စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 1 May 2014

နေပြည်တော်အပါအ၀င် တစ်နိုင်ငံလုံးတွင် တစ်ပတ်အတွင်း ကျွန်း၊ သစ်မာနှင့် သစ်တန်ချိန် စုစုပေါင်း ၁၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ အများဆုံးဖြစ်

နေပြည်တော်အပါအ၀င် တစ်နိုင်ငံလုံးတွင် တစ်ပတ်အတွင်း ကျွန်း၊ သစ်မာနှင့် သစ်တန်ချိန် စုစုပေါင်း ၁၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ အများဆုံးဖြစ်

May 2, 2014

ဆန်းထူးအောင်၊ ပြည့်စုံအောင်
ကယားပြည်နယ် လွိုင်ကော်မြို့၌ တရားမ၀င်သစ်များ ဖမ်းမိထားသည်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

နေပြည်တော်အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့တွင် ဧပြီ ၂၉ ရက်မှ မတ် ၄ ရက်အထိ တစ်ပတ်အတွင်း ကျွန်း၊ သစ်မာနှင့် သစ်တန်ချိန် စုစုပေါင်း ၁၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီးတွင် အများဆုံး ဖမ်းမိခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။

ထိုသို့တရားမ၀င် ဖမ်းဆီးရမိမှုများတွင် ကျွန်းသစ်၊ သစ်မာ စသည့်သစ်များအပြင် အခြားသစ်တောထွက် ပစ္စည်းများ ပါဝင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ ဆင်စွယ်နှစ်ချောင်းနှင့် သင်းခွေချပ် ၃၄ ပိဿာ ဖမ်းဆီးရမိခဲ့သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးမှ စုစုပေါင်း တရားမ၀င် ကျွန်းသစ် ၁၀၅ ဒသမ ၀၃၈၈ တန်၊ သစ်မာ ၆၃၇ ဒသမ ၇၄၉၃ တန်၊ အ ခြားသစ် ၃၃၅ ဒသမ ၄၅၁၅ တန် ဖမ်းဆီးရ မိခဲ့ပြီး စုစုပေါင်း တန်ချိန် ၁၀၇၈ ဒသမ ၂၃၉၆ တန်အပြင်၊ အင်ဂျင် ၁၀ လုံး၊ လွှဝိုင်း ရှစ်ဝိုင်း၊ စက်လှေလေးစင်း၊ ယာဉ် ၄၉ စီး၊ တရားခံ ၁၀၁ ဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"သစ်တွေကို အလုံးလိုက်တင်ပို့မှုတွေကို ရပ်လိုက်တော့ သစ်တွေက ဘယ်ဘက်ကို ရောက်သွားလဲဆိုတော့ တာချီလိတ်ဘက်ကို ရောက်သွားတယ်။ သင်္ဘောနဲ့ တင်လို့မရတော့ ခိုးထုတ်လို့ရတဲ့ နယ်စပ်ဘက်ကို ရောက်သွားတယ်။ ဒီတော့ သစ်ခိုးထုတ်မှုတွေက တစ်နေ့တခြား ပိုဆိုးနေတယ်" ဟု FREDA မှ ဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။

တစ်ပတ်အတွင်း ဖမ်းဆီးရမိသော တရားမ၀င် ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်စာရင်းများအရ ကချင်ပြည်နယ်တွင် စုစုပေါင်း ၉ ဒသမ ၅၇၂ တန်၊ ချင်းပြည်နယ်တွင် စုစုပေါင်း ၄ ဒသမ ၂၃၆၆ တန်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တရားမ၀င်သစ် စုစုပေါင်း ၄၁၀ ဒသမ ၇၁၅၆ တန်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် စုစုပေါင်း ၁၄၇ ဒသမ ၂၂၃၉ တန်၊ မကွေးတိုင်းဒေသကြီးတွင် စုစုပေါင်း ၅၀ ဒသမ ၂၈၈ တန်နှင့် မန္တလေးတိုင်း ဒေသကြီးတွင် တရားမ၀င် သစ်စုစုပေါင်း ၈၈ ဒသမ ၂၈၁၆ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော် ကောင်စီနယ်မြေတွင် တရားမ၀င်သစ် စုစုပေါင်း ၁၉ ဒသမ ၀၃၄၄ တန်၊ မွန်ပြည်နယ်တွင် တရားမ၀င် သစ်စုစုပေါင်း ၁၂ ဒသမ ၉၅၃၄ တန်၊ ရခိုင် ပြည်နယ်တွင် တရားမ၀င်သစ် ၂ ဒသမ ၀၂၀၆ တန်၊ ရန်ကုန်တိုင်းဒေသကြီးတွင် စုစုပေါင်း ၄ ဒသမ ၇၉၁၉ တန်၊ ရှမ်းပြည်နယ်တွင် တရားမ၀င်သစ် ၁၉၂ ဒသမ ၇၇၇ တန်နှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် တရားမ၀င်သစ် စုစုပေါင်း ၁၀၉ ဒသမ ၆၈၈ တန် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တရားမ၀င်သစ်တင်ပို့မှု ပမာဏသည် ဒေါ်လာ ၅ ဒသမ ၇ ဘီလျံနှင့်ညီမျှသည့် ကုဗမီတာ ၁၆ ဒသမ ၅ သန်းခန့်ရှိကြောင်း သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ EIA ၏ အချက်အလက် ခြစားမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သစ်ထုတ်လုပ်မှုဆိုင်ရာ မှတ်တမ်းများသည် နိုင်ငံတကာ သစ်ကုန်သွယ်မှုများ၏ ၂၈ ရာ ခိုင်နှုန်းသာ ရှိနေသည့်အတွက် မြန်မာနိုင်ငံ၏ တရားမ၀င်သစ်တင်ပို့မှု ရာခိုင်နှုန်းသည် ၇၂ ရာခိုင်နှုန်းအထိရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

EMG

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform