ချခြင်း/ မချခြင်းကအရေးကြီးသလား?""
•••••••••••••••••••••••••••••••••••••••••••••••
အလှူဒါနပြုလုပ်ကြရာတွင် ရေစက်
ချခြင်း/ မချခြင်းက အရေးမကြီးဘူးဟု
ဦးစွာပထမဖြေဆိုရပါမည် ။ အချို့သော
သူတို့သည် ရေစက်ချမှဒါနမြောက်
သည် ' ရေစက်ချမှအကျိုးကြီးသည်ဟု
ပြောဆိုနေကြပါသည် ။ထိုသူတို့ဆို
တိုင်း ကျမ်းဂန်၌ မလာပါချေ ။
ဝေဿန္တရာဇာတ် 'ဂရုဓမ္မဇာတ် '
ဝေလာမဇာတ်တော်တို့၌ ဘုရား
လောင်းဝေဿန္တရာမင်း 'ဓနဉ္ဇယကော
ရဗျမင်း ' ဝေလာမပုဏ္ဏားတို့အလှူပေး
သောအခါ ရွှေကရားဖြင့်ရေစက်သွန်း
ချ၍ လှူဒါန်းကြောင်းလာရှိပါသည် ။
နေမိဇာတ် ' သိဝိဇာတ်တော်တို့၌
ဘုရားလောင်းနေမိမင်း ' သိဝိမင်းတို့
အလှူပေးသောအခါ ရေစက်သွန်းချ၍
လှူဒါန်းကြောင်းမလာရှိပါ ။ ယင်းသို့
ဖြစ်၍ ရှေးဘုရားလောင်းသူတော်
ကောင်းတို့သည်လည်း ရေစက်ချလို
သောအခါ၌သာချသည် -မချလိုသော
အခါ၌ကားမချချေ ။
ဝေဠုဝန်ကျောင်းတော်ကို ဗိမ္ဗိသာ
ရမင်းလှူသည့်ကာလ " ဇေတဝန်
ကျောင်းတော်ကို အနာထပိဏ်သူဌေး
ကြီးလှူသည့်ကာလ ရွှေကရားဖြင့်
ရေစက်ချ၍လှူဒါန်းကြောင်းကျမ်းဂန်
မှာလာသည် ။ အသဒိသအလှူကြီးကို
ပေဿနဒီကောသလမင်းကြီးလှူဒါန်း
သောအခါ ' ပုဗ္ဗာရုံကျောင်းတော်ကို
ဝိသာခါသူဌေးမလှူဒါန်းသောအခါတို့
၌ ရေစက်ချသည်ဟူ၍ ကျမ်းဂန်၌မ
လာပါ ။ယင်းသို့ဖြစ်၍ ဘုရားရှင် လက်
ထက်တော်အခါကလည်း အချို့သာ
ရေစက်ချသည် ' အချို့ကားမချချေ ။
ဤသို့ဆိုခဲ့ပြီးသော ကျမ်းဂန်လာ
စကားရပ်တို့ကိုထောက်ဆ၍ ရေစက်
မချသော်လည်း အလှူပြုသောအခါ
အင်္ဂါအချက်အလက်ပြည့်စုံပါက ဒါန
လည်းမြောက်သည် 'အကျိုးလည်းကြီး
မားပါသည် ။ ရေစက်ချခြင်းသည် ဒါန
မြောက်ရာသောအကြောင်း'အကျိုး
ကြီးရာသောအကြောင်းမဟုတ်ပါဘူး။
အချို့သောဘုရားလောင်းရှေးသူတော်
ကောင်းတို့ရေစက်ချပုံကို အတုလိုက်
ရေစက်ချလိုလျင်လည်း ချလို့ရပါသည်
အချို့သောဘုရားလောင်းသူတော်
ကောင်းတို့ရေစက်မချပဲလှူဒါန်းသည်
ကို အတုလိုက်၍ ရေစက်မချပဲ လှူလို
လျင်လည်း လှူဒါန်းလို့ရပါသည် ။
ထို့ကြောင့်အလှူဒါနပြုလုပ်ကြ
သောအခါ ရေစက်မချလျှင် ဒါနမ
မြောက် ' အကျိုးမပြီး -ရေစက်ချမှ
ဒါနမြောက်သည် ' အကျိုးကြီးသည်ဟု
ဘယ်သောအခါမှ မယူဆသင့်ကြပါ
ပေ ……။
အားလုံး ယနေ့မှစ၍ ဗုဒ္ဓဘာသာ
နဲ့ပတ်သက်ပြီး အသိပညာ'ဗဟုသုတ
တွေတိုးပွားကြပါစေလို့ဆန္ဒပြုလိုက်
ပါသည် ။
နဲ့ပတ်သက်ပြီး အသိပညာ'ဗဟုသုတ
တွေတိုးပွားကြပါစေလို့ဆန္ဒပြုလိုက်
ပါသည် ။
0 comments:
Post a Comment