စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday, 6 May 2014

၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဧပြီအထိ လေးလတာအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုကြောင့် အသက် ၄၀ အောက် ဦးရေ ၁၆၀၀ ကျော်သေဆုံးပြီး ကျပ်သန်းပေါင်း ၈၀၀ ခန့်ဆုံးရှုံး

၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဧပြီအထိ လေးလတာအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုကြောင့် အသက် ၄၀ အောက် ဦးရေ ၁၆၀၀ ကျော်သေဆုံးပြီး ကျပ်သန်းပေါင်း ၈၀၀ ခန့်ဆုံးရှုံး

Written by: ၀င်းမြင့်ကျော်

၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဧပြီအထိ လေးလတာအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် အသက် ၄၀ အောက် လူဦးရေ ၁၆၀၀ ကျော်သေဆုံးခဲ့ပြီး ကျပ်သန်း ပေါင်း ၈၀၀ ၀န်းကျင်ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ မေ ၆ ရက်တွင် သိရသည်။ ပြည်တွင်း၌ ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ လစဉ်မြင့်တက်နေကြောင်း စာရင်းဇယားများအရ သိရသည်။

၂၀၁၄ ခုနှစ်၏ ဇန်န၀ါရီမှ ဧပြီအထိ လေးလတာအတွင်း မော်တော်ယာဉ်တိုက်မှု ၁၅၅၉ မှု၊ ဆိုင်ကယ်တိုက်မှု ၂၀၀၇ မှု၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မှု ၈၂၅ မှု၊ အခြားယာဉ်တိုက်မှု ၉၃၂ မှုဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၅၃၂၃ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် ကျား ၆၆၆၁ ဦးနှင့် မ ၂၉၂၀ တို့ ဒဏ်ရာရရှိခဲ့ပြီး ကျား ၁၃၀၈ နှင့် မ ၃၄၄ ဦးတို့ သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"တစ်နိုင်ငံလုံး ယာဉ်တိုက်မှုဖြစ်စဉ်တွေကြောင့် လူသေဆုံးမှုတွေ မြင့်တက်လာပါတယ်။ ဒါတွေကို လျော့သွားဖို့ဆိုတာက ယာဉ်ထိန်းတစ်ခုတည်း ဆောင်ရွက်လို့မရဘူး။ လမ်းကိုအသုံးပြုနေတဲ့သူတွေအားလုံး ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို လိုက်နာဖို့ လိုအပ်တယ်။ အခုလည်း ပညာပေးဆောင်ရွက်မှုတွေ တိုးချဲ့ထားပါတယ်။ ဖြစ်စဉ်တွေအားလုံးရဲ့ ရာခိုင်နှုန်း ၅၀ လောက်က မော်တော်ဆိုင်ကယ်တိုက်မှုတွေ ဖြစ်ပါတယ်။ ဒါကြောင့် မော်တော်ဆိုင်ကယ်စီးသူတွေကို အလှူရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ဦးထုပ်တွေ အခမဲ့ဖြန့်ဝေနေတယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကျော်ထွေးက မေ ၆ ရက်တွင် ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် ကျပ်သန်းပေါင်း ၂၀၀ ကျော်၊ ဖေဖော်ဝါရီတွင် ကျပ်သန်းပေါင်း ၁၄၀ ကျော်၊ မတ်တွင် ကျပ်သန်းပေါင်း ၁၈၀ ကျော်နှင့် ဧပြီတွင် ကျပ်သန်းပေါင်း ၂၂၀ ကျော်တို့ ဆုံးရှုံးခဲ့သည်။

လှိုင်သာယာမြို့နယ်တွင် ယာဉ်တိုက်မှုကြောင့် ပျက်စီးသွားသည့် အငှားယာဉ်တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform