အချစ် နဲ့ မေတ္တာက ဘယ်လိုခွဲခြားမလဲ.?...ဘယ်ဟာက အရေးပါသလဲ ?
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အချစ်နှင့် မေတ္တာရောနေတတ်တယ်....အချစ်ကတော့
တဏှာနှင့်ချစ်တာ လင်မယားချစ် ၊ မောင်နှစ်မချစ်၊ မိဘနှင့်သားသမီးချစ်၊ ဆရာတပည့်ချစ် ၊ မိတ်ဆွေချစ် အကျိုးမျှော်ပြီးတော့ ချစ်ခင်တာမျိုး...ဒါကိုအချစ်လို့ သတ်မှတ်မယ်.......။

လူတယောက်ဟာ ဘယ်တော့မှ ခြောက်ပစ်ကင်းသဲလဲစင် မဖြူစင်နိုင်ဘူး။
သဘောထားကြီးစွာအလုံးစုံလည်း..မတော်နိုင်ဘူး။ ဒါပေမဲ့ လူတကိုယ်မှာတော့
ကောင်းကွက်လေးတော့ ကိုယ်စီရှိတတ်ကြပါတယ် ။ ကောင်းကွက်ကိုရှာ မေတ္တာတဲ့။
မေတ္တာသမားဆီမှာ ရန်ညှိုး ဖွဲ့ထားတဲ့သူဆိုတာမရှိရဘူး။
ခွင့်လွတ်နိုင်အောင်ကြိုးစားတဲ့ စိတ်ဘဲရှိတယ်။
ဒါဆို အချစ်နဲ့ မေတ္တာခွဲခြားသိပြီထင်ပါတယ်....။ ဘယ်ဟာက အရေးပါသလဲ....ဆိုတာကတော့....
လူအပါဝင်..သတ္တ၀ါတိုင်း ဘေးရန်ကင်းကွာချင်သူချည်းပါဘဲ ၊ မိမိရဲ့ချမ်းသာရေးကို မလိုလားဘူးဆိုတဲ့သူ ဆိုတာလောကမှာ မရှိနိုင်ဘူး ။ ဘေးရန်ကင်းကွာစွာနေထိုင်ရခြင်း အကျိုးအလို့ငှါ နည်းလမ်းတွေ ရှာဖွေကြတယ်။ ရှာရင်းနှင့်ဘဲ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်ကြရတယ်။ ဘေးရန်တွေနှင့်ဘဲ ကြုံတွေ့နေကြရတယ်။ နည်းလမ်းမမှန်၊ အကျင့်မမှန်ကြလို့သာ ကိုယ်ဖြစ်ချင်သလို မဖြစ်ကြရတာပါ။ ဒါကြောင့် တကယ် စိတ်ချမ်းသာချင်တယ်ဆိုရင် ....တော့..တခြားတော့မဟုတ်ဘူး၊ သတ္တ၀ါတိုင်းရဲ့အပေါ်မှာ မေတ္တာထားကြည့်လိုက်ပါ။
မေတ္တာဆိုတာ ချစ်တာနှင့်မတူဘူးဆိုတာတော့ သတိပြုရလိမ့်မယ်။ ..သူငယ်ချင်းတို့ အတွေးကကော....???
ရွှေအိမ်စည်

0 comments:
Post a Comment