စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 5 May 2014

မြန်မာနိုင်ငံသို့ တင်သွင်းမည့် လိင်စိတ်ကြွဆေး ၁ သန်းနီးပါး ဖမ်းဆီးရမိ

မြန်မာနိုင်ငံသို့ တင်သွင်းမည့် လိင်စိတ်ကြွဆေး ၁ သန်းနီးပါး ဖမ်းဆီးရမိ
Monday, May 5, 2014

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် သောင်ရင်းမြစ်ကူးတို့ဆိပ်မှာ မြန်မာနိုင်ငံထဲကို တင်သွင်းမယ့် လိင်စိတ်ကြွဆေးပြား အလုံးရေ ၁ သန်းနီးပါး ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မဲဆောက်မြို့နယ် အကောက်ခွန် အရာရှိ နိုင်းဖုန်းထိပ်ဘိုဆပ် က သတင်းထောက်တွေ ကို ပြောကြားရာမှာ အမှတ် ၄ အထူးစစ်ဆင်ရေးတပ်၊ ရာဇ၀တ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ မဲဆောက်မြို့မရဲစခန်းက တာဝန်ရှိသူတွေ ပူးပေါင်းပြီး နယ်ခြားဂိတ်တွေ စစ်ဆေးရာမှာ မဲဆောက်မြို့နယ် အမှတ် ၁၆ သောင်ရင်းမြစ် ကူးတို့ဆိပ်မှာ စိတ်နဲ့ အာရုဏ်နိုးထဆေးအပြင်းစား အဆင့် ၁ ဆေးတွေကို မေ ၄ ရက်နေ့က ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

အဲဒီဆေးတွေမှာ Ativan , Xanax , Razepam , Frisium နဲ့ Clobazam စတဲ့ ဆေးအမျိုးအစားတွေ ပါဝင်ပြီး စုစုပေါင်း အလုံးရေ ၉ သိန်း ၂ သောင်း ဖမ်းဆီးရမိကြောင်း၊ ပေါက်ဈေး ဆေး ၁ ပြားကို ၄ နဲ့ ၅ ဘတ်အထိ ရှိတဲ့အတွက် ကာလတန်ဖိုး ဘတ်သန်းချီရှိကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီဆေးတွေဟာ ပါကစ္စတန်နိုင်ငံကနေ စင်ကာပူ၊ အဲဒီကမှ ထိုင်းနိုင်ငံ ချွန်းပုးရီးခရိုင် လဲမ်ချပန်လှေဆိပ်ကနေတဆင့် တာ့ခရိုင်ကို ဖြတ်ပြီး မြန်မာနိုင်ငံ မြ၀တီဘက် တင်သွင်းဖို့ ဖြစ်တယ်လို့ အကောက်ခွန်အရာရှိက ထိုင်းသတင်းထောက်တွေကို ပြောသွားပါတယ်။
DVB TV News

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform