Sunday, 11 May 2014
မြန်မာနိုင်ငံ အေအိုင်ဒီအက်အခြေအနေ
မြန်မာနိုင်ငံ အေအိုင်ဒီအက်အခြေအနေ
ဒီဗီဘီ - ၃၀၊၁၁၊၂၀၀၈
မနက်ဖြန် ဒီဇင်ဘာလ တစ်ရက်နေ
့ဟာခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့  ဖြစ်တာကြောင့် ကမ္ဘာတလွှား မှာ အခမ်းအနားတွေကျင်းပပြီး
အေဒ်စ့်၊ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အလားတူ အခမ်းအနားတွေ
ကျင်းပဖို့ ရှိတယ်လို့ သိရပေမဲ့ ဘယ်လောက် ကျယ်ကျယ်ပြန့် ပြန့် လုပ်ခွင့်ပေးမလဲဆိုတာတော့
မသိ သေးပါဘူး
ကုလသမဂ္ဂအေစ့်ဒ်အဖွဲ့ ရဲ့
ထုတ်ပြန်ချက်အရ ကျတော်တို့ မြန်မာနိုင်ငံမှာ လူပေါင်း၃၃သန်းကျော်ဟာ အိတ်ခ်ျအိုင်ဗွီရှိနေ
သူတွေဖြစ်ပြီး အဲဒီထဲက၂သန်းခွဲဟာ ကလေးငယ်တွေဖြစ်တယ် ရောဂါပိုးကူးစက်နှုန်းဟာ မနှစ်ကတစ်နှစ်တည်းမှာပင်
၂သန်းခွဲလောက်ရှိခဲ့ပြီး ဒီရောဂါပိုးရှိတဲ့သူ ၉၅%ဟာဖွံဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်သူတွေလို
့ဆိုထားပါတယ်။
ဖွံဖြိုးဆဲနိုင်ငံတစ်ခုဖြစ်တဲ့
ကျတော်တို့ မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီရှိသူ ဘယ်လောက်များများရှိနေသလဲ ဒီလူတွေအတွက်
ဘယ်သူတွေက ဘယ်လိုကူညီပေးနေသလဲ အကူညီတွေအထူးသဖြင့် အေအာတီဆေး အလုံအလောက်မရဖြစ်နေတာ ဘာကြောင့်လဲ
ဝေဒနာသည်တွေအတွက် ဘာများကူညီပေးနိုင်မလဲ စတဲ့အကြောင်းအရာတွေကို ယခုတပါတ် တနင်္ဂနွေသတင်းဆောင်းပါး
အစီအစဉ်အဖြစ် ဆွေးနွေးတင်ပြပါမယ်။
ဒီအစီအစဉ်အတွက် နည်းစည်းမခြားဆရာဝန်များအဖွဲ
့(အမ်အက်စ်အက်ဖ်) ကမြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းမန်နေဂျာ ဖီလစ်ဟမ်ဖရီ (Phllipe
Humphri) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အေ့ဒ်ကူညီပေးရေးဌာနက မဖြူဖြူသင်းတို့ ကိုဆက်သွယ်မေးမြန်းထားပါတယ်။
ယခုသတင်းပတ်အစောပိုင်း အေဒ့်စ်နှစ်ပတ်လည်
မတိုင်ခင်လေးမှာ ထုတ်ပြန်လိုက်တဲ့ အမ်အက်စ်အက်ဖ် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီရှိနေသူ
၂သိန်းခွဲနီးပါးရှိပြီး အဲဒီထဲက ၂သောင်းလောက်ကတော့ အေအာတီခေါ် ရောဂါတိုက်ဖျက်ရေး ဆေးမရဖြစ်နေတယ်လို
့ဖေါ်ပြထားပါတယ်။
ဒါ့အပြင် ဒီလိုဆေးဝါးမလုံလောက်တဲ့အတွက်
မနှစ်ကတစ်နှစ်တည်းမှာ ၂သောင်းခွဲနီးပါး သေးဆုံးခဲ့ပြီး ဒီနှစ်မှာလည်း ဆေးဝါးရအောင်အချိန်မှီ
မဆောင်ရွက်နိုင်ဘူးဆိုရင် ဝေဒနာသည် ၂သောင်းခွဲထပ်ပြီး သေဆုံးရမယ့်အခြေဆိုက်နေတယ် လို
့အစီရင်ခံစာကထောက်ပြထားပါတယ်။
ဘာ့ကြောင့်ဒီလို ဆေးဝါးမရဖြစ်နေတာလဲ
အမ်အက်စ်အက်ဖ်က ဘာတွေကူညီပေးနေသလဲ စီမံကိန်းမန်နေဂျာ ဖီလစ်ဟမ်ဂရီက ရှင်းပြထားပါတယ်။“မြန်မာနိုင်ငံမှာ
ကျတော်တို့  အမ်အက်စ်အက်စ် စီမံကိန်းတွေစတင်တဲ့အချိန်ကစပြီး အခုချိန်ထိ အိတ်ခ်ျအိုင်ဗွီနဲ
့ပတ်သက်ပြီးလုံလောက်တဲ့ကုသပေးမှု မလုပ်နိုင်သေးပါဘူး။ အခုလောလောဆယ် လူနာ ၁၂၀၀၀ လောက်ကိုဘဲ
အမ်အက်စ်အက်ဖ် အနေနဲ့ အေအာတီ ပေးနိုင်တဲ့အခြေအနေပါ။“
“ဒါဟာဘယ်လိုမှ မလုံလောက်တဲ့အနေအထားပါ
လူနာအားလုံးရဲ့ ၁၅% လောက်ကိုပဲ ကျတော်တို့ ကူညီပေးနိုင်ပါတယ် ဒါဟာပုံ မှန်အခြေအနေမဟုတ်ပါဘူး
သာမန်အားဖြင့်ဆိုရင် အစိုးရ၊ အလှုရှင်၊ အန်ဂျီအိုတွေ ပူးပေါင်းပြီးဒီကိစ္စကို ၀ိုင်းဝန်းဆောင်ရွက်ကြရမှာပါ။
ဒါပေမဲ့ ခုချိန်ထိတော့ လုံလောက်တဲ့ကူညီမှု မရသေးပါဘူး“။
“မြန်မာပြည်မှာ ဝေဒနာသည်
၂သိန်းခွဲနီးပါးရှိနေပြီး လူဦးရေသန်း ၅၀ကျော်နေထိုင်တဲ့ ဒီနိုင်ငံမှာ အေ့ဒ်စ်ရောဂါကုသရေး
အတွက်ဘာ့ကြောင့် ဆေးရုံ ၂ခုတည်းဖွင့်ထားရတာလဲ အဲဒီဆေးရုံ ၂ခုစလုံးကလဲ ဘာ့ကြောင့်ရန်ကုန်မှာချည်း
ဖြစ်နေလဲ ဒီကိစ္စအတွက် စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနကိုရော အေဒ့်စ်ပညာပေးဌာနမှ ဒေါက်တာမင်းသွယ်ကိုပါ
အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ခုချိန်ထိပြန်မဖြေသေးပါဘူး“
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်
ဘာများချို့ ယွင်းနေသလဲလို့ အမ်အက်စ်အက်ဖ် စီမံကိန်းမန်နေဂျာ ဖီးလစ်ဟမ်ဖရီကိုမေးတဲ့
အခါ “နောက်ခံအချက်အလက်တွေ အများအပြားရှိနေနိုင်ပါတယ် အဲဒီအထဲက ပထမအချက်ကတော့ အစိုးရရဲ့ကျန်းမာရေး
ဌာနဘက်က ဒီဝေဒနာသည်တွေအပေါ် တုံ့ ပြန်မှုဟာမလုံလောက်တဲ့ ပြဿနာပါ၊ သူတို့ ဘက်ကအခုကုသပေးနေတဲ့
ဝေဒနာသည်ဦးရေဟာ နှစ်ထောင်ထက်မပိုပါဘူး သူတို့ ဒီမှာဒီထက် အများကြီးပိုလုပ်ပေးနိုင်တဲ့
စွမ်းအားတွေရှိနေတယ် ဆိုတာကျတော်တို့ သေချာသိထား ပါတယ်၊ ဒီထက်မက လူနာများများကို သူတို
့ကုသပေးသင့်ပါတယ်။
ဥပမာ ထားဝယ်မြို့ မှာကျတော်တို
့ဆေးခန်းတခုဖွင့်ထားပြီး လူနာတထောင်လောက်ကို ကုသပေးနေပေမဲ့ အစိုးရဆေးခန်းက လူနာ၂၀ကိုဘဲကုသပေးနေပါတယ်။ဒါဟာ
သူတို့ မှာရှိတဲ့လုပ်နိုင်စွမ်းထက် အများကြီးနည်းနေပါတယ် ဆရာဝန်တစ်ဦးလူနာ၂၀ လောက်ကို ကုသပေးနိုင်တဲ့
အခြေအနေရှိတဲ့အတွက် သူတို့ ဘက်ကဒီထက်မကများများ လုပ်ပေးဖို့ စိတ်ဆန္ဒရှိဖို့  လိုနေတယ်လို
့ကျတော်မြင်ပါတယ်။“
ဒီဝေဒနာသည်တွေဟာ ထားဝယ်လိုနယ်စပ်မြို
့တွေမှာသမက မြန်မာနိုင်ငံအလယ်ပိုင်းနဲ့  အထက်ပိုင်းဒေသတွေမှာလည်း အများအပြား ရှိနေတာပါ
အဲဒီ ဒေသတွေက ဝေဒနာသည်တွေရဲ့ အခြေအနေကကော ဘယ်လိုဖြစ်နေသလဲ။ အမျိုးသား ဒီမိုကရေစီအဖွဲ
့ချုပ် ရေနံချောင်းမြို့ နယ်က ဒေါ်ခင်စောဌေးက သူ့ အတွေ့ အကြုံတွေကိုပြောပြပါတယ်။
ရေနံချောင်းမှာ ဘာနိုင်ငံတကာအကူအညီ
ဘာပရောဂျက်မှမရဘဲ ကိုယ်ထူကိုယ်ထစနစ်နဲ့ တနိုင်တပိုင်ကူညီပေးနေ ရတယ်ဆိုတဲ့အချက်က စိတ်ဝင်စားဖို
့ကောင်းပါတယ်။“နိုင်ငံတကာဘက်ကလည်း အေဒ့်စ်ကုသရေးနဲ့ ပတ်သက်ပြီး ဒီထက်မက များများကူညီပေးဖို
့လိုနေပါတယ်“လို့ ဖီးလစ်ဟမ်ဖရီက ပြောပါတယ်။
“အစိုးရဆေးခန်း အန်ဂျီအိုဆေးခန်း
တသီးပုဂ္ဂလဆေးခန်းတွေအားလုံးကို စနစ်တကျကူညီပေးဖို့ လိုနေပါတယ်။ အခုဆိုရင် အစိုးရဘက် ကဒီရောဂါကို
ကုဖို့ ကြိုးစားနေဆဲဖြစ်ပေမဲ့ ကျတော်တို့ ဘက်က ဝေဒနာသည်တော်တော်များများကို ကုသပေး
ခဲ့ပြီးပါပြီ။ ဒါကြောင့် အစိုးရရော၊အစိုးရမဟုတ်တဲ့အဖွဲ့ ရော၊တသီးပုဂ္ဂလတွေကိုရော အကူအညီတွေမြန်မြန်ပေးဖို
့လိုတယ်။
တခြားနိုင်ငံတော်တော်များများမှာ
အလှုငွေအလုံအလောက်ရတဲ့အတွက် ရောဂါတိုက်ဖျက်ရေး စီမံကိန်းတွေအချိန်တိုတွင်း အောင်မြင်ခဲ့ပါတယ်
ဒီနိုင်ငံမှာကတော့ အေ့ဒ်စ်အတွက် အကူအညီပေးမဲ့ ဂလိုဘယ်ဖန်းပြန်ထွက်သွားရတဲ့ အခြေအနေနဲ့
ရင်ဆိုင်ခဲ့ရပါတယ် ဒါကြောင့် အခြေအနေတွေ ကြီးကြီးမားမား ပြောင်းလဲမှုမဖြစ်မချင်း သိသာတဲ့တိုးတက်မှုရလာဖို
့ခက်နေဦးမယ်လို့ ကျတော်ထင်ပါတယ်“
ဘာကြောင့်အကူအညီတွေ လိုသလောက်မရသလဲ အလှုရှင်တွေက
ဘာကြောင့်တုံ့ ဆိုင်းတုံ့ ဆိုင်းဖြစ်နေတာလဲ အေအာဗွီ ဆေးတလုံးရဲ့တန်ဖိုး ဟာ အမေရိကန်ဒေါ်လာ၃၀ (မြန်မာကျပ်လေးသောင်း) သာရှိတဲ့အတွက်
ပြည်ပရောက် မြန်မာတွေက မလှုဒါန်းနိုင်ကြဘူးလား။
ဒီဝေဒနာသည် ၂သောင်းနီးပါးကို
အမ်အက်စ်အက်ဖ် နဲ့ အန်ဂျီအိုတွေ တသီးပဂ္ဂလအဖွဲ့ တွေ အစိုးရဆေးခန်းတွေက အေအာဗီ ဆေးပေးထားနိုင်ပြီဖြစ်ပေမဲ့
ကျန်တဲ့၂သိန်ကျော်ကတော့ ခုချိန်ထိဘယ်သွားပြီး ဘယ်ကုသရမှန်းမသိရသေးပါ။ သူတို့ အတွက်လိုအပ်တဲ့
အေအာဗွီဆေးနဲ့ တခြားလိုအပ်ချက်တွေကို ဘယ်သူတွေကူညီပေးနိုင်မလဲ ဝေဒနာသည်တွေရဲ့ခံ စားချက်တွေကို
နားထောင်ရင်း တတ်နိုင်သလောက် ကူညီကြဖို့ စဉ်းစားကြစေလိုကြောင်းပါခင်ဗျာ။
ဒီဗီဘီ - ၃၀၊၁၁၊၂၀၀၈
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment