ရုပ်ချင်းတူတဲ့ လေးမွှာပူး..
=============
တစ်ဦးနှင် တစ်ဦးခွဲမရလောက်အောင်ရုပ်ချင်းဆင်တူနေသည့် တရုတ်နိုင်ငံမှ လေးမွှာပူးသားယောကျာင်္း
လေးများ၏မိခင်တစ်ဦးက ကျောင်းမှဆရာများနှင့် အတန်းဖော်များအား ၎င်းတို့ ကိုအလွယ်တစ်ကူခွဲခြားသိမြင်နိုင်စေရန် ခေါင်းမှဆံပင်များအား၇ိတ်ပေးလိုက်ပြီး နံပါတ်စဉ်များဖြင့် သာထားရှိပေးခဲ့ ခြင်းဖြင့် ကူညီဖြေရှင်းပေးခဲ့ ပါတယ်...။(စကားချပ် ။ ။ကျနော်လည်းအမွှာလေးမွေးလို့ခွဲမရရင်ဒီနည်းကောင်းတယ်ဗျ)

တရုတ်နိုင်ငံ၊ ဂွမ်တုံပြည်နယ်၊ ရှန်ကျင့် ဒေသရှိမူလတန်းကျောင်းမှ
ဆရာများအနေဖြင့် အသက် ၆ နှစ်ရှိအဆိုပါ လေးမွှာပူးကျောင်းသားများအား
တစ်ခြားသူများအနေဖြင့် ခွဲခြားသိနိုင်မှာမဟုတ်တာကို စိုးရိမ်
နေခဲ့ ကြတယ်လို့ မိခင်ဖြစ်သူ တန်ချောင်ယွန် ကဆိုပါတယ်...
" သူတို့ လေးယောက်စလုံးက ရုပ်တွေချွတ်စွပ်တူနေကြတာမို့ ကျွန်မတောင်ခွဲရခက်ပါတယ်...သူတို့ ကိုတွေ
ကြားမှာ ခြားနားချက်ဆိုလို့ မျက်ခွံ၊မျက်ရစ်မတူတာပါပဲ..." လို့ သူမကဆိုပါတယ်...
ထိုကဲ့ သို ခွဲမရအောင်တူနေခြင်းကြောင့် ကလေးတွေကိုထိန်းကျောင်းရတာအခက်အခဲတွေဖြစ်ရပါတယ်...
သူတို့ ရဲ့ ဖခင်ဖြစ်သူဆိုယင် သူတို့ ကိုခဏခဏလူမှားပါတယ်... တစ်ခါတစ်လေ တတိယမြောက်အမွှာလုပ်
တဲ့ အပြစ်အတွက် ဒုတိယအမွှာကို မှားပြီးအပြစ်ပေးတာမျိုးတွေလည်းဖြစ်တတ်ပါတယ်..." လို့ သူမကဆိုပါတယ်...
ကလေးတွေငယ်စဉ်ကတော့ သူတို့ လေးတွေရဲ့ ခြေကျင်းဝတ်မှာ အမှတ်အသားလေးတွေချိန်ပြီးတော့ ခွဲခြားပါတယ်...
အခုတော့ ကလေးတွေကိုတစ်ခြားပိုမိုကောင်းမွန်တဲ့ နည်းတွေနဲ့ ခွဲခြားနိုင်အောင်လုပ်ဆောင်လာရပါတော့ 
တယ်...
ခေါင်းကဆံပင်ပုံစံ (နံပါတ်စဉ်ဂဏာန်းအတိုင်းညှပ်ထားတာမို့ ) နဲ့ ဆိုတော့ ဆရာတွေရော အတန်းဖော်
တွေပါ အခုဆို မမှားနိုင်တော့ ပါဘူးလို့ သူမကဆိုပါတယ်
ရွှေအိမ်စည်
ဒါကတော့ ဗီဒီယိုကလစ် လင့် ခ်ကလေးပါ...
http://www.liveleak.com/view?i=825_1346919491
ဒါကမူရင်းစာပါ
A Chinese mother of identical quadruplet boys has come up with a novel way of helping teachers and classmates tell her four sons apart - she has shaved their heads with the numbers one to four.
According to Tan Chaoyun, teachers at their primary school in Shenzen, Guangdong Province, were worried that people would not be able to tell the difference between her four six-year-old sons. "They are identical, even to me", she said, adding that the only difference between them is the shape of their eyelids.
This has led to some problems when it comes to keeping the children under control. "Their father [has trouble] telling the differences among them," Tan revealed. "Sometimes he would punish the second one for the third one's mistake."
When the boys were younger, Tan resorted to using ankle tags to tell them apart. Now she has taken a more drastic step to distinguish the boys from each other. "Teachers and classmates can't get confused with the big marks on their head," she added.

0 comments:
Post a Comment