စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 24 April 2014

ဘိုလီးဗီးယားမှ သရဲခြောက်သည့် ဘောလုံးကွင်း

ဘိုလီးဗီးယား နိုင်ငံမှ ဘောလုံးကွင်း တစ်ကွင်းသည် သရဲခြောက်ကြောင်း နာမည်ကြီးနေသည့် အဖြစ်ကို ပိုမိုလူပြောများစေမည့် အခြေအနေမျိုး ကြုံနေရပြီ ဖြစ်သည်။ ဟာနန်ဒိုဆိုင်းလ်စ် ဘောလုံးကွင်းသည် လာပက်ဇ်မြို့တော်တွင် တည်ရှိသည်။

ယမန်နေ့ညက ကစားသော ဘောလုံးပွဲစဉ် တစ်ခုကို တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ရာ ပွဲကြည့်စင်၌ လူပုံသဏ္ဍန် အရိပ်တစ်ခု ထူးခြားစွာ ပေါ်လာသည်ကို ကင်မရာ မှတ်တမ်းများ၌ တွေ့မြင်ခဲ့ရသည်။

 ပြည်တွင်းကလပ်နှစ်ခု ယှဉ်ပြိုင်ကစားရင်း ပွဲပြီးခါနီး အချိန်တွင် ကင်မရာက အဝေးမှ ဆွဲ၍ ရိုက်ပြခဲ့ရာ ပွဲကြည့်စင်တစ်လျှောက် ပြေးလွှားသွားသည့် အဆိုပါ အမျိုးအမည်မသိ ပုံရိပ်ကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ကြရသည်။

ထိုအရိပ်သည် အတန်ငယ် ကျဲပါးစွာ ထိုင်နေသည့် ပရိသတ်များကြားမှ လျင်မြန်စွာ ဖြတ်သွားသလို အကာအကွယ် နံရံတစ်ချပ်ကိုပါ ကျော်ဖြတ်ပြီး တစ်ဖက်ခြမ်းသို့ ရွေ့လျားသွားသည်ကို TVမှ ကြည့်ရှုနေသည့် ပရိသတ်များ အံ့ဩတကြီး မြင်တွေ့ခဲ့ကြရသည်။

အဆိုပါ ပွဲစဉ်ကို ထုတ်လုပ်ပြသသည့် ဗီဒီယို၏ ဖြတ်ပိုင်းမှ ထူးခြားသော ဖြစ်စဉ်ကို သတိပြုမိသူများက အင်တာနက်တွင် လွှင့်တင်ရာမှ လူပြောများစရာ အခြေအနေမျိုး ဖြစ်လာသည်။ သို့သော်လည်း အရိပ်နှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အဖြေမသိရသေးချေ။ ယင်းဘောလုံးကွင်းတွင် ယခင်ကလည်း သရဲခြောက်ကြောင်း ပြောဆိုမှုများ ရှိနေသည့်တိုင် ယုံတမ်းသက်သက်သာ ဖြစ်နေခဲ့သည်။ ဘိုလီးဗီယား နိုင်ငံသား အများစုက ထိုကွင်းတွင် ရှိနေသော သရဲမှာ ကွယ်လွန်သွားပြီဖြစ်သည့် သမ္မတဟောင်း ဟူဂိုချားဗက်ဇ်ဟု ယုံကြည်ကြသည်။

ကိုလံဘီယာနှင့် နိုင်ငံတကာ ပွဲစဉ်ကို ယင်းကွင်းကြီးတွင် ကစားခဲ့ရာ ဂိုးတိုင်အပေါ်ဘက်၌ အရိပ်သဏ္ဍန် တစ်ခုက ဘောလုံးကို ပုတ်ထုတ်ဖယ်ရှားခဲ့သည်ကို တွေ့မြင်ရကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

 Planet Myanmar Network. ဘိုလီးဗီးယားမှ သရဲခြောက်သည့် ဘောလုံးကွင်း ပြည်တွင်းကလပ်နှစ်ခု ယှဉ်ပြိုင်ကစားရင်း ပွဲပြီးခါနီး အချိန်တွင် ကင်မရာက အဝေးမှ ဆွဲ၍ ရိုက်ပြခဲ့ရာ ပွဲကြည့်စင်တစ်လျှောက် ပြေးလွှားသွားသည့် အဆိုပါ အမျိုးအမည်မသိ ပုံရိပ်ကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ကြရသည်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform