၂၂.၇.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီးကျေးရွာနေ ဦးသောင်းငွေသည် သားဖြစ်သူ သားကြီး(ခ)သန့်ဇင်ဦး၊ (၂၂)နှစ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ လေးထောင့်ကန်လမ်းနှင့် စံပြလမ်းဆုံအနီးတွင် ဓါးဖြင့်ထိုးခံရသဖြင့် သေဆုံးသွားပြီး သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ရောက်ရှိနေကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ သားဖြစ်သူတွင် ၀ဲဘက်ချိုင်းအောက်၌ ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိထားသည်ကို တွေ့ရှိရပါသည်။
ယင်းသို့ သားဖြစ်သူအား သေဆုံးအောင်ပြုလုပ်သူကို စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် သင်္ဃန်းကျွန်းမြို့မရဲစခန်း(ပ)၃၂၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ဖြင့် ရေးဖွင့်ပြီး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အမှုမှပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များကစုံစမ်းဆောင်ရွက်ခဲ့ရာပစ်မှုကျူးလွန်သူမှာ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေ မောင်ချစ်စု(ခ)စိုးကိုကိုဦး၊ (၂၂)နှစ်၊ (ဘ)ဦးမြင့်ဦးဖြစ်ကြောင်းသိရှိရပြီး ၎င်းကို သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်း၊ ဘ၀မြင့်မှတ်တိုင်အနီး၌ ၂၃၃၀ အချိန်တွင် ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ မောင်ချစ်စု(ခ)စိုးကိုကိုဦးအားစစ်ဆေးခဲ့ရာ ၎င်းနှင့် သေဆုံးသူ သားကြီး(ခ)သန့်ဇင်ဦးတို့ စကားများကြစဉ် ၎င်းအား လူအများရှေ့တွင်ဆဲဆိုသဖြင့် ခိုက်ရန်ဖြစ်ပွားရာမှ သားကြီး(ခ)သန့်ဇင်ဦးအား ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ပြစ်မှုကျူးလွန်စဉ်က ၎င်းအသုံးပြုခဲ့သော အရိုး အသွား(၉)လက်မခန့်ရှိ ဓါးဦးချွန်အားသိမ်းဆည်းကာ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice?fref=nf
0 comments:
Post a Comment