ခရီးသည်တင် မှန်လုံယာဉ် (၂) စီး ယာဉ်တိုက်မှု ၂ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ (ရုပ်/သံ)
15 April 2014
ဖြစ်စဉ်မှာ ရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်း ကျော်မြင့်ဦး (၃၈) နှစ် ယာဉ်မောင်းလိုင်စင် (စိစစ်ဆဲ) အမှတ် (၅၁) အောင်သပြေလမ်း၊ တောင်ဒဂုံမြို့နေသူ မောင်းနှင်သော ၆င/၇၆၆၂ ရွှေအိုရောင် တက်လမ်း ခရီးသည်တင် မှန်လုံယာဉ် လိုင်စင် စိစစ်ဆဲမှာ စက်ပျက်ပြီး လမ်းညာဘက်ချမ်းတွင် ရပ်ထားသော ယာဉ်မောင်း ချစ်ကိုကို (၂၇) နှစ် အမှတ် (၂၈) အင်ကြင်းလမ်း၊ ယုဇန ဥယျာဉ်မြို့ နေသူမောင်းနှင်သော ၅ဂ/၇၄၇၇ နေလ ခရီးသည်တင် မှန်လုံယာဉ်၏ နောက်ပိုင်းအား တိုက်မိသည့် အတွက် ၆င/၇၆၆၂ ခရီးသည်တင်ယာဉ်ပေါ် ပါရှိသူ အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားသုံးဦး အမျိုးသမီး လေးဦး ဒဏ်ရာရရှိကာ နေလ ခရီးသည်တင်ယာဉ်မှ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။
MRTV
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
0 comments:
Post a Comment