စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 3 May 2014

ကွမ်းယာရောင်းသူ အမျိုးသမီးအား လက်နက်ဖြင့် အချက်ပေါင်း များစွာ ထိုးနှက်ပြီး ရွှေထည်ပစ္စည်းများ လုယက်ခဲ့ရာ ၁၅-နာရီအတွင်းဖမ်းဆီးရမိ

ကွမ်းယာရောင်းသူ အမျိုးသမီးအား လက်နက်ဖြင့် အချက်ပေါင်း များစွာ ထိုးနှက်ပြီး ရွှေထည်ပစ္စည်းများ လုယက်ခဲ့ရာ ၁၅-နာရီအတွင်းဖမ်းဆီးရမိ

မန္တလေး၊ပြည်ကြီးတံခွန်မြို့နယ်၊ထိန်ကုန်းရပ်ကွက်၊ကွက်သစ်တောင်ပိုင်း ရန်ကုန်-မန္တလေး လမ်းဘေးရှိ နေလ စက်သုံးဆီအရောင်းဆိုင် အနီးတွင် ဖွင့်လှစ်ရောင်းချနေသော ၀ါနု ကွမ်းယာဆိုင်မှ ကွမ်းယာရောင်းချနေသူအ မျိုးသမီးအား ဧပြီ ၃၀-ရက်၊နံနက် ၁၀-နာရီခန့်က စတီးဓား၊ ကတ်ကြေးဖြင့် လည်ပင်းထောက်၍ ၄င်းဝတ်ဆင် ထားသောေ၇ွှထည်ပစ္စည်းများလု ယက် မှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့မှ ၁၅-နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါကွမ်းယာဆိုင်တွင် ကွမ်းယာရောင်းချနေသူ မသန်းသန်းစိုး (ခ)ဖူးပွင့်လေး(၂၂-နှစ်)အား တံခွန်တိုင်ရပ်ကွက်၊ဇီးကုန်းရပ်နေ ကျော်ကို ကိုဇော်(ခ)ကိုဇော် ကဆိုင်ရှေ့သို့ရောက်ရှိလာပြီး ခဏအကြာ တွင် ၄င်းမှာ ဆိုင်ပေါ်သို့ တက်၍ အဆိုပါအမျိုးသမီး၏ ပါးစပ်ကိုပိတ်ပြီးအသင့်ယူဆောင် လာသောအရိုးအသွား နှစ်လက်မခန့်ရှိစတီးဓါးဖြင့်လည်ပင်းကိုထိုးသွင်း ကြောင်း၊ထို့နောက်ဆိုင်မှကတ်ကြေးဖြင့်ထပ်မံ၍လည်ပင်းကို နှစ်ချက် ၊ဂုတ်ပိုးကို သုံးချက်၊၀ဲဘက်နံကြားတွင်နှစ်ချက် ထိုးသွင်းခဲ့ရာ ပြင်းထန် ဒဏ်ရာများရရှိခဲ့ ကြောင်း၊ကျူးလွန်သူက ပန်းပွင့်ပုံနားဆွဲ(၊တန်ဖိုးငွေ ကျပ် ခြောက်သောင်းခန့် )၊လက်စွပ်မောင်းကွင်း (တန်ဖိုး ငွေကျပ် သုံးသောင်းခွဲခန့်)တို့ကို ချွတ်ယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ကျရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေ ခဲ့ရာ ပြစ်မှုကျူးလွန်သည့် အချိန်မှစ၍ ၁၅-နာရီအတွင်းဧပြီ(၁)ရက်၊နံနက် ၂- နာရီကျော်ခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး၊ကျော်ကိုကို(ခ)ကျော်ကို အား (ပ)၂၄၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆၊၃၈၆ တို့ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform