စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 26 July 2014

မန္တလေးတိုင်း ဒေသကြီးအတွင်း ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးနင်းပါက ဒဏ်ငွေတစ်သိန်းအထိ ပေးဆောင်ရမည်

 မန္တလေး ဇူလိုင် ၂၅

 ပြောင်းလဲပြင်ဆင်လိုက်သည့် စည်ပင်သာယာဥပဒေအရမန္တလေး တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၂ မြို့နယ်တွင် ယခုလ ၂၄ ရက် မှစ၍ ဆိုင်ကယ်ဦးထုပ်မဆောင်း ပါကဒဏ်ငွေကျပ် ၃ဝဝဝဝ မှတစ် သိန်းအထိ ပေးဆောင်ရတော့မည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည် ပင်သာယာရေး ကော်မတီတွဲဖက် အတွင်းရေးမှူးဦးသက်နိုင်ထွန်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ရှိမြို့နယ် ၂၈ မြို့နယ်တွင် မန္တလေး စည်ပင်သာယာနယ်နိမိတ်အတွင်း ရှိမြို့နယ် ခြောက်မြို့နယ်မှအပ ကျန်မြို့နယ် ၂၂ မြို့နယ်တွင် စည်ပင်သာယာဥပဒေ၌ ဆိုင်ကယ် ဦးထုပ်မဆောင်းခြင်းအပါအဝင် အချက် ၁၁ ချက်အတွက် ဒဏ်ငွေ ကျပ် ၃ဝဝဝဝ မှ တစ်သိန်းအထိ ပေးဆောင်ရတော့မည်ဟု တိုင်း ဒေသကြီးလွှတ်တော်တွင် ပြင် ဆင်လိုက်သည့်အတွက် ယခုလ ၂၄ ရက်မှစတင်ကာ ဒဏ်ငွေနှုန်း ထားပြောင်းလဲပေးဆောင်ရတော့ မည်ဖြစ်သည်။

''စည်ပင်သာယာနယ်နိမိတ် ထဲမှာမရှိတဲ့မြို့နယ်တွေမှာ ကျူး လွန်ရင် ပုဒ်မ (၉၁)အရသာအရေး ယူပြီးကျပ်၃ဝဝဝဝကနေတစ်သိန်း အထိ ဒဏ်ငွေပေးဆောင်ရမယ်'' ဟု ဦးသက်နိုင်ထွန်းကဆိုသည်။
ယင်းဥပဒေကို ယခုလတွင် ပြုလုပ်ခဲ့သည့်တိုင်းဒေသကြီးလွှတ် တော်အထူးအစည်းအဝေးတွင် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

မြို့နယ် ၂၂ မြို့နယ်တွင် ယင်း ကဲ့သို့ပြောင်းလဲလိုက်ပြီး မန္တလေး စည်ပင်သာယာနယ်နိမိတ်အတွင်း ရှိမြို့နယ်ခြောက်မြို့နယ်တွင် ယာဉ် စည်းကမ်းလမ်းစည်းကမ်းလိုက် နာရန် ပျက်ကွက်ပါမူ ဥပဒေ ပုဒ်မ(၂၆)အရအရေးယူပြီး ထောင် ဒဏ်နှစ်လဖြစ်စေ၊ အနည်းဆုံး ကျပ် ၁ဝဝဝဝ မှ အများဆုံးကျပ် သုံးသိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ အရေးယူခံရမည်ဖြစ် ကြောင်း မန္တလေးစည်ပင်သာယာမှ ထုတ်ပြန်ထားသည်။

ဘေဘီမြင့်မောင် / The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform