စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 5 May 2014

လားရှိုးတွင် ဧပြီလအထိ မူးယစ်ဆေးဝါး (၈၆)မှု ဖမ်းဆီး

လားရှိုးတွင် ဧပြီလအထိ မူးယစ်ဆေးဝါး (၈၆)မှု ဖမ်းဆီး
Monday, May 5, 2014

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် ယခုနှစ်စမှ၍ ဧပြီလအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း (၈၆)မှုကို ဖမ်းဆီးအရေးယူခဲ့ကြောင်း
ယင်းမြို့နယ်အခြေစိုက် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့အမှတ်(၂၄) မူးယစ်တပ်ဖွဲ့စု(လာရှိုး)ထံမှ သိရသည်။

ယင်းတပ်ဖွဲ့မှ ဒုတပ်ဖွဲစုမှူး ဒုရဲမှုးဦးသင်းအောင် ၏ ပြောကြားချက်အရ ၂ဝ၁၃ ခုနှစ်အတွင်းမူးရစ်ဆေးဝါးအမှုပေါင်း(၃၃၂)မှုကို ဖော်ထုတ်
အရေးယူနိုင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ဧပြီလအထိ မူးရစ်ဆေးဝါးအမှုပေါင်း ၈၆ မှုကို အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

“ထူးခြားဖြစ်စဉ်အနေကတော့ (၄.၄.၂ဝ၁၄) နေ့က မူးယစ်ဆေးပြားပေါင်း(၆)သိန်းကျော်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းသို့ မူးရစ်ဆေးဝါးသုံးစွဲမှု များပြားလာခြင်းကြောင့် လားရှိုးမြို့ဒေသခံများကြား စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သိရပြီး မူးယစ်ဆေးဝါး
သုံးစွဲသူများနှင့် ရောင်းဝယ်သူများ တစ်နေ့တစ်ခြား များပြားလာခြင်းကြောင့် ဆက်စပ်ဖြစ်ပေါ်သည့် ရာဇဝတ်မှုများလည်း မကြာခဏ ဖြစ်ပွား
နေကြောင်း သိရသည်။

“ကျွန်တော်တို့ဆီမှာ တချို့လုယက်မှုနဲ့ ဖောက်ထွင်းမှုတွေဆိုရင် ကာယကံရှင်တွေ ကိုယ်တိုင်က သက်ဆိုင်ရာကို မတိုင်ကြားတာကြောင့်
တာဝန်ရှိသူတွေ ကိုယ်တိုင်မသိဘဲ ဖြစ်နေတာတွေရှိပါတယ်၊ ဆေးသုံးစွဲသူတွေနဲ့ ရောင်းဝယ်သူတွေ အများဆုံးကျက်စားရာက ရပ်ကွက်(၅)
တရုတ်ဘုံကျောင်းနားတဝိုက်မှာ ဖြစ်ပါတယ်၊ သက်ဆိုင်ရာက ဖမ်းဆီးမှုတွေရှိတယ် ဆိုပေမယ့် အခုထက်ပိုပြီ အရှိန်မြှင့်နှိမ်နင်းပေးဖို့
တောင်းဆိုလိုပါတယ်”ဟု လာရှိုးမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲထားသူ လူငယ်များက ညအချိန်များတွင် ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့၍ လမ်းသွားလမ်းလာများကို ရိုက်နှက်
လုယက်ခြင်းများ မကြာခဏ ဖြစ်လေ့ရှိပြီး ယင်းသို့ ရိုက်နှက်မှုများကြောင့် အသက်ဆုံးရှုံးမှုမျိုးလည်း ရှိခဲ့ကြောင်း လားရှိုးဒေသခံများ၏
ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ လားရှိုးမြို့နယ် မူးယစ်တပ်ဖွဲ့စုမှာက အင်အားအယောက်(၃ဝ)ကျော်နဲ့ပဲ လှုပ်ရှားနေရတာပါ၊ နောင်ချိုမှာလည်း တပ်ဖွဲ့ဝင်အချို့ကို
ခွဲပြီးပို့ထားရတဲ့အတွက် တပ်ဖွဲဝင်အင်အားက နည်းနေတာမို့ ပြည်သူလူထုရဲ့ သတင်းပေး ပူးပေါင်းပါဝင်မှုလည်း အထူးလိုအပ်နေပါတယ်”
မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့အမှတ်(၂၄)၊ မူးယစ်တပ်ဖွဲ့စု(လာရှိုး)မှ ဒုတပ်ဖွဲစုမှူး ဒုရဲမှုးဦးသင်းအောင် က ပြောသည်။

တင်ဦး(စောထ)

မြန်မာ့ခေတ်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform