စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 4 May 2014

မြောက်ဥက္ကလာပဆေးရုံကြီးမှ အစာအဆိပ်သင့်လူနာ ၃၃ ဦး ကျန်းမာရေးအခြေအနေ ကောင်းမွန်လာ၍ ၄၈ နာရီအတွင်း ဆေးရုံဆင်းခွင့်ပေးမည်

မြောက်ဥက္ကလာပဆေးရုံကြီးမှ အစာအဆိပ်သင့်လူနာ ၃၃ ဦး ကျန်းမာရေးအခြေအနေ ကောင်းမွန်လာ၍ ၄၈ နာရီအတွင်း ဆေးရုံဆင်းခွင့်ပေးမည်

ကြည်နိုင်
အစာအဆိပ်သင့်လူနာများ မြောက်ဥက္ကလာပဆေးရုံကြီးတွင် ကုသမှုခံယူနေသည်ကို မေ ၂ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)

မြောက်ဥက္ကလာပမြို့နယ် အထွေထွေဆေးရုံကြီးတွင် ကုသနေသော အစာအဆိပ်သင့်လူနာ ၃၃ ဦး၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာ၍ ၄၈ နာရီအတွင်း ဆေးရုံဆင်းခွင့်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းလူနာများကို ကြီးကြပ်ကုသရာတွင် ပါဝင်ခဲ့သော ဆေးတက္ကသိုလ်(၂) ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာကိုကိုက မေ ၃ ရက် နံနက် ၁၁ နာရီတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မေ ၂ ရက်က လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာ ကြာကန်သင်္ချိုင်းအနီး သားရေစက်ရုံတစ်ခုတွင် ဆားနှင့် ယမ်းစိမ်း မှားထည့်သောထမင်းကြော်အား နံနက်စာအဖြစ် စားမိရာမှ ကိုယ်ဝန်ဆောင်တစ်ဦးအပါအ၀င် အလုပ်သမား ၃၃ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။

“အထူးကြပ်မတ်ကုသဆောင်မှာ အခုဆို သုံးယောက်ပဲ ကျန်တော့တယ်။ အဲဒီ သုံးယောက်လည်း သက်သာပါတယ်။ ကျန်တဲ့လူနာတွေရဲ့အခြေအနေက မနေ့ကထက်ပိုပြီး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာတယ်။
ကျွန်တော်တို့ရဲ့ဆေးပညာအရ တိုင်းတာမှုတွေမှာ အပေါင်းလက္ခဏာ ဖြစ်နေပါပြီ။ နောက်ထပ် ၂၄ နာ ရီကနေ ၄၈ နာရီ အတွင်းမှာ ဆေးရုံကဆင်းခွင့် ပြုနိုင်မှာဖြစ်ပါတယ်” ဟု ပါမောက္ခ ဒေါက်တာ ကိုကိုက ပြောကြားခဲ့သည်။

အထူးကြပ်မတ်ကုသဆောင်ထဲတွင် ထားရှိထားသော လူနာသုံးဦးမှလွဲ၍ ကျန်သောလူနာများကို ဖျားနာဆောင်တွင် ပြောင်းရွှေ့ကုသထားပြီးဖြစ်ကြောင်း သိရသည်။

အမျိုးသား ၁၇ ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအ၀င် အမျိုးသမီး ၁၆ ဦး သည် အစာအဆိပ်သင့်မှု ဖြစ်ပွားပြီးနောက် မြောက်ဥက္ကလာပ အထွေထွေဆေးရုံကြီးသို့ အချိန်မီရောက်ရှိလာခြင်းကြောင့်သာ ဆိုးရွားသည့်အခြေအနေ မရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာကိုကိုက သုံးသပ်ပြောကြားသည်။

“လူနာတွေထဲမှာ ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေရှိတဲ့သူတွေ ပါလာတာတွေ့ရတယ်။ ဒါပေမဲ့ ဒီကိုအရောက်မြန်တာရယ်၊ ဆရာဝန်တွေ စုပေါင်းကုသခဲ့တာရယ်၊ လိုအပ်တဲ့ ဆေးကုသကိရိယာတွေ အဆင်သင့် လွယ်ကူမှုရှိခဲ့တာကြောင့် အားလုံးကောင်းမွန်တဲ့အခြေအနေမှာ ဖြစ်သွားပါပြီ”ဟု ၎င်းက ဆိုသည်။

ဖြစ်ပွားခဲ့သော အစာအဆိပ်မှာ နိုက်ထရစ်အဆိပ်ဖြစ်ကြောင်း မြောက်က္ကလာပမြို့နယ် အထွေထွေဆေးရုံကြီးမှ ဆရာဝန်များက အတည်ပြုပြောကြားခဲ့ပြီး တစ်ကိုယ်လုံးပြာ၍ အော့အန်နေသော ၎င်းလူနာများကို ဆေးရုံကြီးအတွင်းရှိ အောက်ဆီဂျင်ဘူးများဖြင့် အရေးပေါ်ပေးအောက်ဆီဂျင် တပ်ဆင်ပေးခဲ့ရကြောင်း သိရသည်။

EMG

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform