စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 27 July 2014

အခြေခံအုတ်မြစ်ပဲ့ကာ ထရန်စဖော်မာ လဲကျ လေထုပေါက်ကွဲမှုဖြစ်

ကလော ဇူလိုင် ၂၆

 ၂၅.၇.၂၀၁၄ ၂၃၀၀ အချိန် အောင်ပန်းမြို့ ညောင်ပင်ထောင် ရပ်ကွက် ပြည်သာယာ ဈေးသွားလမ်း ပြည် သာယာ ဈေးအရှေ့ဘက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (စာတိုက်)အတွင်းရှိ ခန့်မှန်း မပည ကေစီ-၅၃၆၅၈၄၉၅ ရှိ ၂၀၀ ကေဗွီအေ အတွက် ၁၁ကေဗွီ ၁ တန်ခန့် ထရန်စဖော်မာ အား ထားရှိသော အောက်ခြေ အမြင့် (၇)ပေခန့်ရှိ အောက်ခံ အုတ်ခုံမှာ ပတ်ဝန်းကျင်ရှိ ရေမြောင်းအတွင်း ရေ၀ပ် နေမှုကြောင့် အောက်ခြေမြေသား အစိုဓါတ်ရှိ နေသဖြင့် မြေသားအိ၍ အုတ်ခုံပြိုကျရာမှ ထရန်စဖော်မာ သည် အနောက်ဘက်သို့ လဲကျစဉ် ထရန်စဖော်မာတွင် တပ်ဆင်ထား သည့် ၁၁ ကေဗွီ ဓါတ်အားလိုင်းကြိုး ၃ ချောင်းမှာ ဓါတ်တိုင်နှင့် ထိမိရာမှ ဓါတ်အား ပြတ်တောက်မှုဖြစ်ပြီး လေထု ပေါက်ကွဲမှုကြောင့် အသံမြည်ဟိန်း၍ တုန်ခါမှုဖြစ်ပြီး ထရန်စဖော်မာအနီး (၁၅)ပေခန့်အကွာရှိ အလျား (၄၅)ပေ၊ အနံ (၃၀)ခန့်ရှိ စာတိုက်၊ ကြေးနန်းရုံး အဆောင်အဦရှိ ပြတင်းပေါက်မှန်များ ကွဲကြေသွားပြီး အဆောက်အဦ ၀င်တံခါး ကျိုးပဲ့ပျက်စီး၍ အဆောက်အဦ ရှေ့ခြမ်းအမိုး (၁၂)ချပ် အနားများ တွန့်လိမ်သွားခဲ့သည်။

အခင်းဖြစ်ပွားကြောင်း ရလျင်ရခြင်း သွားရောက်သတင်းယူခဲ့ရာ လေထုပေါက်ကွဲ၍ တုန်ခါမှုကြောင့် အောက်ခဲအုတ်ခုံ ပြိုကျပျက်စီးသဖြင့် ကာလတန်ဖိုး (၃)သိန်းကျပ်ခန့် စာတိုက်၊ ကြေးနန်း ပြတင်းပေါက်မှန်တံခါးများ ပျက်စီးခဲ့သဖြင့် ကာလတန်ဖိုး (၄)သိန်းခွဲခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ထရန်စဖော်မာအတွင်းရှိ ဗွီ ၄၀၀ Vushing Conection ပျက်စီးသည်ဟု ယူဆရ တန်ဖိုး (စီစစ်ဆဲ) စုစုပေါင်းပျက်စီးမှုတန်ဖိုးမှာ (၇၅၀၀၀၀ိ/-)ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လူ၊ တိရစ္ဆာန်သေဆုံးမှု တစ်စုံတစ်ရာမရှိဘဲ မီးခေတ္တပြတ်တောက်မှုသာ ဖြစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

အောင်ပန်း ဆသရ စခန်း ရှိ ထရန် စဖော် မာ ပေါက်ကွဲမှု မှတ်တမ်း ဓါတ်ပုံ။
  ဓါတ်ပုံ ။ ။ အောင်ပန်း စောင့်ကြည့်အဖွဲ့ 

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform