စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 16 May 2016

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၃

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၃
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ပုံမှန်အားဖြင့် ဖိရွတ်ဖို့ မလိုတဲ့ အကူကြိယာ လေးတွေကို ဖိရွတ်လိုက်တဲ့အခါ အဲဒီဝါကျတစ်ခုလုံးကို အသားပေးပြောဆိုရာ ရောက်ပါသတဲ့ ။ ၀ါကျတွေက တစ်ခုထက်ပိုပြီး အများကြီး ရှိတဲ့အခါ .. အဲဒီ အကူကြိယာကို ဖိရွတ်လိုက်တဲ့ ၀ါကျဟာ ကျနော်တို့ အသားပေး ပြောချင်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သွားပြီပေါ့
When we want to give a sentence positive emphasis in English, we normally put stress on the auxiliary verb (including the normal use of the verb BE).
.
ဥပမာ :
She IS happy.
I WILL finish my homework. I promise.
.
အကူကြိယာကို ဖိရွတ်ရမှာဆိုတော့ သူ့ကို အတိုကောက် ပုံစံနဲ့ သုံးလို့ မရတော့ဘူးနော်
Notice that if we want to stress the auxiliary, we cannot contract it. For example in the first emphatic sentence we see "She is", not "she's".
She's happy. ဆိုလျှင် IS ကို ဖိရွတ်လို့ မရတော့ဘူး ။ ဒါကြောင့် အသားပေးတဲ့ပုံစံမှာ သုံးလို့ မရပါဘူး ။
.
ကဲ..အဲသည်တော့ တကယ်လို့များ ရှီ(စ်)ဟက်ပီ လို့ မထွက်ပဲ ရှီ “အစ်(စ်)” ဟက်ပီ .. လို့များကြားရလျှင် တောကျတာလား ၊ တကယ်သိလို့ အသားပေးပြောချင်တာလားဆိုတာ ခွဲရခက်သွားပါပြီ ။
tongue emoticon

.............................................................
(4) အကူကြိယာ မပါတဲ့ ၀ါကျတွေမှာတော့ အဲဒီ အသားပေးတဲ့ သဘောကို ရဖို့အတွက် V-do ကို ပေါင်းထည့်ရပါတယ် ၊ V-do ကို stress ဖြင့် ရွတ်ဆိုရပါမယ် ။
In emphatic sentences without auxiliary verbs we add do to carry stress.
ဥပမာ ..
DO sit down.
She DOES like you. စသည်ဖြင့် ရှိပါတယ်
.
ကျနော်တို့ သိလိုက်ရတဲ့ အချက်ကတော့ do ထည့်ရခြင်းဟာ stress လုပ်ဖို့အတွက်ဆိုတဲ့ အချက်တစ်ခုပါပဲ ။ do ထည့်တာနဲ့ဘာလို့ emphasis ဖြစ်သွားတာလဲ ဆိုတဲ့အချက်ကိုလည်း ရှင်းပြဖို့ လုံလောက်သွားပါပြီ ။ အခြား အကူကြိယာ တစ်ခုခု ပါပြီးနေလျှင် do ထည့်ဖို့ မလိုတော့ဘူး ဆိုတာလည်း သိနိုင်လောက်ပါပြီနော်
..
ဒီနေရာမှာ တစ်ခုကွဲပြားစေချင်တာက Main verb ကို stress လုပ်တာနဲ့ ၀ါကျ တစ်ခုလုံး အကျုံးဝင်စေတဲ့ Auxiliary verb ကို stress လုပ်တာ မတူပါဘူး ..
ဆိုပါစို့
SIT down. (ထိုင်ပဲထိုင်ပါ ၊ ရပ်မနေပါနဲ့) ..ဆိုတဲ့သဘောမျိုးဖြစ်ပြီး
DO sit down. (ထိုင်ဖြစ်လောက် ထိုင်လိုက်ပါဗျာ ၊ ထိုင်စေချင်လို့ပါ ) ဆိုတဲ့သဘောဖြစ်ပါတယ်

အသံထွက်တွေကို မှန်အောင် မြန်မာလို ရေးပြဖို့က မဖြစ်နိုင်ပါဘူး ၊ မတူတဲ့ သဘောလောက်ကို ပေါ်လွင်စေဖို့ ရေးပြခဲ့ခြင်းသားဖြစ်ပါတယ် ။ မြန်မာလိုရေးတဲ့အသံထွက်တွေဟာ လွှဲချော်မှု ရှိနိုင်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် သိစေချင်တာကတော့ ကျနော့်စေတနာသာ ဖြစ်ပါကြောင်း

မေတ္တာဖြင့်
Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf
===================
အင်္ဂလိပ်-မြန်မာအဘိဓာန် - ရွှေအိမ်စည်

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၎

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၎
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အကူကြိယာတွေကို Stress လုပ်မယ်ဆိုလျှင် စကားလုံး အစီအစဉ်ကိုလည်း ပြောင်းနိုင်ပါတယ်
With stressed auxiliary verbs, word order can change .
..
Compare:
You have certainly grown.
(ဒါက certainly ဟာ grown ကို အထူးပြုထားတာ ဖြစ်တယ်)
.
You certainly HAVE grown!
(ဒီမှာတော့ certainly က have ကို အထူးပြုထားတာဖြစ်တယ် ၊ ဒါကြောင့် ဒီပုံစံက အကူကြိယာ have ကို stress လုပ်ဖို့ကောင်းတဲ့ ပုံစံ ဖြစ်ပါတယ် ၊ ၀ါကျတစ်ခုလုံးကို stress နဲ့ အထူးပြုချင်လျှင် ဒီပုံစံ ဖြစ်ရပါမယ်)
....................................................
(6) Weak and strong forms
တချို့သော အင်္ဂလိပ်စာလုံးများကတော့ stress လုပ်တဲ့အခါနဲ့ မလုပ်တဲ့အခါ အသံထွက် နှစ်မျိုး ရှိကြတယ်
Some English words - for example at, for, have, and, us - have two
pronunciations: one is used when they are not stressed, and the other when
they are. Compare:
.
I'm looking at / ət / you. (အာ့ထ်..ဆိုတဲ့သံနဲ့ နီးပါတယ်)
What are you looking AT / æt /? (အက်ထ် ဖက်ကို ပိုနီးပါတယ်)
at က ၀ါကျနောက်ဆုံးမှာ ဖြစ်လို့ ဖိရွတ်ရမယ် ။ အသံထွက်လည်း မတူပါဘူး ။
.
I was /waz/ late. (၀ါ့စ်..လိုမျိုး)
Yes, it was / wɒz /. (ဝေါ့ဇ်...လိုမျိုး)
was က ၀ါကျနောက်ဆုံး ရောက်သွားတဲ့အခါ ဖိသံ အသံပြင်း ဖြစ်သွားပါတယ်
...........................................................
(7) အကူကြိယာ အဖြစ်သုံးတဲ့အခါ နဲ့ အဓိက ကြိယာ အဖြစ်သုံးတဲ့အခါ မှာ အသံထွက်လည်း မတူတာကိုလည်း သတိထားပါ ။
Where have /av/ you been? (ဟာ့ဖ် အသံမျိုး)
What did you have /hæv/ for breakfast? (ဟက်ဖ် အသံမျိုး)
ဒီမှာက စားသည်ဆိုတဲ့ အဓိက ကြိယာအဖြစ်သုံးလို့ အကူကြိယာ အဖြစ်သုံးတဲ့ အသံထွက်နဲ့ မတူတာ ဖြစ်ပါတယ် ..
.....

အသံထွက်တွေကို မှန်အောင် မြန်မာလို ရေးပြဖို့က မဖြစ်နိုင်ပါဘူး ၊ မတူတဲ့ သဘောလောက်ကို ပေါ်လွင်စေဖို့ ရေးပြခဲ့ခြင်းသားဖြစ်ပါတယ် ။ မြန်မာလိုရေးတဲ့အသံထွက်တွေဟာ လွှဲချော်မှု ရှိနိုင်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် သိစေချင်တာကတော့ ကျနော့်စေတနာသာ ဖြစ်ပါကြောင်း

မေတ္တာဖြင့်
Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf
===================
အင်္ဂလိပ်-မြန်မာအဘိဓာန် - ရွှေအိမ်စည်

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၁

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၁
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အင်္ဂလိပ်စကားလုံးများကို word stress (ဖိ၍ရွတ်သံ) မှန်ချင်တဲ့အခါ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အင်္ဂလိပ် စကားပြောသင်ခန်းစာတွေကို တင်ပေးနေတော့ အသံထွက်ပုံ ရွတ်ဆိုပုံလေးတွေကိုလည်း ဗဟုသုတအဖြစ် တင်ပေးသင့်တယ် ထင်တဲ့အတွက် ရေးသားလိုက်ခြင်းဖြစ်ပါတယ် ။ sentence stress တွေကျတော့ dictionary မှာလည်း ကြည့်လို့မရတဲ့အပြင် လွယ်လွယ်ကူကူ မတွေ့နိုင်တဲ့တွက် ပြုစုပေးလိုက်ခြင်းလည်း ဖြစ်ပါတယ် ။
.
အင်္ဂလိပ်စကားဟာ ညီညာတဲ့ရေလှိုင်းလေးတွေလို မြင့်လိုက် နိမ့်လိုက် ၊ တက်လိုက်ကျလိုက်နဲ့ ကာရံညီစွာ ပြောရတယ်လို့ ဆိုပါတယ် .. ။

အဲလိုဆိုတော့ စကားလုံးရဲ့ အသံထွက်(pronunciation) အပြင် ဖိပြီး ရွတ်ရမယ့်နေရာ ဖော့ပြီးရွတ်ရမယ့်နေရာ ..ဖိပြီးရွတ်ဆိုရမယ့်စကားလုံး ဖော့ပြီးရွတ်ဆိုရမယ့် စကားလုံး စသည်ဖြင့် သိဖို့လိုအပ်လာပါတယ် ။

စကားလုံးတစ်လုံးမှာ stress ပြောင်းသွားတာနဲ့ သူ့ရဲ့ရုပ် (word form) ပြောင်းသွားတာရှိသလို ၊ ၀ါကျမှာဆိုလျှင်လည်း stress ပြောင်းသွားတာနဲ့ မူရင်းအဓိပ္ပါယ်နဲ့အတူ ပူးတွဲထည့်ပေးလိုက်တဲ့ ဆိုလိုရင်းရသ(sense) ပါ ပြောင်းသွားတတ်ပါတယ် ။
.
ဥပမာ >> record = (n) မှတ်တမ်း (v) မှတ်တမ်းတင်သည် .. ဆိုပြီးရှိရာမှာ အသံထွက် နှစ်ခုက မတူပါဘူး
noun ကို RECord (“ရက်”ကော့ဒ်) လို့ထွက်ရမှာဖြစ်ပြီး verb ကို reCORD (ရီ“ကော့ဒ်” )လို့ ထွက်ရမှာဖြစ်ပါတယ် ။ dictionary မှာကြည့်လို့ရတတ်ပါတယ် ။ သို့သော် ကြည့်လို့မရတော့တဲ့ sentence stress အထိ ကျနော်က ဆက်ရေးသွားမှာပါ ။ အရေးကြီးပါတယ်လို့ မပြောလိုသော်လည်း သိထားဖို့တော့ ကောင်းတယ်လို့ပဲ ပြောချင်ပါတယ် ။
.
stress ကို ရွတ်ဆိုတဲ့အခါ အသံကို မြှင့်ပြီး.. ပိုကျယ်ပြီး ရွတ်ဆိုရမှာဖြစ်ပါတယ် ။ သရသံကို ကြာကြာရွတ်ဆိုရမှာဖြစ်ပြီး .. ၀ါကျမှာဆိုလျှင်တော့ ဖိပြီးရွတ်ရမယ့် စာလုံးမတိုင်ခင်မှာ ခဏရပ်ပေးလိုက်ခြင်းဖြင့် stress word ဟာ ပိုပြီး ပေါ်လွင်သိသာစေပါတယ် .. Oxford Practical English usage မှာ ဒီလိုရေးထားပါတယ် ..
In speech, we can give words extra stress - make them sound ‘stronger’ by pronouncing them louder and with a higher intonation . We may also make the vowel longer, and pause before a stressed word.
................
ကဲစလိုက်ကြပါစို့
▬▬▬▬▬▬▬
(1) Word stress - general rules
စကားလုံးများကို ဖိပြီးရွတ်ဆိုတဲ့အခါ ယေဘူယျစည်းမျဉ်းလေးတွေပါ
....
(1.1) There is only one stress in one word.
စကားလုံးတစ်လုံးမှာ ဖိရွတ်သံ တစ်ခုပဲ ရှိပါတယ်
.
(1.2) Only vowels are stressed, not consonants.
သရသံများကိုသာ ဖိရွတ်ပါတယ် ၊ ဗျည်းသံများကို ဖိမရွတ်ပါ ။
.................................................................
(2) Word stress - specific rules (there are many exceptions to these rules)
အသေးစိတ် စည်းမျဉ်းတွေရှိပါတယ် ၊ ယေဘူယျစည်းမျဉ်းတွေဖြစ်လို့ ခြွင်းချက်တွေလည်း ရှိပါတယ်
.....................................................................
(2.1) Stress on the first syllable
မထမအသံပေါ်မှာ ဖိပြီးရွတ်ဆိုရမယ့်စကားလုံး များကတော့
.....
(2.1.1) most 2-syllable nouns – china, table, export, pencil
အသံနှစ်သံရှိတဲ့ noun အများစု
(ဥပမာ CHIna (“ချိုင်း..”နာ) လို့ ရွတ်ဆိုရမှာဖြစ်ပါတယ် chiNA (ချိုင်“နား...”)လို့ ရွတ်ဆိုရမှာ မဟုတ်ပါဘူး)
..
(2.1.2) most 2-syllable adjectives – slender, clever, happy
အသံနှစ်သံရှိတဲ့ adjective အများစု
ဥပမာ ..HAPpy >> ဟက်..ပီ လို့ဆိုရမှာဖြစ်တယ် ဟက်ပီးးးးးးး လို့ မဆိုသင့်ပါ
.............................................................
(2.2) Stress on the last syllable
နောက်ဆုံးအသံပေါ်မှာဖိပြီးရွတ်ရမယ့် စာလုံးတွေကတော့ ..
..
(2.2.1) most 2-syllable verbs – to export, to decide, to begin
အသံနှစ်သံရှိတဲ့ ကြိယာအများစု
( to ပါနေတာက verb မှန်းသိအောင် အပိုထည့်ထားတာဖြစ်ပါတယ် ၊ noun မှာ EXport လို့ထွက်ပေမယ့် verb ဖြစ်သွားတဲ့အခါ exPORT လို့ ဖြစ်သွားပါတယ် )
.............................................................................
(2.3) Stress on the second syllable from the end (penultimate syllable)
နောက်ဆုံးအသံကနေစတင်ရေတွက်ပြီး ဒုတိယအသံမှာဖိ၍ရွတ်ဆိုရန်..တွေကတော့
.
(2.3.1) words ending in “ic” – graphic, geographic, geologic, photographic
“ic” နဲ့ဆုံးတဲ့ စကားလုံးများ
ဥပမာ geoGRAPhic, geoLOgic စသည်ဖြင့်
.
(2.3.2) words ending in “sion” and “tion” – television, revelation, information
“sion” ၊ “tion” တို့နဲ့ဆုံးတဲ့ စကားလုံးများ
teleVIsion, reveLAtion, inforMAtion.. စသည်ဖြင့်
..............................................................................
(2.4) Stress on the third syllable from the end (ante-penultimate syllable)
နောက်ဆုံးအသံမှ စတင်ရေတွက်ပြီး တတိယမြောက်အသံတွင်ဖိရွတ်ရန် ..စကားလုံးများကတော့
.
(2.4.1) words ending in “cy”, “ty”, “phy” and “gy” – democracy, society, photography, geology “cy”, “ty”, “phy” နှင့် “gy” ဆုံးသော စကားလုံးများ
ဥပမာ deMOCracy, soCIety, phoTOGraphy, geOLogy ..စသည်ဖြင့် ဖြစ်ပါတယ်

.▬▬▬▬▬▬▬▬▬▬▬>>>>>>
မြန်မာလိုမှာက ဒီမိုကရေစီ..ဆို အသံ ၅ ခုလိုဖြစ်နေပေမယ့် အင်္ဂလိပ်မှာက ၄ ခုပဲ ဖြစ်ပါတယ် ၊

dictionary မှာ ဒီလို အသံပိုင်း လေးတွေ ခွဲထားပါတယ်

de•moc•ra•cy, so•ci•e•ty, pho•tog•ra•phy, ge•ol•o•gy
..
ဒီမှာ ကျနော် ကြုံလို့တစ်ခု အပိုထည့်ပေးချင်တာက အသံထွက် မတူတာကြားလျှင် အသံထွက် အမျိုးမျိုးကို နားထောင်ကြည့်စေချင်ပါတယ် အနည်းဆုံးတော့ အင်္ဂလိပ်နဲ့ အမေရိကန် နှစ်မျိုးကို နားထောင်စေချင်ပါတယ်

ဥပမာ
▬▬▬
democracy (ဒီမိုခရေဆီ၊ ဒမော့ခရေဆီ)
status (စတေးတပ်(စ်) ။ စတာ့တပ်(စ်) )
data (ဒေတာ ၊ ဒါတာ) ..
စသည်ဖြင့် ရှိနေတော့ ကိုယ်သိတာက အမှန်လိုလို.. ပိုပြီးခေတ်မှီသလိုလို..native သံပေါက်တယ်လိုလို တွေ ထင်တတ်ကြပါတယ် (ကျနော့်ကိုယ်ကျနော်ညွှန်းတယ်လို့ ယူဆနိုင်ပါတယ်)
...
(2.4.2) words ending in “al” – critical, geological
...............................................................................
(2.5) Compound words (words with two parts)
စကားလုံးနှစ်ခုကို တစ်ခုအဖြစ်ပေါင်းထားတဲ့ စကားလုံးတွေအတွက် စည်းမျဉ်းတွေကတော့
.
(2.5.1) compound nouns, the stress is on the first part – blackbird, greenhouse, bluebird, blackboard, notebook, bookstore, toothbrush, keyboard
ပေါင်းစပ်နာမ် များကို ရှေ့ပိုင်းမှာ ဖိပြီးရွတ်ဆိုရပါမယ်
ဥပမာ BLACKbird, NOTEbook,....
.
(2.5.2) compound adjectives, the stress is on the second part – bad-tempered, old-fashioned
ပေါင်းစပ်နာမ၀ိသေသနများကို နောက်ပိုင်းမှာ ဖိပြီးရွတ်ဆိုရပါမယ်
ဥပမာ bad-TEMpered, old-FASHioned
.
(2.5.3) compound verbs, the stress is on the second part – to understand, to overflow
ပေါင်းစပ်ကြိယာများကို နောက်ပိုင်းမှာ ဖိပြီးရွတ်ဆိုရပါမယ်
ဥပမာ.. underSTAND, overFLOW
.
(2.5.4) two word compound nouns, the stress is on the first word - air conditioner, nail polish, french fry
စကားလုံးနှစ်လုံးကိုတွဲမထားပဲ ခွဲထားတဲ့ ပေါင်းစပ်နာမ်များကို ရှေ့ကစကားလုံးမှာ ဖိပြီး ရွတ်ဆိုရပါမယ်
ဥပမာ.. AIR conditioner, NAIL polish ... စသည်ဖြင့် ဖြစ်ပါတယ်
.......................................................................................................
ဝါကျတွေကို ပြောတဲ့အခါ ပုံမှန်အားဖြင့် ဘယ်လို stress လုပ်မယ်ဆိုတာ ဆက်ရေးပါမယ် ။ အဲဒီထက်ပိုပြီးတော့ stress နေရာပြောင်းတဲ့အခါ အဓိပ္ပါယ်ပြောင်းသွားပုံကိုလည်း ရေးပါဦးမယ် ။ တော်တော်ကြီး သိပြီးလို့ ရေးတာမဟုတ်ပါ ။ လိုအပ်ချက်တွေ ရှိပါတယ် ။ သိသမျှကို ပေးချင်နေတာသာ ဖြစ်ပါကြောင်း
မေတ္တာဖြင့်
Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf
===================

https://web.facebook.com/shweaeimsidictionary/

 အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၁
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အင်္ဂလိပ်စကားလုံးများကို word stress (ဖိ၍ရွတ်သံ) မှန်ချင်တဲ့အခါ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အင်္ဂလိပ် စကားပြောသင်ခန်းစာတွေကို တင်ပေးနေတော့ အသံထွက်ပုံ ရွတ်ဆိုပုံလေးတွေကိုလည်း ဗဟုသုတအဖြစ် တင်ပေးသင့်တယ် ထင်တဲ့အတွက် ရေးသားလိုက်ခြင်းဖြစ်ပါတယ် ။ sentence stress တွေကျတော့ dictionary မှာလည်း ကြည့်လို့မရတဲ့အပြင် လွယ်လွယ်ကူကူ မတွေ့နိုင်တဲ့တွက် ပြုစုပေးလိုက်ခြင်းလည်း ဖြစ်ပါတယ် ။
.
အင်္ဂလိပ်စကားဟာ ညီညာတဲ့ရေလှိုင်းလေးတွေလို မြင့်လိုက် နိမ့်လိုက် ၊ တက်လိုက်ကျလိုက်နဲ့ ကာရံညီစွာ ပြောရတယ်လို့ ဆိုပါတယ် .. ။

အဲလိုဆိုတော့ စကားလုံးရဲ့ အသံထွက်(pronunciation) အပြင် ဖိပြီး ရွတ်ရမယ့်နေရာ ဖော့ပြီးရွတ်ရမယ့်နေရာ ..ဖိပြီးရွတ်ဆိုရမယ့်စကားလုံး ဖော့ပြီးရွတ်ဆိုရမယ့် စကားလုံး စသည်ဖြင့် သိဖို့လိုအပ်လာပါတယ် ။

စကားလုံးတစ်လုံးမှာ stress ပြောင်းသွားတာနဲ့ သူ့ရဲ့ရုပ် (word form) ပြောင်းသွားတာရှိသလို ၊ ၀ါကျမှာဆိုလျှင်လည်း stress ပြောင်းသွားတာနဲ့ မူရင်းအဓိပ္ပါယ်နဲ့အတူ ပူးတွဲထည့်ပေးလိုက်တဲ့ ဆိုလိုရင်းရသ(sense) ပါ ပြောင်းသွားတတ်ပါတယ် ။
.
ဥပမာ >> record = (n) မှတ်တမ်း (v) မှတ်တမ်းတင်သည် .. ဆိုပြီးရှိရာမှာ အသံထွက် နှစ်ခုက မတူပါဘူး
noun ကို RECord (“ရက်”ကော့ဒ်) လို့ထွက်ရမှာဖြစ်ပြီး verb ကို reCORD (ရီ“ကော့ဒ်” )လို့ ထွက်ရမှာဖြစ်ပါတယ် ။ dictionary မှာကြည့်လို့ရတတ်ပါတယ် ။ သို့သော် ကြည့်လို့မရတော့တဲ့ sentence stress အထိ ကျနော်က ဆက်ရေးသွားမှာပါ ။ အရေးကြီးပါတယ်လို့ မပြောလိုသော်လည်း သိထားဖို့တော့ ကောင်းတယ်လို့ပဲ ပြောချင်ပါတယ် ။
.
stress ကို ရွတ်ဆိုတဲ့အခါ အသံကို မြှင့်ပြီး.. ပိုကျယ်ပြီး ရွတ်ဆိုရမှာဖြစ်ပါတယ် ။ သရသံကို ကြာကြာရွတ်ဆိုရမှာဖြစ်ပြီး .. ၀ါကျမှာဆိုလျှင်တော့ ဖိပြီးရွတ်ရမယ့် စာလုံးမတိုင်ခင်မှာ ခဏရပ်ပေးလိုက်ခြင်းဖြင့် stress word ဟာ ပိုပြီး ပေါ်လွင်သိသာစေပါတယ် .. Oxford Practical English usage မှာ ဒီလိုရေးထားပါတယ် ..
In speech, we can give words extra stress - make them sound ‘stronger’ by pronouncing them louder and with a higher intonation . We may also make the vowel longer, and pause before a stressed word.
................
ကဲစလိုက်ကြပါစို့
▬▬▬▬▬▬▬
(1) Word stress - general rules
စကားလုံးများကို ဖိပြီးရွတ်ဆိုတဲ့အခါ ယေဘူယျစည်းမျဉ်းလေးတွေပါ
....
(1.1) There is only one stress in one word.
စကားလုံးတစ်လုံးမှာ ဖိရွတ်သံ တစ်ခုပဲ ရှိပါတယ်
.
(1.2) Only vowels are stressed, not consonants.
သရသံများကိုသာ ဖိရွတ်ပါတယ် ၊ ဗျည်းသံများကို ဖိမရွတ်ပါ ။
.................................................................
(2) Word stress - specific rules (there are many exceptions to these rules)
အသေးစိတ် စည်းမျဉ်းတွေရှိပါတယ် ၊ ယေဘူယျစည်းမျဉ်းတွေဖြစ်လို့ ခြွင်းချက်တွေလည်း ရှိပါတယ်
.....................................................................
(2.1) Stress on the first syllable
မထမအသံပေါ်မှာ ဖိပြီးရွတ်ဆိုရမယ့်စကားလုံး များကတော့
.....
(2.1.1) most 2-syllable nouns – china, table, export, pencil
အသံနှစ်သံရှိတဲ့ noun အများစု
(ဥပမာ CHIna (“ချိုင်း..”နာ) လို့ ရွတ်ဆိုရမှာဖြစ်ပါတယ် chiNA (ချိုင်“နား...”)လို့ ရွတ်ဆိုရမှာ မဟုတ်ပါဘူး)
..
(2.1.2) most 2-syllable adjectives – slender, clever, happy
အသံနှစ်သံရှိတဲ့ adjective အများစု
ဥပမာ ..HAPpy >> ဟက်..ပီ လို့ဆိုရမှာဖြစ်တယ် ဟက်ပီးးးးးးး လို့ မဆိုသင့်ပါ
.............................................................
(2.2) Stress on the last syllable
နောက်ဆုံးအသံပေါ်မှာဖိပြီးရွတ်ရမယ့် စာလုံးတွေကတော့ ..
..
(2.2.1) most 2-syllable verbs – to export, to decide, to begin
အသံနှစ်သံရှိတဲ့ ကြိယာအများစု
( to ပါနေတာက verb မှန်းသိအောင် အပိုထည့်ထားတာဖြစ်ပါတယ် ၊ noun မှာ EXport လို့ထွက်ပေမယ့် verb ဖြစ်သွားတဲ့အခါ exPORT လို့ ဖြစ်သွားပါတယ် )
.............................................................................
(2.3) Stress on the second syllable from the end (penultimate syllable)
နောက်ဆုံးအသံကနေစတင်ရေတွက်ပြီး ဒုတိယအသံမှာဖိ၍ရွတ်ဆိုရန်..တွေကတော့
.
(2.3.1) words ending in “ic” – graphic, geographic, geologic, photographic
“ic” နဲ့ဆုံးတဲ့ စကားလုံးများ
ဥပမာ geoGRAPhic, geoLOgic စသည်ဖြင့်
.
(2.3.2) words ending in “sion” and “tion” – television, revelation, information
“sion” ၊ “tion” တို့နဲ့ဆုံးတဲ့ စကားလုံးများ
teleVIsion, reveLAtion, inforMAtion.. စသည်ဖြင့်
..............................................................................
(2.4) Stress on the third syllable from the end (ante-penultimate syllable)
နောက်ဆုံးအသံမှ စတင်ရေတွက်ပြီး တတိယမြောက်အသံတွင်ဖိရွတ်ရန် ..စကားလုံးများကတော့
.
(2.4.1) words ending in “cy”, “ty”, “phy” and “gy” – democracy, society, photography, geology “cy”, “ty”, “phy” နှင့် “gy” ဆုံးသော စကားလုံးများ
ဥပမာ deMOCracy, soCIety, phoTOGraphy, geOLogy ..စသည်ဖြင့် ဖြစ်ပါတယ်

.▬▬▬▬▬▬▬▬▬▬▬>>>>>>
မြန်မာလိုမှာက ဒီမိုကရေစီ..ဆို အသံ ၅ ခုလိုဖြစ်နေပေမယ့် အင်္ဂလိပ်မှာက ၄ ခုပဲ ဖြစ်ပါတယ် ၊

dictionary မှာ ဒီလို အသံပိုင်း လေးတွေ ခွဲထားပါတယ်

de•moc•ra•cy, so•ci•e•ty, pho•tog•ra•phy, ge•ol•o•gy
..
ဒီမှာ ကျနော် ကြုံလို့တစ်ခု အပိုထည့်ပေးချင်တာက အသံထွက် မတူတာကြားလျှင် အသံထွက် အမျိုးမျိုးကို နားထောင်ကြည့်စေချင်ပါတယ် အနည်းဆုံးတော့ အင်္ဂလိပ်နဲ့ အမေရိကန် နှစ်မျိုးကို နားထောင်စေချင်ပါတယ်

ဥပမာ
▬▬▬
democracy (ဒီမိုခရေဆီ၊ ဒမော့ခရေဆီ)
status (စတေးတပ်(စ်) ။ စတာ့တပ်(စ်) )
data (ဒေတာ ၊ ဒါတာ) ..
စသည်ဖြင့် ရှိနေတော့ ကိုယ်သိတာက အမှန်လိုလို.. ပိုပြီးခေတ်မှီသလိုလို..native သံပေါက်တယ်လိုလို တွေ ထင်တတ်ကြပါတယ် (ကျနော့်ကိုယ်ကျနော်ညွှန်းတယ်လို့ ယူဆနိုင်ပါတယ်)
...
(2.4.2) words ending in “al” – critical, geological
...............................................................................
(2.5) Compound words (words with two parts)
စကားလုံးနှစ်ခုကို တစ်ခုအဖြစ်ပေါင်းထားတဲ့ စကားလုံးတွေအတွက် စည်းမျဉ်းတွေကတော့
.
(2.5.1) compound nouns, the stress is on the first part – blackbird, greenhouse, bluebird, blackboard, notebook, bookstore, toothbrush, keyboard
ပေါင်းစပ်နာမ် များကို ရှေ့ပိုင်းမှာ ဖိပြီးရွတ်ဆိုရပါမယ်
ဥပမာ BLACKbird, NOTEbook,....
.
(2.5.2) compound adjectives, the stress is on the second part – bad-tempered, old-fashioned
ပေါင်းစပ်နာမ၀ိသေသနများကို နောက်ပိုင်းမှာ ဖိပြီးရွတ်ဆိုရပါမယ်
ဥပမာ bad-TEMpered, old-FASHioned
.
(2.5.3) compound verbs, the stress is on the second part – to understand, to overflow
ပေါင်းစပ်ကြိယာများကို နောက်ပိုင်းမှာ ဖိပြီးရွတ်ဆိုရပါမယ်
ဥပမာ.. underSTAND, overFLOW
.
(2.5.4) two word compound nouns, the stress is on the first word - air conditioner, nail polish, french fry
စကားလုံးနှစ်လုံးကိုတွဲမထားပဲ ခွဲထားတဲ့ ပေါင်းစပ်နာမ်များကို ရှေ့ကစကားလုံးမှာ ဖိပြီး ရွတ်ဆိုရပါမယ်
ဥပမာ.. AIR conditioner, NAIL polish ... စသည်ဖြင့် ဖြစ်ပါတယ်
.......................................................................................................
ဝါကျတွေကို ပြောတဲ့အခါ ပုံမှန်အားဖြင့် ဘယ်လို stress လုပ်မယ်ဆိုတာ ဆက်ရေးပါမယ် ။ အဲဒီထက်ပိုပြီးတော့ stress နေရာပြောင်းတဲ့အခါ အဓိပ္ပါယ်ပြောင်းသွားပုံကိုလည်း ရေးပါဦးမယ် ။ တော်တော်ကြီး သိပြီးလို့ ရေးတာမဟုတ်ပါ ။ လိုအပ်ချက်တွေ ရှိပါတယ် ။ သိသမျှကို ပေးချင်နေတာသာ ဖြစ်ပါကြောင်း
..
မေတ္တာဖြင့်
Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf
===================

Saturday, 7 May 2016

ဂရန်ဆိုတာ ဘာလဲ

ဂရန်ဆိုတာ ဘာလဲ မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်းက ဂရန်ပေးတယ်လို့ ထင်နေသူတွေံ အများကြီး တွေ့နေရပါတယ်။ မြေစာရင်းက ဂရန်ပေးခွင့် မ၇ှိပါ။ တည်ဆဥပဒေများတွင် အာဏာ အပ်မထားပါ။ အ ကြောင်းတစ် ရပ်အတွက် သက်သေခံအဖြစ် ကူးပေးရတဲ့ သက်သေခံ မြေပုံ ၁၀၅ ကိုတောင် ဂရန်မှတ်နေတဲ့ သူက ၇ှိသေး...

ဂရန် အ ကြောင်း သိချင် ရင် ဖတ်ပါ...

“ဂရန်ဆိုသည်မှာ”
အပိုင်း - ၁ ဂရန်
်၁။ မြို့မြေများမှာလူနေထိုင်ရန် (Residential Purposes) အတွက်ဖြစ်စေ၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင် သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံး ပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့ မြေငှါးရမ်းသုံးစွဲခွင့် လျှောက်ထားရပါတယ်။ မြေငှားစာချုပ်ကို ဂရန် (Lease) လို့ ခေါ်ပါတယ်။ အပိုင် သ ဘောမျိုး ချထားတာကတော့ Grant လို့ ခေါ်ပါတယ်။ အခုတော့ Grant ရော၊ Lease ရောကို ဂရန်လို့ဘဲ ခေါ်ကြပါတယ်။
ဂရန်လျှောက်ထားခြင်း၂။
အစိုးရမြေကို (ငှါးရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ ဌာနဆိုင် ရာ၊ အဖွဲ့အစည်းများ၊အသင်းများအနေနဲ့သက်ဆိုင်ရာ ခရိုင် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရ ပါတယ်။ (ရန်ကုန် မန္တလေးမှာတော့ မြို့တော်စည်ပင်)။ အဲဒီအခါမှာ သက်ဆိုင် ရာ ခရိုင်/မြို့နယ်များရှိ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ထိုနောက် အမှုတွဲကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ်-မဟုတ် နှင့် မြေရာဇဝင်ကို စီစစ် မှတ်ချက်ပြု ပြန်ကြားပေးရန် လွှဲပြောင်း ပေးပို့လေ့ရှိပါတယ်။ အဲဒီလို ပေးပို့တဲ့ မြို့/မြေ ဂရန်အမှုတွဲတွေကို မြို့နယ် မြေစာရင်းဦးစီးဌာနက မိမိဌာနမှာ ရှိတဲ့ မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း (1-A Register) တွေနဲ့ တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့ မြေနေရာအတွက် မြေရာဇဝင် မှတ်တမ်း ဖေါ်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ်/မဟုတ် နှင့် အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်/မဟုတ် မှတ် ချက်ပြုခြင်း၊ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ မရှိ နဲ့ အစိုးရ အဆောက်အဦးနှင့်အခြားကိစ္စများ အသုံးပြု ရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ/မရှိ တို့ကို စီစစ်ပေးခြင်း၊ မြေတန်ဘိုးနဲ့ မြေငှားခများ တွက်ချက်ပေး ခြင်း၊ စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။
ဂရန်ထုတ်ပေးတာက ထွေ/အုပ် ဖြစ်ပြီး မြေကို စိစစ်ပေးတာ က မြေစာရင်းဌာန ဖြစ်ပါတယ်။ ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင် ခွင့်ရှိပြီး မြေစာရင်းဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊ မြေရာဇ၀င် (မြေစာရင်း-၁၀၆)နဲ့ မြေပေါ်လက်ရှိဖြစ်မှု အခြေ အနေကိုသာ စိစစ်ပြန်ကြားရန် တာဝန်ခံရတာဖြစ်ပါတယ်။ ဒါပေမဲ့ မြေဆိုရင် မြေစာရင်းက လုပ်တာဘဲဆိုတဲ့ အစွဲရှိလေတော့ ဂရန်ကိစ္စဆိုရင် မြေစာရင်းဌာနကိုချည်း ဦးတည်ပြီး မြေစာရင်းက မတရား ဂရန်ထုတ်ပေးထားပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင် တိုင်နေတာ တွေ့ရပါတယ်။ ဂရန်ချထားခြင်း လုပ်ငန်းအတွက် အောက်မြန်မာပြည်မြေနှင့်အခွန်တော် လက်စွဲဥပဒေ၊အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေ၊ အောက်မြန်မာပြည်မြို့ နှင့်ကျေးရွာမြေများဥပဒေတို့က ပြဌာန်းထားရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဌာန ၂ ခုရဲ့ သမားစဉ် လုပ်ငန်းတွေကို သတ်မှတ်ထားပြီးသား ဖြစ်တာကို တိုင်တန်းတဲ့သူတွေ သေသေချာချာ သဘော မပေါက်ကြပါဘူး။ ဒါကြောင့် ဂရန် ဆို မြေစာရင်းက ထုတ်ပေးနေတယ် ထင်ကြလို့ ဖြစ်ပါတယ်။ ဂရန်ကိစ္စမှာ မြေစာရင်းတာဝန်ကမြေပုံရေးကူးပေးခြင်းနဲ့ မြေရာဇ၀င် ပြန်ကြားခြင်းသာဖြစ်ပြီး အဓိက တာဝန်ယူဆောင်ရွက်ရတာ GAD က ကော်လိပ်တော်တွေဆောင်ရွက်ရတယ်ဆိုတာ မသိတဲ့ လူ အများကြီးပါ။
ဂရန်လုပ်ငန်း၌ ကြေး/မြေ၏အခန်းကဏ္ဍ၃။
အမှန်ကတော့ ဂရန်အမှုတွဲကို တာဝန်ခံဆောင်ရွက်တာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကော်လိပ်တော်အရာရှိရုံးက ဖြစ်ပေမဲ့ ဂရန်လျှောက်မဲ့မြေကို မြေပုံရေးဆွဲပေးရတာ၊ မြေရာဇ၀င် ထုတ်ပြန်ပေးရတာအပြင် ဂရန်ပေး နိုင်တဲ့ မြေ ဟုတ်-မဟုတ်ကို ဌာနရှိ မြေပုံ၊ မြေရာဇ၀င်၊ မှတ်တမ်း၊ အထောက်အထားများ နဲ့ တိုက်ဆိုင်စိစစ်မှတ်ချက်ပြုရတာကမြေစာရင်းဌာနဖြစ်လေတော့ ဂရန်ထုတ်ပေးနိုင်ဘို့ မြေစာရင်းက တာဝန်ယူထားရတဲ့ ကဏ္ဍ ကလည်း မသေးပါဘူး။ ဂရန်ပေးသင့်တဲ့မြေ မဟုတ်ရင် မဟုတ်ကြောင်း မြေစာရင်းဌာနအနေနဲ့ ထောက်ပြရမဲ့ တာဝန် ရှိပါတယ်။ ဒါပေမဲ့ ပေါင်းစားရင် အရိုးတောင်နူးတယ် ဆိုတဲ့ ခေတ်ကြီးမှာ သမားစဉ်တွေလည်း ပျက်သွား တယ်ထင်ပါတယ်။ ဒါ့အပြင် စစ်အုပ်ချုပ်ရေးဆိုတဲ့ တသွေး တသံ တမိန့်နဲ့ အာဏာရှင်ဆန်ဆန် တာဝန်ပေးအပ်မှု ကို စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေ အောင့်အည်း ဆောင်ရွက်ပေးခဲ့ရတဲ့ ကာလတွေကလည်း တမေ့တမော ဆိုတော့ အာဏာပိုင်တွေအကြိုက် လိုက်လုပ်ပေးရာကစာအုပ်ကြီးတွေ၊ လုပ်ထုံး လုပ်နည်းတွေကို အလေးမထား အဖတ်အရှု အလေ့အလာ မရှိတော့ဘဲ ကြုံသလို ဖြစ်သလို လုပ်ပေးတတ်သွားတဲ့ အကျင့်ဆိုး စွဲသွားကြတာ ဌာန တိုင်းလိုလို ဖြစ်တော့ကာ ထွေအုပ်နဲ့ မြေစာရင်းလည်း မိုးခါးရေသောက်တဲ့အထဲရောယောင်ပါသွားတာ မဆန်းပါ။
အခုခေတ် ဂရန်တချို့ဥပဒေနဲ့ ညီရဲ့လား၎။
လုပ်ထုံးလုပ်နည်းကို အလေးမထားခဲ့တဲ့ ကာလတွေရဲ့ အကျိုးဆက်အဖြစ် ယခုအခါမှာတော့ ဂရန်အမှုတွဲ တွေ မြေစာရင်းဌာနကိုပေးပို့လာတဲ့အခါမြို့နယ်မြေစာရင်းဦးစီးဌာနရုံးတွေဟာ မြို့နဲ့ကျေးရွာမြေများ လက်စွဲဥပ ဒေမှာ ပြဌာန်းထားတဲ့ လုပ်ငန်းစဉ်များအတိုင်း မိမိတို့ဆောင်ရွက်ပေးရမဲ့ ကိစ္စတွေကို ဥပဒေပြဌာန်းချက်နဲ့အညီ နည်းလမ်းတကျ၊ စနစ်ကျနစွာ ဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ ပြည့်စုံစွာ စီစစ် မှတ်ချက်မပြုတော့တာတွေကို တွေ့ရှိ လာရပါတယ်။
မြေစာရင်းဌာနအနေနဲ့ ပဲခူးဆားလို နေရာတကာ ပါနေရတော့ တခြားအလုပ်တွေ ပိလွန်းတဲ့ အခါ မြို့မြေကိစ္စတွေကို လှည့်မကြည့်နိုင်တာလဲ ပါပါတယ်။ စနစ်တကျ မစိစစ်တော့ဘဲ အလွယ်တကူ ဆောင်ရွက် လိုက်တဲ့အခါ အားနည်းချက်တွေ ရှိသွားပြီး အစိုးရမြေလွတ်မြေလပ် မဟုတ်တဲ့ အခြားမြေများ (ဥပမာ- သစ်တော ကြိုးဝိုင်းမြေ၊မီးရထားမြေ၊ လမ်းမြေ၊ ဆည်မြောင်းမြေ၊ စည်ပင်သာယာပိုင်မြေ၊ အစိုးရ ဌာန/ပုဂ္ဂလိကသို့ ချထား ပြီးမြေ) စတာတွေကို အစိုးရက ချထားပေးနိုင်သည့် မြေ Land at the disposal by Government လို့ မှားယွင်း မှတ်ချက်ပြုခြင်း၊ ယင်းမြေများကို ဂရန်ချထားပေးရန်ထောက်ခံခြင်း၊ စတဲ့ လွဲမှားတဲ့ မှတ်ချက်ပြု ပြန်ကြားမှုတွေ ဖြစ်လာရပြီး အခြား မသက်ဆိုင်သူတွေအတွက်၊ ချထား မပေးသင့်တဲ့ အစိုးရဌာနပိုင်မြေများ၊ အစိုးရ သီးသန့်ထား တဲ့ မြေများပေါ်မှာ ပုဂ္ဂလိကများကို ဂရန်ထုတ်ပေးရန်အထိ ထောက်ခံပေးခဲ့ခြင်းများ ရှိသွားကြပါတယ်။မြေစာရင်း ဌာနရဲ့ မြေရာဇဝင်ကို လွဲမှားစွာ မှတ်ချက်ပြု ထောက်ခံပေးချက်အပေါ် မူတည်ပြီး မချထားသင့်တဲ့ မြေများ/ဂရန်ချ ထား မပေးနိုင်တဲ့မြေများကို မြေငှါးဂရန် ထုတ်ပေးမိခဲ့လို့ ပြဿနာ ဖြစ်ပွါးရတဲ့ ကိစ္စရပ်တွေ၊ အရှုပ်အရှင်း ဖြစ်ရတာ တွေ အများကြီး ပေါ်ပေါက်လာပါတယ်။ မနေ့ တနေ့ကထိ မြေစာရင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဂရန်မြေ အရှုပ်အရှင်းအတွက် အရေးယူခဲ့ရ သူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ မြေစာရင်းဝန်ထမ်းတွေကို မြေရာဇဝင် မှတ်တမ်း မှားယွင်းထုတ်ပေးမှု အတွက်နဲ့ မြေပုံအမှား ထုတ်ပေးမှုအတွက် အရေးယူခံရတဲ့ ဖြစ်စဉ်တွေလည်း နားမဆန့်အောင် ကြားဘူးကြမှာပါ။G.A နဲ့ အခြားဌာနက ဆရာတွေလည်း ထိတာပါဘဲ၊ စစ်ကိုင်းတိုင်းက ဂရန်မှား ပေးမိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မော်လမြိုင်ရဲတပ်ဖွဲ့မြေ အငှါးချတဲ့ကိစ္စအတွက် သက်ဆိုင်ရာ တိုင်းအဆင့် တာဝန် ရှိသူတို့ စသည်ဖြင့် မြေကိုင်သွားတာတွေ အများကြီးပါ။ မြေဆိုတာ ဒီဖက်ခေတ်မှာ တန်ဘိုးမြင့် ပစ္စည်းတစ်ရပ် ဖြစ်လာနေတော့ အကိုင်အတွယ်မှားခဲ့ရင် တစ်ချိန်မှာ အရိုးတွန်တတ်ပါတယ်။ အဲဒါကြောင့်မို့ဌာနက လူငယ် သွေး သစ်တွေအတွက်ရော ပြင်ပက ဗဟုသုတအဖြစ် သိမှတ်ချင်တဲ့ ပုဂ္ဂိုလ်များအတွက်ပါ ဂရန်ချထားမှုနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက်လေးတွေ၊ သမားစဉ် လုပ်ထုံး လုပ်နည်းလေးတွေကို တင်ပြ ပေးလိုက်ပါတယ်။
မည်သည့်မြေများကို ဂရန်ချထားနိုင်သလဲ၅။
ဂရန်အကြောင်း ပြောကြတဲ့အခါ မြို့မြေဆိုတာ ဘာလဲ၊ အစိုးရမှ စီမံချထားနိုင်သော မြေဆိုတာ ဘာလဲဆိုတာကို အစပြု ပြောရပါတယ်။ မြို့မြေ အ၀န်းအ၀ိုင်းအတွင်း ကျရောက်ပြီး အစိုးရမှ ချထားနိုင်သောမြေ ဖြစ်မှ သာလျှင် ဂရန်ပေးလို့ ရပါတယ်။ ဒါကြောင့်မို့ မြို့မြေနဲ့ ပတ်သက်တဲ့ တည်ဆဲဥပဒေ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်း လမ်းညွှန်ချက်အချို့နဲ့ ဝေါဟာရ ရှင်းလင်းချက်တွေကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖေါ်ပြလိုပါတယ်။
(က) အစိုးရစီမံချထားပိုင်ခွင့်ရှိသောမြေ ( LAND AT THE DISPOSAL OF GOVERNMENT)အစိုးရမှစီမံချထားပိုင်ခွင့်ရှိသောမြေ (Land atthe disposal of Government) ဆိုတာကတော့ မြို့မြေမှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။ Disposal Land လို့ ဖေါ်ကြပါတယ်။
အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မ (၃)၊ ပုဒ်မ (၄)တို့မှာ ဖေါ်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အစိုးရ အနေဖြင့် အပိုင်ဖြစ်စေ၊ အငှားဖြစ်စေ ပေးအပ်ချထားခြင်း၊ မြေပိုင်ဆိုင်ခွင့် (သို့) မြေရှင် ဆိုင်ရာဆိုင်ခွင့် အတွက် မည်သူ့ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊ လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။အဲဒီ အစိုးရမှ ချထားပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက်လည်းကောင်း၊ စိုက်ပျိုး ရေးအတွက်လည်းကောင်း၊ အသုံးပြုခွင့် ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါရပါဘူး။ ထို့အတူ ရုံး၊ စက်ရုံ အလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း တံတားစတဲ့ အစိုးရဌာနများမှအသုံး ပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။ ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီး မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှား ဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်းအဆိုပါ ထုတ်ပေးထားတဲ့ မြေငှား ဂရန် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသမျှ အစိုးရမှ ချထားပေးနိုင်မြေအဖြစ် ချထားပေးလို့ မရနိုင်သေးပါ ဘူး။ ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို (Land at the disposal of Government) အစိုးရမှ ချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။ တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက် တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍မရပါ ဘူး။ ချထားလိုရင်တော့မူလအမှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။ (မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက် တစ်ယောက်ကို ချနိုင်ပါတယ်)။ သက်တန်းမကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဥာဉ်ဥပဒေကို ဖေါက်ဖျက်ရာ ကျပါတယ်။မြေတစ်ကွက်ကို ဂရန် ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေ ဖြစ်မှသာလျှင် ချထားပေးနှိုင်တာဖြစ်တဲ့အတွက် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဟုတ်/မဟုတ်အတွက် မြေယာ မှတ်တမ်း ထိန်းသိမ်းကိုင်တွယ်တဲ့ မြေစာရင်းဌာနရဲ့မှတ်ချက်ဟာ အလွန် အရေးပါတယ်ဆိုတာ သတိပြု ရပါမယ်။ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင် မဟုတ်ကြောင်းကိုမြေစာရင်းရဲ့ ပြန်ကြားချက် မှာ တိတိကျကျ ဖေါ်ပြရန် လိုပါတယ်။ (မြို့မြေမှူးကိုယ်တိုင်က Disposal Land ဆိုတာ ဘာလဲဆိုတာ မသိရင်တော့ မှတ်ချက်အမှားအယွင်းတွေကို ကော်လိပ်တော်အကြိုက် လိုက်လို့ဘဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် အဂတိတရား မကင်းလို့ဖြစ်ဖြစ် မှတ်ချက်ပြုမိနိုင်ပါတယ်)။ အစိုးရ ဌာနပိုင်မြေ၊ အခြား ပုဂ္ဂလိကမှ တရား ဝင်ဂရန် ရရှိ၍ လက်ရှိထားသောမြေ၊ သာသနာမြေ၊ လမ်းမြေ၊ မီးရထားမြေ၊ သစ်တောမြေ၊ မြို့မြေ မဟုတ်တဲ့ လ/န (၃၉) မရရှိသေးတဲ့ လယ်ယာမြေ၊ စသည်တို့ကို အစိုးရမှချထားပေးပိုင်ခွင့်ရှိ သောမြေ ဆိုပြီး မြေစာရင်းဌာန တာဝန်ရှိသူများ အနေနဲ့ လုံးဝမှတ်ချက် မပြုဘို့ သတိချပ်စေလိုပါတယ်။
( ခ ) မြို့မြေနေထိုင်ပိုင်ဆိုင်ခွင့်( Right of Land)မြို့များအတွင်းမှာ ရှိတဲ့မြေတွေကိုအစိုးရက ချထားသတ်မှတ်ပေးတဲ့ မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ ၁၈၉၈ခုနှစ် အောက်မြန်မာပြည်မြို့နှင့်ကျေးရွာ မြေများ အက်ဥပဒေ အခန်း-၂၊ ပုဒ်မ-၇ နှင့် ၈ တို့မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။ အဲဒီအချက်များနှင့် ညီညွတ်မှသာ မြေပေါ် နေထိုင် ပိုင်ဆိုင်ခွင့်ရှိပါတယ်။
ပုဒ်မ ၇ ။ အောက်ပါ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများမှအပ အခြားမည်သည့် ဆိုင်ရာဆိုင်ခွင့်ကိုမျှ မြို့နှင့် ကျေးရွာမြေများတွင် မရှိစေရ။
(က) အစိုးရမှ ချထားသည့် အပိုင်ဂရန်၊ အငှါးဂရန်အရ ရှိသည့် ပိုင်ဆိုင်ခွင့်၊
(ခ) ကာလစည်းကမ်းသတ်ဥပဒေ (Limitition Act) အရ ပိုင်ဆိုင်သောအခွင့်အရေး။
(ဂ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀ တို့တွင် သတ်မှတ် ဖေါ်ပြထားသော ပိုင်ဆိုင်ခွင့်၊
(ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)၊ တို့ပါ အခွင့်အရေးကို မူလပိုင်ဆိုင်သူထံမှ တရားဥပဒေနှင့်အညီ လွှဲပြောင်းရယူခံစားခွင့်၊
ပုဒ်မ ၈ ။ စာရင်းဝင်မြို့များ (Scheduled Town)နှင့် အစိုးရမှ အမိန့်ထုတ်ပြန် ကင်းလွတ်ခွင့် ပေးထား သော မြေများမှအပ အောက်ပါအချက်များနှင့် ညီညွတ်သူ မည်သူမဆို (Landholder’s right) မြေရှင် ဆိုင်ရာ အခွင့်အရေးကို ရရှိစေရမည်။
(က) မြို့နှင့်ကျေးရွာမြေများ ပြဌာန်းအတည်မဖြစ်မီ လွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ်၊ စက်တင် ဘာလ၉ ရက်နေ့ထိ မြေကို တဆက်တည်း ပိုင်ဆိုင် လက်ရှိထားလာသူ၊
(ခ) သို့မဟုတ် ၁၈၉၉ ခုနှစ် စက်တင်ဘာလ-၉ ရက်နေ့ မတိုင်မီ အချို့သောကာလနှင့် ယင်းနေ့ နောက်ပိုင်း လက်ရှိဖြစ်နေသောကာလ ၂ ရပ်ပေါင်း ၁၂ နှစ်ကာလပြည့်အောင် မြေကို လက်ရှိ ထား ပိုင်ဆိုင်လာသောသူ၊
(ဂ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့မှစ၍ နောက်ပိုင်း ၁၂ နှစ်ကာလတိုင် တဆက်တည်း မြေကို ပိုင်ဆိုင်လက်ရှိထားလာပြီး ယင်းကာလများ၌ ၄င်းမြေနှင့်သက်ဆိုင်သည့် အရပ်ရပ်မြေခွန်တော်များ၊ အစိုးရသို့ ပေးသွင်းရမည့် အခွန်အခများ public demands ကို ထမ်း ဆောင်လာသူ၊မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။
ပုဒ်မ ၉ ။ စစ်တွေ၊ ပုသိမ်နှင့် ပြည်မြို့များအတွက်
(က) စစ်တွေမြေများအတွက် ၁၈၅၂ ဧပြီလ ၁ ရက်မှစ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ခ) ပုသိမ်မြို့တွင်၁၈၇၆ ဇန်န၀ါရီလ ၁ ရက်မှ စ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ဂ) ပြည်မြို့တွင် ၁၈၇၀ ဇန်န၀ါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။ဆိုပြီး မြို့မြေပေါ်မှာ ပိုင်ဆိုင်ရမဲ့ အခွင့်အရေးတွေ သတ်မှတ်ပေးခဲ့တာတွေ့ရပါတယ်။
ဇော်မင်း(နတ်မောက်)

ဗီယက်နမ်က ကျောင်းဆရာတွေရဲ့ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ စာသင်နည်း

သူတို့ကျောင်းသားခလေးတွေ ကို တစ်ရက်ကို အိမ်စာ ၅ ခုလုပ်လာခိုင်းပါတယ်…
မေးခွန်းတွေက နေ့တိုင်းတူညီ နေပါတယ်…
၁. ဒီနေ့ သင်မိဘ ကို ဘာအိမ်အလုပ်တွေကူလုပ်ခဲ့သလဲ ?
၂. ဒီနေ့ သင်တစ်ပါးသူအပေါ်ဘယ်လို ကောင်းမှု့တွေ ဆောင်ရွက်ခဲ့သလဲ ?
၃. သင့်အိမ်မှာ ပတ်ဝန်းကျင်က ဘယ်လိုစိတ်ဝင်စားစရာသတင်းတွေ အကြောင်းပြောကြလဲ ?

၎. သင့်တိုင်းပြည် မှာဘယ်လိုပြောင်းလဲ တိုးတက်တဲ့ သတင်းတွေ ကြားရသလဲ ?
၅.ကမ္ဘာလောက ကြီးထဲ ဘာတွေ ပြောင်းလဲတိုးတက် လာသလဲ ?
ဒီမေးခွန်း ၅ ချက်ကနေ ဘာတွေ့ မိပါသလဲ ခင်ဗျာ ?
သူတို့ ဟာ ခလေးတွေ ကို မိဘတွေ ကိုကူညီအောင် သင်ကြားပေးကြပါတယ် ဒီလို မှမဟုတ်ယင် နံပါတ်၁ မေးခွန်းကိုဖြေ နိုင်မှာမဟုတ်ပါဘူး
နေ့တိုင်းကောင်းမှု့လုပ်ရမယ် လူကောင်းဖြစ်အောင်သင်ကြားပေးပြီ
း မေတ္တာရှိ ပြီးသူတကာကိုကူညီနိုင်အောင် သင်ကြားပေးပါတယ်နို့မို့ဆိုယင် နံပါတ် ၂ မေးခွန်းကို ဖြေ တတ်ကြမှာ မဟုတ်ပါဘူး
ခလေးတွေ ကို ကိုယ့်ဘေးပတ်ဝန်းကျင်အကြောင်းစူးစမ်းတတ်လေ့လာတတ်အောင်သင်ကြားပေးပါတယ် သတင်းအချက်အလက်တွေ လေ့လာတတ်ပြီး ဘာတွေပြောင်းလဲလာသလဲ ဘယ်လို လိုက်ပါပြုပြင်ရမလဲ ဆိုတဲ့ အမြဲတမ်း ကိုယ့်ကိုယ်ကို update လုပ်နေတတ်စေပါတယ် မဟုတ်ယင် နံပါတ် ၃.နဲ့ ၄ မေးခွန်းတွေ ကိုဖြေနိုင်မှာ မဟုတ်ပါဘူး
နောက်ဆုံးမှာ ခလေးတွေ ကို vision ရှိလာအောင်သင်ကြားပေးပါတယ် ကမ္ဘာကြီး ဘယ် အထိတောင်ရောက်နေပြီလည်းဆိုတာ ခောတ်နဲ့ အညီ လိုက်ပါ သိရှိနေစေပါတယ်
ဒါပေမဲ့ အရာရာတိုင်းကို လိုက်အတု မခိုးစေပါဘူး သူတို့ ခလေးတွေ ကို တွေးခေါ်တတ်တဲ့ အတွေးရှိအောင် စဉ်းစားတတ်လာအောင် လေ့ကျင့်ပေးတာပါ အတွေးအခေါ်ရှိမှ အဖြေတွေ ကိုဖြေကြားလာနိုင်မှာ ပါ ခလေးတွေ ဒီလိုမျိုးနေ့တိုင်း စဉ်းစားတွေးခေါ်လုပ်ကိုင်သွားကြတဲ့ အခါ လေ့ကျင့်သွားကြတဲ့ အခါ ၃နှစ် ၅ နှစ် ၇နှစ် …၁၀နှစ် နှောင် နှစ် ၂၀ ကြာလာတဲ့ အခါ ဒီခလေးတွေ
ဘယ်လိုတွေ ဖြစ်လာ မလဲ ဆိုတာ တွေးကြည့်ဖို့တော့ ကောင်းလာပါပြီ …..
လွပ်လပ်မှု့ဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ် ကိုယ်ကသာရွေးချယ်ခဲ့မယ် ဆိုယင်ပေါ့ ဗီယက်နမ်က ကျောင်းဆရာတွေရဲ့ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ စာသင်နည်း

အမေ

အမေ့ကို အစောဆုံး မှတ်မိရသည်မှာ ကျွန်တော် နို့ဖြတ်တုန်းက ဖြစ်ပါသည်။

ကျွန်တော် ဘယ်အရွယ်ရောက်ပြီဟုတော့ မမှတ်မိ။ ကျွန်တော်တို့မှာ ညီအစ်ကိုနှစ်ယောက်သာရှိပြီး ကျွန်တော်က အငယ်ဖြစ်သဖြင့် တောက်တောက်ပြေးလွှားကစားသည့် အရွယ်တိုင် နို့စို့တုန်း ဖြစ်လေသည်။ ဘုတလင်မှာ မွေးသော်လည်း ကျွန်တော့်အဖေ မြေတိုင်းစာရေးကြီးသည် သားရိုးကုန်းအုပ်စုကို ကိုင်ရသဖြင့် သားရိုးကုန်းရွာသို့ ရွှေ့နေကြရသည်။
လထိန်ထိန်သာသော တစ်ညတွင် နို့စို့အပြီး အမေက ကျွန်တော့်အား နှမ်းလုံးကလေးများ ကျွေးပါသည်။ အတန်ကြာသော် ကျွန်တော့်ကို ပါးစပ်အဟ ခိုင်းပြီး နှမ်းလုံးကလေးတစ်လုံး ချောင်ကြိုချောင်ကြားက ဆွဲယူ၍ ကျွန်တော့်အား ပြပါသည်။
‘ကြည့်စမ်း၊ ငါ့သား၊ ခုအရွယ်ထိ နို့စို့တော့ သွားပိုးကလေးတွေ ကျနေပြီ။ နောက်မစို့နဲ့တော့နော်’
နှမ်းလုံးကလေးဖြစ်မှန်း သိပါသည်။ သို့သော် ကျွန်တော် အမေအား ဘာမျှ ပြန်မပြော။ သည့်နောက် နို့မစို့တော့ပါ။
ငယ်ကျင့်တစ်ခု အမှတ်ရသေး၏။ အမေ မနှိုးလျှင် ဘယ်သူနှိုး၍မှ မထ။ အမေ လာမခေါ်မချင်း ‘အမ ကျွန်တော် နိုးပြီ’ ဟု အော်မြည်နေလေ့ရှိသည်။
သားရိုးကုန်းရွာမှာ စာသင်ကျောင်း မရှိ။ ကျည်းပင်ချောင်ရွာ ဆရာကျင့်ကျောင်းသို့ သွားရသည်။ (ဆရာကျင်မှာ ယခု ဘုတလင် ဖဆပလ ခေါင်းဆောင်တစ်ဦး ဖြစ်၏။) ကျွန်တော့်အဖေမှာ ကျွန်တော်တို့ ညီအစ်ကိုအား စာသိပ်တတ်စေလိုသောကြောင့် ကျောင်းသားရွယ် မရောက်သေးသော ကျွန်တော့်အား အစ်ကိုကြီးနှင့် အတင်းကျောင်းထည့်၏။ ကျွန်တော်သည် ကျောင်းရောက်ရောက်ချင်း ငိုနေသောကြောင့် ဆရာကျင်က မတ်တတ်ထ ငုံ့ပြီးချော့ရာ ဆရာ့အိတ်ထဲမှ သင်္ဘောစေ့တွေ ကျလာသည်။ ကျွန်တော်သည် ငိုယင်းပင် သင်္ဘောစေ့တွေ ကောက်ပေးသောအခါ ဆရာကျင်က တဟားဟား ရယ်ရှာသည် ကျွန်တော့်ကို ချော့မရ၊ ဇွဲကောင်းကောင်းနှင့် ငိုလေရာ နောက်နေ့များတွင် ကျောင်းမလိုက်ရတော့ပါ။
အစ်ကိုကြီးကိုခွဲ၍ ဘုတလင်သို့ ကျောင်းပို့ထားသောအခါ သားရိုးကုန်းမှနေပြီး ကျွန်တော်လွမ်းနာကျမိ ပြန်ပါသည်။ ‘အစ်ကိုကြီးရေ..ပြန်ခဲ့ပါတော့ဟ၊ ဥသြကလေးတွေ မြည်နေပြီ’ ဟု ဟစ်ခေါ်နေပြန်ရာ အမေမှာ မနေတတ် မထိုင်တတ် ဖြစ်ရှာပါသည်။ နောက်ဆုံး မိသားတစ်စု ဘုတလင်သို့ ပြောင်းနေရပါတော့သည်။
ဘုတလင်တွင် ကျွန်တော့်အဖေသည် ကျွန်တော့်အား ကျောင်းထားရန် ကြိုးစားပြန်သည်။ တစ်ရက် နှစ်ရက် ကျောင်းလိုက်ပြီး သည်လို ဖြစ်လေ၏။ ကျောင်းကား မနက်ကျောင်း ဖြစ်သည်။ ကျွန်တော့်အမေ ကျွန်တော့်အား လားနှိုးသည်။ ကျွန်တော်က မနိုး ဟန်ဆောင်နေသည်။ အမေက လှုပ်နှိုးလည်း ဟန်မပျက်၊ အမေသည် ကျွန်တော့်ကို ပွေ့ပြီးလှုပ်၏။ ကျွန်တော်ကား ဇက်ချိုးချထားပြီး ငိုက်စိုက်လုပ်နေ၏။ အမေက ပျာပျာကလဲ နဖူးစမ်း လက်ဆုပ် ဖြစ်နေ၏။ အတန်ကြာလျှင် အမေသည် ‘အမယ်လေး ငါ့သားကလေး ဘာဖြစ်သွားမှန်း မသိပါဘူး၊ လုပ်ကြပါဦး’ ဟု အော်ဟစ်ကာ ချုံးချ၍ ငိုပါသည်။
သည်တွင်မှ ကျွန်တော်သည် ဟန်အလုပ်လွန်သွားပြီးဟု နားလည်ပြီး၊ သတိချပေးလိုက်ရသည်။ အမေကား ‘အမယ်လေး ငါ့သားကလေး သေရချည်ရဲ့၊ လုပ်ကြပါဦး’ ဟု ထပ်၍ ထပ်၍ အော်ပါသည်။ လမ်းဟိုဘက် ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင်အိမ်မှ ကျွန်တော်တို့က ‘ကောင်းကောင်း’ ဟု ခေါ်သော ဆေးဆရာ ဦးကျောက်ကောင်း ပြေးလာလေ၏။ ကျွန်တော်ကား ‘အမ၊ အမ’ ဟု ခေါ်ပြီး အမေကို ဖက်ထားသည်။ အမေကို များစွာသနားသွားပါသည်။
ထိုနေ့မှစ၍ အမေ ကျွန်တော့်ကို မနှိုးရတော့ပါ။ ကျွန်တော့်ဘာသာ ကျွန်တော် ထပါသည်။ အမေကလည်း ကျွန်တော့်အား ကျောင်းမထည့်တော့ပါ။ သို့သော် ကျွန်တော်၏ ထိုဟန်ဆောင်မှုကို အမေကား သေသာသွားသည့်တိုင် အမှန်သိမသွားရှာပါ။ ကျွန်တော့်မှာ ဖွင့်ပြောမပြရက်သလို ဖြစ်နေခဲ့ပါသည်။
တော်တော့ကို အရွယ်လွန်မှ ကျောင်းနေသောအခါလည်း အတန်းကျောင်းမှာ မပျော်၊ ဘုန်းကြီးကျောင်းမှာသာ ပျော်၏။ သို့သော် အဖေကား အတန်းကျောင်းမှာသာ ထား၏။ တစ်ခါတစ်ခါ အတန်းကျောင်းက လစ်ပြီး အိမ်က ကိုးကွယ်သော ဆရာတော် ဦးဗိုလ်မောင်ကျောင်းသို့ ပြေး၏။ သို့သော် ဆရာတော် ဦးဗိုလ်မောင်ကား ဖခင်၏ ဘက်သား ဖြစ်သဖြင့် အတန်းကျောင်းသို့သာ ပြန်ပို့၏။ တစ်ခါသော် ကျွန်တော်သည် သူငယ်ချင်းတွေနှင့် အတန်းကျောင်းသို့ အတူသွားရင်း လမ်းခွဲနေရစ်ခဲ့၏။ ကျောက်သင်ပုန်းကို သိမ်ဟောင်းတစ်ခုထဲ ၀ှက်ထားခဲ့ပြီး ဦးတေဇ၀န္တဘွဲ့ခံ ဘုန်းတော်ကြီး ဦးရေအေးကျောင်းသို့ သွားနေ၏။ ဦးပဉ္စင်း ဦးနန္ဒိယနှင့်အတူ ရှမ်းတောရွာသို့ ဆွမ်းခံလိုက်၏။ နေ့လယ် မန်ကျည်းပင်ပေါ်တက်၊ လိုက်တမ်းပြေးတမ်း ကစားနေ၏။ စာအနည်းငယ် အံရ၏။ ညနေ အတန်းကျောင်းဆင်းချိန်တွင် လမ်းကကြိုပြီး သူငယ်ချင်းများနှင့် အိမ်ပြန်၏။ ဤကျောင်းပြေးနည်းကား ပိလှသဖြင့် ၃-၄ ရက် မမိပေ။ ဦးရေအေးမှာ အိမ်က ကိုးကွယ်သော ဆရာတော် မဟုတ်သဖြင့် မုန့်ဖိုးကလေးနှင့် လမုန့်ဝယ်ပြီး လှူခြင်းဖြင့် ဆရာဒကာ လုပ်ရသေးသည်။ ၃-၄ ရက်ကြာတော့ ကျွန်တော် ကျောင်းပြေးပုံကို အဖေသိသွားလေသည်။ အဖေသည် ပြင်းထန်စွာ ရိုက်ပါသည်။ ကျွန်တော့် ခြေနှစ်ချောင်းကိုင်ပြီး ခေါင်းနှင့် မြေကြီးတစ်ချက်ပင် ဆောင့်လိုက်ပါသည်။
အဖေ၏ အပြစ်ဒဏ်ခံပြီး အိမ်အနောက်ဘက်က မစိုးမယ်တို့ အိမ်သို့ သွားပြီး ငိုနေပါသည်။ ထိုအခါ အမေရောက်လာပါသည်။ အမေမှာလည်း မျက်ရည်တွေနှင့် ဖြစ်သည်။ မင့်အဖေက မင့်ကို အတန်းတွေ သိပ်အောင်စေချင်တယ်။ မင်းက ခုလိုပြေးတော့ ဒေါသသိပ်ကြီးတာပေါ့။ ငါ့သားရယ် လိမ်မာစမ်းပါကွယ်။ ကျောင်းမပြေးနှင့်နော်ဟု ချိုသာစွာ ချော့မော့၍ ပြောနေခဲ့ပါသည်။
ကျွန်တော့်အမေကား ရိုက်လေ့ ရိုက်ထ မရှိသည် မဟုတ်ပါ။ ခေါင်းရိတ်ရင်း ငိုတာကိုပင် ရိုက်ပါသည်။ တစ်ခါက ရွာမြောက်ဘက် ကန်တော်ကြီးမှ ခေါင်းရိတ်ရေချိုးအပြန် ကျွန်တော်သည် သင်ဓုန်းဓားကို ကိုင်လာသည်။ လမ်းနဘူးချုံတွင် နဘူးနွယ်တစ်ခုကို သင်ဓုန်းဓားဖြင့် ဖြတ်ရင်း သင်ဓုန်းလွတ်ကျပြီး ညာဘက်လက်ကောက်ဝတ်ကောက် ခုတိုင် အမာရွတ်ကြီး ထင်အောင် ရှိပါသည်။ အမေမြင်သောအခါ ‘ဆော့ဦး’ ဟု ဆိုပြီး ရိုက်ပါသည်။ ပြီးမှ ဆေးတွေ ဘာတွေ ထည့်ပေးပါသည်။ သို့သော် အမေကား ဘယ်တော့မဆို အော်ဟစ်ကြိမ်းမောင်း ဒေါသအမျက် တခြောင်းခြောင်းနှင့် မရိုက်ပါ။
ကျွန်တော့်အမေကား ပွဲအလွန်ကြိုက်သည်။ ကျွန်တော်သည် အမေ့ခြေရာနင်းပါသည်။
ထိုစဉ်က ကျွန်တော်တို့ ရွာနားမှ ထွက်သော ဦးဘုံးမိုကြီး၊ မန္တလေးတက်ငှားရသော ဦးဘလွန်း၊ စပယ်လှိုင်းတို့၏ ရုပ်သေးများ အလွန်ခေတ်စားသည်။ ကျွန်တော့်အမေနှင့် ကျွန်တော်တို့သည် ကိုဘလွန်းရုပ်သေးကို မိုးအလင်း ကြည့်ပါသည်။ အမေကား ပွဲအလင်းကြည့်ပြီး ဆက်၍ ထမင်းဟင်းချက်သည်။ ထမင်းဟင်းတစ်အုပ်ခပ်ပြီး ရုပ်သေးဆရာများ စားရန် သွားပို့သည်။ ပြန်လာလျှင် ‘ငါ့ထမင်းအုပ် ဘယ်သူစားသဟေ့’ ဟု ပြောပြီး စားရသည်မှာလည်း အမောပင်။
တစ်ခါတုန်းက (ကျွန်တော် ၉ နှစ်ထက် ပိုမကြီးသေးဟု ထင်သည်) ကျွန်တော့်အစ်ကို တစ်ဝမ်းကွဲ ကိုဘအေးနှင့် ကျွန်တော် နှစ်ယောက်တည်း အိမ်မှ မသိဘဲ ဘုတလင်မှ တစ်တိုင်ခွဲ ကျော်ကျော်ဝေးသော ကျည်းပင်ချောင်ရွာသို့ ညကြီးမင်းကြီး မိုးဖွဲကလေးက ကျနေတုန်း မုန့်သေတ္တာပုံးထဲ ဖယောင်းတိုင်စိုက်ထွန်းလျက် ခြေကျင် လျှောက်ကြပါသည်။ အကြောင်းကား ဦးဘုံးမိုကြီးရုပ်သေး ကြည့်ရန်ဖြစ်ပါသည်။ ဟိုကျတော့ ပွဲမကဖြစ်သည်ကို တွေ့ရပါသည်။ နောက်တစ်နေ့မနက် အစောကြီးပြန်ပြီး အိမ်နောက်ဖေး တိတ်တိတ်ဝင်အိပ်ရသည်။ သည်အကြောင်း အမေသိသော်လည်း မရိုက်ပါ၊ မကြိမ်းပါ။
ကျွန်တော်တို့ ငယ်ငယ်တုန်းက အဖေသည် အမေ့အား ရိုက်လေ့ရှိသည်။ အဖေသည် မူးလျှင် အင်မတန် ဆိုးပါသည်။
တစ်ခါတုန်းက အဖေ ကွင်းနင်းသွားရင်း ကျွန်တော်တို့ ကုက္ကိုစုရွာသို့ လိုက်လည်ကြသည်။ အမေ့ဘက်က ကျွန်တော်တို့အဘိုး လျှောက်လွှာစာရေးကြီး ဦးပေါက်ကျိုင်း၏ ရွာဖြစ်သည်။ အဖေသည် ချက်အရက်တွေသောက်ပြီး ဆူဆဲကာ ကျွန်တော့်အမေကို လိုက်ရိုက်ရန် ကြိုးစားသည်။ အမေနှင့် ကျွန်တော် ကျီတစ်ခုပေါ် တက်ပြီး ပုန်းနေရ၏။ အမေ့ကို ရှာမတွေ့သဖြင့် အဖေသည် ထမင်းဝင်စားသည်ကို ကျွန်တော်တို့ မြင်ကြရ၏။ ဗြုံးဆို ပဲဟင်းပူတွေ အဖေ့ကိုယ်ပေါ်သို့ လောင်းကျသည်။ ‘အားလေး အားလေး ပူလိုက်တာ’ ဟု အဖေ့အော်သံ ကြားရသည်။ ကျွန်တော်ကား ပျော်လှ၏။ တခစ်ခစ် ရယ်မိ၏။ အမေက မနည်းကြီးဆိတ်မှ ကျွန်တော်အရယ် ရပ်တော့၏။ မူးတာမကြိုက်၍လား၊ အမေ့ကို နှိပ်စက်တာ မကြိုက်၍လား။ ကျွန်တော်ကား ပဲဟင်းပူလောင်သော အဖေ့အတွက် အူမြူးနေခဲ့ပါ၏။
သားရိုးကုန်းတွင်နေစဉ်က အဖေသည် အိမ်အောက်ကွပ်ပျစ်ပေါ်၌ မူး၍ မှောက်လျက်လဲနေ၏။ ပါးစပ်က အမေ့ကို ဆဲနေ၏။ ကျွန်တော်သည် ထန်းပလပ်ပြားစောင်းကြီးနှင့် အဖေ့ခြေဖနှောင့် အထက်က အကြောကြီးကို လွှတိုက်သလို ဆွဲလိုက်၏။ ‘မူးဦးဗျား၊ အမေ့ကို နှိပ်စက်ဦးဗျား’ ဟု ပါးစပ်မှ တတွတ်တွတ် ဆိုသေး၏။ သွေးထွက်လာပြီး အဖေသည် ‘အလေးလေး မလုပ်ပါနှင့်ဟ’ ဟုသာ အော်နိုင်၍ မူးရာမှ ထကို မထနိုင်လေ။
အဖေက ရိုက်သဖြင့် အမေသည် ကျွန်တော့်အားခေါ်ပြီး အဝေးသို့ ပြေးရန်ကြံသည်မှာ ခဏ ခဏ ဖြစ်၏။ တစ်ခါက ပြည်မြို့တွင် အလုပ်လုပ်နေသော သူ့မောင် ကိုမောင်ကြီးဆီသို့ ပြေးရန် အထုပ်အပိုး ပြင်၏။ ကျွန်တော့်အတွက် ယူစရာလေးများလည်း ပြင်၏။ သို့သော် မပြေးဖြစ်ကြပေ။ အဖေ အမူးပြေတော့ ချော့လေရာ အမေလည်း စိတ်ပြေရှာတော့၏။ သားကြီးနှင့် ခွဲရမှာကလည် မလွယ်လှပါ။
ငယ်ငယ်က ကျွန်တော်သည် ပုစွန်ခြောက် အင်မတန် ကြိုက်၏။ အမေသည် ဆန်ထည့်သော စဥ့်အိုးထဲတွင် ပုစွန်ခြောက်ဘူးကို သိုသိပ်စွာ ထားလေ့ရှိ၏။ ကျွန်တော် ခဏ ခဏ ခိုးစား၏။
တစ်နေ့သော် ကျွန်တော် ကြို့ထိုးလျက် ရှိ၏။ အမေက ‘ဟဲ ကောင်ကလေး မှန်မှန်ပြောစမ်း၊ ဘာခိုးစားသလဲ’ ဟု မေးရာ ‘ဘာမှ မစားပါဘူး အမရဲ့’ ဟု ဖြေလိုက်၏။ ‘မှန်မှန်ပြော၊ ခိုးစားရင် ကြို့ထိုးတာပဲ’ ဟု အမေက ဖမ်းလေလျှင် ကျွန်တော်မှာ မိသွားသဖြင့် အားလုံး ဖွင့်ပြောရ၏။
‘နောက် ခိုးမစားနှင့်၊ စားချင်ရင် အမေ့ကို ပြောစား။ ကြို့မထိုးဘူး၊ ပြီးတော့ ဘာမှ လိမ်မပြောနှင့်။ လိမ်ရင် ကြို့ထိုးတတ်တယ် ကြားလား’
၎င်းနောက် ခိုးလည်း မစား၊ လိမ်လည်း မလိမ်။
ကျွန်တော့် အဖေမှာ မြေတိုင်းစာရေး ဖြစ်သည့်အတိုင်း တောင်သူလယ်သမား အများအပြား ကျွန်တော်တို့ အိမ်လာပါသည်။ ဦးပိုင် အပြောင်းအလွဲ၊ မြေပုံကူး၊ အခွန်တော်စည်းကြပ် စသည့် များမြောင်သော ကိစ္စတို့အတွက် လာကြခြင်း ဖြစ်၏။
ကျွန်တော်သည် လာသမျှသော ဧည့်သည်တို့အား အမေးထူလေ့ရှိ၏။ လူးဆပ် ဘာလုပ်စားရသလဲ။ နှမ်းဘယ်လို ကြဲသလဲ။ ဘယ်လောက်မျိုးချရင် ဘယ်လောက်ထွက်သလဲ။ သူတို့မှာ အခါလည်တော့ ဘယ်လောက်ရသလဲ။ ကူလီခ ပြောင်းဘယ်နှတောင်းရသလဲ။ ပွစာတက်အောင် မေး၏။ အမေကား တောက ဧည့်သည်များအား များစွာအားနာပြီး ‘ဟဲ့ကောင်လေး အမေးထူလိုက်တာ’ ဟု ကျွန်တော့်ကို ငေါက်ပါသည်။ သို့သော် ကျွန်တော် မေးတတ် စမ်းတတ်ခြင်းအတွက် သူဂုဏ်ယူကြောင်း ပြုံးပြုံးကြီး လုပ်နေပါ၏။ နောက် အမေကပင် တောင်သူလယ်လုပ်တွေ ကျပ်တည်းဆင်းရဲပုံ ပြောပြသည်။ စပါးပေး၊ ပဲပေး၊ ငွေချေးနည်းစနစ်များအကြောင်း ရှင်းပြသည်။ ‘စပါးပေး၊ ပဲပေးဆိုတာ သိပ်ဆိုးတာပဲနော်’ ဟု ကျွန်တော်က မှတ်ချက်ချလျှင် ‘ဆိုးတော့ ဆိုးတာပေါ့၊ ကြွေးပေးသူမှာတော့ စီးပွားသိပ်ဖြစ်တယ်။ တောက လူတွေမှာလည်း မယူဘဲ မနေနိုင်ဘူး။ စပါးပေး၊ ပဲပေးဟာ မကောင်းပေမဲ့ မတတ်နိုင်ဘူး။ ပေးသူက ပေး၊ ယူသူက ယူ၊ လူတိုင်းလုပ်နေကြတာပဲ’ ဟု ဖြေပါသည်။
တောက ဧည့်သည်များ ယူလာသဖြင့် လည်းကောင်း၊ အဖေ ကွင်းနင်း၍ အပြန်ယူလာသဖြင့် လည်းကောင်း ကျွန်တော်တို့ အိမ်မှာ ဗူးသီး၊ ခရမ်းသီး၊ ငရုတ်၊ နံနံစမြိတ် ဟင်းသီးဟင်းရွက် လှိုင်လေသည်။ ဟင်းသီးဟင်းရွက်တွေ လှိုင်ပြီလား ဆိုမှဖြင့် အမေသည် အပုံတွေခွဲပြီး အိမ်နီးနားချင်းများကို ကျွန်တော်တို့ ညီအစ်ကိုအား အဝေခိုင်းပါသည်။ ရွှေဘုံသာဆုတောင်းပြည့် ရွှေပေါ်ကျွန်းဘုရား ဆွမ်းကြီးလောင်းပွဲများတွင် မုန့်ဆီကြော်၊ ငါးပေါင်းကြော်၊ ကတိုးကွာများကို ကျွန်တော်တို့အား ရွာထဲ ရပ်ထဲလျှောက် အဝေခိုင်းသည်။ သို့ကလို ပေးရ၊ ကမ်းရ၊ ဝေရ၊ ခြမ်းရခြင်းတွင် ကျွန်တော်သည် အလွန်အကျူး ကြည်နူးပါသည်။ အမေသည် နှမြောသင့်သည့် နေရာ၌ အလွန်နှမြောစီစစ်ပြီး ဤလိုအခါ၌ကား စေတနာ ဗလ၀ ဖြစ်ပါသည်။ ကျွန်တော်တို့ ရှင်ပြုတုန်းက ‘ကျွေးရာ မွေးရာမှာ တွန့်တိုမိမှာစိုးတယ်’ ဟုဆိုပြီး အမေနှင့် အဖေ ဘုန်းကြီးကျောင်းသွားကာ မျက်နှာလွှဲ နေကြလေသည်။
အမေသည် ရက်ကန်းလည်း ရက်တတ်၏။ ငယ်ငယ်က အမေ့လက်ရက် လုံချည်ကလေးများ ၀တ်ရသည်သာ များ၏။
အမေကိုယ်တိုင် လက်ရက်လုံချည်ကို အခါများစွာတွင် ၀တ်လေ့ရှိ၏။ သို့သော် ဖျင်ပင်နီ အင်္ကျီကိုကား ဘယ်တော့မှ မ၀တ်။ ၀ံသာနုခေတ် ဘုတလင်တစ်ဝိုက်တွင် ၀ံသာနုဆရာတော် ဦးသက္ကံသတို့ ကြီးစိုးတုန်းကလည်း အမေသည် ဖျင်ပင်နီကို မ၀တ်။ နောက် တို့ဗမာအစည်းအရုံးခေတ် ကျွန်တော် သခင်ဖြစ်တော့လည်း အမေကား ဖျင်ပင်နီ အင်္ကျီ မ၀တ်၊ ပိတ်ပါးကိုသာ ၀တ်၏။
‘ဖျင်ပင်နီအင်္ကျီ ၀တ်ပါ အမေရယ်’
ဟု ကျွန်တော်က တိုက်တွန်းလေရာ ‘ငါ့သတ်ပစ်ဆိုဦး၊ ဖျင်ပင်နီအင်္ကျီ မ၀တ်ဘူး။ ထူလဗျစ်ကြီး၊ အိုက်ကလည်း အိုက်နှင့်၊ တွက်ချေလည်း မကိုက်ဘူး’ ဟု ပြန်ဖြေရာ ကျွန်တော် အရှုံးပေးရပါသည်။ အမေသည် ကျွန်တော် သခင်လက်သစ် ကလေးအား လက်လုပ်ငန်းသည် စက်လုပ်ငန်းကို မပြိုင်နိုင်။ ခေတ်ဟောင်းသည် ခေတ်သစ်ကို မပြိုင်နိုင်ဟူသော သဘောတရားကို လက်တွေ့ပြလိုက်ခြင်း ဖြစ်ပါ၏။
မုံရွာနှင့် ဘုတလင်မှာ (၂၁) မိုင်သာ ဝေးလျက် ငါးမူး ခရီးစရိတ်ကုန်လျှင် ရောက်ပါသည်။ သို့သော် ကျောင်းပြန်ဖွင့်၍ မုံရွာသွားတိုင်း ကျွန်တော့်အမေမှာ မျက်ရည်စကလေးများနှင့် ကျန်ရစ်ခဲ့သည်ကိုသာ တွေ့ရ၏။ ကျောင်းပိတ်၍ အချိန်တန်လို့ ပြန်မရောက်လျှင် ကျွန်တော့်အမေသည် တဖျစ်တောက်တောက်နှင့် စိတ်ကောက်လေ့ ရှိပါသည်။
တစ်ခါတုန်းက မုံရွာမြို့ ဗုဒ္ဓဘာသာကျောင်း ၉ တန်းတွင် သင်ကြားနေစဉ် ကျောင်းပိတ်သော်လည်း ကျွန်တော့်မှာ ချက်ချင်း မပြန်နိုင်ပါ။ ၈ တန်း ဆရာတစ်ယောက်က တာဝန်ပေးသဖြင့် သူ့အတန်းက အဖြေစာအုပ်များ ကူညီစစ်ဆေးနေရသောကြောင့် ဖြစ်ပါသည်။
ဦးချစ်ဖို့၏ ဘတ်စ်ကားကြီး စီးပြီး အိမ်ပြန်ရောက်တော့ ညနေစောင်းနေလေပြီ။ မန်ကျည်းပင်နှင့် အုန်းပင် ထိပ်ဖျားများဝယ် ပက်ဖျန်းနေသော နေခြည်များသည် တရွေ့ရွေ့ ထွက်ခွာရင်း အလွမ်းသယ်နေသည့်အလား တင့်ဆန်းသာယာခြင်းကို ဆောင်နေကြပါသည်။
အိမ်ရှေ့တွင် ဘက်စ်ကားရပ်ပြီး ဦးချစ်ဖို့က ‘ဟေ့ မယ်မြင့်၊ နင့်သား ပါလာသဟေ့’ ဟု ခေါ်လိုက်သည်။ ပြီးတော့ ကျွန်တော့်ဘက်လှည့်၍ ‘မင်းအမေက နေ့စဉ် ထွက်မျှော်နေတယ်ကွ’ ဟု ပြောပါသည်။ အမေကား ခပ်သော့သော့ ထွက်လာသည်။ သူ့မျက်နှာကား မကြည်သာပါ။ အထုပ်များကို ဆွဲငင်ကာ ယူသွား၏။ ကျွန်တော့်ကိုမူ စကားလည်း မပြော။ ကြည့်လည်း မကြည့်ပါ။
အမေသည် အိမ်ထဲတွင် အထုပ်များထားခဲ့ပြီး မီးဖိုသို့ သွားသည်။ ကျွန်တော်ကား အမေ့ဖြစ်အင်ကို နားလည်ပြီး ဖြစ်သည်။ အမေသည် မီးဖိုနားထိုင်ပြီး အိုးတစ်အိုးကို တည်နေ၏။ ကျွန်တော်လည်း အမေနှင့် မျက်နှာချင်းဆိုင်၍ မီးဖိုနားမှာ ထိုင်လိုက်သည်။ အမေ့မျက်နှာကို ပြုံးကြည့်သောအခါဝယ် အမေက မျက်နှာလွှဲလိုက်သည်။ မီးဖိုပေါ်က အိုးမှာ နွားနို့အိုးဖြစ်၍ မွှေရန် အကြောင်းမရှိသော်လည်း ယောက်မကြီးနှင့် မွှေနေ၏။ အမေ့မျက်စိများတွင် မျက်ရည်စကလေးများ ဝေ့နေသည်။ ကျွန်တော်က ကျောင်းပိတ်ပိတ်ချင်း ပြန်မရောက်နိုင်ရသည့်အကြောင်း တတွတ်တွတ် ရှင်းပြ၏။ အမေက မကြားသလို လုပ်နေသည်။ ကျွန်တော် ဘယ်လောက်တော်ကြောင်း၊ တော်လို့သာ ဆရာတွေက ဒီလိုတာဝန်များ ပေးခြင်းဖြစ်ကြောင်း၊ ဆရာဥာဏ်၏ ဗမာစာသင်ကျောင်းတုန်းက ၄ တန်းရောက်တော့ ၃ တန်းဆရာ မလာသဖြင့် ၃ တန်းဆင်းပြရပုံပါ ပြန်လှန်၍ အမေ့အား နှစ်သိမ့်ကျေအေးစေပါသည်။ အမေက မကြားသလို လုပ်နေသည်။ နွားနို့ကျက်ပြီဖြစ်၍ ပန်းကန်တစ်ခုထဲ လောင်းထည့်သည်။ အမေ စိတ်ပြေပုံ မရသဖြင့် ကျွန်တော် အားပျော့သွားပါပြီ။
‘အမရယ် ကျွန်တော် ကျောင်းပြေးယင် စိတ်ကောက်နိုင်တယ်၊ အခု ဘာလို့ စိတ်ကောက်သလဲ’ ဟု ကြေကွဲသံနှင့် မေးလိုက်လေသည်။
အမေက ကျွန်တော့်ရှေ့ နွားနို့ပန်းကန် ချပေးပြီး
‘ရော့ သောက်’ ဟု ဆိုပါသည်။ ၎င်းနောက် အမေ့မျက်နှာမှာ စမ်းရေလို ကြည်လင်လာပါသည်။ ကျွန်တော့်အား လပြည့်ဝန်းကြီးလို ပြုံး၍ ကြည့်ပါသည်။ ကျွန်တော်သည် ငယ်ငယ်တုန်းကလို အမေ့အား ဖက်ချင်၏။ နမ်းချင်၏။ အမေ့ရင်ခွင်ဝယ် ရင်ငွေ့လှုံလို၏။
‘ကဲ ချွတ်စမ်း၊ အပေါ်အင်္ကျီနှင့် ဦးထုပ်၊ အိုက်ကလည်း အိုက်သနဲ့’
သို့ကလို အမေပြောမှ အပေါ်အင်္ကျီနှင့် ဦးထုပ်ကို ချွတ်ရန် သတိရပါတော့၏။ ဦးထုပ်ချွတ်လိုက်တော့ ဗိုလ်ကေ မရှိတော့သဖြင့် အစသော် အမေ အံ့အားသင့်သွားသည်။ နောက် တဟားဟား ရယ်နေပါသည်။
ထိုနှစ်က သာယာဝတီ အရေးတော်ပုံအပြီး တို့ဗမာသခင် အုံကြွမှုကြီး စတင်ပေါက်ပွားပါသည်။ ရန်ကုန်တက္ကသိုလ်တွင် သခင်ဗစိန်တို့ ခေါင်းတုံးရိတ်ခြင်း၊ စီးကရက်ဖြတ်ခြင်း၊ အမျိုးသားရေး လှုံဆော်ခြင်း ပြုကြလေရာ ကျွန်တော်တို့ကျောင်းသို့ ဂယက်ရိုက်လာပါသည်။ ကျွန်တော်တို့ကျောင်းတွင် ကျွန်တော်တို့ ကိုးတန်းသားတို့သည် နေရာတကာမှာ ထူးချွန်သည်။ ဘောလုံးအကောင်းဆုံး ချင်းမင်းကြီးသား မောင်ချင်ပေါမှာ ကျွန်တော်တို့ အတန်းသား ဖြစ်၏။ အင်္ဂလိပ်စာမှာ သိန်းတင် (ညိုမြ)နှင့် ကျွန်တော်သည် ဆယ်တန်းသားတွေထက် သာသည်ဟု အသိအမှတ်ပြုကြ၏။ အတွက်အချက် အက္ခရာသင်္ချာ စသည်တို့တွင် ၉ တန်းနှင့် ၁၀ တန်း ပေါင်း၍ မေးသော မေးခွန်းကို ၉ တန်းသား ကျွန်တော်က ပထမဆုံး အဖြေမှန် ပေးနိုင်၏။ ကျောင်း ကွန်ဆာ့တွင် ကျွန်တော်က ဇာတ်လမ်းရေး၍ သိန်းတင် (ညိုမြ)က မင်းသားရူး ဇာတ်ဦးစီးလုပ်၏။ ထိုအခါ ပေါ်ပေါက်လာသော တို့ဗမာသခင် အုံကြွမှုတွင်လည်း ကျွန်တော်တို့ ၉ တန်းကပင် ခေါင်းတုံးရိတ်ခြင်းဖြင့် စကြလေ၏။ အတန်းထဲမှာ ခေါင်းတုံး စတင်ရိတ်သူမှာ သိန်းတင် (ညိုမြ) ဖြစ်ပေ၏။
အမေကား ခေါင်းတုံးကို ဖျင်ပင်နီကဲ့သို့ပင် အားမပေးပါ။ ‘ခေါင်းတုံးကြီးနှင့် အရုပ်ဆိုးပါတယ်’ ဟု ပြောလေသည်။ ကျွန်တော့်အမေကား ခေတ်ပညာမတတ်သော်လည်း ခေတ်ကို မလွန်ဆန်၊ ခေတ်အကြိုက်လိုက်သူ ဖြစ်ပါသည်။ ခေါင်းတုံးရိတ်ခြင်းမှာ အမျိုးသားစိတ်၏ ဆန္ဒပြင်းပြခြင်းမှတစ်ပါး၊ အခြားအဓိပ္ပါယ် မရှိပါ။ ခေါင်းတုံးရိတ်ခြင်းမှာ လွတ်လပ်ရေးအတွက် ဟောင်းမြင်းလျက် မထိရောက်သော လက်နက်သာ ဖြစ်ပါသည်။ ထိုးကွင်းမင်ကြောင်နှင့် အတူတူပင် ဖြစ်ပါသည်။
သားနှင့် ခွဲရတိုင်း အမေ့မှာ မချိတင်ကဲ မနေတတ် မထိုင်တတ် ဖြစ်ရရှာသည်။ ရန်ကုန်ကျောင်းသွားတော့ အမေ မီးရထားလိုက်ပို့သည်ကို အမှတ်ရသေးသည်။ အမေ့မှာ တမာပင်ကလေးမှီလျက် ညှိုးငယ်သော မျက်နှာငယ်နှင့် ကျွန်တော့်ကို ကြည့်နေပါသည်။ ရထားလူကျပ်သဖြင့် ကျွန်တော်မှာ ပြတင်းပေါက်ဝ တည့်တည့်တွင် နေရာမရ ဖြစ်ပေရာ အမေ့အား မျက်နှာကို ပြည့်ဝစွာ မပြနိုင်လေပါ။ အမေကား အားမလို အားမရ ဖြစ်နေ၏။ တစ်ခါတစ်ခါ ပြတင်း ၂-ခုကြားက တိုင်ကွယ်နေသဖြင့် အမေသည် ခေါင်းငဲ့လိုက်၊ ကိုယ်ညွှတ်လိုက်နှင့် ကျွန်တော့်မျက်နှာကို ပြည့်ဝစွာ မြင်ရရန် အားထုတ်၍ ကြည့်ရှာပါသည်။
ကာလကတ္တားသို့ ကျောင်းသွားနေခြင်းကို စစချင်း အိမ်က မသိ။ ကျွန်တော့်ဘာသာ ကျွန်တော် စရိတ်ရှာပြီး ဇွတ်သွားနေခြင်း ဖြစ်၏။ ကာလကတ္တားမှ နေပြီး စာရေးအကြောင်းကြားလိုက်တော့ အမေ့မှာ သည်လောက်ဝေးတဲ့နေရာ သွားနေရပါမည်လားဟု လွမ်းဆွေးခြင်း ကြီးစွာဖြစ်ပြီး မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင် ဖြစ်နေဟု သိရပါသည်။ ‘အတင်းပြန်ခေါ်ရမယ်’ ဟု ဆိုလျက် လွမ်းဖျားပင် ဖျားသေးရာ အဖေ့မှာ အတော် တရားချယူရသည်ဟု သိရပါသည်။ ကာလကတ္တားက ကျောင်းပိတ်လို့ ခဏပြန်လာရာ အမေ့မှာ ပျော်၍မဆုံး၊ ချစ်၍မဆုံး ဖြစ်နေရှာသည်။ ထိုအချိန်က အဖေနှင့် အမေမှာ ဆားလင်းကြီးသို့ ပြောင်းနေကြရပါသည်။ ကာလကတ္တားပြန်ရန် ဆားလင်းကြီးမှ ထွက်သောအခါ ဘတ်စ်ကားသို့ အမေလိုက်ပို့သည်။ ကားပေါ်က ကျွန်တော့်အား ကားအောက်က အမေက မျက်ရည်တွေနှင့် စိုက်ကြည့်နေစဉ် ကားစက်နှိုး၍ ထွက်ပါသည်။ ထိုအခါ အမေမှာ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ကားနောက်က အပြေးကလေးလိုက်၍ ကျွန်တော့်မျက်နှာကိုပင် စိုက်လျက် ကြည့်မြဲ ကြည့်နေပါသေးသည်။ သို့သော် ဘက်စ်ကားသည် အမေ မမီအောင် ပြေးလေပြီ။
သည်လို အမေ ကားနောက်က အပြေးကလေးလိုက်ကြည့်ပုံကို ကာလကတ္တား တက္ကသိုလ်မှ ကျွန်တော့်ဆရာ ဒေါက်တာဘရူးဝါးအား ပြောပြလေရာ ‘မင်းကကော မျက်ရည်ကျသေးသလား’ လို့ မေး၏။ ‘ကျွန်တော်ကတော့ မကျဘူး’ ဟု ဆိုရာ ဟက်ဟက်ပက်ပက် ရယ်ပြီး ‘မင်းလိုကောင်မျိုး သည်လို ချစ်မြတ်နိုးတဲ့ အမေနဲ့ မထိုက်တန်ဘူး’ ဟု မှတ်ချက်ချပါသည်။
ဟိုတုန်းက မျိုးချစ်စိတ်ရှိ၍ နိုင်ငံရေးလုပ်ချင်ရင် အဖေ၊ အမေ မချစ်နိုင်ဟူသော ကြမ်းတမ်းသော အယူအဆများ ရှိခဲ့ပါသည်။ တစ်ခါတစ်ခါ အမေသေသွားရင် အေးမယ်၊ သံယောဇဉ်ကင်းပြီး ကျွတ်ကျွတ်လွတ်လွတ် ထင်ရာလုပ်နိုင်မယ် စသည်ဖြင့် မိုက်မဲစွာပင် တွေးမိခဲ့သေးသည်။ ခုတော့ အမေ သေပြီးပါပြီ။ အလာကောင်းသော်လည်း အခါနှောင်းနေပြီဆိုသလို ဖြစ်ရပါပြီ။ ခုတော့ အမေ့ကို အချစ်မပျက်ဘဲ အမျိုးကို ချစ်နိုင်သည်။ သားကောင်းတစ်ယောက် ဖြစ်ရင်၊ ပြည်သူပြည်သားကောင်း တစ်ယောက် ဖြစ်နိုင်သည်။ ပြည်သူပြည်သားကောင်း တစ်ယောက်ဖြစ်ခြင်းဖြင့် အကောင်းဆုံး သားတစ်ယောက် ဖြစ်နိုင်သည်ဟူသော အသိဥာဏ်များ ၀င်လျက်ရှိပါပြီ။ ချစ်စရာ အမေကား မရှိတော့ပါ။
အဖေမှာ မြေတိုင်းစာရေးဖြစ်၍ လယ်ဝန်ဗျူရိုကရက်၏ မာန်မဲခြင်းခံရပါသည်။ လယ်ဝန်မင်းများအား ကျွေးရမွေးရ ဧည့်ခံရရုံမက ရှိလည်းခိုး ဘုရားလည်း ထူးရပါသည်။ အဖေမှာ ထိုသို့သော အောက်ကျမှုများကို အတော် မခံမရပ်နိုင် ဖြစ်၏။ တစ်ခါတုန်းက ‘ဒီတစ်ခါ လယ်ဝန် ငါ့ကို ကြိမ်းမောင်းရင် ဖြစ်ချင်ရာဖြစ် ဆော်မယ်’ ဆိုပြီး သံတုတ်ကြီးတစ်ခု အဆင်သင့် လုပ်ထားပါသေးသည်။ ကျွန်တော်တို့မှာ လယ်ဝန်ကို အထင်ကြီးပြီး အရွယ်ရောက်လာသူများ ဖြစ်၏။ တစ်ခါက သားရိုးကုန်းရွာတွင်နေစဉ် အင်္ဂလိပ် လယ်ဝန်တစ်ယောက် လာပါသည်။ ကျွန်တော်ကား ကျောင်းမနေရရန် ငိုကောင်းတုန်းအရွယ် ဖြစ်၏။ လယ်ဝန်မှာ အင်္ဂလိပ်ဖြစ်သဖြင့် ကျွန်တော့်အဖို့ အရာရာ ဆန်းကြယ်နေ၏။ သူ ဖိနပ်တဒေါက်ဒေါက်နှင့် လျှောက်ရန် ဘုန်းကြီးကျောင်းက ကော်ဇောငှား၍ ခင်းပေးရ၏။ အိပ်သာသတ်သတ် လုပ်ပေးရ၏။ ကျွန်တော်သည် လယ်ဝန်များ၏ ချေးမှာ တစ်မျိုးဖြစ်ရမည်ဟု ယူဆပြီး၊ သူယိုသွားသောချေးကို သွားကြည့်မိသေး၏။ ဤမျှ ကျွန်တော့်အဖေ၏ ဘ၀ အောက်ကျပါသည်။ သို့သော် အဖေ့မှာ ထွက်ပေါက်မရှိ။ ထွက်ပေါက်အနေနှင့် ကုန်ကူးသည်။ ကုန်မမြတ်သည့်အပြင် ချစ်တီးကြွေးတင်ပြီး ချစ်တီးအား နေအိမ်ကို အပ်ရပါသည်။ ရှိသော မြေကလေးများကိုလည်း ရောင်းပစ်ရပါသေးသည်။ အခြားထွက်ပေါက်တစ်ခုကား ကျွန်တော် ဖြစ်ပါသည်။ အဖေသည် သူတို့ကိုယ်တိုင် မစားရက် မသောက်ရက် စီးပွားရှာပြီး ကျွန်တော့်အား ကျောင်းထားခြင်းမှာ လယ်ဝန်ဖြစ်စေရန် ဖြစ်၏။ ဘီအေအောင်ပြီးသောအခါ လယ်ဝန်ထက်ကြီးစေရန် အိုင်စီအက်(စ်) ၀င်စေချင်၏။ ကာလကတ္တား၌ အမ်-အေ-ဘီအယ်လ် တက်သောအခါ ၀တ်လုံဖြစ်စေလို၏။
ဘီအေအောင်ပြီး သခင်ဗစိန်၊ သခင်ဗသောင်းနှင့် တွဲမိပြီး တို့ဗမာအစည်းအရုံး ပထမအကြိမ် (ရေနံချောင်း) ညီလာခံ ကျင်းပသောအခါ ကျွန်တော် တွဲဖက်အတွင်းရေးမှူး အဖြစ်တွင် ကျွန်တော့်အဖေမှာ ယောကျာ်းတန်မဲ့ ချ

ယုံကြည်ချက်ရှိသူတိုင်းမှာ ပန်းတိုင်ရှိတယ်။

· ယုံကြည်ချက်ရှိသူတိုင်းမှာ ပန်းတိုင်ရှိတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ယုံကြည်ချက်ရှိသူတွင် ပန်းတိုင်ရှိပါတယ်
လူကို စိတ်က ဦးဆောင်ပါတယ်။
ထက်သန်တဲ့ စိတ်ရှိရင် ယင်း ထက်သန်တဲ့ စိတ်က မိမိရဲ့ လိုအင်ဆန္ဒကို ပြီးမြောက်ဆောင် ရွက်နိုင်အောင် ဆောင်ကြဉ်း ပေးပါတယ်။
အကယ်၍ သင်ဟာ ယနေ့တိုင် မအောင်မြင်ဘူး။ ကျရှုံးနေတယ်။ လမ်းပျောက်နေတယ်။ စိတ်ဓာတ်ကျနေတယ် အစရှိသဖြင့် ဒုက္ခအခက်အခဲအမျိုးမျိုးနဲ့ ကြုံနေခြင်းဟာ ထက်သန်တဲ့ စိတ်ရဲ့ လှုံ့ဆော်မှု လိုအပ်နေသေးလို့ ဖြစ်ပါတယ်။

မိတ်ဆွေ သူငယ်ချင်းများမှာလည်း ရှိပါတယ်။
အလုပ်ကိစ္စ တစ်ခုခုကိုပဲ လုပ်ရ လုပ်ရ၊ တစ်ခုခုကိုပဲ လိုချင်လိုချင် ဖြစ်ချင် ဖြစ်ချင်၊ သူတို့ဟာ ဖြစ်ချင်တယ် ရချင်တယ် ဆိုတဲ့ နေရာမှာသာ စိတ်က ရပ်သွားပါတယ်။ အဲ့ဒီထက် ရှေ့ဆက် မတိုး ပါဘူး။ ယင်းကြောင့်ပဲ မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးပါသေးတယ်။
ဒါကြောင့်မို့ ယင်းရဲ့ ဆန့်ကျင်ဘက် အနေနဲ့ ယုံကြည်ချက် ပြည့်ဝသူဟာ ပန်းတိုင်ကို သိတယ်။
ရည်မှန်းချက် ရှိတယ်။ ကြိုးစားတယ်။ ကြိုးစား သလောက်လည်း နေရာ တစ်ခုကို ရောက်အောင်သွားနိုင်တယ်။
ဒါကြောင့်မို့ သာမန်လူတွေလို ဘဝကို ရပ်တည် မနေပဲ ဘဝမှာ အလုပ်ကောင်း၊ ရည်မှန်းချက်ကောင်းများ ထားလို့ အသက်ရှင် နေထိုင်ကြဖို့ တိုက်တွန်း လိုက်ရ ပါတယ်။
ယုံကြည်ချက်မပျောက်ဖို့ တော့ လိုပါတယ်
ရွှေအိမ်စည်
More Interesting Articles ;
https://web.facebook.com/shweaeimsiyouth/?fref=nf

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform