သန့်ရှင်းလှပတဲ့ ခြေထောက်တစ်စုံပိုင်ဆိုင်စေဖို့
ြေေ ခြေထောက်ဆေးပါ
ေ ရေနွေးနွေးလေးနဲ့ ခြေထောက်ကို စိမ်ထားပြီး ဆေးကြောပေးတာဟာ သက်သောင့်သက်သာရှိသလို ပင်ပန်းမှုတွေလည်း ပြေစေကာ ၊ ရေလောင်းပြီး ခြေထောက်ဆေးတာထက်ခြေထောက်ကို ပိုပြီးသန့်စင်စေနိုင်ပါတယ်။ အလုပ်က ပြန်လာပြီး ညစာစားပြီးလို့ တီဗီကြည့်ရင်း အပန်းဖြေနေချိန်မှာ ခြေထောက်စိမ်ထားပေးလို့ ရပါတယ်။ မနက်တစ်ကြိမ်နဲ့ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်တော့ခြေထောက်ကို ပုံမှန်သန့်စင်ပေးပါ။
ကြေးချွတ်သန့်စင်ပါ
ဈေးကွက်ထဲမှာ အရေပြားကြေးချွတ် သန့်စင်တဲ့ ပစ္စည်းတွေ စုံလို့ပါပဲ။ သင့်အသားအရေ၊ အရေပြားနဲ့ သင့်တော်တဲ့ ပစ္စည်းတစ်မျိုးကိုသုံးပြီး ပုံမှန်ခြေဖနောင့်၊ ခြေချောင်းတွေနဲ့ ခြေသလုံးနေရာတွေအထိ ကြေးချွတ်ပေးပါ။ ဒါဟာ သင့်အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် အရေပြားကိုလည်း ချောမွေ့နေစေပါတယ်။တစ်မိနစ်လောက် ဘရပ်ရှ်နဲ့ခပ်ဖွဖွ ပွတ်တိုက် ကြေးချွတ်ပေးခြင်းဟာလည်း ခြေထောက် အနံ့ထွက်တာနဲ့ ခြေထောက်ကြားမှာ ဖြစ်တတ်တဲ့ အရေပြားရောဂါတချို့ကို သက်သာစေနိုင်ပါတယ်။
ရေဓာတ်ဖြည့်ပါ
ရေဓာတ် (Moisturize) ပါဝင်တဲ့ ခရင်မ်တစ်မျိုးကို သင့်လက်ဖဝါးနဲ့ ခြေဖဝါးတွေကို ပုံမှန်လိမ်းပေးပါ။ ဒါဟာ ခြေထောက် ခြောက်သွေ့ အက်ကွဲတာနဲ့ အရေပြား ပွန်းပဲ့မှုတွေကို သက်သာစေပါတယ်။
ကျန်းမာပါစေ
လှပပြီး ကျန်းမာတဲ့ ခြေထောက်ဖြစ်ဖို့ကတော့ လေ့ကျင့်ခန်းလုပ်ဖို့လည်း လိုပါတယ်။ လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းကတော့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးပါ။ လေ့ကျင့်ခန်း ပြုလုပ်ရာမှာသုံးတဲ့ ဖိနပ်ကလည်း အရမ်းကျပ်လွန်း၊ ချောင်လွန်းတာမျိုး မဟုတ်ဘဲ ခြေဖဝါး ၊ ခြေချောင်းလေးတွေနဲ့ ဖိနပ်ကြားမှာလေဝင်၊ လေထွက် ရအောင်တော့ ချောင်နေသင့်ပါတယ်။
Foot Spray သုံးပါ
ခြေထောက်ကိုဖျန်းတဲ့ စပရေးကို သုံးပေးတာဟာ ဖိနပ်ပေါက် တာနဲ့ ခြေထောက်ချွေးနံ့ကို သက်သာစေပါတယ်။ ခြေထောက်အပိတ် ဖိနပ်တွေကိုပြင်ပ လေဝင်လေထွက်ကောင်းတဲ့ နေရာမျိုးမှာ သိမ်းဆည်းပေးပါ။ သံလွင်၊ လီမွန်စတာ တွေပါဝင်တဲ့ Foot Spray မျိုးဟာ အရေပြားထဲကို စိမ့်ဝင်မှုအား ပိုကောင်းပါတယ်။
နှိပ်နယ်ပေးပါ
ပုံမှန်ခြေထောက် နှိပ်နယ်ပေးတာဟာ သွေးလည်ပတ်မှု ကောင်းစေတာကြောင့် ခြေထောက် ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။
ပြန်လည် လန်းဆန်းပါစေ။ ပုံမှန်ရေနွေးနွေးနဲ့ မသန့် စင်နိုင်ရင်တောင် တစ်ပတ်တစ်ကြိမ်လောက်တော့ ရေနွေးနွေးနဲ့ စိမ်ပေးပြီး သွေးလည်ပတ်မှုအတိုင်း နှိပ်နယ်ပေးပါ။ တစ်လလုံး ခြေသည်းနီးဆိုးတာမျိုး မလုပ်ဘဲ တစ်လမှာ ရက်အနည်းငယ်လောက်တော့ ခြေသည်းကို အားဖြည့်ပေးတဲ့ ခြေသည်းနီမျိုးတွေ ဆိုးပေးပါ။ မြက်ခင်းနဲ့ သဲပြင်လိုနေရာမျိုးတွေမှာ ဖိနပ်မစီးဘဲ လမ်းလျှောက်ပေးတာဟာ သင့်ခြေဖဝါးတွေကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။
လှပတဲ့ ခြေထောက်တစ်စုံ ပိုင်ဆိုင်နိုင်ကြပါစေနော်

0 comments:
Post a Comment