဖြစ်ပါတယ်။ အထူးသဖြင့် ဘေး၌ အိမ်များ၊ ဆိုင်များ (သို့) တခြားအဆောက်အဦများ စီတန်းလျက်ရှိနေသော လမ်းဖြစ်ပါတယ်။ Street တစ်ခုမှာ ဒီအရာတွေ မရှိပါက ၄င်းကို road လို့ ခေါ်နိုင်ပါတယ်- ဆိုတာကို သွယ်ဝိုက်၍ ပြောနေတာဖြစ်ပါတယ်။ မြို့တစ်မြို့တိုးချဲ့လာတာနဲ့အမျှ တစ်ခါတရံကျတော့ ယခင်က road ဖြစ်ခဲ့တဲ့ လမ်းက street ဖြစ်သွားနိုင်ပါတယ်။ Road ဆိုတဲ့ စကားလုံးကတော့ ယေဘုယျကျပြီး street အတွက်လည်း အသုံးပြုနိုင်ပါတယ်။ Street ကတော့ ပိုပြီး ကျဉ်းမြောင်းတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ အောက်ပါဥပမာတွေကိုလေ့လာကြည့်ပါ။
- Yangon Pyay Road
- Insein Road
- Mahabandola Garden Street
- Latha Street

Axe နှင့် ax ကြားဘာခြားနားပါသလဲ။

Axe နှင့် ax ကြားဘာခြားနားပါသလဲ။
ခြားနားချက်မရှိပါ။ ပေါက်ခြင်း၊ ခုတ်ပိုင်းခြင်းအတွက် အသုံးပြုသော ကြီးမားလေးလံသော ကိရိယာ (ပုဆိန်) အတွက် စာလုံးပေါင်းမူကွဲတွေသာ ဖြစ်ပါ တယ်။ "Ax"ကိုတော့ ခေတ်သစ်အမေရိကန်အင်္ဂလိပ်စကားက ပို၍ နှစ်သက်သော ပုံစံဖြစ်ပါတယ်။ ထိုစကားလုံးများသည် လက်တင်ဘာသာ မှ "ascia" နှင့် ဂရိဘာသာမှ "axine" ဆိုတဲ့ စကားလုံးတို့မှ ဆင်းသက်လာခြင်း ဖြစ်ပါတယ်။ အများကိန်း (plural)ကတော့ "axes" ဖြစ်ပါတယ်။
မူရင်း ။ ။ မသိသာသောခြားနားချက်များ (British Council)

How to write Myanmar names in English နာမည်ရေးနည်း

How to write Myanmar names in English နာမည်ရေးနည်း
မြန်မာဗျည်းသက်သက်(၃၂) လုံး
က = K ခ = Kh K = ခ ဂ,ဃ = G င = Ng
စ,ဆ = S ဇ,စ် = Z ည = Ny
ဋ,တ = T ထ,ဌ = Ht ထ,႒ = T ဒ,ဓ,ဍ, ဎ = D န,ဏ = N
ပ = P ဖ = Ph ဗ,ဘ = B မ = M
ယ = Y ရ = R လ,ဠ = L ၀ = W သ = Th ဟ = H

ဗျည်းတွဲ(၆)မျိုး
၁။ ဗျည်းတစ်လုံးနောက်မှ Y ဆက်ပေးလျှင် “ယပင့်” “ရရစ်” ဖြစ်၏။
ပုံစံ။ ။ Ky= က် ,ၾက Py=ပ် ,ျပ By=ဗ် ,ျဗ Gy=ဂ် Phy=ဖ် ,ျဖ My=မ ် ,ျမ
၂။ ဗျည်းတစ်လုံးနောက်မှ W ဆက်ပေးလျှင် “၀ဆွဲ” ဖြစ်၏။
ပုံစံ။ ။ Kw=ကွ Khw=ခွ Gw=ဂွ Sw=စွ,ဆွ Zw=ဇွ ,ဈွ Lw=လွ Ngw=ငွ Dw=ဒွ
၃။ဗျည်းတစ်လုံးရှေ့မှ H ထား၍ရေးလျှင် “ဟထိုး”ဖြစ်၏။
ပုံစံ။ ။ Hng=ငှ Hny=ညှ Hn=နှ,ဏှ Hm=မှ
၎။ဗျည်းတစ်လုံးနောက်မှ Y,W ဆက်ပေးလျှင် “ ယပင့် ၀ဆွဲ” “ရရစ် ၀ဆွဲ” ဖြစ်၏။
ပုံစံ။ ။ Kyw= ကျွ , ကြွ Pyw= ပျွ ,ပြွ Myw= မျွ , မြွ
၅ ။ ဗျည်းရှေ့က H နှင့် ဗျည်းနောက်က Y ဆက်ပေးလျှင် “ယပင့်ဟထိုး” “ရရစ်ဟထိုး” ဖြစ်၏။
ပုံစံ။ ။ Hmy=မျှ , မြှ Hly=လျှ
၆။ဗျည်းရှေ့က H နှင့် ဗျည်းနောက်က W ဆက်ပေးလျှင် “ဟထိုးဝဆွဲ” ဖြစ်၏။
ပုံစံ။ ။ Hnw=နွှ Hlw=လွှ Hmw=မွှ
ကာရန်သရများ
a=အ , အာ, အား i = အိ, အီ , အီး u= ဥ, ဦ, ဦး
(ar=အာ, အား) (ee= အီ, အီး) (oo= ဦ ,ဦး)
e = အေ ,အေ့ , အေး e = အဲ , အဲ့ , အယ်
(ay-aye= အေ ,အေ့ , အေး) (ai = အဲ , အဲ့ , အယ်)
aw =အော့ ,အော် , အော an =အံ , အံ့
အက္ခရာအသတ်များ
et= က် in= င့် it =စ် i , ee = ည် int = င့် an = န် , မ် ai ( e ) = ယ် at = တ် , ပ် ant = န် , မ့်
သရနှင့်အသတ်များ
eik = -ိ တ် -ိပ် ( လုံးတင်တသတ် လုံးတင် ပသတ်)
ein = -ိန် -ိမ် ( လုံးတင်နသတ် လုံးတင်မသတ်)
ok(oke)= -ုတ် , -ုပ် (ချောင်းငင်တသတ် ,ချောင်းငင်ပသတ်)
ont(one , ohn frown emoticon -ုန် , -ုမ် (ချောင်းငင်နသတ် ,ချောင်းငင်မသတ်)
auk=ေ-ါက်(သဝေထိုးရေးချကသတ်)
aung=ေ-ါင် (သဝေထိုးရေးချငသတ်)
aik= -ိုက်(လုံးတင်ချောင်းငင်ကသတ်)
aine , (ine)= -ိုင် (လုံးတင်ချေင်းငင်ငသတ်)
o , ( oe , oh frown emoticon -ို (လုံးတင်ချောင်းငင်)
ဗျည်း - ဗျည်းတွဲ နှင့် သရပေါင်းပုံနမူနာ
Ka = က ကာ ကား Ki = ကိ ကီ ကီး Ku= ကု ကူ ကူး
Ke =ကေ ကေ့ ကေး Ke,=Kai ကဲ ကဲ့ Kaw = ကော့ ကော် ကော
Kan =ကံ ကံ့ (Kant = ကံ့ ) Kya = ကျ ကျာ ကျား Kyi = ကျိ ကျီ ကျီး
Kyu = ကျု ကျူ ကျူး Kye = ကျေ့ ကျေ ကျေး Kye,(Kyai) = ကျဲ ကျဲ့ 
Kyaw= ကျော ကျော့ ကျော် Kyan= ကျံ ကျံ့ (Kyant =ကျံ့) Kwa = ကွ ကွာ ကွား
Kwai= ကြိ ကြီ ကြီး Kwe =ကွေ့ ကွေ ကွေး Kwe ,( Kwai )=ကွဲ , ကွဲ့
Kun=ကွံ , ကွံ့ (Kwan ဟုမရေးရ)
ဗျည်းနှင့် အသတ်ပေါင်းပုံနမူနာ
Ket = ကတ် Kin = ကင့် ကင် ကင်း ( Kint = ကင့် ) Kit = ကစ်
Ki (Kee)= ကည် ကည့် ကည်း Kat =ကတ် ကပ် Kan =ကန့် ကန် ကန်း , ကမ့် ကမ် ကမ်း
K (Kant= ကန့် ကမ် ) Kai,(Ke)=ကယ် ကယ့် Kyet = ကြက်
Kyin= ကြင် ကြင့် ကြင်း (Kyint) =ကြင့် Kyit =ကြစ်
Kyi , (Kyee) = ကြည့် ကြည် ကြည်း Kyat =ကြတ် ကြပ်
Kyan = ကြန် ကြန့် ကြန်း ၊ ကြမ် ကြမ့် ကြမ်း K (Kyant) = ကြန့် ကြမ့်
Kyai , (Key) = ကြယ် ကြယ့်
ဗျည်းနှင့်သရအသတ်ပေါင်းပုံနမူနာ
Keik =ကိတ် ၊ ကိပ် Kein = ကိန် ကိန့် ကိန်း , ကိမ် ကိမ့် ကိမ်း Keint =ကိန့် ကိမ်
KoK , (Koke) = ကုတ် ကုပ် Kon , (Kone , Kohn ) = ကုန် ကုန့်ကုန်း ၊ ကုမ် ကုမ့် ကုမ်း
Kont = ကုန့် , ကုမ့် Kauk= ကောက် Kaung= ကောင် ကောင့် ကောင်း
Kaik= ကိုက် Kaing , ( Kine ) = ကိုင် ကိုင့် ကိုင်း Ko ,( Koe ) =ကို ကို့ ကိုး
Kyeik= ကြိတ် ကြိပ် Kyein = ကြိန် ကြိန့် ကြိန်း, ကြိမ် ကြိမ့် ကြိမ်း ၊ (Kyeint =ကြိန့် ကြိမ့်)၊
Kyok , (Kyoke)= ကြုတ်၊ ကြုပ် Kyon , (Kyone , Kyohn) = ကြုန် ကြုန့် ကြုန်း , ကြုမ် ကြုမ့်ကြုမ်း
(Kyont= ကြုန့် ကြုမ်) ၊ Kyaik= ကြိုက် ၊ Kyaing (Kyine) = ကြိုင် ကြိုင့် ကြိုင်း ၊ Kyo ( Kyoe ) = ကြို ကြို့ ကြိုး ။
မှတ်ရန် ။ ။ (က)ချ ၊ ခြ ကို Khy ဖြင့် မရေးရ ၊ Ch ဖြင့်ရေးရမည်။
(ခ) ယှ ၊ ရှ ကို Hy , hr ဖြင့် မရေးရ ၊ Sh ဖြင့်ရေးရမည်။
(ဂ) ၀ဆွဲ နသတ် အတွက် un ကိုသုံးရမည်။ “ထွန်း” ကို Tun ဟုရေးရမည်။Twan ဟုမရေးရ။
(ဃ) ၀ဆွဲတသတ်ကို ut ဖြင့်ရေးရပည်။ “ထွတ်” ကို Kut ဟုရေးရမည်။ Twat ဟုမရေးရ။
(င) ထ = Ht အစား T တစ်လုံးတည်းဖြင့် လည်း ရေးကြသည်။ ဖ= Ph အစား P တစ်လုံးတည်း ဖြင့် လည်းရေးကြသည်။ ဥပမာ - မောင်ထင် = Mg Tin ။ ဦးဖေ = U Pe စသည်ဖြင့်ရေးသားကြသည်။ ခ = Kh အစား K တစ်လုံး တည်း ရေးသားကြသည်။ ဥပမာ - Ma Kin =မခင်။
အထူးမှတ်ရန်။ ။
မြန်မာဘာသာတွင် စာရေး အမှန် ၊ စာဖတ်အသံ ဟုဆိုသည့်အတိုင်း ရေးသောအခါ သတ်ပုံ မှန်အောင်ရေး၍ ဖတ်သောအခါ အသံကို အများ ဖတ်နေကျအသံအတိုင်း ဖတ်ကြရသည်။
ဥပမာ။ ။
ညောင်လေးပင် ကို ညောင်လေးဘင်ဟုဖတ်၍
ရေကျော် ကို ရေဂျော် ဟုဖတ်၏။
မန္တလေး ကို မန်းဒလေး ဟုဖတ်၏။
ကြားတောရလမ်း ကို ဂျားတောရလမ်း ဟုဖတ်၏။
သို့ရာတွင် အထက်ပါနာမည်များကို အင်္ဂလိပ် ဘာသာဖြင့် ရေး သား သောအခါသတ်ပုံအမှန်ကိုမကြည့် ဘဲအသံထွက် အတိုင်း (၀ါ) ဖတ်သည့် ပြောသည့် အသံအတိုင်း လိုက်၍ ရေးရကြောင်း အထူးသတိပြု ရပေမည်။
ဥပမာ။ ။
ညောင်လေးပင် = Nyaunglebin
ရေဂျော် =Yegyaw
မန္တလေး =Mandalay
ကြားတောရလမ်း = Gyatawya Street
စသည်ဖြင့်သတ်ပုံမလိုက်ဘဲအသံကိုလိုက်၍ရေးရလေသည်။
မြန်မာနာမည်ရေးနည်း
၁။ မြန်မာလူနာမည်များကိုရေးရာ၌အသံထွက်စာလုံးတိုင်းကို Capital Letter ခေါ် စာလုံးကြီးဖြင့်စ၍ရေး ရမည်။စာလုံးပေါင်းတစ်ခုနှင့်တစ်ခု ဆက်မရေးရ။
ပုံစံ။ ။ Maung Thaung Lwin =မောင်သောင်းလွင်
Ma Tin Yee = မတင်ရီ
U Aye Maung = ဦးအေးမောင်
Daw Mya Kyi = ဒေါ်မြကြည်
Khin Soe Myint = ခင်စိုးမြင့်
Ma Than Hlaing = မသန်းလှိုင်
၂။ ဘုန်းကြီး သီလရှင်တို့ ဘွဲ့နာမည်များတွင် ရှေ့ဆုံး အက္ခရာတစ်လုံးကိုသာ စာလုံးကြီးဖြင့်ရေး၍ တဆက်တည်း စာလုံးပေါင်းရမည်။( လူကဲ့သို့ တစ်လုံးချင်းမရေးရ ၊ မှားတတ်သည်။)
ပုံစံ။ ။Ashin Thumana =အရှင်သုမန
U Khemeinda = ဦးခေမိန္ဒ
ဆရာတော် ဦးဉာဏ ။ (Ven U Nyana ကို Venerable - ဗင်း- န်ရ်ဘဲလ် ဟုပြောရဖတ်ရသည်။ ရိုသေလေးစားသောအားဖြင့် ဘုန်းကြီးဘွဲ့ရှေ့တွင် ထားရေးကြသည်။
U Khemeinda =ဦးခေမိန္ဒ
Shin Thawbana=ရှင်သောဘဏ
Koyin Zawana=ကိုရင်ဇ၀န
Daw Thilasari=ဒေါ်သီလစာရီ
Ma Nyanawadi=မဉာဏ၀တီ
Ma Kinsana=မကဉ္စန
Ma Kulawadi=မကုလ၀တီ
Daw Nyanasagi=ဒေါ်ဉာဏစာဂီ
၃။ ရာထူးအလုပ်အကိုင်တို့ကို နာမည်ရှေ့က ထည့်၍ ခေါ်ဝေါ်ရေးသားသောအခါ ၄င်းရာထူးအလုပ်အကိုင်၏ အစဆုံးအက္ခရာတစ်လုံးကိုသာ စာလုံးကြီးဖြင့်ရေးရ၍တဆက်တည်းစာလုံးပေါင်းရသည်။
ပုံစံ။ ။ ဆရာမ Sayama Ma Tin Yee =မတင်ရီ
Sayagyi U Aye Maung = ဆရာကြီးဦးအေးမောင်
Saya U Kyaw Tint= ဆရာဦးကျော်တင့်
Bogyoke Aung San=ဗိုလ်ချုပ်အောင်ဆန်း
Yebaw Kyaw Win= ရဲဘော်ကျော်ဝင်း
Sayadaw U Zawtika= ဆရာတော်ဦးဇောတိက
Phongyi U Khemeinda= ဘုန်းကြီးဦးခေမိန္ဒ
Ubazin U Nyana=ဦးပဉ္စင်းဦးဉာဏ
Koyin Shin Kethara= ကိုရင်ရှင်ကေသရ
Sayagyi Daw Thilasri = ဆရာကြီးဒေါ်သီလစာရီ
Syalay Daw Nyanawadi=ဆရာလေး ဒေါ် ဉာဏ၀တီ
၎။မြို့ ရွာ လမ်း အဆောက်အအုံ၏ အမည်များတွင် အစဆုံးအက္ခရာတစ်လုံးကိုသာ စာလုံးကြီးဖြင့်ရေး၍ တဆက်တည်းစာလုံးပေါင်းရသည်။အသံထွက်အတိုင်းစာလုံးပေါင်းရသည်။
ပုံစံ။ ။ Pyuntaza = ပြွန်တန်ဆာ
Nyaunglebin= ညောင်လေးပင်
Bago= ပဲခူး
Yedashe= ရေတာရှည်
Kanyutkwin= ကညွတ်ကွင်း
Mandalay= မန္တလေး
Seikpyangyi Village= ဆိတ်ပြန်ကြီးရွာ
Lay- ein Zu Village= လေးအိမ်စုရွာ
Ngabyema Village=ငါးပြေမရွာ
Payangazu Street=ဘုရားငါးဆူလမ်း
Theinpyu Street=သိမ်ဖြူလမ်း
Gyatawya Street =ကြားတောရလမ်း
Shwedagon Pagoda=ရွှေတိဂုံဘုရား
Sulay Pagoda= ဆူးလေဘုရား
Seindaungpyan= စိန်ဒေါင်းပျံ(သင်္ဘော)
Aungteza= အောင်တေဇ(သင်္ဘော)
၅။ အဓိပ္ပါယ်ရှိသည့် နာမ်ပုဒ်များကို စုပေါင်း၍မှည့်ခေါ်ထားသော အဆောက်အအုံ ၊ အသင်း ၊ရုံး ၊ ရာထူး အမည် များတွင် နာမ်ပုဒ် တိုင်း ကို စာလုံးကြီး ဖြင့် စရေးရမည်။
ပုံစံ ။ ။ Bahan State High School =ဗဟန်းအစိုးရအထက်တန်းကျောင်း။
World Peace Pagoda= ကမ္ဘာအေးဘုရား
Union Bank of Myanmar=ပြည်ထောင်စုဘဏ်တိုက်
National Housing Board= ပြည်သူ့အိုးအိမ်အဖွဲ့
Buddhist Scholar Society=ဗုဒ္ဓ၀ါဒသုတေသနအဖွဲ့
Head Master=ကျောင်းအုပ်ဆရာကြီး
Member of Parliament = ပါလီမန်အမတ်
Deputy Commissioner = အရေးပိုင်
General Secretary = အကျိုးဆောင်ချုပ်
Prime Minister =၀န်ကြီးချုပ်
ရုံးကိစ္စလျှောက်လွှာများတွင် လူနာမည် ၊ မြို့ ရွာအမည်များ ကို ပုံနှိပ် စာလုံးကြီး သက်သက်ဖြင့် သာရေးသားကြလေသည်။လျှောက်လွှာများ၌( In Block Letters ) စာလုံးကြီးဖြင့်ရေးပါဟု အထူးမှာ ထားတတ်ကြသည်။
ပုံစံ ။ ။ MAUNG WIN MAUNG =မောင်ဝင်းမောင်
MA MYA THAUNG = မမြသောင်း
MAUNG SEIN WIN = မောင်စိန်ဝင်း
MA TIN YEE= မတင်ရီ
MANDALAY= မန္တလေး
YANGON= ရန်ကုန်
KYUAKSE = ကျောက်ဆည်
THAZI =သာစည်
Reference : New Method English Grammar By Ashin Thumana( B . A)

Natural numbers ဂဏန်းရေးနည်း

Natural numbers ဂဏန်းရေးနည်း
• 100 = One hundred = တရာ
• 1,000 (103) = One thousand = တထောင်
• 10,000 (104) = Ten Thousand = ဆယ်ထောင်
• 100,000 (105) = One hundred thousand = တရာထောင်
• 1,000,000 (106) = One million = တစ်သန်း
• 10,000,000 (107) = Ten million = ဆယ်သန်း
• 1,000,000,000 (109) = One billion တစ်ဘီလီယံ (သန်း ၁,ဝဝဝ)
• 1,000,000,000,000 (1012) = One trillion တစ်ထရီလိယန် (ဘီလီယံ ၁,ဝဝဝ)

ဂဏန်းရေးနည်းစည်းမျဉ်းမှာ (,) ကော်မာကို ထောင်ဂဏန်းကစပြီးသုံးတယ်။ ကော်မာကိုမှန်အောင်ထားရင် ဖတ်ရတာ တန်းသိမယ်။ ဆယ်ထောင်၊ တရာထောင်၊ တသန်း (တထောင်ထောင်)။
သောင်း၊ သိန်းနဲ့ ကုဋ္ဋေကို နိုင်ငံအတော်များများမှာမသုံးပါ။
• 10,000 ကို Ten Thousand = ဆယ်ထောင်လို့သာရေးတယ်။ သောင်းလို့ မြန်မာပြည်မှာသာခေါ်တယ်။
• 100,000 ကို One hundred thousand = တရာထောင်လို့သာရေးတယ်။ သိန်းလို့မြန်မာပြည်မှာသာခေါ်တယ်။ One Lakh (Lac) လို့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာပြည်မှာသာ သုံးတယ်။
• 10,000,000 ကို ဆယ်သန်းလို့သာခေါ်တယ် Crore (ကုဋ္ဋေ) လို့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာပြည်မှာသာ သုံးတယ်။
• 1,500 တထောင့်ငါးရာကို အိန္ဒိယမှာ One thousand five hundred လို့မရေးပဲ၊ Fifteen hundred လို့ရေးတယ်။ အိန္ဒိယမှာနေရတုံးက ချက်လက်မှတ်ရေးရတာ အတော်ဂွကျတယ်။
• စက္ကန့်ပေါင်း ၁ သန်း = ၁၂ ရက်။
• စက္ကန့်ပေါင်း ၁ ဘီလီယန် = ၃၁ ရက်။
• စက္ကန့်ပေါင်း ၁ ထရီလီယန် = ၃၁,၆၈၈ နှစ်။
• မိနစ်ပေါင်း ၁ သန်း = ၁ နှစ်၊ ၃၂၉ ရက်၊ ၁ဝ နာရီ၊ ၄ဝ မိနစ်။
• မြန်မာပြည်သီပေါမင်းပါတော်မူတဲ့ ၁၈၈၅ ခုနှစ်ဟာ လွန်ခဲ့တဲ့ နာရီပေါင်း ၁ သန်းကဖြစ်ပါတယ်။
credit to ဒေါက်တာတင့်ဆွေ

ကိုယ်ပိုင်ဟန်ကလေးရှိရဲ့လား...???

July 29, 2015 · Yangon · 
ကိုယ်ပိုင်ဟန်ကလေးရှိရဲ့လား...???
▬▬▬▬▬▬▬▬▬▬▬▬▬
ဘ၀ရဲ့လောင်ပြောင်မှုတွေနဲ့ ရုန်းကန်နေရတဲ့အချိန်တိုင်းမှာ စိတ်ပိုင်းဆိုင်ရာတွေဟာ ညှိုးနွမ်းမှုတွေ၊ ပင်ပမ်းနွမ်းနွယ်မှုတွေ။
မကျေနပ်စိတ်တွေနဲ့ ပြည့်နေတတ်ပါတယ်။ 
ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုပြန်မေးသင့်တာက ငါဘာဖြစ်ချင်တာလဲ၊ငါဘာလုပ်နေတာလဲ......ဆိုတဲ့မေးခွန်းလေးတွေနဲ့ ပြန်မေးရပါတယ်။ တခုလိုချင်ရင် တခုပြန်ပေးရတဲ့ လောကကြီးမှာ ဘာတခုမှအလကားမရဘူးဆိုတာကို အောင်မြင်မှုကို ငတ်မွတ်နေတဲ့ လူတိုင်းမှာ နှစ်လုံးသွင်းနိုင်မယ်ဆိုရင် ဘယ်က ရလာမှန်းမသိတဲ့ ခွန်အားတွေအလိုလိုပြည့်လာတတ်ပါတယ်။
တခုသတိထားရမှာက ဘ၀ရဲ့အောင်မြင်မှုတွေကို ရုန်းကန်နေတဲ့အချိန်မှာ စိတ်ဓာတ် နဲ့ခွန်အားဟာ အကြီးဆုံး အရင်းအမြစ်တွေဖြစ်တယ်ဆိုတာမမေ့ဖို့လိုပါတယ်။စိတ်ဓာတ်တကယ်ကောင်းရင် ကိုယ့် အလုပ်ဟာလဲတကယ်ကို သန့်စင်တဲ့အောင်မြင်မှု ရမယ်။ ရေရှည်တည်တန့်နေမယ်။ စိတ်ဓာတ်တွေသန့်စင်နေဖို့ကြတော့ အများကြီးလိုတာပေါ့နော်။ ကျနော်တို့သိတာတွေကော မသိသေးတာတွေကော အမှန်တကယ် သိဖို့လိုအပ်တာတွေကောပေါ့။
ကိုယ်လုပ်ခဲ့တဲ့အလုပ်တိုင်းဟာ ရေရှည်တည်တန့်နေဖို့လိုတယ်။
ကိုယ်တိုင်လဲမလုပ်ဘူး လုပ်နိုင်အောင်လဲမကျိုးစားပဲ သူများတွေလုပ်ပြီးသားအလုပ်တွေကို ခိုးကူးနေမယ်။ ပြိးရင်ကိုယ်တိုင်ဖန်တီးသလိုလိုနဲ့ ဟန်ဆောင်မယ်ဆိုရင် ရေရှည်တည်တန့်ဖို့တော့ခက်ပါလိမ့်မယ်။
အခုဆိုရင် ဟန်ဆောင်သမားတွေဟာလဲ ဆက်ပြီးဟန်ဆောင်ဖို့ခက်ခဲလာခဲ့ပါပြီ ဘာကြောင့်ဆိုရင် လူတိုင်း ကွန်ပြူတာအင်တာနက် သုံးစွဲလာနိုင်လို့ပါ။ လူတိုင်းစာတွေကိုဖတ်ခွင့်ရနေလို့ပါ။ ဒီလိုအချိန်မှာ ကိုယ်ပိုင်အတွေးအခေါ်လေးနဲ့ ကိုယ်ပိုင်လုပ်ဟန်လေးတွေကိုမှ မတည်ဆောက်နိုင်ဘူးဆိုရင်တော့ တချိန်မှာ မထင်မခြားနဲ့ ပျောက်ကွယ်ပြီး ကိုယ်လိုချင်တဲ့အောင်မြင်မှုဟာလဲ ကိုယ်ပိုင်မဟုတ်လို့ရေရှည်ဖို့တော့မလွယ်လှပါဘူး။
လူတိုင်းကိုယ်ပိုင်ဟန်လေးနဲ့တင့်တယ်ကြပါစေ။
အောင်မြင်မှုတည်တန့်ပါစေ။
ချစ်ခင်လေးစားသော
ရွှေအိမ်စည်...
---------------------------------------------
အမြင့်တစ်နေရာရောက်ဖို့
နင်းတက်သွားတဲ့လှေကားက
လူတစ်ဖက်သားရဲ့ဘဝမဖြစ်စေနဲ့
ပန်းတိုင်ကိုအရင်ရောက်နိုင်ဖို့အတွက်
ပြိုင်ဘက်ထက်သာအောင်ပြေးနိုင်ဖို့ပဲလိုပါတယ်
သူ့ခြေထောက်တွေကိုရိုက်ချိုးဖို့တော့
မတွေးမိပါစေနဲ့
"ဝဋ်ဆိုတာလည်တတ်လို့ပါသူငယ်ချင်း"

အကောင်းဆုံးလက်ဆောင်

· အကောင်းဆုံးလက်ဆောင်…?
▬▬▬▬▬▬▬▬▬▬▬▬
ကျွန်မနယူးဇီလန် သွားတုန်းက ခရီးအတူသွား ကောင်မလေးတစ်ယောက်က အခုလို့ မေးခဲ့တယ်။
“လူတစ်ယောက်က အခြားလူတစ်ယောက်ကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်က ဘာလဲ”

ဒီမေးခွန်းကို ကျွန်မသဘောကျလို့ ကျွန်မနဲ့သိတဲ့ လူအချို့ကိုလည်း မေးခဲ့ဖူးတယ်။ အဖြေတွေအများကြီးထဲက တစ်ချို့အဖြေဟာ စိတ်ဝင်စားစရာ ကောင်းနေတယ်။ ဥပမာ “သစ္စာ၊ ချီးကျူးစကား၊ ဂတိ၊ အကြင်နာ၊ ဗဟုသုတ၊ လေးစားမှု၊ ခွင့်လွတ်မှု၊ အချစ်၊ ဂရုစိုက်မှု.... ” စတာတွေဖြစ်တယ်။ အဖြေတွေထဲက ကျွန်မကို မေးခွန်းထုတ်ခဲ့တဲ့ ကောင်မလေး ဖြေခဲ့တဲ့ “အချိန်” ဆိုတဲ့အဖြေကို အခုထက်ထိ ကျွန်မ အမှတ်ရနေမိတယ်။

ချစ်သူနဲ့ကွဲစ သူငယ်ချင်းတစ်ယောက်ကို စိတ်ပြေအောင် ကျွန်မတို့ သူငယ်ချင်းတစ်သိုက် အပြင်ခေါ်ထုတ်ပြီး လည်ပတ်စားသောက်ကြတယ်။ တစ်ပတ်နေပြီးနောက် သူငယ်ချင်းတွေထဲက တစ်ယောက်က သူ့ကို “နင်စိတ်ပြေအောင် လည်ပတ်စားသောက်ခဲ့တဲ့ billတွေအားလုံး အဲဒီလူကို ပို့ပေးလိုက်၊ ပိုက်ဆံကို သူရှင်းပါစေ”လို့ စနောက်လိုက်တယ်။

“ဘာဖြစ်လို့လဲ”

“လမ်းခွဲခလေ”

“ဟင်း....သူလျော်နိုင်မှာ မဟုတ်ပါဘူး.. ဘာဖြစ်လို့လဲဆိုတော့ ငါ့ရဲ့ အကောင်းဆုံးအချိန်၊ တန်ဖိုးအရှိဆုံး အချိန်တွေကိုတောင် သူ့ကိုပေးခဲ့တာပဲ။ သူလျော်နိုင်မှာ မဟုတ်ပါဘူး” လို့ သူက ပြန်ဖြေရှာတယ်။

(၂)
နေ့တိုင်း အချိန်တွေကို အလုပ်မှာပဲ မြုပ်နှံထားပြီး အိမ်ထောင်ပြုဖို့ အရွယ်လွန်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို သူ့အိမ်က စိတ်ပူစပြုလာတယ်။ သူ့အတွက် သင့်တော်မယ့် မိန်းကလေးကို လိုက်ရှာ၊ လိုက်စပ်ပေးနဲ့ အလုပ်ရှုပ်နေကြတယ်။ “ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်လဲ၊ ကိုယ်ကြိုက်တာ တစ်ခုခုကို ပြောမှ လူတွေက နင့်အတွက် ရှာပေးရ အဆင်ပြေမှာပေါ့” လို့ သူ့ကို ကျွန်မမေးတော့...
“သူ့အတွက် ငါ့အချိန်တွေကိုပေးနိုင်မယ့် မိန်းကလေးကိုပဲ ငါလိုချင်တယ်” လို့ သူက ပြန်ဖြေခဲ့တယ်။

(၃)
အချစ်ကြောင့် စိတ်ရောကိုယ်ပါ အကြီးအကျယ် ထိခိုက်ခဲ့တဲ့ ကောင်မလေးတစ်ယောက်က နှစ်တွေကြာခဲ့ပေမယ့် မပျော်ရွှင်တဲ့ စိတ်ပြတင်းပေါက်ကို မဖွင့်နိုင်ခဲ့ဘူး။ အချစ်သစ် မရှာနိုင်ခဲ့ဘူး။ လူတွေက သူ့ကိုထားသွားခဲ့သူကို မမေ့နိုင်လို့၊ စောင့်နေသေးတယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် အဲဒီလူ သူ့ကိုပြန်ဆက်ဖို့ ထပ်ကြိုးစားချိန်မှာ သူငြင်းပယ်ခဲ့တယ်။

“သူ့ကို ကျွန်မ မေ့မရလို့ မဟုတ်ပါဘူး။ ကျွန်မနှမြောတာက ဟိုးအရင်သူနဲ့အတူ ရှိခဲ့ဖူးတဲ့ အချိန်တွေကိုပါ။ ဒါပေမယ့် အဲဒီလိုအချိန်မျိုး ကျွန်မတို့အတွက် ထပ်ရှိလာနိုင်တော့မှာ မဟုတ်ပါဘူး”

(၄)
“အဆုံးမဲ့ အချိန်နယ်ပယ်တွင်းမှာ စောတယ်၊ နောက်ကျတယ်ဆိုတာ မရှိဘူး။ အချိန်မီ ရောက်လာတာပဲရှိတယ်”

စောစောမုန်းတဲ့ အမုန်းပဲဖြစ်ဖြစ်၊ နောက်ကျမှ မုန်းတဲ့ အမုန်းပဲဖြစ်ဖြစ် အမုန်းဆိုတာ စိတ်ညစ်၊ ၀မ်းနည်းစရာတွေဖြစ်တယ်။ ဒါကြောင့် အမုန်းကို ဥပေက္ခာ ပြုလိုက်တာ အကောင်းဆုံးပါပဲ။
မှန်တဲ့အချိန်မှာတွေ့တဲ့ အချစ်ရဲ့ရုပ်ပုံကမှ လှပသတဲ့။ (right time, right person)
မှန်တဲ့အချိန်မှာ မှားတဲ့အချစ်နဲ့ တွေ့ရင် ခံစားရတယ်။ (right time, wrong person)
မှားတဲ့အချိန်မှာ မှန်တဲ့အချစ်နဲ့တွေ့ရင် ၀မ်းနည်းရတယ်။ (wrong time, right person)
ကိုယ့်အချိန်တွေကို ပေးနိုင်မယ့် လူတစ်ယောက်ကိုရှာယူပါ။
သူ့အချိန်တွေ ကိုယ့်အတွက်ပေးနိုင်မယ့် လူတစ်ယောက်ကို ရှာယူပါ။
ကိုယ့်အတွက် စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်တဲ့ လူကိုတန်ဖိုးထားပါ။
အကောင်းဆုံး လက်ဆောင်ဆိုတာ ကိုယ်ချစ်တဲ့လူအတွက် ကိုယ့်အချိန်တွေကို ပေးနိုင်တာပဲဖြစ်တယ်။

သွားအတူ၊ လာအတူ၊ စားအတူ၊ အတူဆွေးနွေးတယ်၊ အတူဆိုညည်းတယ်၊ အတူကဗျာစပ်ကြတယ်၊ အတူကာရံတွေညှိကြတယ်... အတူ..... အတူ.... တစ်ယောက်တည်း ဖြစ်သွားတဲ့အချိန်မှာ “အပျော်”ဆိုတာ မရှိတော့ဘူး။
တကယ်လို့ ကျွန်မကို “အကောင်းဆုံး လက်ဆောင်က ဘာလဲလို့” မေးခဲ့ရင် “အချိန်” လို့ပဲ ကျွန်မဖြေမိမှာပါ။

ဘယ်လောက်ပဲ ချစ်နေ၊ ခံစားနေပါစေ၊ ဘယ်လောက်ပဲ လေးစားမြတ်နိုးနေပါစေ... အဲဒီအချစ်၊ မြတ်နိုးမှုတွေက ကိုယ်ချစ်တဲ့လူတစ်ယောက်ရဲ့ အနားမှာနေခွင့်ရတဲ့ “အချိန်” နဲ့ မနှိုင်းသာပါဘူး။

ချစ်သူတိုင်းအကောင်းဆုံးလက်ဆောင်ကိုတန်ဖိုးထားပါ။ အကောင်းဆုံးဘာသာပြန်လက်ဆောင်ပါ။
အားလုံးကိုခင်မင်လေးစားလျက်
ရွှေအိမ်စည်

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform