စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 4 May 2014

တရုတ်-မြန်မာနယ်စပ်တွင် ဆန်ဈေးကျ

တရုတ်-မြန်မာနယ်စပ်တွင် ဆန်ဈေးကျ

Sunday, May 4,2014

ရန်ကုန်

တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့သော ဆန်အပါအ၀င် ကုန်စည်များသယ်ဆောင်လာသည့် ကုန်တင်ကားများ (ဓာတ်ပုံ − အောင်သူရ)
ဗီယက်နမ်နိုင်ငံမှ ဆန် များပြန်ဝင်လာပြီး တရုတ်နိုင်ငံမှ ဆန်အမှာလျော့နည်းသွားသဖြင့် တရုတ်-မြန်မာနယ်စပ်တွင် မြန် မာ့ဆန်ဈေးကျဆင်းလာကြောင်း မူဆယ်ဆန်စပါး လုပ်ငန်းအသင်း မှ သတင်းရရှိသည်။

‘‘ဆန်ဈေးက ဒီရက်ပိုင်းအ တွင်းမှာ ပြန်ကျလာတယ်။ အ ၀ယ်လည်း နည်းသွားတယ်’’ဟု အဆိုပါအသင်းမှ ဆန်ကုန်သည် ဦးမင်းသိန်းကပြောကြားသည်။

တရုတ်-ဗီယက်နမ်နယ်ခြား စောင့်တပ်များအပစ်အခတ်ဖြစ် ပွားပြီးနောက် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးကို တင်းကျပ်စွာ ပိတ်ပင်ခဲ့သဖြင့် မြန်မာနိုင်ငံမှ ဆန်ကို တရုတ်ကုန်သည်များက ဈေးပိုပေးပြီး တန်ချိန်များစွာ ပိုမို ၀ယ်ယူခဲ့သည်။ သို့သော်ယခု ရက်ပိုင်းတွင် ဗီယက်နမ်ဆန်များ တရုတ်နိုင်ငံသို့ ပြန်လည်ရောင်းချနေသဖြင့် မြန်မာ့ဆန်မှာ တစ်အိတ်လျှင် ငါးယွမ်ခန့် ဈေးပြန်ကျလာသည်။

‘‘တရုတ်က ဈေးကျပေမယ့် ကမ္ဘာ့ဆန်ဈေးက ပြန်မာလာ တော့ အိပ်စပို့ကတော့ မျှော်လင့် ချက်ကောင်းနေတယ်’’ဟု ပြည်ပ သို့ ဆန်တင်ပို့နေသော လုပ်ငန်းရှင် ဦးမျိုးသူရအေးက ရှင်းပြသည်။

အယ်နီညို ရာသီဥတု ကြောင့် အပူချိန်မြင့်မားပြီး အိန္ဒိ ယနိုင်ငံက ဆန်အထွက် လျော့ မည်ဟုကြေညာပြီးနောက် ကမ္ဘာ့ ဆန်ဈေးကွက်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ငါးဒေါ်လာ ခန့်ဈေးတက်လာသည်။ သို့သော် ထိုင်းနိုင်ငံမှ အရန်ဆန်များထုတ် ရောင်းပါက ဈေးနှုန်းမှာ ပြန်ကျ မည်ကို ပြည်တွင်းဆန်လုပ်ငန်း ရှင်များက စိုးရိမ်မှုများရှိနေသည်။

လက်ရှိအချိန်တွင် ပင်လယ် ရေကြောင်းမှ ပြည်ပသို့ ဆန်တင် ပို့မှုမှာ အာဖရိကနိုင်ငံများသာ တင်ပို့နေပြီး ယခုရက်ပိုင်းတွင် သင်္ဘောနှစ်စီးတန်ချိန်ငါးသောင်း တင်ပို့ရန်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ သတင်းရရှိ သည်။

တရုတ်-မြန်မာနယ်စပ်သို့ ပြည်မမှဆန်များဝင်ရောက်မှုမှာ ယခုရက်ပိုင်းတွင် တန်ချိန် ၁,၇၀၀ ကျော်ရှိပြီး တရုတ်ကုန်သည်များ ကနေ့စဉ် ဆန်အိတ်ရေ ၂၅,၀၀၀ ကျော်ဝယ်ယူနေသည်။ တရုတ်- ဗီယက်နမ်နယ်ခြားစောင့်ပြဿ နာကြောင့် နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးစခန်းများ တင်းကျပ်စွာ တားမြစ်ထားချိန်က မြန်မာနိုင်ငံမှ ဆန်ကို တရုတ်ကုန်သည်များက နေ့စဉ် အိတ်ရေလေးသောင်း ကျော်ဝယ်ယူခဲ့သည်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform