စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 16 May 2016

Phonetic အသံထွက် ဖတ်နည်းလမ်းညွှန်-၂

 ဗျည်းသံ (၂၄) သံနဲ့ သရ
သံ တို့ကိုပေါင်းသည့်အခါ /အ/ နေရာတွင် ဗျည်းသံများကို
အစားထိုး၍ ဖတ်ရမည်။
ဥပမာ - bit / bɪt/ /ဘစ်(ထ်)/ ကို ကြည့်ရအောင်။

/ɪ/ /အစ်/ အသံထွက်သည့်စကားလုံးများ။
bit /bɪt/ /ဘစ်(ထ်)/
git /gɪt/ /ဂစ်(ထ်)/
lit /lɪt/ /လစ်(ထ်)/
pit /pɪt/ /ပစ်(ထ်)/
sit /sɪt/ /စစ်(ထ်)/
/e/ /အက်/ အသံထွက်သည့်စကားလုံးများ။
bet /bet/ /ဘက်(ထ်)/
pet /pet/ /ပက်(ထ်)/
set /set/ /စက်(ထ်)/
wet /wet/ /၀က်(ထ်)/
/æ/ /အဲ့/ အသံထွက်သည့်စကားလုံးများ။
bat /bæt/ /ဘဲ့(ထ်)/
cat /kæt/ /ကဲ့(ထ်)/
mat /mæt/ /မဲ့(ထ်)/
sat /sæt/ /စဲ့(ထ်)/
vat /væt/ /ဗဲ့(ထ်)/
/ʌ/ /အပ်/ အသံထွက်သည့်စကားလုံးများ။
but /bʌt/ /ဘပ်(ထ်)/
cut /cʌt/ /ကပ်(ထ်)/
nut /nʌt/ /နပ်(ထ်)/
rut /rʌt/ /ရပ်(ထ်)/
/ɒ/ /အော/ /အော့/ အသံထွက်သည့်စကားလုံးများ။
cot /kɒt/ /ခေါ့(ထ်)/
dog /dɒg/ /ဒေါ့(ဂ်)/
dot /dɒt/ /ဒေါ့(ထ်)/
pot /pɒt/ /ပေါ့(ထ်)/
rot /rɒt/ /ရော့(ထ်)/
/ʊ/ /အွတ်/ အသံထွက်သည့်စကားလုံးများ။
good /gʊd/ /ဂွတ်(ဒ်)/
put /pʊt/ /ပွတ်(ထ်)/
should /ʃʊd/ /ရွှတ်(ဒ်)/
took /tʊk/ /တွတ်(ခ်)/
would /wʊd/ /၀ွတ်(ဒ်)/
/ə/ /အ/ /အာ/ /အယ်/ အသံထွက်သည့်စကားလုံးများ။
ago /ə'gəʊ/ /အဂိုး/
another /ə'nʌð.ər/ /အနာ့ဿာရ်/
mother /'mʌð.ər/ /မာ့ဿာရ်/
normal /'nɔː.məl/ /နေားမယ်(လ်)/
vocal /'vəʊ.kəl/ /ဗိုးခယ်(လ်)/
/i/ /အီ/ အသံထွက်သည့်စကားလုံးများ။
be /bi/ /ဘီ/
cozy /'kəʊ.zi/ /ခိုးဇီ/
meanie, meany /'miː.ni/ /မီးနီ/
the /ði/ /ဿီ/
we /wi/ /၀ီ/
/u/ /အူ/ အသံထွက်သည့်စကားလုံးများ။
annual /'æn.ju.əl/ /အဲန်ယူယယ်(လ်)/
influence /'ɪn.flu.ənts/ /အင်န်ဖလူယန့်ထ်(စ်)/
situate /'sɪt.ju.eɪt/ /စစ်တျူယေ့(ထ်)/
to /tu/ /တူ/
/iː/ /အီး/ အသံထွက်သည့်စကားလုံးများ။
bee /biː/ /ဘီး/
gee /dʒiː/ /ဂျီး/
pea /piː/ /ပီး/
see /siː/ /စီး/
/ɑː/ /အား/ အသံထွက်သည့်စကားလုံးများ။
bar /bɑːr/ /ဘားရ်/
car /kɑːr/ /ခါးရ်/
father /fɑː.ðər/ /ဖါဿးားရ်/
far /fɑːr/ /ဖါးရ်/
/ɔː/ /အေား/ အသံထွက်သည့်စကားလုံးများ။
ball /bɔːl/ /ဘေား(လ်)/
call /kɔːl/ /ခေါး(လ်)/
door /dɔːr/ /ဒေါးရ်/
fall /fɔːl/ /ဖေါး(လ်)/
pore /pɔːr/ /ပေါးရ်/
/uː/ /အူး/ အသံထွက်သည့်စကားလုံးများ။
cool /kuːl/ /ခူး(လ်)/
flew /fluː/ /ဖလူး/
glue /gluː/ /ဂလူး/
school /skluː/ /စကူး(လ်)/
tool /tuːl/ /တူး(လ်)/
/ɜː/ /အား/ အသံထွက်သည့်စကားလုံးများ။
blur /blɜːr/ /ဘလားရ်/
cur /kɜːr/ /ခါးရ်/
her /hɜːr/ /ဟါးရ်/
word /wɜːd/ /၀ါး(ဒ်)/
/eɪ/ /အေ/ /အေး/ အသံထွက်သည့်စကားလုံးများ။
bay /beɪ/ /ဘေး/
day /deɪ/ /ဒေး/
pay /peɪ/ /ပေး/
say /seɪ/ /စေး/
/aɪ/ /အိုင်း/ အသံထွက်သည့်စကားလုံးများ။
buy /baɪ/ /ဘိုင်း/
cry /kraɪ/ /ခရိုင်း/
nine /naɪ/ /နိုင်း/
pile /paɪ/ /ပိုင်း(လ်)/
/ɔɪ/ /အွိုင်း/





Phonetic အသံထွက် ဖတ်နည်းလမ်းညွှန်-၁

Phonetic အသံထွက် ဖတ်နည်းလမ်းညွှန်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄
Pronunciation Symbols(အသံထွက်သင်္ကေတများ)

အသံထွက်သင်္ကေတများကို
1. Vowel sounds
a) Short Vowels
b) Long Vowels

2. Diphthongs

3. Consonant sounds ဟူ၍ အောက်ပါအတိုင်း အဆင့်
အဆင့်ခွဲထားပါသည်။

(1) Vowel sounds (သရသံများ)
▄▄▄▄▄▄▄▄▄▄
သရသံများတွင် short vowels အသံတိုနှင့် long vowels
အသံရှည်ဟူ၍ အသံနှစ်မျိုးရှိသည်။

a) short vowels (သရသံတိုများ)
▄▄▄▄▄▄▄▄▄▄
အောက်ပါအသံများကို တိုတိုပြတ်ပြတ် ဖတ်ရမည်။
ɪ /အစ်/ /အင်/
e /အက်/ /အဲ/
æ /အဲ/ /အဲ့/
ʌ /အပ်/
ɒ /အော/ /အော့/
ʊ /အွတ်/
ə /အ/ /အာ/ /အယ်/
i /အီ/
u /အူ/
သတိ - ʊ နှင့် u တို့သည် ခပ်ဆင်ဆင်တူသဖြင့် မှားတတ်သ
ည်။

b) Long vowels (သရသံရှည်များ)
▄▄▄▄▄▄▄▄▄▄
အောက်ပါအသံများကို ရှည်ရှည်ဆွဲ၍ ဖတ်ရမည်။
iː /အီး/
ɑː /အား/
ɔː /အေား/
uː /အူး/
ɜː (UK) / ɝː (US) /အား/
ɚ (US) /အာ/

(2) diphthongs (သရတွဲများ)
▄▄▄▄▄▄▄▄▄▄
အောက်ပါအသံများကို (တွဲဖက်၍၊ ဆက်၍) မြန်မြန်၊ သွက်
သွက် ရွတ်ဆိုရမည်။
eɪ /အေး/
aɪ /အိုင်း/
ɔɪ /အွိုင်း/
əʊ /အိုး/ (British English)
oʊ /အိုး/ (American English)
aʊ /အောင်း/
ɪə /အစ်အာ/ /အစ်ယာ/
eə /အဲအာ/ /အဲယာ/ (UK)
ʊə /အွတ်အာ/ /အွတ်ယာ/ (US)
aɪə /အိုင်းအာ/ /အိုင်းယာ/
aʊə /အောင်းအာ/ /အောင်းယာ/
uə /အူအာ/ /အူယာ/

သတိပြုရန်။ ။ əʊ /အိုး/ နှင့် aʊ /အောင်း/ တို့၏ အရှေ့
သင်္ကေတများသည် မသိမသာ ကွာခြားသောကြောင့် အထူး
သတိပြုရမည်။ ə /အာ/ အသံတို့ကို အရှေ့မှ အသံထွက်မျ
ားနှင့်ပေါင်း၍ မြန်မြန်ရွတ်ဆိုရမည်။
ဥပမာ - uə /အူအာ/ ကို ကြည့်ကြစို့။ အူ နှင့် အာ တို့ကိုေ
ပါင်း၍ အူအာလိုလို အူယာ လိုလို ရွတ်ဆိုပါ။

(3) Consondant sounds (ဗျည်းအသံများ)
▄▄▄▄▄▄▄▄▄▄
b /ဘ/ /ဘ်/
d /ဒ/ /ဒ်/
f /ဖ/ /ဖ်/
g /ဂ/
h /ဟ/
j /ယ/
k /က ၊ ခ/ /က် ၊ ခ်/
l /လ/ /လ်/
m /မ/ /မ်/
n /န/ /န်/
p /ပ/ /ပ်/
r /ရ/ /ရ်/
s /စ/ /စ်/
t /တ ၊ ထ/ /တ် ၊ ထ်/
v /ဗ/ /ဗ်/
w /၀/
z /ဇ/ /ဇ်/
dʒ /ဂျ/ /ဂ်ျ/
ŋ /င/ /င်/
ð /ဿ/
θ /သ/
ʃ /ရှ/ /ရှ်/
ʒ /ဇ်/
tʃ /ချ/ /ခ်ျ/
သရသံနဲ့ ဗျည်းသံတို့ကို ပေါင်းပြီး ဘယ်လိုအသံထွက်တယ
်ဆိုတာ လေ့ကျင့်ကြည့်ကြရအောင်။ 










မြန်မာဗျည်းသက်သက်(၃၂) လုံး


မြန်မာဗျည်းသက်သက်(၃၂) လုံး
How to write names in English Reference :
New Method English Grammar
----------------------------------------
မြန်မာဗျည်းသက်သက်(၃၂) လုံး

က=K ခ=Kh K=ခ ဂ,ဃ=G င=Ng စ=S,ဆ=Hs ဇ,စ်=Z ည=Ny ဋ,တ=T ထ,ဌ= Ht ထ,႒=T ဒ,ဓ,ဍ, ဎ=D နဏ=N ပ=P ဖ=Ph ဗ,ဘ=B မ=M ယ=Y ရ=R လ,ဠ=L ၀=W သ=Th ဟ=H

ဗျည်းတွဲ(၆)မျိုး
---------------
၁။ဗျည်းတစ်လုံးနောက်မှ y ဆက်ပေးလျှင် “ယပင့်” “ရရစ်” ဖြစ်၏။
ပုံစံ။ ။ Ky= က် ,ၾက Py=ပ် ,ျပ By=ဗ် ,ျဗ Gy=ဂ် Phy=ဖ် ,ျဖ My=မ ် ,ျမ

၂။ ဗျည်းတစ်လုံးနောက်မှ w ဆက်ပေးလျှင် “၀ဆွဲ” ဖြစ်၏။
ပုံစံ။ ။ Kw=ကွ Khw=ခွ Gw=ဂွ Sw=စွ,ဆွ Zw=ဇွ ,ဈွ Lw=လွ Ngw=ငွ Dw=ဒွ

၃။ဗျည်းတစ်လုံးရှေ့မှ H ထား၍ရေးလျှင် “ဟထိုး”ဖြစ်၏။
ပုံစံ။ ။ Hng=ငှ Hny=ညှ Hn=နှ,ဏှ Hm=မှ

၎။ဗျည်းတစ်လုံးနောက်မှ y,w ဆက်ပေးလျှင် “ ယပင့် ၀ဆွဲ” “ရရစ် ၀ဆွဲ” ဖြစ်၏။
ပုံစံ။ ။ Kyw= ကျွ , ကြွ Pyw= ပျွ ,ပြွ Myw= မျွ , မြွ

၅ ။ ဗျည်းရှေ့က H နှင့် ဗျည်းနောက်က y ဆက်ပေးလျှင် “ယပင့်ဟထိုး” “ရရစ်ဟထိုး” ဖြစ်၏။
ပုံစံ။ ။ Hmy=မျှ , မြှ Hly=လျှ

၆။ဗျည်းရှေ့က H နှင့် ဗျည်းနောက်က w ဆက်ပေးလျှင် “ဟထိုးဝဆွဲ” ဖြစ်၏။
ပုံစံ။ ။ Hnw=နွှ Hlw=လွှ Hmw=မွှ

ကာရန်သရများ
----------------
a=အ , အာ, အား i = အိ, အီ , အီး u= ဥ, ဦ, ဦး
(ar=အာ, အား) (ee= အီ, အီး) (oo= ဦ ,ဦး)
e = အေ ,အေ့ , အေး e = အဲ , အဲ့ , အယ်
(ay-aye= အေ ,အေ့ , အေး) (ai = အဲ , အဲ့ , အယ်)
aw =အော့ ,အော် , အော an =အံ , အံ့
အက္ခရာအသတ်များ
et= က် in= င့် it =စ် i , ee = ည် int = င့် an = န် , မ် ai ( e ) = ယ် at = တ် , ပ် ant = န် , မ့်

သရနှင့်အသတ်များ
--------------------
eik = -ိ တ် -ိပ် ( လုံးတင်တသတ် လုံးတင် ပသတ်)
ein = -ိန် -ိမ် ( လုံးတင်နသတ် လုံးတင်မသတ်)
ok(oke)=
ont(one , ohn frown emoticon
auk=
aung=
aik=
aine , (ine)=
o , ( oe , oh frown emoticon
Ka Ki Ku Ke Ke,=Kai Kaw Kan Kant Kya Kyi Kyu Kye Kye,(Kyai) Kyaw= Kyan= Kwa Kwai= Kwe
Kwe ,( Kwai )=ကွဲ , ကွဲ့
Kun=ကွံ , ကွံ့ (Kwan ဟုမရေးရ)
ဗျည်းနှင့် အသတ်ပေါင်းပုံနမူနာ
Ket Kin Kint Kit Ki (Kee) Kat Kan K (Kant) Kai,(Ke)

By Ashin Thumana( B . A)
============================
ဖေ့ဘုတ်မှမြန်မာ-အင်္ဂလိပ် အဘိဓာန်သုံးနည်းလမ်းညွှန်>>>
မြန်မာအက္ခရာဖြင့် အောက်ပါလင့်တွင်ရှာပါ>
https://web.facebook.com/shweaeimsidictionary/photos/a.1609152How to write Myanmar names in English မြန်မာဗျည်းသက်သက်(၃၂) လုံးဖြင့်နာမည်ရေးနည်း
------------------------
မြန်မာဗျည်းသက်သက်(၃၂) လုံး

က = K ခ = Kh K = ခ ဂ,ဃ = G င = Ng
စ,ဆ = S ဇ,စ် = Z ည = Ny
ဋ,တ = T ထ,ဌ = Ht ထ,႒ = T ဒ,ဓ,ဍ, ဎ = D န,ဏ = N
ပ = P ဖ = Ph ဗ,ဘ = B မ = M
ယ = Y ရ = R လ,ဠ = L ၀ = W သ = Th ဟ = H

ဗျည်းတွဲ(၆)မျိုး

၁။ ဗျည်းတစ်လုံးနောက်မှ Y ဆက်ပေးလျှင် “ယပင့်” “ရရစ်” ဖြစ်၏။
ပုံစံ။ ။ Ky= က် ,ၾက Py=ပ် ,ျပ By=ဗ် ,ျဗ Gy=ဂ် Phy=ဖ် ,ျဖ My=မ ် ,ျမ

၂။ ဗျည်းတစ်လုံးနောက်မှ W ဆက်ပေးလျှင် “၀ဆွဲ” ဖြစ်၏။
ပုံစံ။ ။ Kw=ကွ Khw=ခွ Gw=ဂွ Sw=စွ,ဆွ Zw=ဇွ ,ဈွ Lw=လွ Ngw=ငွ Dw=ဒွ

၃။ဗျည်းတစ်လုံးရှေ့မှ H ထား၍ရေးလျှင် “ဟထိုး”ဖြစ်၏။
ပုံစံ။ ။ Hng=ငှ Hny=ညှ Hn=နှ,ဏှ Hm=မှ

၎။ဗျည်းတစ်လုံးနောက်မှ Y,W ဆက်ပေးလျှင် “ ယပင့် ၀ဆွဲ” “ရရစ် ၀ဆွဲ” ဖြစ်၏။
ပုံစံ။ ။ Kyw= ကျွ , ကြွ Pyw= ပျွ ,ပြွ Myw= မျွ , မြွ

၅ ။ ဗျည်းရှေ့က H နှင့် ဗျည်းနောက်က Y ဆက်ပေးလျှင် “ယပင့်ဟထိုး” “ရရစ်ဟထိုး” ဖြစ်၏။
ပုံစံ။ ။ Hmy=မျှ , မြှ Hly=လျှ

၆။ဗျည်းရှေ့က H နှင့် ဗျည်းနောက်က W ဆက်ပေးလျှင် “ဟထိုးဝဆွဲ” ဖြစ်၏။
ပုံစံ။ ။ Hnw=နွှ Hlw=လွှ Hmw=မွှ

ကာရန်သရများ

a=အ , အာ, အား i = အိ, အီ , အီး u= ဥ, ဦ, ဦး
(ar=အာ, အား) (ee= အီ, အီး) (oo= ဦ ,ဦး)
e = အေ ,အေ့ , အေး e = အဲ , အဲ့ , အယ်
(ay-aye= အေ ,အေ့ , အေး) (ai = အဲ , အဲ့ , အယ်)
aw =အော့ ,အော် , အော an =အံ , အံ့

အက္ခရာအသတ်များ

et= က် in= င့် it =စ် i , ee = ည် int = င့် an = န် , မ် ai ( e ) = ယ် at = တ် , ပ် ant = န် , မ့်

သရနှင့်အသတ်များ

eik = -ိ တ် -ိပ် ( လုံးတင်တသတ် လုံးတင် ပသတ်)
ein = -ိန် -ိမ် ( လုံးတင်နသတ် လုံးတင်မသတ်)
ok(oke)= -ုတ် , -ုပ် (ချောင်းငင်တသတ် ,ချောင်းငင်ပသတ်)
ont(one , ohn -ုန် , -ုမ် (ချောင်းငင်နသတ် ,ချောင်းငင်မသတ်)
auk=ေ-ါက်(သဝေထိုးရေးချကသတ်)
aung=ေ-ါင် (သဝေထိုးရေးချငသတ်)
aik= -ိုက်(လုံးတင်ချောင်းငင်ကသတ်)
aine , (ine)= -ိုင် (လုံးတင်ချေင်းငင်ငသတ်)
o , ( oe , oh -ို (လုံးတင်ချောင်းငင်)

ဗျည်း - ဗျည်းတွဲ နှင့် သရပေါင်းပုံနမူနာ

Ka = က ကာ ကား Ki = ကိ ကီ ကီး Ku= ကု ကူ ကူး
Ke =ကေ ကေ့ ကေး Ke,=Kai ကဲ ကဲ့ Kaw = ကော့ ကော် ကော
Kan =ကံ ကံ့ (Kant = ကံ့ ) Kya = ကျ ကျာ ကျား Kyi = ကျိ ကျီ ကျီး
Kyu = ကျု ကျူ ကျူး Kye = ကျေ့ ကျေ ကျေး Kye,(Kyai) = ကျဲ ကျဲ့ 
Kyaw= ကျော ကျော့ ကျော် Kyan= ကျံ ကျံ့ (Kyant =ကျံ့) Kwa = ကွ ကွာ ကွား
Kwai= ကြိ ကြီ ကြီး Kwe =ကွေ့ ကွေ ကွေး Kwe ,( Kwai )=ကွဲ , ကွဲ့
Kun=ကွံ , ကွံ့ (Kwan ဟုမရေးရ)

ဗျည်းနှင့် အသတ်ပေါင်းပုံနမူနာ

Ket = ကတ် Kin = ကင့် ကင် ကင်း ( Kint = ကင့် ) Kit = ကစ်
Ki (Kee)= ကည် ကည့် ကည်း Kat =ကတ် ကပ် Kan =ကန့် ကန် ကန်း , ကမ့် ကမ် ကမ်း
K (Kant= ကန့် ကမ် ) Kai,(Ke)=ကယ် ကယ့် Kyet = ကြက်
Kyin= ကြင် ကြင့် ကြင်း (Kyint) =ကြင့် Kyit =ကြစ်
Kyi , (Kyee) = ကြည့် ကြည် ကြည်း Kyat =ကြတ် ကြပ်
Kyan = ကြန် ကြန့် ကြန်း ၊ ကြမ် ကြမ့် ကြမ်း K (Kyant) = ကြန့် ကြမ့်
Kyai , (Key) = ကြယ် ကြယ့်

ဗျည်းနှင့်သရအသတ်ပေါင်းပုံနမူနာ

Keik =ကိတ် ၊ ကိပ် Kein = ကိန် ကိန့် ကိန်း , ကိမ် ကိမ့် ကိမ်း Keint =ကိန့် ကိမ်
KoK , (Koke) = ကုတ် ကုပ် Kon , (Kone , Kohn ) = ကုန် ကုန့်ကုန်း ၊ ကုမ် ကုမ့် ကုမ်း
Kont = ကုန့် , ကုမ့် Kauk= ကောက် Kaung= ကောင် ကောင့် ကောင်း
Kaik= ကိုက် Kaing , ( Kine ) = ကိုင် ကိုင့် ကိုင်း Ko ,( Koe ) =ကို ကို့ ကိုး
Kyeik= ကြိတ် ကြိပ် Kyein = ကြိန် ကြိန့် ကြိန်း, ကြိမ် ကြိမ့် ကြိမ်း ၊ (Kyeint =ကြိန့် ကြိမ့်)၊
Kyok , (Kyoke)= ကြုတ်၊ ကြုပ် Kyon , (Kyone , Kyohn) = ကြုန် ကြုန့် ကြုန်း , ကြုမ် ကြုမ့်ကြုမ်း
(Kyont= ကြုန့် ကြုမ်) ၊ Kyaik= ကြိုက် ၊ Kyaing (Kyine) = ကြိုင် ကြိုင့် ကြိုင်း ၊ Kyo ( Kyoe ) = ကြို ကြို့ ကြိုး ။

မှတ်ရန် ။ ။ (က)ချ ၊ ခြ ကို Khy ဖြင့် မရေးရ ၊ Ch ဖြင့်ရေးရမည်။
(ခ) ယှ ၊ ရှ ကို Hy , hr ဖြင့် မရေးရ ၊ Sh ဖြင့်ရေးရမည်။
(ဂ) ၀ဆွဲ နသတ် အတွက် un ကိုသုံးရမည်။ “ထွန်း” ကို Tun ဟုရေးရမည်။Twan ဟုမရေးရ။
(ဃ) ၀ဆွဲတသတ်ကို ut ဖြင့်ရေးရပည်။ “ထွတ်” ကို Kut ဟုရေးရမည်။ Twat ဟုမရေးရ။
(င) ထ = Ht အစား T တစ်လုံးတည်းဖြင့် လည်း ရေးကြသည်။ ဖ= Ph အစား P တစ်လုံးတည်း ဖြင့် လည်းရေးကြသည်။ ဥပမာ - မောင်ထင် = Mg Tin ။ ဦးဖေ = U Pe စသည်ဖြင့်ရေးသားကြသည်။ ခ = Kh အစား K တစ်လုံး တည်း ရေးသားကြသည်။ ဥပမာ - Ma Kin =မခင်။
အထူးမှတ်ရန်။ ။

မြန်မာဘာသာတွင် စာရေး အမှန် ၊ စာဖတ်အသံ ဟုဆိုသည့်အတိုင်း ရေးသောအခါ သတ်ပုံ မှန်အောင်ရေး၍ ဖတ်သောအခါ အသံကို အများ ဖတ်နေကျအသံအတိုင်း ဖတ်ကြရသည်။
ဥပမာ။ ။
ညောင်လေးပင် ကို ညောင်လေးဘင်ဟုဖတ်၍
ရေကျော် ကို ရေဂျော် ဟုဖတ်၏။
မန္တလေး ကို မန်းဒလေး ဟုဖတ်၏။
ကြားတောရလမ်း ကို ဂျားတောရလမ်း ဟုဖတ်၏။
သို့ရာတွင် အထက်ပါနာမည်များကို အင်္ဂလိပ် ဘာသာဖြင့် ရေး သား သောအခါသတ်ပုံအမှန်ကိုမကြည့် ဘဲအသံထွက် အတိုင်း (၀ါ) ဖတ်သည့် ပြောသည့် အသံအတိုင်း လိုက်၍ ရေးရကြောင်း အထူးသတိပြု ရပေမည်။

ဥပမာ။ ။
ညောင်လေးပင် = Nyaunglebin
ရေဂျော် =Yegyaw
မန္တလေး =Mandalay
ကြားတောရလမ်း = Gyatawya Street
စသည်ဖြင့်သတ်ပုံမလိုက်ဘဲအသံကိုလိုက်၍ရေးရလေသည်။

မြန်မာနာမည်ရေးနည်း

၁။ မြန်မာလူနာမည်များကိုရေးရာ၌အသံထွက်စာလုံးတိုင်းကို Capital Letter ခေါ် စာလုံးကြီးဖြင့်စ၍ရေး ရမည်။စာလုံးပေါင်းတစ်ခုနှင့်တစ်ခု ဆက်မရေးရ။

ပုံစံ။ ။ Maung Thaung Lwin =မောင်သောင်းလွင်
Ma Tin Yee = မတင်ရီ
U Aye Maung = ဦးအေးမောင်
Daw Mya Kyi = ဒေါ်မြကြည်
Khin Soe Myint = ခင်စိုးမြင့်
Ma Than Hlaing = မသန်းလှိုင်

၂။ ဘုန်းကြီး သီလရှင်တို့ ဘွဲ့နာမည်များတွင် ရှေ့ဆုံး အက္ခရာတစ်လုံးကိုသာ စာလုံးကြီးဖြင့်ရေး၍ တဆက်တည်း စာလုံးပေါင်းရမည်။( လူကဲ့သို့ တစ်လုံးချင်းမရေးရ ၊ မှားတတ်သည်။)
ပုံစံ။ ။Ashin Thumana =အရှင်သုမန
U Khemeinda = ဦးခေမိန္ဒ
ဆရာတော် ဦးဉာဏ ။ (Ven U Nyana ကို Venerable - ဗင်း- န်ရ်ဘဲလ် ဟုပြောရဖတ်ရသည်။ ရိုသေလေးစားသောအားဖြင့် ဘုန်းကြီးဘွဲ့ရှေ့တွင် ထားရေးကြသည်။
U Khemeinda =ဦးခေမိန္ဒ
Shin Thawbana=ရှင်သောဘဏ
Koyin Zawana=ကိုရင်ဇ၀န
Daw Thilasari=ဒေါ်သီလစာရီ
Ma Nyanawadi=မဉာဏ၀တီ
Ma Kinsana=မကဉ္စန
Ma Kulawadi=မကုလ၀တီ
Daw Nyanasagi=ဒေါ်ဉာဏစာဂီ

၃။ ရာထူးအလုပ်အကိုင်တို့ကို နာမည်ရှေ့က ထည့်၍ ခေါ်ဝေါ်ရေးသားသောအခါ ၄င်းရာထူးအလုပ်အကိုင်၏ အစဆုံးအက္ခရာတစ်လုံးကိုသာ စာလုံးကြီးဖြင့်ရေးရ၍တဆက်တည်းစာလုံးပေါင်းရသည်။

ပုံစံ။ ။ ဆရာမ Sayama Ma Tin Yee =မတင်ရီ
Sayagyi U Aye Maung = ဆရာကြီးဦးအေးမောင်
Saya U Kyaw Tint= ဆရာဦးကျော်တင့်
Bogyoke Aung San=ဗိုလ်ချုပ်အောင်ဆန်း
Yebaw Kyaw Win= ရဲဘော်ကျော်ဝင်း
Sayadaw U Zawtika= ဆရာတော်ဦးဇောတိက
Phongyi U Khemeinda= ဘုန်းကြီးဦးခေမိန္ဒ
Ubazin U Nyana=ဦးပဉ္စင်းဦးဉာဏ
Koyin Shin Kethara= ကိုရင်ရှင်ကေသရ
Sayagyi Daw Thilasri = ဆရာကြီးဒေါ်သီလစာရီ
Syalay Daw Nyanawadi=ဆရာလေး ဒေါ် ဉာဏ၀တီ

၎။မြို့ ရွာ လမ်း အဆောက်အအုံ၏ အမည်များတွင် အစဆုံးအက္ခရာတစ်လုံးကိုသာ စာလုံးကြီးဖြင့်ရေး၍ တဆက်တည်းစာလုံးပေါင်းရသည်။အသံထွက်အတိုင်းစာလုံးပေါင်းရသည်။

ပုံစံ။ ။ Pyuntaza = ပြွန်တန်ဆာ
Nyaunglebin= ညောင်လေးပင်
Bago= ပဲခူး
Yedashe= ရေတာရှည်
Kanyutkwin= ကညွတ်ကွင်း
Mandalay= မန္တလေး
Seikpyangyi Village= ဆိတ်ပြန်ကြီးရွာ
Lay- ein Zu Village= လေးအိမ်စုရွာ
Ngabyema Village=ငါးပြေမရွာ
Payangazu Street=ဘုရားငါးဆူလမ်း
Theinpyu Street=သိမ်ဖြူလမ်း
Gyatawya Street =ကြားတောရလမ်း
Shwedagon Pagoda=ရွှေတိဂုံဘုရား
Sulay Pagoda= ဆူးလေဘုရား
Seindaungpyan= စိန်ဒေါင်းပျံ(သင်္ဘော)
Aungteza= အောင်တေဇ(သင်္ဘော)

၅။ အဓိပ္ပါယ်ရှိသည့် နာမ်ပုဒ်များကို စုပေါင်း၍မှည့်ခေါ်ထားသော အဆောက်အအုံ ၊ အသင်း ၊ရုံး ၊ ရာထူး အမည် များတွင် နာမ်ပုဒ် တိုင်း ကို စာလုံးကြီး ဖြင့် စရေးရမည်။

ပုံစံ ။ ။ Bahan State High School =ဗဟန်းအစိုးရအထက်တန်းကျောင်း။
World Peace Pagoda= ကမ္ဘာအေးဘုရား
Union Bank of Myanmar=ပြည်ထောင်စုဘဏ်တိုက
National Housing Board= ပြည်သူ့အိုးအိမ်အဖွဲ့
Buddhist Scholar Society=ဗုဒ္ဓ၀ါဒသုတေသနအဖွဲ့
Head Master=ကျောင်းအုပ်ဆရာကြီး
Member of Parliament = ပါလီမန်အမတ်
Deputy Commissioner = အရေးပိုင်
General Secretary = အကျိုးဆောင်ချုပ်
Prime Minister =၀န်ကြီးချုပ်

ရုံးကိစ္စလျှောက်လွှာများတွင် လူနာမည် ၊ မြို့ ရွာအမည်များ ကို ပုံနှိပ် စာလုံးကြီး သက်သက်ဖြင့် သာရေးသားကြလေသည်။လျှောက်လွှာများ၌( In Block Letters ) စာလုံးကြီးဖြင့်ရေးပါဟု အထူးမှာ ထားတတ်ကြသည်။

ပုံစံ ။ ။ MAUNG WIN MAUNG =မောင်ဝင်းမောင်
MA MYA THAUNG = မမြသောင်း
MAUNG SEIN WIN = မောင်စိန်ဝင်း
MA TIN YEE= မတင်ရီ
MANDALAY= မန္တလေး
YANGON= ရန်ကုန်
KYUAKSE = ကျောက်ဆည်
THAZI =သာစည်

— at အင်္ဂလိပ်-မြန်မာအဘိဓာန် - ရွှေအိမ်စည်.

