စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 3 July 2014

ဖခင်ဖြစ်သူ ဓါတ်လိုက်ခံနေရစဉ် သားဖြစ်သူမှ ၀င်ရောက်ဆွဲခဲ့ရာ (၂)ဦးစလုံး ဓါတ်လိုက်သေဆုံး

ရန်ကုန်၊ ဇူလိုင် ၃


၂.၇.၂၀၁၄ ရက်နေ့ ၁၀၄၅ အချိန် ကျောက်တန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ အမျိုးသားနှစ်ဦး ဓါတ်လိုက် သေဆုံးရောက်ရှိ လာကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူ(၂)ဦးမှာ ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာနေ ဦးတင်ထွန်း၊ (၆၅)နှစ်နှင့် ၎င်း၏သားဖြစ်သူ မောင်မျိုးသက်ထွန်း၊ (၁၈)နှစ်တို့ဖြစ် ပြီး ဦးတင်ထွန်းတွင် ၀ဲလက်မောင်း၊ လက်ဖျံနှင့် ယာလက်သန်းတို့တွင် အပူလောင်ညိုမဲဒဏ်ရာ၊ မောင်မျိုးသက်ထွန်းတွင် ပြင်ပဒဏ်ရာမတွေ့ရှိဘဲ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ဦးတင်ထွန်းသည် ၎င်း၏နေအိမ်ခြံဝင်းအတွင်း သစ်ပင်စိုက်ရန်အတွက် ပေါက်တူး ဖြင့် မြောင်းဘောင်ပေါက်နေစဉ် ဓါတ်တိုင်မှ  နေအိမ်သို့ သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးအား ပေါက်တူးဖြင့် ချိတ်မိသဖြင့် ကြိုးပြတ်ကာ ၀ဲဘက်လက်အားရစ်ပတ်မိပြီး ဓါတ်လိုက်ခဲ့၍ အနီးတွင်ရှိနေသော သားဖြစ်သူမောင်မျိုးသက်ထွန်းမှ ၀င်ရောက်ဆွဲရာ နှစ်ဦးစလုံးဓါတ်လိုက် သေဆုံးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းတို့(၂)ဦးသေဆုံးခြင်းနှင့်ပတ်သက်၍ ကျောက်တန်းမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၃/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform