စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 4 May 2014

ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်နိုင်မည့် နည်းလမ်းများ

ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်နိုင်မည့် နည်းလမ်းများ
••••••••••••••••••••••••••••••••••••••••••••••
ဝမ်းဗိုက်မှ အဆီပိုတွေကြောင့် ဆီးချိုရောဂါ ဖြစ်နှုန်း မြင့်တက်နိုင်တယ်လို့ သုတေသနပြုသူတွေက သိထားကြပေမယ့် လေ့လာမှု အသစ်အရ အသည်းမှာ အဆီဖုံးတာကြောင့်လည်း ဆီးချိုရောဂါ ဖြစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အသည်းမှာ အဆီဖုံးရင် အသည်းမှ သွေးတွင်း သကြားဓာတ် တည်ငြိမ်မှု ရှိအောင် မထိန်းနိုင်တော့ဘဲ သကြားအဆင့်တွေ မြင့်တက်လာပါတယ်။ အသည်းအဆီဖုံးတာကို nonalcoholic fatty liver (NAFLD)လို့ ခေါ်ပြီး များသောအားဖြင့် ဘာလက္ခဏာမှ မပြတတ်ပါဘူး။ အမေရိကန်လူမျိုး သုံးယောက်မှာ တစ်ယောက်နှုန်းဟာ အသည်းမှာ အဆီဖုံးရောဂါ ရှိနေတတ်ပြီး သင်လည်း အဲဒီအုပ်စုထဲမှာ မပါဝင်ရအောင် အောက်ပါတို့ကို ပြုလုပ်ကြည့်ပါ။

(၁) အစားအစာကို ထိန်းချုပ်စားပြီး
အသည်းကို ပြုပြင်ပါ။

ကျွန်မတို့ရဲ့ ၆၅ ရာခိုင်နှုန်းဟာ အဝလွန်နေတာကြောင့် အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ခြေ များနေတတ်ပါတယ်။ သင့်ခန္ဓာကိုယ် အလေးချိန်ကို ၉ ရာခိုင်နှုန်းလောက် လျှော့ချနိုင်တာနဲ့ အသည်းအဆီဖုံးတာ သက်သာသွားနိုင်ပါတယ်။ ဥပမာအားဖြင့် ၁၇၀ ပေါင် ခန္ဓာကိုယ် အလေးချိန်ရှိသူ တစ်ယောက်ဟာ ၁၅ ပေါင်လောက် လျော့သွားတာနဲ့ အသည်းအဆီဖုံးတာ လျော့သွားပါတယ်။ ဒါကြောင့် နေ့စဉ်စားတဲ့ အစာထဲမှ ၁၄၅ ကယ်လိုရီ လျှော့စားလိုက်ပါ။ နေ့စဉ် အချိုရည် တစ်ဘူး၊ အိုက်စကရင်ခွက် လေးပုံတစ်ပုံစာ ဒါမှမဟုတ် အာလူးကြော် တစ်ထုပ်စာ လျှော့စားပေးရင် တစ်နှစ်အကြာမှာ ကိုယ်အလေးချိန် ၁၅ ပေါင် လျော့သွားနိုင်ပါတယ်။

(၂) အသည်း ကျန်းမာအောင်
ထောပတ်သီး စားပါ

တစ်ပတ်ကို ထောပတ်သီး နှစ်လုံး စားပေးတာဟာ ခန္ဓာကိုယ်အတွင်း ကျန်းမာရေးကောင်းစေတဲ့ အဆီတွေ မြင့်မားစွာရှိနေတာကြောင့် အသည်းရောင်ရမ်းတာ ထပ်မဖြစ်တော့ဘဲ အရင်က ရှိနေတဲ့ ရောင်ရမ်းတာတွေလည်း လျော့ကျသွားနိုင်ပါတယ်။

(၃) ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များလာအောင်
ဝိုင်အနီ သောက်ပါ

သင့်အသည်း ကျန်းမာရေးကောင်းဖို့ အရက် လုံးဝ မသောက်ရပါဘူးလို့ အရင်က ဆိုထားပေမယ့် အခုအခါမှာ ကျွမ်းကျင်သူတွေက နေ့စဉ် ဝိုင်အနီ အရက်ကို လေးအောင်စ သောက်ပေးရင် အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ခြေ ထက်ဝက်ခန့် လျော့ကျသွားတယ်လို့ ဆိုပါတယ်။ အနီရောင်ဝိုင်မှာ အသည်းကို အာဟာရဖြစ်စေမယ့် Resveratrol တွေ မြင့်မားစွာ ပါဝင်လို့ပါ။

(၄) အဆီဖုံး ရောဂါ ဖြစ်နိုင်ခြေ ၄၃ ရာခိုင်နှုန်း လျှော့ချနိုင်အောင်
Milk Thistle သောက်ပါ

လေ့လာမှုတွေ အများအပြားအရ milk Thistle ဟာ ကျန်းမာတဲ့အသည်း Cell အသစ်တွေ ကြီးထွားမှုကို မြန်စေတာကြောင့် အသည်းပြဿနာ ဖြစ်နှုန်း ၄၃ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး အသည်းအဆီဖုံးရောဂါ ရှိသူတွေရဲ့ ရောဂါလက္ခဏာ ၆၀ ရာခိုင်နှုန်း သက်သာစေနိုင်တယ်လို့ သိရပါတယ်။

(၅) လေ့ကျင့်ခန်း ပြုလုပ်ပါ

မိမိခန္ဓာကိုယ် အလေးချိန်ကျဆင်းအောင် လမ်းလျှောက်တာ၊ ရေကူးတာ ဒါမှမဟုတ် တခြား လေ့ကျင့်ခန်းလုပ်သူတွေဟာ သူတို့ရဲ့ အသည်းလုပ်ငန်း ပိုကောင်းလာတယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် အသည်းအတွင်း အာဟာရပြည့်ဝတဲ့ သွေးစီးဆင်းမှု ကောင်းစေတာကြောင့် အသည်းဟာ သူ့လုပ်ငန်းကို စွမ်းဆောင်ရည် မြင့်မားစွာ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform