တရုတ်နိုင်ငံမှာ ဓားထိုးတိုက်ခိုက်မှု ထပ်မံဖြစ်ပွား၊ လူခြောက်ဦး ဒဏ်ရာရ
wednesday, May 7, 2014
တရုတ်နိုင်ငံ တောင်ဘက် ကွမ်ဂျို့မြို့က လူသွားလူလာများတဲ့ မီးရထားဘူတာရုံ တခုမှာ ဓားထိုးမှု တစ်ခု ဖြစ်ပွားခဲ့ပြီး လူခြောက်ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ တရုတ်ရဲတွေက ဆိုပါတယ်။အဲဒီလူသွားလူလာများတဲ့ မီးရထားဘူတာရုံမှာ ဖြစ်ခဲ့တဲ့ ဓားထိုးမှုဟာ လူနှစ်ယောက်လောက် ပါဝင်ခဲ့ပြီး အဲဒီထဲက ပါဝင်ခဲ့တဲ့လူလို့ ယူဆရသူတစ်ဦးကိုတော့ ရဲတွေက အသေပစ်သတ် နိုင်ခဲ့တယ်လို့ တရုတ်အစိုးရပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။
ဓားထိုးတိုက်ခိုက်မှုကြောင့် ဘူတာရုံက ကြမ်း ပြင် ပေါ်မှာ သွေးတွေနဲ့ ပေကျံ နေသလို အဲဒီအခင်း ဖြစ်ပွားခဲ့တဲ့ ဘူတာရုံကို မှုခင်းနေရာ အဖြစ် ရဲတွေက ပိတ်ချထား လိုက်ပါတယ်။
ပြီးခဲ့တဲ့ တပတ်ကလည်း တရုတ်နိုင်ငံ အနောက်တောင်ဘက် ရှင်ကျန်းပြည်နယ်ထဲက မီးရထား ဘူတာရုံ တစ်ခု မှာလည်း အသေခံ ဗုံးဖေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံမှာ အဆိုးဝါးဆုံး ဖြစ်ခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်တယ်လို့လည်း တရုတ် ကွန်မြူနစ် ပါတီ သတင်းစာက ဆိုပါတယ်။
မတ်လအတွင်းမှာလည်း ကူမင်မြို့ မီးရထား ဘူတာရုံမှာ အုပ်စုလိုက် ဓားထိုးမှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၉ ဦးသေဆုံးခဲ့ရပါတယ်။
ABC Radio Australia

0 comments:
Post a Comment