KIAမှ ရှမ်းမျိုးနွယ်စုများအပေါ် လူမျိုးရေးပြသနာနှင့်လူ့အခွင့်အရေးများ ဖန်တီးချိုးဖောက်နေ
မေလ ၂ ရက် ၂၀၁၄ ခုနှစ်
မြန်ပြည်မြောက်ပိုင်း၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ဆင်ဘိုဒေသရှိ ရှမ်းမျိုးနွယ်စုများသည် မိမိတို့၏ စားဝတ် နေရေးအတွက် လုပ်ကိုင် စားသောက်ရန် အခက်အခဲ အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။
၂၈-၄-၂၀၁၄နေ့ ဆင်ဘိုမြို့နယ်ခွဲ၊ ဆင်ဘိုမြို့တွင် နေထိုင်သည့် ဦးအောင်ပိုက်နှင့် ဦးမြင့်ဦး -ဦးဆောင်သော အဖွဲ့(၁၁)ဦးသည် မိမိတို့စားဝတ်နေရေးအတွက် ၀မ်းစာအတွက် ရှာဖွေလုပ်ကိုင်စားသောက်ရန် ဆင်ဘိုဒေသ ခေါက်ဆာကွင်းသို့ သွားကြရာတွင် KIA တပ်ရင်း(၅)၊ တပ်ကြပ်ကြီး လဂတ်တူး ဆိုသူ ဦးဆောင်သောအဖွဲ့သည် ယင်းဦးအောင် ပိုက်နှင့် ဦးမြင့်ဦး- ဦးဆောင်သော(၁၁)ဦးပါအဖွဲ့အား ဤနေရာ၌ မင်းတို့ရှမ်းတွေကို လာရောက်လုပ်ကိုင် စားသောက်ခွင့်မပြုကြောင်း၊ လာရောက်လုပ်ကိုင်စားသောက်ပါက အသက်အန္တရာယ်တွက် တာဝန်မယူကြောင်း၊ ရှမ်းလူမျိုးများကို ဤနေရာတွင် လာရောက်လုပ်ကိုင် စားသောက်ခွင့်မပြုကြောင်း၊ ကချင်လူမျိုးများကိုသာ လုပ်ကိုင် စားသောက် ခွင့်ပြုထားကြောင်း လက်နက်အားကို ခြိမ်းခြောက် မောင်းထုတ်ခဲ့သည်။
ဤကဲ့သို့ KIA တို့ ပြုမူဆောင်ရွက်နေခြင်းသည် လူမျိုးရေးခွဲခြား ဆက်ဆံနေကြောင်း၊ လက်နက်အားကို အနိုင်ကျင့်နေခြင်းဖြစ်ကြောင်း ၊ ပြည်သူလူထုတို့၏ လုပ်ပိုင်ခွင့် ရပိုင်ခွင့် အခွင့်အရေးများကိုလည်း ချိုးဖောက်နေခြင်း ဖြစ်ကြောင်းနှင့် KIA ဗိုလ်ချုပ်ဂွမ်မော်-က ကချင်နှင့်ရှမ်း ညီရင်းအစ်ကိုလို အတူယှဉ်တွဲနေထိုင်ရေးမူ ရှိပါတယ်လို့ အကြိမ်ကြိမ် အော်ပြောနေသော်လည်း လက်တွေ့တွင် အောက်ခြေ ၌ ဒေသခံရှမ်းလူမျိုးများအား ဖိနှိပ်ချုပ်ချယ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ဆက်ကြေးကောက် ခံလျက်ရှိခြင်း၊ တပ်သားသစ်များကို အဓမ္မဖမ်းဆီး လျှက်ရှိခြင်း၊ လူ့အခွင့်အရေးများ ချိုးဖောက်နေခြင်း စသည့်လုပ်ရပ်များကို ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း ယင်းဒေသခံများမှ ပြောကြားခဲ့သည်။
ဦးစိုင်းသာဇုံ
ဧရာဝတီမြစ်ဖျားဆီက

0 comments:
Post a Comment