စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 10 May 2014

ဘာသာမဲ့ ကသည်းလူမျိုး ရွာလုံးကျွတ် ဗုဒ္ဓသာဘာသို့ ဝင်ရောက်

ရန်ကုန်

အလိုတော်ပြည့် ဘုန်းတော်ကြီး ကျောင်းတွင် ကသည်းလူမျိုးများ ရွာလုံး ကျွတ် ဗုဒ္ဓဘာသာထဲသို့ ဝင်ရောက်ခဲ့ ကြောင်း မောင်တောမြို့အရေးပေါ်နာ ရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

အဆိုပါ ကသည်း လူမျိုးများသည် မောင်တောမြို့၏ မြောက်ဘက်ပိုင်း ငါး ရံ့ချောင်းကျေးရွာတွင် နေထိုင်သူများ ဖြစ်ပြီး ယင်းကျေးရွာတွင် လူဦးရေ ၃၃၇ ဦးရှိကြောင်း၊ ယင်းတို့သည် မေ ၆ ရက်တွင် ရွာလုံးကျွတ်ဗုဒ္ဓဘာသာထဲ သို့ ဝင်ရောက်ခဲ့ကြောင်း၊ ရဟန်း ၁၈ ပါးကိုလည်း တစ်ခါတည်းခံယူခဲ့ကြောင်း သိရသည်။

''သူတို့က ဘင်္ဂလားနယ်စပ်ဘက် က ဝင်လာကြတာ။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က ခေါ်ပြီးတော့ ရွာတည်ပြီး တော့ထားခဲ့တာ သူတို့က ဘာမှမကိုး ကွယ်ဘူး'' ဟု ဦးစိုးဝင်းကပြောသည်။

ကသည်းလူမျိုးများသည် ဟိုးယ ခင်ရခိုင်ဘုရင်လက်ထက်၌ လေးသည် တော်များအဖြစ်ဖြင့် အမှုတော်ထမ်း ဖူးခဲ့ကြောင်း၊ သူတို့၏မူလဇာတိဖြစ် သည့် အာသံမဏိပူရမှ ဆင်းသက်လာ သည့် အိန္ဒိယမျိုးနွယ်ဝင်လူမျိုးတစ်မျိုး ဖြစ်ကြောင်း၊ မြောက်ဦးမြို့နယ်မဲဆန္ဒ နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းလှိုင်က ဆိုသည်။

 မင်းအောင်ခိုင်
Yangon Media Group
Yangon Times Journal | အတွဲ ၁၀ - အမှတ် ၁၇)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform