စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 5 May 2014

လားဟူတိုင်းရင်းသားများအား RCSS/SSA အဖွဲ့မှ ဖမ်းဆီးမှု ခိုလမ်မြို့နယ်တွင် ဖြစ်ပွား

လားဟူတိုင်းရင်းသားများအား RCSS/SSA အဖွဲ့မှ ဖမ်းဆီးမှု ခိုလမ်မြို့နယ်တွင် ဖြစ်ပွား
မေလ ၅ ရက် ၂၀၁၄ ခုနှစ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့နယ်၊ ခိုလမ် - ကျိုင်းတောင်းသွား ကားလမ်းဘေးရှိ ၁၉ မိုင်အနီး လားဟူရွာသစ်မှ လားဟူတိုင်းရင်းသားများအား မေ ၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် RCSS/SSA အဖွဲ့မှ ဖမ်းဆီး သွားကြောင်း ယင်းရွာခံများထံမှ သိရသည်။
“ ရှမ်းစစ်သားတွေ ရွာထဲဝင်လာပြီး တစ်အိမ်တက်ဆင်း ၀င်ဖမ်းတယ်၊ ရွာသား(၉)ယောက် ပါသွားတယ်၊ ဒီနေ့ အထိ ပြန်လွှတ်မလာသေးဘူး ” ဟု ရွာခံ ဦးကျမူးက ပြောသည်။
RCSS/SSA အဖွဲ့မှ ဖမ်းဆီးသွားသော လားဟူတိုင်းရင်းသား(၉)ဦးမှာ ဦးကျကျိုး(၄၀)နှစ်၊ ဦးအားတီ(၄၀)နှစ်၊ ဦးရာကွတ်(၃၀)နှစ်၊ ဦးရာကွက်(၃၅)နှစ်၊ လုံးဆာ(၂၀)နှစ်၊ အားခို(၃၀)နှစ်၊ ကျတော(၂၈)နှစ်၊ ကျကျား(၁၅)နှစ် နှင့် ရားရှော(၃၀)နှစ်တို့ ဖြစ်ကြောင်း သိရသည်။
“ ဒီရွာမှာ မနေဖို့ ရှမ်းစစ်တပ်က မကြာခဏ လာပြောပါတယ်၊ ခြိမ်းခြောက်ပြီး ဆက်နေရင် တစ်ရွာလုံး မီးရှို့မယ် လို့ ပြောတယ်၊ အခု ရွာသားတွေ ဖမ်းသွားတာ ဘယ်သူ့ကို သွားတိုင်ရမှန်းလည်းမသိဘူး ” ဟု ဖမ်းဆီးခံရသော လားဟူတိုင်းရင်းသားမိသားစုဝင်တစ်ဦးက ပြောသည်။
၁၉ မိုင်အနီးရှိ လားဟူရွာသစ် သည် မိသားစု(၁၆)စုခန့်ရှိပြီး ၂၀၁၄ ခုနှစ် မတ် ၂၀ ရက်ခန့်မှစ၍ ပြောင်းရွှေ့ နေထိုင်ကြခြင်းဖြစ်ကြောင်း၊ မိုင်းနောင်မြို့မှ မိသားစု(၃)စု၊ မိုင်းနောင်မြို့နယ်ခွဲ ၀မ်ဆင်းရွာမှ မိသားစု(၇)စု၊ မိုင်းနောင်မြို့နယ်ခွဲ နမ့်ပစ်ရွာမှ မိသားစု(၂)စု၊ မိုင်းနောင်မြို့နယ်ခွဲ ဟိုလောင်းကျေးရွာမှ မိသားစု(၄)စု စုစုပေါင်း (၁၆)စု ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာသို့ မတ် ၂၅ ရက်နေ့တွင် တစ်ကြိမ်၊ အေပြီ ၆ ရက်နေ့တွင် တစ်ကြိမ် RCSS/SSA အဖွဲ့များ လာရောက်ကာ ၎င်းနေရာ၌ မနေရန်၊ ရွာထဲမှ အမြန်ဆုံးထွက်သွားရန်၊ သူတို့ ခွင့်ပြုချက်ရမှသာ ပြန်လည် နေထိုင်ရန်နှင့် ပြောသည့်အတိုင်း မလုပ်ပါက RCSS/SSA အဖွဲ့အကြောင်း ကောင်းကောင်းသိစေရမည် ဟု လာရောက်ခြိမ်းခြောက်ဖူးကြောင်း ယင်းရွာခံများ၏ ပြောကြားချက်အရ သိရသည်။
Credit To:နန်းနောင့်နောင့် (ခိုလမ်)
Kachin Daily News

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform