စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 4 May 2014

အမေများနေ့ 

ဒီလထဲမှာ တမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးနဲ့ ဆိုင်တဲ့နေ့လေး တစ်နေ့ရှိပါတယ်။ ဘာနေ့လဲသိပါသလား။ ဟုတ်ပါတယ်၊ အဲ့ဒီနေ့လေးကတော့ “အမေများနေ့” လေးပါ။ လူသားတိုင်းမှာ ကိုယ့်ကိုမွေးဖွားပေးတဲ့ အမေဆိုတာ ရှိကြပါတယ်။ ဒါကြောင့် ဒီနေ့လေးဟာ တမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်း အထွဋ်အမြတ်ထားသင့်တဲ့ နေ့လေးတစ်နေ့ဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိ အမေများအားလုံးကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ကမ္ဘာတစ်ဝှမ်းတွင် မေလ၊ဒုတိယပတ်၊တနင်္ဂနွေနေ့အား အမေများနေ့အဖြစ် နိုင်ငံအများစုက သတ်မှတ်ကြပါတယ်။ မြန်မာနိုင်ငံတွင်လည်း အမေများနေ့ကို နှစ်စဉ်ပြာသိုလပြည့်နေ့၌ ကျင်းပပြုလုပ်ပြီး အမေ့ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ပြောဆို ကြပါတယ်။
အမေများနေ့ ဖြစ်ပေါ်လာပုံကိုလည်း အကျဉ်းချုပ်ပြောပြလိုပါတယ်။ ရှေးဟောင်း ဂရိရောမခေတ်မှ စတင်၍ ယနေ့ခေတ်အထိ အမေ့ကျေးဇူးထုတ်ဖော်သည့်နေ့ကို ကျင်းပခဲ့ကြပါတယ်။ တရားဝင် အမေများနေ့ ဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ Juila Ward Home ဖြစ်သည်။ သူမသည် ကျော်ကြားသော စာရေးဆရာမကြီးတစ်ဦးဖြစ်ပြီး အမေနေ့ဖြစ်မြောက်ရန် ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူဖြစ်သည်။ Julia Ward Home သမီး Anna Jarvis ကအမေ့အိမ်မက်ကို ဆက်လက်ပြီး ရှင်သန်စေခဲ့သူဖြစ်ပြီး သူမဟာလဲ မမေ့သင့်သောကျေးဇူးရှင်တစ်ဦးဖြစ်ပါသည်။ Julia Ward Home နှင့် Anna Jarvisတို့၏ ကြိုးပမ်းမှုများကြောင့် နောက်ပိုင်းတွင် ကမ္ဘာနှင့်အဝှမ်း အမေများနေ့ကျင်းပနေခဲ့ကြတာဖြစ်ပါသည်။
မြန်မာပြည်တွင် စာရေးဆရာ ဒါရိုက်တာ ဦးသုခ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလ်လပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး မြန်မာပြက္ခဒိန်တွင် ပြာသိုလ်လပြည့်အမေ့များနေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပါတယ်။ ၁၉၉၅ - ခု နှစ်၊ ပြာသိုလ်လပြည့်နေ့၌ စာရေးဆရာ ဦးသုခ၏ တိုက်တွန်းပြောပြချက်အရ မန္တလေးတွင် အမေများနေ့ကို ပထမဦးဆုံးစတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform