စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday, 9 May 2014

သုံးခွမြို့နယ် ပုလဲကျေးရွာအနီး ယာဉ်တိမ်းမှောက်မှုကြောင့် လူနှစ်ဦး သေဆုံး

 သုံးခွ မေ ၉

 ရန်ကုန် တောင်ပိုင်း ခရိုင် သုံးခွမြို့နယ် ပုလဲကျေးရွာအနီး မိုင်တိုင် အမှတ် ၅၅/၆ နှင့် ၅၅/၇ အကြား သုံးခွမြို့နယ်မှ သန်လျှင်မြို့နယ်ဘက်သို့ ယာဉ်မောင်း သက်ဝေလင်း -၂၂-နှစ် (ရွှေပွင့်လင်းဦး- ကုမ္ပဏီ) ဝန်ထမ်း ဒေါပုံမြို့နယ်နေသူ မောင်းနှင် လာသော 6G-4597 ဒိုင်နာ (အဖြူရောင်) ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ ယာဘက် အခြမ်းသို့ မေ ၈ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်က တိမ်းမှောက် သွားခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက် သွားခဲ့မှုကြောင့် ယာဉ်မောင်း သက်ဝေလင်းနှင့် အတူပါ ဦးတင်ဝင်း ၅၀ နှစ် ကုမ္ပဏီဝန်ထမ်း သာကေတ မြို့နယ်နေ သူတို့နှစ်ဦးမှာ ဦးခေါင်းကွဲအက် ဒဏ်ရာများရှိကာ အခင်း ဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး အတူပါ ထွန်နိုင်ဝင်း-၂၈-နှစ် (ဘ) ဦးခင်မောင်စန်း ကုမ္ပဏီဝန်ထမ်း မင်္ဂလာတောင်ညွန့် မြို့နယ်နေသူမှာ ဦးခေါင်း နောက်စေ့ ဖူးရောင်၊ လက်ပြင်နာကြင်၊ ဝဲပေါင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့၍ သုံးခွမြို့နယ် ပြည်သူ့ဆေးရုံသို့ တက်ရောက် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု သေဆုံးမှုနှင့် ပတ်သက်၍ သုံးခွမြို့နယ် မြို့မရဲစခန်းမှ (ပ) ၁၅/ ၂၀၁၄၊ ပုဒ်မ ၃၃၈ ပုဒ်မ ၃၀၄(က) ဖြင့် ယာဉ်မောင်း သက်ဝေလင်းအား အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

MOI Webportal Myanmar

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform