Friday, 14 July 2017
သွေးစစ်ရင်းနဲ့သိနိုင်တဲ့ အံ့သြစရာအချက်တွေ
ကျန်းမာရေး လိုအပ်ချက် အရ သွေးစစ်ဆေးတဲ့ အတွေ့ အကြုံကတော့ လူတိုင်းလိုလိုမှာ ရှိဖူးကြမှာပါ။ မတူညီတဲ့ ရည် ရွယ်ချက်အမျိုးမျိုးနဲ့ သွေးစစ်လေ့ ရှိပြီး သွေးစစ်ရင်းနဲ့သိနိုင်တဲ့ အံ့သြစရာအချက်တွေနဲ့ ပတ် သက်ပြီး သိရှိသူတော့နည်းပါ တယ်။ ဘယ်လိုအချက်တွေက သင့်ကို အံ့အားသင့်စေမလဲဆိုရင်
ဇီဝ အသက် ကိုသိနိုင်ခြင်း – မွေး ဖွားတဲ့နေ့ကစပြီး ရေတွက်တဲ့ အသက်မဟုတ်ဘဲ ကိုယ်တွင်း အင်္ဂါတွေနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝ အသက် ကို သိနိုင်ပါတယ်။ မွေး သက္ကရာဇ်အရ (၅၄)နှစ်ရှိပြီဆိုရင် ဇီဝအသက်က (၄၉)နှစ်ခန့်ရှိပြီဆို တာမျိုးပဲ ဖြစ်ပါတယ်။
အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေရှိ၊ မရှိသိနိုင်ခြင်း – ဆေးမတိုးတဲ့ ဦးနှောက်ရောဂါတစ်မျိုးဖြစ်တဲ့ အယ်လ်ဇိုင်းမားရောဂါဟာ စိတ် ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးမှုတွေ နဲ့ စိတ်ဖောက်ပြန်မှုတွေကနေ ၇၀ ရာခိုင်နှုန်းလောက် ဖြစ်နိုင်စွမ်းရှိ ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ၁၀ နှစ်တွင်း ဖြစ်နိုင်၊ မဖြစ်နိုင်ကို သွေးကနေတစ်ဆင့် သိနိုင်တယ် လို့ သုတေသနပြုချက်က ဆိုထား ပါတယ်။
ရေဓာတ်ကုန်ခန်းမှု အဆင့်ကို သိနိုင်ခြင်း – ရေအသောက်နည်း တာကြောင့် ခန္ဓာကိုယ် ရေဓာတ် ကုန်ခန်းတာဟာ သက်ကြီးရွယ်အို ၂၀ ရာခိုင်နှုန်းလောက် ကြုံတွေ့ နေရပါတယ်။ သွေးစစ်ရင်းနဲ့ ရေ ဓာတ်ခန်းမှု အနေအထားကိုသိ ပြီး ကြိုတင်ကုသမှုတွေလုပ်နိုင်ပါ တယ်။
စိတ်မရွှင်ပျမှု၊ စိတ်ဖိစီးမှု ကိုသိနိုင် ခြင်း – သွေးထဲမှာပါတဲ့ ကွဲပြား ခြားနားတဲ့ ဓာတုပစ္စည်းတစ်မျိုးက ပျော်ရွှင်မှုဆိုင်ရာ ဟော်မုန်းတွေ လျော့ကျနေတယ်ဆိုတာ ဖော် ထုတ်နိုင်ပါတယ်။
ဗိုင်းရပ်စ်ပ မာဏကိုသိနိုင်ခြင်း – နေထိုင်မကောင်းတဲ့အခါမှာ ခန္ဓာကိုယ် က ထုတ်လွှတ်လိုက်တဲ့ ပဋိ ဇီဝပစ္စည်း တွေဟာ သွေးထဲမှာပါ လာတာမို့ ဗိုင်းရပ်စ်ပမာဏ ဘယ် လောက်ရှိနေတယ်ဆိုတာကို သိ ရှိပြီး ထိရောက်တဲ့ ကုသမှုပေးနိုင် မှာဖြစ်ပါတယ်။
အရက်စွဲမှုရှိ၊ မရှိသိနိုင်ခြင်း – သွေးထဲမှာပါတဲ့ PEth ဆိုတဲ့ ဓာတုပစ္စည်း တစ်မျိုးကြောင့် အရက်စွဲရောဂါ ဘယ်လောက် အခြေအနေအထိ ရောက်နေပြီဆို တာ ဖော်ထုတ်ပေးနိုင်ပါတယ်။
စိတ်ဖိစီး မှုသိနိုင်ခြင်း – စိတ်ဖိစီးမှု များနေချိန်မှာ ခန္ဓာကိုယ် က အထူ ပရိုတိန်းဓာတ်တစ်မျိုး ထုတ်လွှတ် တာမို့ သွေးထဲမှာ အဲဒီဓာတ်ပါနေ ရင် စိုးရိမ်ကြောင့်ကြမှုတွေ၊ စိတ်ဖိစီးမှု တွေ ရှိနေတယ်ဆိုတာ သိ နိုင်ပါတယ်။
—Ref: stylecraz
Credit : 7Day News Journal
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment