စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday, 6 May 2014

အီတလီ မြို့ငယ်လေးတစ်ခုမှ ထူးခြားသော မြွေပွဲတော်

အီတလီ မြို့ငယ်လေးတစ်ခုမှ ထူးခြားသော မြွေပွဲတော်
Tuesday, May 6, 2014

အလယ်ခေတ် အငွေ့အသက်များ ကျန်ရှိနေဆဲဖြစ်သည့် မြို့လေးတွင် ကျင်း ပသည့် အဆိုပါ ပွဲတော်သည် သူတော်စင် ဒေါမနစ်၏ ထူးခြားလှသော အနာရောဂါ ကုသမှု စွမ်းရည်ကို ဂုဏ်ပြုရည်ညွှန်းကြခြင်းဟုသိရသည်မြင်ကွင်းက အသည်းယားစရာဖြစ်သည်။ သူတော်စင် ရုပ်တုတစ်ခုကို လူအများက ထမ်းပိုးသယ်ဆောင်လာကြသည်။ 

ယင်းရုပ်တုပေါ်တွင် မြွေအရှင်များက လူးလွန့်လှုပ်ရှားရင်း လိုက်ပါလာကြသည်။ Festa dei Serpari အမည်ရှိ ပွဲတော်ကို အီတလီနိုင်ငံ၊ ကိုကူလို မြို့ငယ်လေးတွင် နှစ်စဉ်နှစ်တိုင်း မေလဆန်း၌ ကျင်းပလေ့ရှိသည်။ သူတော်စဉ် ဒေါမနစ်၏ ရုပ်တုကို မြွှေအရှင် အကောင်(၃၀)တင်ပြီး လှည့်လည်ကြသည့် အဆိုပါ ပွဲတော်သည် မြို့လေး၏ ထူးခြားသော အစဉ်အလာ တစ်ရပ်လည်း ဖြစ်သည်။ ယင်းပွဲသဘင်တွင် လိုက်ပါလာသည့် လူအုပ်ကြီးထဲတွင် ရောနှောသယ်ဆောင်လာသည့် မြွေကောင်ရေမှာလည်း ရာနှင့်ချီ ရှိနေသည်။ အလယ်ခေတ် အငွေ့အသက်များ ကျန်ရှိနေဆဲဖြစ်သည့် မြို့လေးတွင် ကျင်းပသည့် အဆိုပါ ပွဲတော်သည် သူတော်စင် ဒေါမနစ်၏ ထူးခြားလှသော အနာရောဂါ ကုသမှု စွမ်းရည်ကို ဂုဏ်ပြုရည်ညွှန်းကြခြင်းဟု သိရသည်။ ပွဲမတိုင်မီတွင် အဆိပ်မရှိသော မြွေများကို မြို့ခံများက ကြိုတင်ဖမ်းယူ စုဆောင်းထားကြသည်။ 

ထို့အပြင် ပို၍ စိတ်ချရစေရန်အတွက် ပွဲမစမီ ရက်အနည်းငယ်၌ မြွေများ၏ အစွယ်မှတစ်ဆင့် ၎င်းတို့၏ တံတွေးဂလင်းကို ညှစ်ထုတ်ကာ အဆိပ်ဖယ် ရှားသည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်ထားကြပြန်သည်။ လူဦးရေ (၃၀၀)ပင် မပြည့်သည့် မြို့လေးတွင် မေဒေးနေ့ ကျရောက်တိုင်း အဆိုပါ ပွဲသဘင်ကို ဆင်ယင်ကျင်းပလေ့ ရှိကြသည်။ ထိုအချိန်မျိုးတွင် ကမ္ဘာလှည့် ခရီးသည်များ၊ မြွေချစ်သူများ၊ ဓာတ်ပုံဆရာများပါ ရောက်ရှိလာပြီး မြို့လေးထဲတွင် လူပေါင်းထောင်ချီ များပြားလာခဲ့သည်။ ပွဲတော်ကို တစ်နာရီခွဲမျှ ကျင်းပလေ့ရှိပြီး ထို့နောက်တွင်မူ မြွေများအားလုံးကို ဘေးမဲ့လွှတ်လိုက်သည်။ ကိုကူလို မြို့အတွင်းတွင်မူ မီးရှူးမီးပန်းများ အကြီးအကျယ် ပစ်ဖောက်ကာ အခမ်းအနားအတွက် အောင်ပွဲခံလေ့ ရှိကြောင်းလည်း သိရသည်။ အဆိုပါ ပွဲတော်ကို မြွေပွဲတော်ဟု အလွယ်ခေါ်ဝေါ်မှုများ ရှိသော်လည်း (၁၁)ရာစုက ပေါ်ထွန်းခဲ့သည့် သူတော်စင် ဒေါမနစ်အား ဂုဏ်ပြုသည့် အစဉ်အလာ တစ်ရပ်အဖြစ် အများစုက အခိုင်အမာ ယုံကြည်ခဲ့သည်။ ထိုစဉ်က သူတော်စဉ် ဒေါမနစ်သည် မြွေဆိုးထူပြောလွန်းသည့် အဆိုပါဒေသမှ မြွေပေါင်းထောင် နှင့်ချီ အရေအတွက်ကို ရှင်းလင်းနိုင်အောင် ဦးဆောင်ကူညီခဲ့ကြောင်းလည်း ဒေသခံများက ပြောကြားခဲ့ကြသည်။

Planet
 (4 photos)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform