အသိဥာဏ်နှင့် ဥာဏ်ရည် (Intelligent & Intellectual)
=============================
မြန်မာတစ်မျိုးသားလုံး ဖွံဖြိုးတိုးတက်လိုလျှင် အဓိက လုပ်ဆောင်ရမည့် အချက်တစ်ချက်မှာ အသိဥာဏ် (Intelligent) နှင့် ဥာဏ်ရည် (Intellectual) ကိုမြှင့်တင်ရန်ဖြစ်သည်။ မြန်မာဘာသာစကားတစ်ခုတည်းနှင့် လက်ရှိ အတွေးအခေါ်အယူဝါဒ ဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်ပါ။ အင်္ဂလိပ်ဘာသာစကားမှ စကားလုံးများကိုနက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာကြရန်လိုသည်။ အင်္ဂလိပ်စကားလုံးများကို စနစ်တကျ မြန်မာစာပေအတွင်း ထည့်သွင်းသုံးစွဲရမည်။ အင်္ဂလိပ် ဘာသာစကားကို ဒုတိယဘာသာစကား အဖြစ် ဆောင်ရွက်မှ ရပေးမည်။ အသိဥာဏ် (Intelligent) မှာ ဥာဏ်ဖြင့်သိခြင်းဖြစ်သည်။ လူသားတိုင်းတွင်း သိခြင်း နှစ်မျိုးရှိသည်။ ပထမ သိခြင်းမှာ အာရုံများနှင့် သိခြင်း (Senses) ဖြစ်သည်။ လူသားတို့တွင် ခံစားမှုကို ဖြစ်စေသည့် အာရုံ (၅) ပါးပါဝင်သည်။ အဆိုပါ အာရုံ (၅) ပါးမှာ မြင်ခြင်း၊ ကြားခြင်း၊ အနံ့ခံခြင်း၊ အရသာခံခြင်းနှင့် ထိတွေ့ခြင်းဖြစ်သည်။ မြင်ခြင်းကို မျက်စိများမှ ဖြစ်စေသည်။ ကြားခြင်းကို နားတို့မှ ဖြစ်စေသည်။ အနံ့ခံခြင်းကို နှာခေါင်းတို့မှရသည်။ အရသာခံခြင်းကို လျှာမှရသည်။ အထိအတွေ့ကို ကိုယ်ခန္ဒာ မှ ရသည်။ လူသားတို့တွင်သာ အာရုံသိရှိသည်မဟုတ် တိရိစ္ဘာန်များတွင်လညး အာရုံသိရှိသည်။ တိရိစ္ဘာန်တို့သည် လူသားတို့ထက် ပို၍ အာရုံသိနိုင်ကြသည်။ ဒုတိယ အသိဥာဏ် တစ်မျိုးမှာ ဥာဏ်သိဖြစ်သည်။ ဥာဏ်သိ ကို အသိဥာဏ်ဟု ခေါ်ကြသည်။ ဥာဏ်ဖြင့်သာ သိခြင်းဖြစ်၍ လက်ဆုပ်လက်ကိုင်ပြ၍ မရသော်လည်း အသိဥာဏ်သည် လူသားနှင့် တိရိစ္ဘန် တို့အကြား အဓိက ကွာခြားမှုဖြစ်သည်။ တိရိစ္ဘာန်အချို့တွင် အသိဥာဏ် အနည်းငယ်ရှိနိုင်သော်လည်း လူသားတို့၏ အသိဥာဏ်တိုးတက်မှုလောက် မဖွံ့ဖြိုးနိုင်ပါ။ လူသားတို့၏ အသိဥာဏ်မှာ အဆုံးအစမရှိ ဖွံ့ဖြိုးတိုးတက်နိုင်သည်။ အသိဥာဏ်သည် ကို လေ့လာသင်ယူခြင်း၊ အတွေ့အကြုံများရှာမှီးခြင်း၊ အကျိုးအကြောင်းဆင်ချင်ခြင်း၊ မှတ်ဥာဏ် နှင့် စဉ်းစားတွေးခေါ်ခြင်း တို့မှ ဖြစ်စေသည်။ အသိဥာဏ် တိုးတက်အောင် စာများများဖတ်ရန်၊ နားထောင်ရန်၊ ကိုယ်သိလာသည်များကို ထိန်းသိမ်းရန်၊ အခြားသူများကို ဖြန့်ဝေပေးရန်၊ ခရီးသွားရန်၊ မိတ်ဆွေများများရှိရန် လုပ်ဆောင်ခြင်းတို့ဖြင့် တိုးတက်စေသည်။ ဥာဏ်ရည် (Intellectual) ဆိုသည်မှာ လူသားတစ်ဦး၏ သဘာဝကျကျ၊ အဓိပါယ်ရှိရှိ၊ လက်တွေ့ကျကျ စဉ်းစားတွေးတောနိုင်သည့် အရည်အသွေးဖြစ်သည်။ လူသားတစ်ဦးနှင့်တစ်ဦး မွေးရာပါ အရည်အသွေးများမတူညီနိုင်ပါ။ သို့သော် လည်းကောင်းတို့ ရှင်သန်ကြီးပြင်းရသည့် ပတ်ဝန်းကျင်နှင့် လည်းကောင်းတို့စားသုံးရသည့် ဥာဏ်ရည်ကို ဖြစ်စေသည့်အဟာရ (Pabulum) အပေါ်မူတည်၍ ဥာဏ်ရည် မြင့်မားလာကြသည်။ ဥာဏ်ရည်ကို ဖြစ်စေသည့် (Pabulum) များမှာ ရေးသားထားသောစာပေများမှာ သဘာဝကျခြင်း၊ အဓိပါယ်ရှိခြင်း၊ လက်တွေ့ကျခြင်းတို့အပေါ်တွင်မူတည်သည်။ နောက် တေးဂီတနှင့် သီချင်းများဖြစ်သည်။ ရုပ်ရှင်နှင့် တယ်လီဗေးရှင်းတို့လည်းပါသည်။ ယနေ့ခေတ်တွင် အဓိက ပြောင်းလဲလာသည့် နည်းပညာမှာ အင်တာနက်ဖြစ်သည်။ မြန်မာတို့၏ပတ်ဝန်းကျင်တွင် ဥာဏ်ရည်ကို မြင့်မားစေသည့် (Pabulum) မှာ အလွန်နည်းပါသည်။ ဘာသာစကားကြောင့်လဲပါသည်။ အယူဝါဒ တစ်ချို့ကြောင့်လည်းပါသည်။ ဥာဏ်ရည်နိမ်းပါးသူတို့သည် အကျိုးအကြောင်း မဆင်ချင် နိုင်ကြသူများ၊ နိမ့်ပါးသူများသာဖြစ်လာသည်။

0 comments:
Post a Comment