အင်္ဂလိပ်စကားလုံးများကို word stress (ဖိ၍ရွတ်သံ) မှန်ချင်တဲ့အခါ

အင်္ဂလိပ်စကားလုံးများကို word stress (ဖိ၍ရွတ်သံ) မှန်ချင်တဲ့အခါ
...............................................
အင်္ဂလိပ် စကားပြောသင်ခန်းစာတွေကို တင်ပေးနေတော့ အသံထွက်ပုံ ရွတ်ဆိုပုံလေးတွေကိုလည်း ဗဟုသုတအဖြစ် တင်ပေးသင့်တယ် ထင်တဲ့အတွက် ရေးသားလိုက်ခြင်းဖြစ်ပါတယ် ။ sentence stress တွေကျတော့ dictionary မှာလည်း ကြည့်လို့မရတဲ့အပြင် လွယ်လွယ်ကူကူ မတွေ့နိုင်တဲ့တွက် ပြုစုပေးလိုက်ခြင်းလည်း ဖြစ်ပါတယ် ။
.
အင်္ဂလိပ်စကားဟာ ညီညာတဲ့ရေလှိုင်းလေးတွေလို မြင့်လိုက် နိမ့်လိုက် ၊ တက်လိုက်ကျလိုက်နဲ့ ကာရံညီစွာ ပြောရတယ်လို့ ဆိုပါတယ် .. ။ အဲလိုဆိုတော့ စကားလုံးရဲ့ အသံထွက်(pronunciation) အပြင် ဖိပြီး ရွတ်ရမယ့်နေရာ ဖော့ပြီးရွတ်ရမယ့်နေရာ ..ဖိပြီးရွတ်ဆိုရမယ့်စကားလုံး ဖော့ပြီးရွတ်ဆိုရမယ့် စကားလုံး စသည်ဖြင့် သိဖို့လိုအပ်လာပါတယ် ။ စကားလုံးတစ်လုံးမှာ stress ပြောင်းသွားတာနဲ့ သူ့ရဲ့ရုပ် (word form) ပြောင်းသွားတာရှိသလို ၊ ၀ါကျမှာဆိုလျှင်လည်း stress ပြောင်းသွားတာနဲ့ မူရင်းအဓိပ္ပါယ်နဲ့အတူ ပူးတွဲထည့်ပေးလိုက်တဲ့ ဆိုလိုရင်းရသ(sense) ပါ ပြောင်းသွားတတ်ပါတယ် ။
.
ဥပမာ >> record = (n) မှတ်တမ်း (v) မှတ်တမ်းတင်သည် .. ဆိုပြီးရှိရာမှာ အသံထွက် နှစ်ခုက မတူပါဘူး
noun ကို RECord (“ရက်”ကော့ဒ်) လို့ထွက်ရမှာဖြစ်ပြီး verb ကို reCORD (ရီ“ကော့ဒ်” )လို့ ထွက်ရမှာဖြစ်ပါတယ် ။ dictionary မှာကြည့်လို့ရတတ်ပါတယ် ။ သို့သော် ကြည့်လို့မရတော့တဲ့ sentence stress အထိ ကျနော်က ဆက်ရေးသွားမှာပါ ။ အရေးကြီးပါတယ်လို့ မပြောလိုသော်လည်း သိထားဖို့တော့ ကောင်းတယ်လို့ပဲ ပြောချင်ပါတယ် ။
.
stress ကို ရွတ်ဆိုတဲ့အခါ အသံကို မြှင့်ပြီး.. ပိုကျယ်ပြီး ရွတ်ဆိုရမှာဖြစ်ပါတယ် ။ သရသံကို ကြာကြာရွတ်ဆိုရမှာဖြစ်ပြီး .. ၀ါကျမှာဆိုလျှင်တော့ ဖိပြီးရွတ်ရမယ့် စာလုံးမတိုင်ခင်မှာ ခဏရပ်ပေးလိုက်ခြင်းဖြင့် stress word ဟာ ပိုပြီး ပေါ်လွင်သိသာစေပါတယ် .. Oxford Practical English usage မှာ ဒီလိုရေးထားပါတယ် ..
In speech, we can give words extra stress - make them sound ‘stronger’ by pronouncing them louder and with a higher intonation . We may also make the vowel longer, and pause before a stressed word.
................
ကဲစလိုက်ကြပါစို့
..
(1) Word stress - general rules
စကားလုံးများကို ဖိပြီးရွတ်ဆိုတဲ့အခါ ယေဘူယျစည်းမျဉ်းလေးတွေပါ
....
(1.1) There is only one stress in one word.
စကားလုံးတစ်လုံးမှာ ဖိရွတ်သံ တစ်ခုပဲ ရှိပါတယ်
.
(1.2) Only vowels are stressed, not consonants.
သရသံများကိုသာ ဖိရွတ်ပါတယ် ၊ ဗျည်းသံများကို ဖိမရွတ်ပါ ။
.................................................................
(2) Word stress - specific rules (there are many exceptions to these rules)
အသေးစိတ် စည်းမျဉ်းတွေရှိပါတယ် ၊ ယေဘူယျစည်းမျဉ်းတွေဖြစ်လို့ ခြွင်းချက်တွေလည်း ရှိပါတယ်
.....................................................................
(2.1) Stress on the first syllable
မထမအသံပေါ်မှာ ဖိပြီးရွတ်ဆိုရမယ့်စကားလုံး များကတော့
.....
(2.1.1) most 2-syllable nouns – china, table, export, pencil
အသံနှစ်သံရှိတဲ့ noun အများစု
(ဥပမာ CHIna (“ချိုင်း..”နာ) လို့ ရွတ်ဆိုရမှာဖြစ်ပါတယ် chiNA (ချိုင်“နား...”)လို့ ရွတ်ဆိုရမှာ မဟုတ်ပါဘူး)
..
(2.1.2) most 2-syllable adjectives – slender, clever, happy
အသံနှစ်သံရှိတဲ့ adjective အများစု
ဥပမာ ..HAPpy >> ဟက်..ပီ လို့ဆိုရမှာဖြစ်တယ် ဟက်ပီးးးးးးး လို့ မဆိုသင့်ပါ
.............................................................
(2.2) Stress on the last syllable
နောက်ဆုံးအသံပေါ်မှာဖိပြီးရွတ်ရမယ့် စာလုံးတွေကတော့ ..
..
(2.2.1) most 2-syllable verbs – to export, to decide, to begin
အသံနှစ်သံရှိတဲ့ ကြိယာအများစု
( to ပါနေတာက verb မှန်းသိအောင် အပိုထည့်ထားတာဖြစ်ပါတယ် ၊ noun မှာ EXport လို့ထွက်ပေမယ့် verb ဖြစ်သွားတဲ့အခါ exPORT လို့ ဖြစ်သွားပါတယ် )
.............................................................................
(2.3) Stress on the second syllable from the end (penultimate syllable)
နောက်ဆုံးအသံကနေစတင်ရေတွက်ပြီး ဒုတိယအသံမှာဖိ၍ရွတ်ဆိုရန်..တွေကတော့
.
(2.3.1) words ending in “ic” – graphic, geographic, geologic, photographic
“ic” နဲ့ဆုံးတဲ့ စကားလုံးများ
ဥပမာ geoGRAPhic, geoLOgic စသည်ဖြင့်
.
(2.3.2) words ending in “sion” and “tion” – television, revelation, information
“sion” ၊ “tion” တို့နဲ့ဆုံးတဲ့ စကားလုံးများ
teleVIsion, reveLAtion, inforMAtion.. စသည်ဖြင့်
..............................................................................
(2.4) Stress on the third syllable from the end (ante-penultimate syllable)
နောက်ဆုံးအသံမှ စတင်ရေတွက်ပြီး တတိယမြောက်အသံတွင်ဖိရွတ်ရန် ..စကားလုံးများကတော့
.
(2.4.1) words ending in “cy”, “ty”, “phy” and “gy” – democracy, society, photography, geology “cy”, “ty”, “phy” နှင့် “gy” ဆုံးသော စကားလုံးများ
ဥပမာ deMOCracy, soCIety, phoTOGraphy, geOLogy ..စသည်ဖြင့် ဖြစ်ပါတယ်
.
မြန်မာလိုမှာက ဒီမိုကရေစီ..ဆို အသံ ၅ ခုလိုဖြစ်နေပေမယ့် အင်္ဂလိပ်မှာက ၄ ခုပဲ ဖြစ်ပါတယ် ၊ dictionary မှာ ဒီလို အသံပိုင်း လေးတွေ ခွဲထားပါတယ်
de•moc•ra•cy, so•ci•e•ty, pho•tog•ra•phy, ge•ol•o•gy
..
ဒီမှာ ကျနော် ကြုံလို့တစ်ခု အပိုထည့်ပေးချင်တာက အသံထွက် မတူတာကြားလျှင် အသံထွက် အမျိုးမျိုးကို နားထောင်ကြည့်စေချင်ပါတယ် အနည်းဆုံးတော့ အင်္ဂလိပ်နဲ့ အမေရိကန် နှစ်မျိုးကို နားထောင်စေချင်ပါတယ်
ဥပမာ
democracy (ဒီမိုခရေဆီ၊ ဒမော့ခရေဆီ)
status (စတေးတပ်(စ်) ။ စတာ့တပ်(စ်) )
data (ဒေတာ ၊ ဒါတာ) ..
စသည်ဖြင့် ရှိနေတော့ ကိုယ်သိတာက အမှန်လိုလို.. ပိုပြီးခေတ်မှီသလိုလို..native သံပေါက်တယ်လိုလို တွေ ထင်တတ်ကြပါတယ် (ကျနော့်ကိုယ်ကျနော်ညွှန်းတယ်လို့ ယူဆနိုင်ပါတယ်)
...
(2.4.2) words ending in “al” – critical, geological
...............................................................................
(2.5) Compound words (words with two parts)
စကားလုံးနှစ်ခုကို တစ်ခုအဖြစ်ပေါင်းထားတဲ့ စကားလုံးတွေအတွက် စည်းမျဉ်းတွေကတော့
.
(2.5.1) compound nouns, the stress is on the first part – blackbird, greenhouse, bluebird, blackboard, notebook, bookstore, toothbrush, keyboard
ပေါင်းစပ်နာမ် များကို ရှေ့ပိုင်းမှာ ဖိပြီးရွတ်ဆိုရပါမယ်
ဥပမာ BLACKbird, NOTEbook,....
.
(2.5.2) compound adjectives, the stress is on the second part – bad-tempered, old-fashioned
ပေါင်းစပ်နာမ၀ိသေသနများကို နောက်ပိုင်းမှာ ဖိပြီးရွတ်ဆိုရပါမယ်
ဥပမာ bad-TEMpered, old-FASHioned
.
(2.5.3) compound verbs, the stress is on the second part – to understand, to overflow
ပေါင်းစပ်ကြိယာများကို နောက်ပိုင်းမှာ ဖိပြီးရွတ်ဆိုရပါမယ်
ဥပမာ.. underSTAND, overFLOW
.
(2.5.4) two word compound nouns, the stress is on the first word - air conditioner, nail polish, french fry
စကားလုံးနှစ်လုံးကိုတွဲမထားပဲ ခွဲထားတဲ့ ပေါင်းစပ်နာမ်များကို ရှေ့ကစကားလုံးမှာ ဖိပြီး ရွတ်ဆိုရပါမယ်
ဥပမာ.. AIR conditioner, NAIL polish ... စသည်ဖြင့် ဖြစ်ပါတယ်
.......................................................................................................
ဝါကျတွေကို ပြောတဲ့အခါ ပုံမှန်အားဖြင့် ဘယ်လို stress လုပ်မယ်ဆိုတာ ဆက်ရေးပါမယ် ။ အဲဒီထက်ပိုပြီးတော့ stress နေရာပြောင်းတဲ့အခါ အဓိပ္ပါယ်ပြောင်းသွားပုံကိုလည်း ရေးပါဦးမယ် ။ တော်တော်ကြီး သိပြီးလို့ ရေးတာမဟုတ်ပါ ။ လိုအပ်ချက်တွေ ရှိပါတယ် ။ သိသမျှကို ပေးချင်နေတာသာ ဖြစ်ပါကြောင်း
..
မေတ္တာဖြင့်
Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၅

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၅
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဝါကျများအတွက် ဖိရွတ်သံ stress .. ဘယ်လိုရွတ်မလဲ ဖတ်ကြည့်ပါ
..........................................................................
Sentence stress ဆိုတာ ၀ါကျတစ်ခုထဲက သတ်မှတ်ထားတဲ့ စကားလုံးတွေမှာ ဖိပြီး.. အသံမြှင့်ပြီး ရွတ်ဆိုတာ ဖြစ်ပါတယ် ။ အင်္ဂလိပ်စကားရဲ့ သံစဉ်ညှိစည်းချက် အဖြစ်လည်း မကြာခဏ ယူဆလေ့ရှိပါတယ် ။
sentence stress is accent on certain words within a sentence. Often considered to be the "rhythm" of English.
...............
Sentences - two types of words
ဝါကျ တစ်ခုမှာ stress နှစ်မျိုးရှိပါတယ် ၊ ၀ါကျထဲမှာပါတဲ့ စာလုံးတွေကို ဖိရွတ်ဖို့လိုတဲ့စာလုံးတွေနဲ့ မလိုတဲ့စာလုံးတွေကို ခွဲခြားထားတာဖြစ်ပါတယ်
..............
(1) Content words - stressed >> the main words of a sentence that have sense or meaning.
ပထမတစ်မျိုးက content word တွေဖြစ်ပါတယ် ၊ အဓိကစာလုံးတွေ ဖြစ်ပြီးတော့ ၀ါကျရဲ့ အဓိပ္ပါယ်နဲ့ ပေးချင်တဲ့ ဆိုလိုရင်းသဘောကို ဖေါ်ပြပါတယ် .. context word တွေကို “ဖိပြီးရွတ်ဆို” ရမှာဖြစ်ပါတယ် .. အဲဒါတွေကတော့
.
(1.1) main verbs – sell, give, employ
(1.2) nouns – car, music, mary
(1.3) adjectives – red, big, interesting
(1.4) adverbs – quickly, loudly, never
(1.5) negative auxiliaries – don’t, aren’t, can’t
.
ပထမ post မှာတုန်းက Adverb တွေအတွက် stress လုပ်ရမယ့်နေရာကို ပြောဖို့ကျန်ခဲ့တာလေးတစ်ခုကို ပြောပါမယ် ၊ adverb တွေကိုလည်း ယေဘူယျအားဖြင့် ပထမအသံပေါ်မှာပဲ ဖိပြီးရွတ်ဆိုရပါမယ် ။ adjective ကနေ ဖြစ်လာတာတွေကျတော့ adjective တုန်းက stress အတိုင်းပဲ ဖြစ်ပါတယ်
Adverbs are usually stressed on the first syllable or repeat the stress of the adjectives from which they were derived: ANgry – ANgrily; WONderful – WONderfully; စသည်ဖြင့် ဖြစ်ပါတယ် ။
.......
မှတ်မိအောင်လို့ ကျနော်က note ပြန်ထုတ်ပေးပါမယ်
...
စကားလုံးမှာ အသံနှစ်သံရှိလျှင်
ရှေ့ကအသံကိုဖိပြီးရွတ်ရမှာတွေက noun, adjective, adverb
နောက်ကအသံကို ဖိပြီးရွတ်ရမှာက verb , ထပ်ပေါင်းတဲ့ -ed တို့ -ing တို့ကို စဉ်းစားဖို့မလိုပါ ..
ဟိုက်ရှားဘား! ဒီလိုကျတော့လည်း လွယ်သလိုလေးပါလားနော်..
........................................
(2) Structure words – unstressed >> these are small, simple, not very important words that make the sentence grammatically correct.
ဒုတိယတစ်မျိုးကတော့ “ဖိပြီးရွတ်ဖို့မလိုတဲ့” Structure word တွေ ဖြစ်ပါတယ် ၊ ၀ါကျတည်ဆောက်ဖို့ ထည့်ထားတဲ့ စာလုံးသေးသေးလေးတွေ ဖြစ်ပါတယ် ၊ အထက်မှာတွေခဲ့တဲ့ content word တွေကို ၀ါကျတည်ဆောက်ပုံအရ မှန်ကန်အောင် ချိတ်ဆက်ပေးတဲ့ ချိတ်ကလေးတွေပါပဲ ၊ အဲဒါတွေကတော့ ..
.
(2.1) pronouns – I, he, she, we, they
(2.2) prepositions – on, at, into
(2.3) articles – a, an, the
(2.4) conjunctions – and, but, because
(2.5) auxiliary verbs – do, be, have, can, must
..
ခြွင်းချက်လေးတစ်ခုကိုလည်း တစ်ခါတည်း ထည့်ပြောခဲ့ချင်ပါတယ် ။ အချက်အလက်မှားနေတာကို ပြင်ဆင်ဖို့ ပြောဆိုတဲ့အခါမှာ structure word ပေါ်မှာလည်း ဖိပြီးရွတ်ရတဲ့အခါတွေ ရှိပါတယ် ။
Exception - occasionally a structure word is stressed to correct information.
..
နမူနာကြည့်ပါ
“Have you seen my shoes?”
ကျနော့်ရှူးဖိနပ်တွေ့မိလားဗျာ
“No, I haven’t, but he has.”
ဟင့်အင်းကျနော်မတွေ့မိပါဘူး ၊ သူတွေ့မိတယ်
.
(မေးသူက ကျနော် I တွေ့မိတယ်ထင်လို့မေးတာ ။ တကယ်တန်းက ကျနော်မတွေ့ဘဲသူတွေ့တာ ၊ အချက်အလက်က မှားနေတယ် ။ ဒါကို ပြင်ချင်တဲ့အခါ ကျနော် I မဟုတ်တဲ့အကြောင်းနဲ့ သူ he ဟုတ်တဲ့အကြောင်း ပြင်ပေးချင်တာဖြစ်တဲ့အတွက်..ဒုတိယ ၀ါကျမှာ I နဲ့ he ကို ဖိပြီး ရွတ်ပေးရမယ်လို့ ဆိုလိုတာပါ ။ ပုံမှန်အားဖြင့်က I, he တို့ဟာ pronoun တွေဖြစ်လို့ ဖိပြီးရွတ်ဖို့ မလိုပါဘူး)

...
(3) The time between each stressed word is the same.
နောက်စည်းကမ်းချက်တစ်ခုကတော့ ၀ါကျအတွင်းမှာရှိတဲ့ ဖိသံတွေ တစ်ခုနဲ့တစ်ခုအကြားက အကွာအဝေး ကြာချိန်ဟာ တူညီရပါမယ်..တဲ့ ။ တစ်နည်းပြောရလျှင် ညီအောင်ညှိပြီးရွတ်ရပါမယ် ။ ပထမဖိသံနဲ့ ဒုတိယဖိသံ ကြားက ရွတ်ဆိုဖို့ကြာချိန်ဟာ တစ်စက္ကန့်ဆိုပါစို့.. အဲလိုပဲ ဒုတိယဖိသံနဲ့ တတိယဖိသံကြားက စကားလုံးတွေကို ရွတ်ဆိုဖို့ ကြာချိန်ဟာလည်း တစ်စက္ကန့်ပဲ ဖြစ်ရပါမယ် ။ ၀ါကျတစ်ခုထဲမှာ ဖိသံတစ်ခုနဲ့တစ်ခုကြားက စကားလုံးအရေအတွက်ဟာ အနည်းအများ မတူသည်ပဲ ဖြစ်စေ ကြာချိန်ကို တူအောင် နှေးဖို့လိုလျှင်နှေး .. မြန်ဖို့လိုလျှင် မြန်ပြီး ရွတ်ဆိုရမယ်လို့ဆိုလိုပါတယ်
နမူနာလေးနဲ့ ရှင်းပြပါမယ်
.
Example: Can you (do) the (dishes) after you have (finished) your (lunch)?
.
ဒီဝါကျမှာဆို do နဲ့ dishes ကြားမှာ အသံတစ်ခု (the) ပဲ ရှိပြီး dishes နဲ့ finishes ကြားမှာ အသံလေးသံ (af-ter you have) ရှိနေပါတယ် ။ အဲဒီမှာ the တစ်သံတည်းကို ရွတ်ဆိုရမယ့်ကြာချိန်ဟာ af-ter you have အသံလေးသံကို ရွတ်ဆိုရမယ့် အချိန်နဲ့ အတူတူပါပဲ ။ ဒါကြောင့် the ကို အသံဆွဲပြီး ဖြည်းဖြည်းဆိုရမှာ ဖြစ်ပြီး after you have ကို မြန်မြန်ဆိုရမှာဖြစ်ပါတယ် ။
(There is one syllable between do and dishes and there are four syllables between dishes and finished. The time between do and dishes and between dishes and finished is the same.
This is because you say "the" more slowly and "after you have" more quickly.)
..
ဒါမှသာ ဟိုးရှေ့အဖွင့်မှာတုန်းက ကျနော်ပြောခဲ့သလို ဖိသံလေးတွေ တစ်ခုနဲ့တစ်ခုကြား ကြာချိန်ဟာညီတူပြီး အသံလေးတွေဟာ တက်လိုက်ကျလိုက်နဲ့ ညီညာတဲ့ သံစဉ်လှိုင်းကလေးတွေလို ဖြစ်သွားမယ်လို့ သိနိုင်ပါတယ် ၊ အဲဒါသည်ပင် ဘာသာစကားရဲ့ နရီစည်းဝါးဖြစ်တယ်လို့ ဆိုပါတယ် ။ အင်္ဂလိပ်စကားမှာ Stress နဲ့ Unstress ဟာတစ်လှည့်စီပဲလာပါတယ် ။ နာမည်ကျော် Shakespeare ရဲ့ ပြဇတ်တွေမှာဆို တကယ်အရေးကြီးတဲ့ အခန်းတွေမှာ Stress နဲ့ Unstress ဟာ (၅) ကြိမ်စီ (SU, SU, SU, SU, SU) လို့ လာလေ့ရှိတယ်ဆိုတာ ဆရာမတစ်ဦးရဲ့ video ပို့ချချက်မှာ မှတ်သားလိုက်ရပါတယ် ။ ကဲ အခုတော့ Stress တွေ ဘာကြောင့်လုပ်ရတယ် ၊ ရွတ်ဆိုမှုတွေဟာ ဘာကြောင့် နှေးလိုက်မြန်လိုက်တွေ ဖြစ်တယ်ဆိုတာ သိသွားပြီ မဟုတ်ပါလားခင်ဗျာ .. ဆက်ရေးဦးမယ်နော်
...
မေတ္တာဖြင့်

အသံထွက်တွေကို မှန်အောင် မြန်မာလို ရေးပြဖို့က မဖြစ်နိုင်ပါဘူး ၊ မတူတဲ့ သဘောလောက်ကို ပေါ်လွင်စေဖို့ ရေးပြခဲ့ခြင်းသားဖြစ်ပါတယ် ။ မြန်မာလိုရေးတဲ့အသံထွက်တွေဟာ လွှဲချော်မှု ရှိနိုင်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် သိစေချင်တာကတော့ ကျနော့်စေတနာသာ ဖြစ်ပါကြောင်း

မေတ္တာဖြင့်
Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf
===================
အင်္ဂလိပ်-မြန်မာအဘိဓာန် - ရွှေအိမ်စည်

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၂

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၂
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဝါကျတွေမှာ stress ကို နေရာပြောင်းတဲ့အခါ
.........................................................
ရေးပြီဆိုမှတော့ တော်တော်လေးရောက်အောင် ရေးလိုက်ချင်တဲ့အတွက် တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ် ၊ အတော်အသင့် လေ့လာသူအဆင့်မှာတော့ မလိုအပ်သေးပါဘူး ။ သိချင်သူများ အတွက်တော့ သိဖို့ကောင်းတဲ့ ဗဟုသုတဆိုတာ ပိုတယ်မရှိပါဘူး ။
.
ဝါကျထဲမှာ ရှိတဲ့ ဖိပြီးရွတ်ဆိုရမယ့် စကားလုံးတွေ (content/lexical words) နဲ့ ဖော့ပြီးရွတ်ဆိုရမယ့် စကားလုံးတွေ (structure/function words) အကြောင်းကို ပြောခဲ့သလို ၊ ဖိသံတစ်ခုနဲ့တစ်ခုကြား အချိန်အတိုင်းအတာ ညီတူဖြစ်သင့်တယ်ဆိုတဲ့ အကြောင်းကို ပြောခဲ့ပါတယ် ။ ဆက်လက်ပြီး ယေဘူယျ စည်းစနစ်လေးတွေကို ပြောပါရစေ..
...
(1) ၀ါကျထဲက အရေးကြီးတဲ့စကားလုံး .. ကျနော်တို့ အသားပေးပြီး ပြောချင်တဲ့စကားလုံးကို ဖိပြီးရွတ်ဆိုရပါမယ် ။ နောက်တစ်ချက်ကတော့ ၀ါကျတစ်ခုရဲ့ နောက်ဆုံးဖိသံကို အမြင့်ဆုံး အကျယ်ဆုံး ဖိပြီး ရွတ်ဆိုရမှာ ဖြစ်ပါတယ် ။ The most important words in the sentence receive stronger stress. The last stressed word in the sentence receives the strongest stress.
.
နမူနာကြည့်ပါ
.
DOES she LIKE the /BOOK?
( Book ဆိုတဲ့စာလုံးဟာ နောက်ဆုံးဖိသံ ဖြစ်တဲ့အတွက် အမြင့်ဆုံးဖြစ်ရပါမယ် ၊ like မှာရွတ်ဆို တုန်းကထက် အသံပိုမြင့်ရမယ်လို့ ဆိုလိုပါတယ်)
.
WHAT BOOK is she \READing?
(ဒီမှာကတော့ reading ကို အမြင့်ဆုံးရွတ်ဆိုရမှာ ဖြစ်ပေမယ့် မူလ verb ဖြစ်တဲ့ read ကိုသာ မြင့်ရမှာဖြစ်ပြီး ---ing ကိုတော့ မြှင့်ဆိုဖို့ မလိုပါဘူး )
...................................................
(2) ဖိပြီးရွတ်ဆိုသံတွေက အဓိပ္ပါယ်ကို ဘယ်လိုပြောင်းလဲသွားစေသလဲ ကြည့်ပါဦး
Changes in stress can affect the meaning of a sentence. Compare:
..
1. John is leaving Paris NEXT WEEK. (Emphasize the time)
( အချိန်ကို အသားပေးပြီး ပြောတဲ့သဘော)
.
2. John is leaving PARIS next week. (Emphasize the place)
(နေရာကို အသားပေးပြီး ပြောတာ)
.
3. John is LEAVING Paris next week. (Emphasize the action)
(လုပ်ဆောင်မှုကို အသားပေးတာ)
.
4. John IS leaving Paris next week. (Emphasize the truth)
( ဖြစ်ရပ်ကို ပေါ်လွင်စေချင်တာ)
.
5. JOHN is leaving Paris next week. (Emphasize the person)
(JOHN ကို ပေါ်လွင်စေချင်တာ)
..
တစ်ခါ အသားပေးတော့ ဘာထူးသွားလဲ .. ဘယ်လို ဖြစ်သွားလဲဗျာလို့ မရှင်းလျှင် နမူနာထပ်ကြည့်ပါဦး Oxford Practical English Usage စာအုပ်ထဲကပါ ၊ စာကြောင်းကပေးတဲ့ မူလအဓိပ္ပါယ်အပြင် stress က ပေးတဲ့ အဓိပ္ပါယ်တွေလည်း ရှိလာပါတယ် ။
.
1. JANE phoned me yesterday. (Not somebody else.)
(တစ်ခြားသူဆက်တာ မဟုတ်ဘူး Jane ဆက်တာ)
.
2. Jane PHONED me yesterday. (She didn’t come to see me.)
(သူမက ဖုန်းပဲဆက်တာ ၊ လာမတွေ့ဘူး)
.
3. Jane phoned ME yesterday . (She didn't phone you.)
(Jane က ကျနော့်ကို ဖုန်းဆက်ခဲ့တာ ၊ ခင်ဗျားကို မဟုတ်ဘူး)
.
4. Jane phoned me YESTERDAY. (Not today.)
(မနေ့က ဖုန်းဆက်တာဗျ ၊ ဒီနေ့ မဟုတ်းဘူးရယ်)
............
ဒီလောက်ဆို stress ကိုသုံးပြီး emphasis လုပ်တတ်လောက်ပါပြီ

အသံထွက်တွေကို မှန်အောင် မြန်မာလို ရေးပြဖို့က မဖြစ်နိုင်ပါဘူး ၊ မတူတဲ့ သဘောလောက်ကို ပေါ်လွင်စေဖို့ ရေးပြခဲ့ခြင်းသားဖြစ်ပါတယ် ။ မြန်မာလိုရေးတဲ့အသံထွက်တွေဟာ လွှဲချော်မှု ရှိနိုင်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် သိစေချင်တာကတော့ ကျနော့်စေတနာသာ ဖြစ်ပါကြောင်း

မေတ္တာဖြင့်
Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf
===================
အင်္ဂလိပ်-မြန်မာအဘိဓာန် - ရွှေအိမ်စည်

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၃

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၃
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ပုံမှန်အားဖြင့် ဖိရွတ်ဖို့ မလိုတဲ့ အကူကြိယာ လေးတွေကို ဖိရွတ်လိုက်တဲ့အခါ အဲဒီဝါကျတစ်ခုလုံးကို အသားပေးပြောဆိုရာ ရောက်ပါသတဲ့ ။ ၀ါကျတွေက တစ်ခုထက်ပိုပြီး အများကြီး ရှိတဲ့အခါ .. အဲဒီ အကူကြိယာကို ဖိရွတ်လိုက်တဲ့ ၀ါကျဟာ ကျနော်တို့ အသားပေး ပြောချင်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သွားပြီပေါ့
When we want to give a sentence positive emphasis in English, we normally put stress on the auxiliary verb (including the normal use of the verb BE).
.
ဥပမာ :
She IS happy.
I WILL finish my homework. I promise.
.
အကူကြိယာကို ဖိရွတ်ရမှာဆိုတော့ သူ့ကို အတိုကောက် ပုံစံနဲ့ သုံးလို့ မရတော့ဘူးနော်
Notice that if we want to stress the auxiliary, we cannot contract it. For example in the first emphatic sentence we see "She is", not "she's".
She's happy. ဆိုလျှင် IS ကို ဖိရွတ်လို့ မရတော့ဘူး ။ ဒါကြောင့် အသားပေးတဲ့ပုံစံမှာ သုံးလို့ မရပါဘူး ။
.
ကဲ..အဲသည်တော့ တကယ်လို့များ ရှီ(စ်)ဟက်ပီ လို့ မထွက်ပဲ ရှီ “အစ်(စ်)” ဟက်ပီ .. လို့များကြားရလျှင် တောကျတာလား ၊ တကယ်သိလို့ အသားပေးပြောချင်တာလားဆိုတာ ခွဲရခက်သွားပါပြီ ။
tongue emoticon

.............................................................
(4) အကူကြိယာ မပါတဲ့ ၀ါကျတွေမှာတော့ အဲဒီ အသားပေးတဲ့ သဘောကို ရဖို့အတွက် V-do ကို ပေါင်းထည့်ရပါတယ် ၊ V-do ကို stress ဖြင့် ရွတ်ဆိုရပါမယ် ။
In emphatic sentences without auxiliary verbs we add do to carry stress.
ဥပမာ ..
DO sit down.
She DOES like you. စသည်ဖြင့် ရှိပါတယ်
.
ကျနော်တို့ သိလိုက်ရတဲ့ အချက်ကတော့ do ထည့်ရခြင်းဟာ stress လုပ်ဖို့အတွက်ဆိုတဲ့ အချက်တစ်ခုပါပဲ ။ do ထည့်တာနဲ့ဘာလို့ emphasis ဖြစ်သွားတာလဲ ဆိုတဲ့အချက်ကိုလည်း ရှင်းပြဖို့ လုံလောက်သွားပါပြီ ။ အခြား အကူကြိယာ တစ်ခုခု ပါပြီးနေလျှင် do ထည့်ဖို့ မလိုတော့ဘူး ဆိုတာလည်း သိနိုင်လောက်ပါပြီနော်
..
ဒီနေရာမှာ တစ်ခုကွဲပြားစေချင်တာက Main verb ကို stress လုပ်တာနဲ့ ၀ါကျ တစ်ခုလုံး အကျုံးဝင်စေတဲ့ Auxiliary verb ကို stress လုပ်တာ မတူပါဘူး ..
ဆိုပါစို့
SIT down. (ထိုင်ပဲထိုင်ပါ ၊ ရပ်မနေပါနဲ့) ..ဆိုတဲ့သဘောမျိုးဖြစ်ပြီး
DO sit down. (ထိုင်ဖြစ်လောက် ထိုင်လိုက်ပါဗျာ ၊ ထိုင်စေချင်လို့ပါ ) ဆိုတဲ့သဘောဖြစ်ပါတယ်

အသံထွက်တွေကို မှန်အောင် မြန်မာလို ရေးပြဖို့က မဖြစ်နိုင်ပါဘူး ၊ မတူတဲ့ သဘောလောက်ကို ပေါ်လွင်စေဖို့ ရေးပြခဲ့ခြင်းသားဖြစ်ပါတယ် ။ မြန်မာလိုရေးတဲ့အသံထွက်တွေဟာ လွှဲချော်မှု ရှိနိုင်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် သိစေချင်တာကတော့ ကျနော့်စေတနာသာ ဖြစ်ပါကြောင်း

မေတ္တာဖြင့်
Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf
===================
အင်္ဂလိပ်-မြန်မာအဘိဓာန် - ရွှေအိမ်စည်

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform