တောင်ကြီးမြို့တွင် ၁၀ရက်ကျော် နေ့စဉ် မိုးဆက်တိုက်ရွာသွန်းလျက်ရှိ
နွေလယ်ကာလဖြစ်သော်လည်း ဧပြီနောက်ဆုံးအပတ်နှင့် မေလဆန်းပိုင်းများတွင် တောင်ကြီးမြို့၌ နေ့စဉ်ထစ်ချုန်းမိုးများ ဆက်တိုက်ရွာသွန်းခဲ့သည်မှာ ၁၀ ရက်ကျော်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
"တောင်ကြီးမြို့မှာ နွေရာသီအပူဒဏ်ကို သိပ်ပြီးမခံစားလိုက်ရဘူး။ သင်္ကြန်တွင်းလည်း မိုးရွာရုံမက၊ အခုသင်္ကြန်ပြီးလည်း မိုးဆက်တိုက်ရွာနေတာ နှစ်ပတ်လောက်ရှိပြီ၊ နေ့လယ်မိုးရွာတဲ့အချိန်၊ မိုးအုံ့တဲ့အချိန်တွေဆို၊ အင်္ကျီထူထူဝတ်ရသလို၊ ညဆိုရင်လည်း ဂွမ်းဖုံထူထူ၊ ဂွမ်းစောင်ထူထူတွေခြုံအိပ်နေရတုန်းပဲ။ နှစ်စဉ်ဒီလိုနဲ့ပဲ မိုးတွင်းနဲ့ဆက်သွားတတ်ပါတယ်" ဟု ဒေသခံတိုင်းရင်းသူတစ်ဦးက ရှင်းပြသည်။
တောင်ကြီးမြို့တွင် နေ့စဉ်မိုးများရွာသွန်းလျက်ရှိရာ ဧပြီ ၂၉ ရက်တွင် ၁ ဒသမ ၂၆ လက်မ၊ မေ ၃ ရက်တွင် ၀ ဒသမ ၉၉ လက်မအထိ မိုးရေချိန်အများဆုံး ရွာသွန်းခဲ့ကြောင်း ပြည်နယ်မိုးလေ၀သဦးစီးဌာနမှ သိရသည်။
တောင်ကြီးမြို့တစ်နေရာတွင် မိုးအုံ့ဆိုင်းလျက်ရှိနေသည်ကို မေ ၄ ရက်ကတွေ့ရစဉ်
Credit To :Eleven Media Group

0 comments:
Post a Comment