စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday, 6 May 2014

စစ်ဘက်လျှို့ဝှက်ချက် ရောင်းချမှုဖြင့် တရုတ်နိုင်ငံသားတဦးကို ထောင် ၁၀ နှစ်ချမှတ်

စစ်ဘက်လျှို့ဝှက်ချက် ရောင်းချမှုဖြင့် တရုတ်နိုင်ငံသားတဦးကို ထောင် ၁၀ နှစ်ချမှတ်
Tuesday, May 6, 2014

တရုတ်စစ်ဘက်လျှို့ဝှက်ချက်တွေကို ပြင်ပနိုင်ငံတခုကို ရောင်းချခဲ့မှုအတွက် တရုတ်နိုင်ငံသားတဦး ပြီးခဲ့တဲ့ မေ ၅ ရက်နေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ရပါတယ်။ထောင်ဒဏ်ချခံရသူ လီကို ပြည်ပနိုင်ငံတနိုင်ငံက ထောက် လှမ်းရေး တယောက်က တရုတ်လူမှုကွန်ရက်တခုကနေ အရင် ခင်မင်မှုရယူခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗွီသတင်းဌာနက ဆိုပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက်အဆင့် ၂ ရှိတဲ့ အချက်အလက် ၁၃ ခုနဲ့ လျှို့ဝှက်ချက်အဆင့် ၃ ရှိတဲ့ လျှို့ဝှက်ချက် ၁၀ ခု ကို နိုင်ငံခြားကို ရောင်းချခဲ့တယ်လို့ နိုင်ငံပိုင် တရုတ်နေ့စဉ်သတင်းစာက ဆိုပေမယ့် ဘယ်နိုင်ငံကို ရောင်းချခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်ပြည်နယ်မှာ ရှိတဲ့ တရုတ်လေတပ် စစ်အခြေစိုက် စခန်းတွေရဲ့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေ အများအပြား ပါဝင်ခဲ့တယ်လို့ အမည်မဖော်လိုသူ တရုတ် အမျိုးသားလုံခြုံရေးဌာန၀န်ထမ်းတဦးက ဆိုပါတယ်။

ထိပ်တန်း တရုတ်ဆက်သွယ်ရေးကုမ္ပဏီတခုကို အမေရိကန်ထောက်လှမ်းရေးတွေ ထိုးဖောက် ၀င်ရောက်မှုတွေ စစ်ဆေးတွေ့ရှိပြီးနောက်ပိုင်း တရုတ်အစိုးရဟာ နိုင်ငံရဲ့ အင်တာနက်လုံခြုံရေးအဆင့်ကို မြှင့်တင်ခဲ့ပါတယ်။

စစ်ဘက်လုံခြုံရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေကို အကြီးအကျယ်ရင်ဆိုင်နေရတယ်လို့ တရုတ်စစ်တပ်က ထုတ်ဖော်ပြောဆိုထားတာတွေလည်း ရှိခဲ့ပါတယ်။

DVB TV News

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform