မင်းဟိန်းထက်
ရန်ကုန်၊ ဒီမိုကရေစီစံနှုန်းနှင့်မညီသည့် အပြင် အမျိုးသမီးများ၏အခွင့်အရေး များကို ချိုးဖောက်နေသော မျိုးစောင့် ဥပဒေကိုရေးဆွဲခြင်းထက် အမျိုးသမီး များအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေကိုသာ ဦးစားပေး ရေးဆွဲသင့်ကြောင်း ပြည်တွင်းအရပ် ဘက်အဖွဲ့အစည်းပေါင်း ၉၇ ဖွဲ့ ပူး ပေါင်းကာ ပူးတွဲကြေညာချက်ထုတ် ပြန်လိုက်သည်။အဆိုပါ အရပ်ဘက်အဖွဲ့အစည်း ၉ရဖွဲ့မှ နိုင်ငံတော်အစိုးရ၏မျိုးစောင့် ဥပဒေရေးဆွဲရေး ကြိုးပမ်းချက်နှင့် ကော်မရှင် ဖွဲ့စည်းပေးသည့်အပေါ် လက်မှတ်ရေးထိုးကာ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးများအား အမှန်တ ကယ်လုံခြုံမှုနှင့် ကာကွယ်စောင့်ရှောက် ပေးရန်ဆိုလျှင် နိုင်ငံတစ်ဝန်းတရား ဥပဒေစိုးမိုးမှုရှိရေးနှင့် တရားမျှတမှု လက်လှမ်းမီမှုတို့သည် အဓိကအကျ ဆုံးဖြစ်ပြီး လက်ရှိတွင် အမျိုးသမီးများ နှင့် မိန်းမငယ်လေးများအပေါ် အ ကြမ်းဖက်မှုအမျိုးမျိုး ကျူးလွန်နေသူ များကို ထိရောက်စွာ အပြစ်ပေးအ ရေးယူရန်၊ ကာကွယ်ပေးရန်လိုအပ် ကြောင်း နိုင်ငံတော်အစိုးရထံအကြံ ပြုတောင်းဆိုကြောင်း ကြေညာချက် အရ သိရသည်။ ''မျိုးစောင့်ဥပဒေ မရေးဆွဲဘဲ ဘာသာရေးနှင့် အမျိုးသား၊ အမျိုးသမီး ဖြစ်ခြင်းအပေါ် အခြေမခံဘဲ မည် သည့်လူမျိုး၊ မည်သည့်ဘာသာဖြစ်စေ နိုင်ငံတော်မှ ဥပဒေအရ တရားဝင် လက်ထပ်ထိမ်းမြားမှု မှတ်ပုံတင်ခြင်း ကို မဖြစ်မနေပြုလုပ်စေရန် ပြဋ္ဌာန်း သင့်သည်။ အပြည်ပြည်ဆိုင်ရာစံနှုန်း များနှင့်အညီရေးဆွဲနေသည့် အမျိုး သမီးများအပေါ် အကြမ်းဖက်မှုတား ဆီးကာကွယ်ရေးဥပဒေကို အမြန်ဆုံး ရေးဆွဲ အတည်ပြုပြဋ္ဌာန်းနိုင်ရေးကို နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက် သင့်သည်''ဟု ကြေညာချက်တွင်ရေး သားထားသည်။မျိုးစောင့်ဥပဒေ ရေးဆွဲခြင်း သည် အမျိုးသမီးများ၏တန်းတူရေး နှင့် လွတ်လပ်မှုကိုကန့်သတ်ချုပ်ချယ် နေခြင်းဖြစ်သဖြင့် နိုင်ငံတကာလူ့အ ခွင့်အရေးစံချိန်စံညွှန်းများနှင
Yangon Media
0 comments:
Post a Comment