(Written by: ညီအောင်ညီ)
"နေတတ်ရင် ကျေနပ်စရာ၊ ပျော်စရာတွေချည်းပဲ" လို့ ကျွန်တော်တို့ ပြောမိတတ်ကြပါတယ်။ အဲဒီစကားက အားလုံးကို ကိုယ်စားမပြုမှန်းသိကြမှာပါ။ ကျေနပ်စရာမရှိသေးတဲ့ ဘ၀ပေးအခြေအနေမျိုးစုံမှာ နေကြရသူတွေ၊ ပျော်စရာဆိုတာထက် နေရေး၊ စားရေးကိုပဲ မိုးလင်းမိုးချုပ် စက်ဝိုင်းသံသရာထဲမှာပဲ တ၀ဲဝဲလည်နေကြရတော့ ပျော်စရာဆိုတာ "သီးခြားကမ္ဘာ" တစ်ခုအဖြစ်သာ ရှိနေကြရသူတွေ ကျွန်တော်တို့နိုင်ငံထဲမှာ အများကြီးပါပဲ။
"သတ္တ၀ါအားလုံးဟာ တစ်ခုခုတော့ အမြဲလိုအပ်နေတယ်" ဆိုတဲ့ "ဘုရားဟောစကားတော်" ရှိပါတယ်။ လူတိုင်းဟာ "ကွက်လပ်လေး" တွေကိုယ်စီနဲ့ပါ။ လစ်ဟာနေတဲ့ ကွက်လပ်လေးတွေကို ကိုယ်ချင်းစာတရား ရှေ့တန်းတင်ပြီး လူသားအချင်းချင်း ဖြည့်ဆည်းပေးကြမယ်ဆိုရင် "သာယာတဲ့ လောက၊ ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ လောက" ကို မြင်တွေ့နိုင်၊ ပီတိဖြစ်နိုင်ကြမှာပါ။
သူတစ်ပါးရဲ့ လိုအပ်ချက်များကို အထူးသဖြင့် နှလုံးသားရဲ့ လိုအပ်ချက်များကို ဖြည့်စွက်ပေးနိုင်ရပါလို၏လို့ သီတဂူဆရာတော်ကြီးရဲ့ အဓိဋ္ဌာန်တစ်ခုကို သတိရမိပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ လူအချင်းချင်း၊ ပြည်သူအချင်းချင်းရဲ့ လိုအပ်ချက်၊ လစ်ဟာချက်၊ ကွက်လပ်လေးတွေကို စိတ်ကောင်း၊ စေတနာကောင်းလေးတွေယှဉ်ပြီး ဖြည့်ဆည်းကြရမှာပါ။
ပြီးခဲ့တဲ့ "လ" က "သပြေ" (Tha Byae) ကလေးလူငယ် ပညာရေး၊ ကျန်းမာရေးထောက်ပံ့မှုအဖွဲ့နဲ့အတ
အဲဒီသပြေအဖွဲ့ရဲ့ Plan တွေထဲက "ပျော်ရွှင်စရာ ကလေးကမ္ဘာ" ဆိုတဲ့ အစီအစဉ်လေးကို သဘောကျနှစ်သက်ခဲ့မိပါတယ်။ ကလေးတွေရှိတဲ့နေရာကိုသွားပြီး "ကလေးဖတ်စာအုပ်တွေ"၊ "ကလေးကစားစရာတွေ"၊ အရောင်ခြယ်လို့ရမယ့် ပန်းချီကာတွန်း စာရွက်လေးတွေကိုယူသွားပြီး ကလေးတွေပျော်ရွှင်စေဖို့ ၀န်ဆောင်မှုအပြည့်ပေးတဲ့ ပျော်ရွှင်စရာကလေးကမ္ဘာ အစီအစဉ်လေးပါပဲ။
ကလေးကစားကွင်းတွေ၊ ပန်းခြံတွေမှာ ကစားနိုင်၊ အပန်းဖြေနိုင်တဲ့ ကလေးတွေရှိသလို အဲဒီနေရာတွေကို ငွေကြေးချို့တဲ့မှုအပါအ၀င် အခြားအကြောင်းအမျိုးမျိုးကြောင်
ပထမဆုံးရတဲ့ ကြည်နူးမှုကတော့ ကလေးတွေ ပျော်ရွှင်နေကြခြင်းကြောင့်ပါပဲ။
ဆင်းရဲချို့တဲ့တဲ့ ကလေးသူငယ်တွေကို အဲဒီလိုပွဲလေးတွေလုပ်ပေးတဲ့အခါမ
"နိုင်ငံတစ်နိုင်ငံ၏ ကလေးများအကြောင်းကို ကျွန်ုပ်အားပြောပြပါ။ ထိုနိုင်ငံ၏ အနာဂတ်ကို ကျွန်ုပ်ဟောကိန်းထုတ်ပြပါမည်" ဆိုသောစကားကို ဗြိတိသျှနန်းရင်းဝန် "ဒစ္စရေလီ" က ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ကလေးများအကြောင်းကို ပြောကြမည်ဆိုလျှင် အားတက်စရာကောင်းသော ကလေးများအကြောင်းပဲ ဖြစ်စေချင်တာပါ။
လူဦးရေထူထပ်လာမှုထဲမှာ စီးပွားရေးကျပ်တည်းမှု၊ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားနေမှုများက တချို့သောကလေးငယ်များရဲ့ အခွင့်အရေးတွေကို ဆုံးရှုံးစေခဲ့ပါတယ်။ အကြိမ်ကြိမ်ဖြစ်နေတဲ့ တိုက်ပွဲတွေရှိနေတဲ့ ဒေသတွေ၊ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာလည်း ကလေးတွေရဲ့အခွင့်အရေးတွေ ဆုံးရှုံးနေခဲ့သလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်ကြေကွဲမှုတွေရှိနေခဲ့ပါတယ
ကျွန်တော်တို့နိုင်ငံမှာ ဆင်းရဲမှုကြားထဲက ရုန်းကန်လှုပ်ရှားနေရတဲ့ကလေးတွေ၊
အဖွဲ့အစည်းဖြစ်မှ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်ကိုယ်တိုင်ချို့တဲ့တဲ့ ကလေးတွေအတွက် ကိုယ်တတ်စွမ်းသမျှ စွမ်းဆောင်မြှင့်တင်ပေးကြမယ်ဆို
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လစ်ဟာနေတဲ့ ကွက်လပ်လေးတွေ အများကြီးရှိနေကြောင်းပါ။
Eleven Media Group
0 comments:
Post a Comment