စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday, 9 May 2014

အမျိုးသမီးယာဉ်နောက်လိုက်တွေ ထားရှိသွားမည့် ရန်ကုန်မြို့တွင်း ဘတ်စကားလိုင်းများ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ (၄၈)အထူး ယာဉ်လိုင်းတွေမှာ အမျိုးသမီး ယာဉ်နောက်လိုက်တွေ ခန့်အပ်ဖို့စီစဉ်နေပြီး လက်ရှိမှာ အမျိုးသမီး ယာဉ်နောက်လိုက်တွေ စမ်းသပ်လိုက်ပါ နေပြီလို့ သိရပါတယ်။ မကြူကြူခိုင်ဟာ ဗိုလ်တထောင်ကနေ လှော်ကားကို ပြေးဆွဲတဲ့ (၄၈)အထူးယာဉ်လိုင်းမှာ အမျိုးသမီး ယာဉ်မောင်းအဖြစ် စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ မမကြူကြူခိုင်က အရင်ကဈေးရောင်းခဲ့ပေမယ့် မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေတဲ့အတွက် ယခုလိုယာဉ်နောက် လိုက်အလုပ်ကို လုပ်ကိုင်လာတာဖြစ်ပါတယ်။

မြို့တွင်းပြေးဆွဲနေတဲ့ ဘတ်စကားလိုင်းတွေမှာ ခရီးသည်နဲ့စပါယ်ယာတွေကြား ဆက်ဆံရေးဟာ အဆင်မပြေမှုတွေ၊ အခက်အခဲတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီလိုမျိုး အဆင်မပြေမှုတွေ ပြေလည်စေဖို့အတွက် အခုလိုမျိုး အမျိုးသမီးယာဉ်နောက်တွေထားရှိမှုကို စီစဉ်တာ ဖြစ်တယ်လို့ (၄၈)အထူးယာဉ်လိုင်းကားပိုင်ရှင် ဦးသက်တင်ဦးက ပြောပါတယ်။

အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် အမျိုးသမီးတွေဟာ လူမှုဆက်ဆံရေးပိုမိုပြေပြစ်တဲ့အတွက် ခုလိုအမျိုးသမီးယာဉ်နောက်လိုက်တွေ ထားရှိခြင်းဟာ ခရီးသွားတွေအတွက်ပိုမို အဆင်ပြေနိုင်တယ်လို့ ရန်ကုန်မြို့တွင်း သွားလာသူတွေက ပြောကြပါတယ်။ ယခုလို အမျိုးသမီးယာဉ်နောက်လိုက်တွေကို စတင်ခန့်အပ်တာဟာ အဆင်ပြေမှုရှိ၊ မရှိ စမ်းသပ်နေဆဲကာလဘဲဖြစ်ပါတယ်။

ဒီစမ်းသပ်မှုဟာ အောင်မြင်ခဲ့ပါက အမျိုးသမီးယာဉ်နောက်လိုက်တွေအတွက် မ.ထ.သရုံးမှ ယာဉ်လိုက်ခွင့်လိုင်စင်တွေ ရရှိအောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

MRTV-4

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform