စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 5 May 2014

"ရန်ကုန်-နေပြည်တော် အမြန်လမ်း ပြုပြင်ရေး အမေရိကန်ကူညီမည်"

"ရန်ကုန်-နေပြည်တော် အမြန်လမ်း ပြုပြင်ရေး အမေရိကန်ကူညီမည်"
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး ပြုပြင်ရေးအတွက် အမေရိကန်နိင်ငံက အကူအညီနဲ့ ဆောင်ရွက်ဖို့ ဆွေးနွေးမူတွေကို မနေ့က စတင်ပြုလုပ်နေပြီလို့ အမြန်လမ်းမကြီး ပြင်ဆင်ထိန်းသိမ်းရေးဌာန အကြီးအကဲက RFA ကို အတည်ပြု ပြောပါတယ်။
နေပြည်တော် အမြန်လမ်းကြီးဟာ မြန်မာပြည်တွင်းရှိ လမ်းမကြီးတွေထဲမှာ မတော်တဆမှု အများဆုံးဖြစ်နေတဲ့ လမ်းတစ်ခုဖြစ်ပြီး အခုနှစ်အတွင်း မတော်မတဆမှုတွေ ပိုမိုများပြားလာတာကြောင့် ပြင်ဆင်ထိန်းသိမ်းမူတွေလုပ်ဖို့ လိုအပ်နေတယ်လို့ အမြန်လမ်းမကြီး ပြင်ဆင်ထိမ်းသိမ်းရေး အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောပါတယ်။ ပြင်ဆင်မှုတွေအတွက် အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ရေးဌာနဖြစ်တဲ့ USAID ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။
"ဒီနေ့ဆိုရင် ကျနော်တို့ဆီကို USAID ကနေ နည်းပညာကူညီဖို့အတွက် လာရောက်ဆွေးနွေးတယ်၊ လက်ရှိအမြန်လမ်းမကြီးကို Road Safety အတွက် ကျနော်တို့ကို Technical Training ပေးပြီးမှ ၁ဝ ကီလိုမီတာကို Pilot Project ပေါ့နော်၊ ကျနော်တို့အနေနဲ့ Road Safety အတွက်ကို သူတို့ကဒီဇိုင်းထုတ်ပြီးလုပ်ပေးမယ်၊ ဒီဇိုင်းထုတ်တဲ့ နည်းပညာတွေကိုလည်း ကျနော်တို့ကို သင်တန်းပေးမယ်လို့ ဒီနေ့အတွက် ကျနော်တို့ဆွေးနွေးထားတယ် "
မတော်တဆမှုတွေ ကာကွယ်ရေးအတွက် လမ်းဒီဇိုင်းထုတ်တဲ့ ပညာရပ်တွေကို သင်ကြားပေးပြီး မြန်မာအင်ဂျင်နီယာတွေက လမ်းအရှည် ၁၀ ကီလိုမီတာကို စမ်းသပ်ဒီဇိုင်းထုတ်ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။ သတင်းတွေအရ USAID ထံက အမေရိကန်ဒေါ်လာ တစ်သန်းခွဲလောက် အကူအညီရရှိဖို့ရှိတယ်လို့ သိရပါတယ်။
အမေရီကန်ဟိုင်းဝေးပညာရှင်တစ်ဦးမှ မြန်မာနိုင်ငံ ရန်ကုန်-မန္တလေး အမြန်လမ်းအား ကနဦးလာရောက်လေ့လာနေပုံ
Rfa

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform