ကယ်လီဖိုးနီးယားလေကြောင်းပျံသန်းမှု စွမ်းရည်ပြပွဲတွင် လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံး
မေလ ၄ ရက်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီး ယားပြည်နယ်ရှိ လေတပ်အခြေ စိုက်စခန်းတွင် ပြုလုပ်သည့် လေကြောင်းပျံသန်းမှုစွမ်းရည် ပြပွဲအတွင်း လေယာဉ်တစ်စီး ပျက်ကျသွားပြီး အသက်(၇၇)နှစ် အရွယ် လေယာဉ်မှူးသေဆုံးသွား ကာ ပွဲကိုဖျက်သိမ်းခဲ့ရသည်ဟု ယင်းအခြေစိုက်စခန်း ပြောရေး ဆိုခွင့်ရှိပုဂ္ဂိုလ်တစ်ဦးက ပြော သည်။
PT-17 အမျိုးအစား တောင်ပံနှစ်ထပ်ပါ လေယာဉ်ကို အရပ်ဘက်လေယာဉ်မှူး အက်ဒီ ဒန်ဒရီနီ မောင်းနှင်ပျံသန်းစဉ် နေ့လယ် ၂ နာရီကျော်တွင် ပျက် ကျခဲ့ခြင်းဖြစ်သည်ဟု ယင်း အခြေစိုက်စခန်း၏ ဝက်ဘ်ဆိုက် တွင် ဖော်ပြသည်။
လေယာဉ်ပျက်ကျစဉ်က လေယာဉ်မှူးမှာ စွန့်စားစွမ်းရည်ပြ မောင်းနှင်နေခြင်းဖြစ်သည်ဟု ထရာဗစ်အခြေစိုက်စခန်း ပြောရေးဆိုခွင့်ရှိသူ အဲမန်းဘရိုင်ယန်ဆဝင့်က ပြောသည်။
လေယာဉ်ပေါ်တွင် အခြားလူတစ်ဦးဦး လိုက်ပါလာခြင်း ရှိ၊ မရှိ ၎င်းက ပြောကြားခြင်းမရှိပေ။
အန်ဒရီနီမှာ ကယ်လီဖိုးနီး ယားပြည်နယ် ကမ်းရိုးတန်း ဟာ့ဖ်မွန်းဘေးဒေသတွင် နေထိုင်သူဖြစ်သည်ဟု လေတပ်ပြောရေးဆိုခွင့် ရှိသူကပြောသည်။
ယင်းဖြစ်ရပ်ကို ဓာတ်ပုံ (သို့ မဟုတ်) ဗီဒီယိုရိုက်ကူးထားမိ သော ပရိသတ်များအနေဖြင့် စုံစမ်းစစ်ဆေးရေးမှူးများထံ ပေး အပ်ရန် လေတပ်က တိုက်တွန်း ထားသည်။
ထရာဗစ်လေတပ်အခြေစိုက် စခန်းသည် ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ အရှေ့မြောက်ဘက် ၄၇ မိုင်အကွာဖဲဖီးလ်ဒေသတွင် တည်ရှိသည်။
7Days

0 comments:
Post a Comment